fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အသက်အန္တရာယ်ထိခိုက်စေနိုင်သော သားအိမ်ပြင်ပသန္ဓေတည်ခြင်း

89
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/03/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi) 

တစ္ေန႔ အိမ္တြင္ အလုပ္နားခုိက္ TV ေလးၾကည့္ေနတုန္း အိမ္ေထာင္က်တာ ၆ လေလာက္ပဲရွိေသးတဲ့ ပူပူေႏြးေႏြးအိမ္ေထာင္သည္သူငယ္ခ်င္းတစ္ေယာက္ ေရာက္လာေလရဲ႕

“လာ သူငယ္ခ်င္း မင္းတုိ႔မဂၤလာေဆာင္ျပီးတည္းကမေတြ႔တာ ဆုိေတာ့ မေတြ႔တာ ၆ လ ေလာက္ေတာင္ရွိေရာေပါ့ေနာ္ ၊ ကဲဆုိ ဘာကိစၥရွိတုန္း”

“ဟီး၊ ကိစၥရွိလုိ႔လာတာမွန္း မင္းဘယ္လုိသိတုန္းကြ ၊ဒီလုိကြ ငါ့မိန္းမ ကိုယ္ဝန္ရွိေနျပီကြ။အာ့ေသြးနည္းနည္းဆင္းေနလုိ႔။

ေဆးခန္းျပေတာ့ သားအိမ္ျပင္ပမွာ သေႏၶတည္တာ ျဖစ္ေနနုိင္တယ္လုိ႔ ဆရာဝန္ကေျပာတယ္ကြ

ေဆးရုံလည္းတက္ခုိင္းတယ္။ အဲဒါဘယ္လုိလုပ္ရမလဲမင္းနဲ႔ လာတုိင္ပင္တာ”

“သားအိမ္ျပင္ပမွာ သေႏၶတည္တာဆုိရင္ေတာ့ အေရးၾကီးတယ္ကြ ၊ မင္းမိန္းမက ဘယ္လုိလကၡဏာေတြ ခံစားရလည္းေျပာပါဦး”

“ရာသီမလာဘူး ၊ ပ်ဳိ႕တယ္အန္တယ္ ၊ ရင္သားေတြတင္းျပီးနာတယ္။ငါတုိ႔လည္း မသကၤာေတာ့ ဆီးစစ္ၾကည့္ေတာ့ ၂ ေခ်ာင္းေပၚတယ္ကြ ။အိမ္အနီးအနားက ဆရာဝန္ျပ အားေဆးေလးေသာက္ တစ္အိမ္လုံးေပ်ာ္မဆုံးျဖစ္ေနတုန္း ငါ့အမ်ဳိးသမီးက ဆီးစပ္ေတြနာလာတယ္။ ဗုိက္ရဲ႕ညာဖက္ ေအာက္ဖက္နာနာေနတယ္။ေသြးနည္းနည္းဆင္းတယ္ကြ။အဲဒါနဲ႔ ဆရာဝန္က သားအိမ္ျပင္ပ သေႏၶတည္တာျဖစ္ေနႏုိင္တယ္ဆုိျပီး အာထရာေဆာင္းရုိက္ခုိင္းတယ္။စိတ္ခ်ရေအာင္ ေဆးရုံတက္ဖုိ႔ေျပာတယ္ကြ။”

“ေအး အဲဒါဆုိ မင္းအမ်ဳိးသမီး အာထရာေဆာင္းေကာ ရုိက္ျပီးျပီလား။ အေျဖဘယ္လုိလဲ”

“မရုိက္ရေသးဖူးကြ ၊ ညေနသြားရုိက္ဖုိ႔ ဘုိကင္လုပ္ထားတယ္”

“မင္းအမ်ဳိးသမီးက ဗုိက္အရမ္းေအာင့္လာတာ နာလာတာမ်ဳိးေရာရွိလား။ခုေကာဘယ္လုိေနေသးလဲ”

“ခုငါ့မိန္းမကေတာ့ အိမ္မွာ နားေနတယ္ကြ။မင္းေျပာသလုိ ဗုိက္အရမ္းေအာင့္တာမ်ဳိးေတာ့မရွိဘူး

မင္းအခ်ိန္ရရင္ ငါ့ကုိ အဲဒီသားအိမ္ျပင္ပ သေႏၶတည္တဲ့ အေၾကာင္းေလးေျပာျပပါကြာ”

“ေအးပါကြာ။ျဖစ္ပုံက ဒီလုိကြ။အမ်ဳိးသားနဲ႔အမ်ဳိးသမီး အတူေနျပီးသြားျပီဆုိ အမ်ဳိးသားရဲ႕သုတ္ပုိးနဲ႔ အမ်ဳိးသမီးရဲ႕မ်ဳိးဥဟာ fallopian tube လုိ႔ေခၚတဲ့ မ်ဳိးဥျပြန္မွာ ေပါင္းတယ္။ျပီးမွ မ်ဳိးေအာင္သြားတဲ့ မ်ဳိးဥဟာ သားအိမ္မွာ သြားတြယ္ျပီး တစ္ဆင့္ျပီးတစ္ဆင့္ ၾကီးထြားဖြံျဖဳိးလာတာေပါ့။ခု သားအိမ္ျပင္ပ သေႏၶတည္ တာက်ေတာ့ သားအိမ္ကလြဲလုိ႔ တျခားဘယ္ေနရာမွာ မဆုိ သေႏၶတည္တဲ့ အေျခအေနကုိ ေခၚတာ။ေဆးပညာအရေတာ့ Ectopic pregnancy  လုိ႔ေခၚတယ္။”

“သားအိမ္ကလြဲလုိ႔ ဘယ္ေနရာေတြမွာ တည္တတ္ေသးလဲကြ။ျပီးေတာ့ ဘာလုိ႔အဲလုိျဖစ္ရတာလဲ။”

“မ်ားေသာအားျဖင့္ အဲ့ fallopian tube မ်ဳိးဥျပႊန္ မွာပဲျဖစ္တာမ်ားတယ္။အဲဒါေၾကာင့္ tubal pregnancy လုိ႔လဲေခၚၾကတယ္။တစ္ခါတစ္ေလမွာ မ်ဳိးဥအိမ္မွာ၊ သားအိမ္ေခါင္းမွာ ၊ ဝမ္းဗုိက္ထဲမွာ ၊ သားအိမ္နံရံၾကြက္သားေတြၾကားမွာလဲျဖစ္တတ္ေသးတယ္။ဒါေပမယ့္ ရွားပါတယ္။မ်ဳိးဥျပႊန္ထဲမွာ အျဖစ္အမ်ားဆုံးပဲ ၉၂% ေက်ာ္တယ္။ဘာလုိ႔ျဖစ္တာလဲဆုိေတာ့ အမ်ဳိးသမီးဖြားလမ္းေၾကာင္းပုိးဝင္ရင္ပဲျဖစ္ျဖစ္၊ ေယာင္ရမ္းရင္ပဲျဖစ္ျဖစ္ ၊ အရင္တုန္းက သားအိမ္ျပင္ပသေႏၶတည္ဖူးတာပဲျဖစ္ျဖစ္ ၊ ခြဲစိတ္ဖူးရင္ပဲျဖစ္ျဖစ္ ၊ သားအိမ္ထဲ သေႏၶတားပစၥည္းထည့္ထားရင္း ကေလးရရင္ပဲျဖစ္ျဖစ္ ျဖစ္ႏုိင္ေခ်ရွိတယ္။ျပီးေတာ့ ကုိယ္ဝန္ေဆာင္ေနတုန္း ေဆးလိပ္ေသာက္တဲ့သူေတြလည္းျဖစ္ႏုိင္ေခ်ရွိတယ္။”

“အဲလုိသေႏၶတည္ရင္ စုိးရိမ္ရလား။အသက္အႏၱရာယ္ေတြဘာေတြရွိႏုိင္လားဟင္။”

“စုိးရိမ္ရလားဆုိရင္ေတာ့ စုိးရိမ္ရတယ္ကြ။အဲ့ မ်ဳိးဥျပြန္က အစထဲက သေႏၶတည္ဖုိ႔ေနရာမဟုတ္ေတာ့ ေပါက္သြားတတ္တယ္ကြ။အဲလုိေပါက္သြားရင္ အရည္ေတြေသြးေတြေရာ သေႏၶသားေရာ ဗုိက္ထဲေရာက္သြားျပီး မခံမရပ္ႏုိင္ေအာင္ဗုိက္ေအာင့္တာ ၊ ဗုိက္ထဲမွာ ေသြးယိုတာေတြျဖစ္ျပီး မိခင္အတြက္ အသက္အႏၱရာယ္ရွိႏုိင္တယ္။”

“အာ့ဆုိ ကေလးကုိေကာ”

“စိတ္မေကာင္းေတာ့မျဖစ္ပါနဲ႔ကြာ။ကေလးကုိေတာ့ မကယ္ႏုိင္တာမ်ားတယ္ကြ။”

“ငါတုိ႔ အာထရာေဆာင္းရုိက္ရင္ အဲ့ဒါဟုတ္မဟုတ္သိရျပီလားသူငယ္ခ်င္း။အျခားဘာလုပ္ရဦးမလဲ”

“အာထရာေဆာင္းရိုက္တာအျပင္ ေသြးစစ္တာေတြလဲ လုပ္ရမယ္။ တတ္သိနားလည္တဲ့ သားဖြားမီးယပ္ဆရာဝန္နဲ႔ ျပဖုိ႔လဲ လုိအပ္တယ္ကြ။ သားအိမ္ျပင္ပ သေႏၶတည္တာဆုိရင္ေတာ့ ခြဲစိတ္တာပဲျဖစ္ျဖစ္ laproscopic surgery လုပ္တာပဲျဖစ္ျဖစ္ လုပ္ရတတ္တယ္။”

“ေက်းဇူးတင္ပါတယ္ကြာ။အဲဒါဆုိ ငါအိမ္ျပန္ေတာ့မယ္။စီစဥ္စရာရွိတာေတြလည္း စီစဥ္ရေအာင္။”

“ေအးပါကြာ။အရာရာအဆင္ေျပေခ်ာေမြ႔ပါေစ ဆုေတာင္းေပးပါတယ္။”

ျပန္သြားတဲ့ သူငယ္ခ်င္းရဲ႕ ေက်ာျပင္ကုိ ၾကည့္ရင္း သားအိမ္ျပင္ပသေႏၶတည္ျခင္းကေန အသက္အႏၱရာယ္ထိခုိက္ေစႏုိင္တဲ့ အေျခအေနထိမေရာက္ခင္ ၾကဳိတင္သိႏုိင္ေစႏုိင္ဖုိ႔ ကုိယ္ဝန္သည္တုိင္း ဗုိက္နာ ၊ ေသြးဆင္းတဲ့အခါတုိင္းမွာ ေဆးရုံေဆးခန္းျပသသင့္ေၾကာင္း တုိက္တြန္းရင္း ဒီေဆာင္းပါးေလးကုိ နိဂုံးခ်ဳပ္လုိက္ရပါတယ္။

Author: Dr.ေမ ( Ondr )

(Unicode)

တစ်နေ့ အိမ်တွင် အလုပ်နားခိုက် TV လေးကြည့်နေတုန်း အိမ်ထောင်ကျတာ ၆ လလောက်ပဲရှိသေးတဲ့ ပူပူနွေးနွေးအိမ်ထောင်သည်သူငယ်ချင်းတစ်ယောက် ရောက်လာလေရဲ့

“လာ သူငယ်ချင်း မင်းတို့မင်္ဂလာဆောင်ပြီးတည်းကမတွေ့တာ ဆိုတော့ မတွေ့တာ ၆ လ လောက်တောင်ရှိရောပေါ့နော် ၊ ကဲဆို ဘာကိစ္စရှိတုန်း”

“ဟီး၊ ကိစ္စရှိလို့လာတာမှန်း မင်းဘယ်လိုသိတုန်းကွ ၊ဒီလိုကွ ငါ့မိန်းမ ကိုယ်ဝန်ရှိနေပြီကွ။အာ့သွေးနည်းနည်းဆင်းနေလို့။

ဆေးခန်းပြတော့ သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်နေနိုင်တယ်လို့ ဆရာဝန်ကပြောတယ်ကွ

ဆေးရုံလည်းတက်ခိုင်းတယ်။ အဲဒါဘယ်လိုလုပ်ရမလဲမင်းနဲ့ လာတိုင်ပင်တာ”

“သားအိမ်ပြင်ပမှာ သန္ဓေတည်တာဆိုရင်တော့ အရေးကြီးတယ်ကွ ၊ မင်းမိန်းမက ဘယ်လိုလက္ခဏာတွေ ခံစားရလည်းပြောပါဦး”

“ရာသီမလာဘူး ၊ ပျို့တယ်အန်တယ် ၊ ရင်သားတွေတင်းပြီးနာတယ်။ငါတို့လည်း မသင်္ကာတော့ ဆီးစစ်ကြည့်တော့ ၂ ချောင်းပေါ်တယ်ကွ ။အိမ်အနီးအနားက ဆရာဝန်ပြ အားဆေးလေးသောက် တစ်အိမ်လုံးပျော်မဆုံးဖြစ်နေတုန်း ငါ့အမျိုးသမီးက ဆီးစပ်တွေနာလာတယ်။ ဗိုက်ရဲ့ညာဖက် အောက်ဖက်နာနာနေတယ်။သွေးနည်းနည်းဆင်းတယ်ကွ။အဲဒါနဲ့ ဆရာဝန်က သားအိမ်ပြင်ပ သန္ဓေတည်တာဖြစ်နေနိုင်တယ်ဆိုပြီး အာထရာဆောင်းရိုက်ခိုင်းတယ်။စိတ်ချရအောင် ဆေးရုံတက်ဖို့ပြောတယ်ကွ။”

“အေး အဲဒါဆို မင်းအမျိုးသမီး အာထရာဆောင်းကော ရိုက်ပြီးပြီလား။ အဖြေဘယ်လိုလဲ”

“မရိုက်ရသေးဖူးကွ ၊ ညနေသွားရိုက်ဖို့ ဘိုကင်လုပ်ထားတယ်”

“မင်းအမျိုးသမီးက ဗိုက်အရမ်းအောင့်လာတာ နာလာတာမျိုးရောရှိလား။ခုကောဘယ်လိုနေသေးလဲ”

“ခုငါ့မိန်းမကတော့ အိမ်မှာ နားနေတယ်ကွ။မင်းပြောသလို ဗိုက်အရမ်းအောင့်တာမျိုးတော့မရှိဘူး

မင်းအချိန်ရရင် ငါ့ကို အဲဒီသားအိမ်ပြင်ပ သန္ဓေတည်တဲ့ အကြောင်းလေးပြောပြပါကွာ”

“အေးပါကွာ။ဖြစ်ပုံက ဒီလိုကွ။အမျိုးသားနဲ့အမျိုးသမီး အတူနေပြီးသွားပြီဆို အမျိုးသားရဲ့သုတ်ပိုးနဲ့ အမျိုးသမီးရဲ့မျိုးဥဟာ fallopian tube လို့ခေါ်တဲ့ မျိုးဥပြွန်မှာ ပေါင်းတယ်။ပြီးမှ မျိုးအောင်သွားတဲ့ မျိုးဥဟာ သားအိမ်မှာ သွားတွယ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားဖွံဖြိုးလာတာပေါ့။ခု သားအိမ်ပြင်ပ သန္ဓေတည် တာကျတော့ သားအိမ်ကလွဲလို့ တခြားဘယ်နေရာမှာ မဆို သန္ဓေတည်တဲ့ အခြေအနေကို ခေါ်တာ။ဆေးပညာအရတော့ Ectopic pregnancy  လို့ခေါ်တယ်။”

“သားအိမ်ကလွဲလို့ ဘယ်နေရာတွေမှာ တည်တတ်သေးလဲကွ။ပြီးတော့ ဘာလို့အဲလိုဖြစ်ရတာလဲ။”

“များသောအားဖြင့် အဲ့ fallopian tube မျိုးဥပြွှန် မှာပဲဖြစ်တာများတယ်။အဲဒါကြောင့် tubal pregnancy လို့လဲခေါ်ကြတယ်။တစ်ခါတစ်လေမှာ မျိုးဥအိမ်မှာ၊ သားအိမ်ခေါင်းမှာ ၊ ဝမ်းဗိုက်ထဲမှာ ၊ သားအိမ်နံရံကြွက်သားတွေကြားမှာလဲဖြစ်တတ်သေးတယ်။ဒါပေမယ့် ရှားပါတယ်။မျိုးဥပြွှန်ထဲမှာ အဖြစ်အများဆုံးပဲ ၉၂% ကျော်တယ်။ဘာလို့ဖြစ်တာလဲဆိုတော့ အမျိုးသမီးဖွားလမ်းကြောင်းပိုးဝင်ရင်ပဲဖြစ်ဖြစ်၊ ယောင်ရမ်းရင်ပဲဖြစ်ဖြစ် ၊ အရင်တုန်းက သားအိမ်ပြင်ပသန္ဓေတည်ဖူးတာပဲဖြစ်ဖြစ် ၊ ခွဲစိတ်ဖူးရင်ပဲဖြစ်ဖြစ် ၊ သားအိမ်ထဲ သန္ဓေတားပစ္စည်းထည့်ထားရင်း ကလေးရရင်ပဲဖြစ်ဖြစ် ဖြစ်နိုင်ချေရှိတယ်။ပြီးတော့ ကိုယ်ဝန်ဆောင်နေတုန်း ဆေးလိပ်သောက်တဲ့သူတွေလည်းဖြစ်နိုင်ချေရှိတယ်။”

“အဲလိုသန္ဓေတည်ရင် စိုးရိမ်ရလား။အသက်အန္တရာယ်တွေဘာတွေရှိနိုင်လားဟင်။”

“စိုးရိမ်ရလားဆိုရင်တော့ စိုးရိမ်ရတယ်ကွ။အဲ့ မျိုးဥပြွန်က အစထဲက သန္ဓေတည်ဖို့နေရာမဟုတ်တော့ ပေါက်သွားတတ်တယ်ကွ။အဲလိုပေါက်သွားရင် အရည်တွေသွေးတွေရော သန္ဓေသားရော ဗိုက်ထဲရောက်သွားပြီး မခံမရပ်နိုင်အောင်ဗိုက်အောင့်တာ ၊ ဗိုက်ထဲမှာ သွေးယိုတာတွေဖြစ်ပြီး မိခင်အတွက် အသက်အန္တရာယ်ရှိနိုင်တယ်။”

“အာ့ဆို ကလေးကိုကော”

“စိတ်မကောင်းတော့မဖြစ်ပါနဲ့ကွာ။ကလေးကိုတော့ မကယ်နိုင်တာများတယ်ကွ။”

“ငါတို့ အာထရာဆောင်းရိုက်ရင် အဲ့ဒါဟုတ်မဟုတ်သိရပြီလားသူငယ်ချင်း။အခြားဘာလုပ်ရဦးမလဲ”

“အာထရာဆောင်းရိုက်တာအပြင် သွေးစစ်တာတွေလဲ လုပ်ရမယ်။ တတ်သိနားလည်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လဲ လိုအပ်တယ်ကွ။ သားအိမ်ပြင်ပ သန္ဓေတည်တာဆိုရင်တော့ ခွဲစိတ်တာပဲဖြစ်ဖြစ် laproscopic surgery လုပ်တာပဲဖြစ်ဖြစ် လုပ်ရတတ်တယ်။”

“ကျေးဇူးတင်ပါတယ်ကွာ။အဲဒါဆို ငါအိမ်ပြန်တော့မယ်။စီစဉ်စရာရှိတာတွေလည်း စီစဉ်ရအောင်။”

“အေးပါကွာ။အရာရာအဆင်ပြေချောမွေ့ပါစေ ဆုတောင်းပေးပါတယ်။”

ပြန်သွားတဲ့ သူငယ်ချင်းရဲ့ ကျောပြင်ကို ကြည့်ရင်း သားအိမ်ပြင်ပသန္ဓေတည်ခြင်းကနေ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ အခြေအနေထိမရောက်ခင် ကြိုတင်သိနိုင်စေနိုင်ဖို့ ကိုယ်ဝန်သည်တိုင်း ဗိုက်နာ ၊ သွေးဆင်းတဲ့အခါတိုင်းမှာ ဆေးရုံဆေးခန်းပြသသင့်ကြောင်း တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်။

Author: Dr.မေ ( Ondr )

 

 

Previous Post

ယောက္ခမအကြိုက်

Next Post

စပ်ဆေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
633

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
607
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စပ်ဆေး

အဆုတ်တီဘီ

ဆီးချို

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.