fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီမမှန်တာဘာကြောင့်လဲ

138
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/03/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi )

အမ်ိဳးသမီးအမ်ားစုက ရာသီေသြးဆင္းတာနဲ႔ပတ္သက္ျပီး အရမ္းဂရုစိုက္တတ္ၾကတယ္။ ဂရုစိုက္တာေကာင္းပါတယ္။ ရာသီဆင္းေနတဲ႔ရက္မွန္ေနသေရြ႕ေတာ့ ဘာမွမျဖစ္ေပမယ့္ ရာသီမမွန္တာမ်ိဳးေတြၾကံဳလာရင္ ဘာေရာဂါမ်ားလဲစိုးရိမ္ေနတတ္ၾကတယ္။

ရာသီမမွန္ဘူးဆိုတာ ဘယ္လိုမမွန္တာလည္းဆိုတာ အေရးၾကီးပါတယ္။ တခ်ိဳ႕ေတြရာသီလတိုင္းေပၚတယ္။ ရက္ကေတာ့မမွန္တတ္ဘူး၊ လတိုင္းပိုပိုေစာတာ ရိွတယ္။ ပိုပိုေနာက္က်လာတာ ရိွတယ္။ ဒါမ်ိဳးက ပံုမွန္ပါဘဲ၊ ရာသီစက္ဝန္း အတိုအရွည္ေၾကာင့္ဘဲျဖစ္တာပါ။ ရာသီဆင္းတာက ဒီလမွာ ဒီရက္ေပၚလို႔ ေနာက္လမွာ အဲ႔ဒီရက္ဘဲ ေပၚရမယ္မဟုတ္ပါဘူး။ ေနာက္တစ္ခုကေတာ့ အပ်ိဳေဖာ္ဝင္ကာစေတြမွာ ရာသီမမွန္တတ္ဘူး။ ဆင္းမယ့္ရက္ကလည္း ေျပာဖို႔ခက္တတ္တယ္။ ဒါေၾကာင့္ အပ်ိဳေဖာ္ဝင္ကာစေတြမွာ ရာသီဆင္းတဲ႔ရက္ေတြ မမွန္တတ္ေသးလို႔ ျပကၡဒိန္မွာမွတ္ထားဖို့လိုတတ္ပါတယ္။

ေနာက္တစ္ခုကေတာ့ ေသြးဆံုးခါနီးအခ်ိန္ေတြမွာပါ၊ ေသြးဆံုးတယ္ဆိုတဲ႔အခါမွာ ရုတ္တရက္ၾကီး ရာသီဆင္းေနတာေတြ ရပ္သြားတာမဟုတ္ပါဘူး။ ရာသီဆင္းတာ မ်ားလိုက္ နည္းလိုက္ျဖစ္မယ္။ နွစ္လ၊ သံုးလ ၾကာမွတစ္ခါတည္းဆင္းတတ္တယ္။ ဘာေဆးမွလည္းမသံုးဘဲ ေသြးမဆင္းေတာ့တာ တစ္နွစ္ဆိုရင္ေတာ့ ေသြးဆံုးတယ္လို႔ေျပာလို႔ရပါတယ္။ ဒါေတာင္ တစ္ခ်ိဳ႕ေတြ ေသြးဆံုးျပီးမွ ရာသီျပန္ဆင္းတာေတြ ရိွတတ္ေသးတယ္။ အဲ႔ဒီအခါေတာ့ တျခားေရာဂါေတြနဲ႔ ဆိုင္မဆိုင္ စစ္ေဆးတာေတြလိုပါတယ္။

ေနာက္တစ္ခုကေတာ့ ကိုယ္ဝန္တားေဆးေတြပါ၊ တားနည္းမ်ိဳးစံုရိွပါတယ္။ ေသာက္ေဆးေရာ၊ ထိုးေဆးေရာ၊ ပစၥည္းထည့္တာေတြေရာပါ၊ ေသာက္ေဆးမွာေတာင္ ပံုမွန္ေသာက္ေနရတဲ႔ (၂၈) လံုးပါတဲ႔ ေဆးကဒ္ကဘဲ ရာသီမွန္တာပါ။ အေရးေပၚတားေဆးေတြေသာက္ထားရင္ ရာသီျပန္ဆင္းတာမ်ိဳးျဖစ္တတ္တယ္။ ရာသီဆင္းတဲ႔ရက္ေက်ာ္ျပီး ရက္ေျပာင္းတာေတြလည္း ျဖစ္တတ္တယ္။ ထိုးေဆးေတြ ပစၥည္းထည့္တာေတြကလည္း ရာသီကေမာက္ကမျဖစ္ေစတယ္။ တခ်ိဳ႕ေတာက္ေလွ်ာက္ မေပၚေတာ့ဘူး။ တစ္ခ်ိဳ႕ေဆးသံုးေနရတဲ႔ေတာက္ေလွ်ာက္ နည္းနည္းစီဆင္းေနတတ္သလို တခ်ိဳ႕လည္းေသြးအမ်ားၾကီးဆင္းတယ္။ ဘာဘဲျဖစ္ျဖစ္ေတာ့ ေဆးေၾကာင့္လား၊ တျခားတစ္ခုခုေၾကာင့္လား သိေအာင္ေတာ့ စစ္ေဆးတာ စမ္းသပ္တာလိုပါတယ္။

ေနာက္တစ္ခုကေတာ့ ေဟာ္မုန္းမညီမွ်တဲ႔ေရာဂါေတြပါ။ ဘာေဆးမွမသံုးတာလည္း ျဖစ္တတ္တယ္။ ေရာဂါအဆင့္ထိမေရာက္ေသးဘဲ စိတ္ပိုင္းဆိုင္ရာေတြေၾကာင့္လည္း ေဟာ္မုန္းအတက္အက်ျဖစ္တတ္တယ္။ စိတ္ညစ္စရာေတြ စိတ္ဖိစီးတာေတြမ်ားတဲ႔အခါ၊ ေနမေကာင္းျဖစ္တဲ႔အခါေတြမွာ ရာသီထိန္တာ ေနာက္က်တာေတြ ျဖစ္တတ္တယ္။ တခ်ိဳ႕အိမ္ေထာင္က်စမွာ ရာသီေပၚျပီးမွ ေနာက္တစ္ၾကိမ္ထပ္ေပၚတာေတြ၊ လိင္ဆက္ဆံျပီးမွ ေသြးျပန္ဆင္းတာေတြ ျဖစ္တတ္တယ္။ ကိုယ္ဝန္လည္းမဟုတ္၊ ဘာေဆးမွလည္းမသံုး၊ ထိခိုက္ဒဏ္ရာလည္း မရိွဘူးဆိုရင္ တစ္ခါနွစ္ခါျဖစ္ရံုက ေစာင့္ၾကည့္လို႔ရပါတယ္။ ေဟာ္မုန္းမညီမွွ်လို႔ ၂လ ၃လမွ တစ္ခါေပၚတာမ်ိိဳးေတြမွာေတာ့ သားအိမ္နဲ႔သားဥအိမ္ေတြမွာ ေရအိတ္ေတြ ရိွမရိွစစ္ေဆးသင့္ပါတယ္။ ေရအိတ္ရိွတိုင္း ေရာဂါမဟုတ္ပါဘူူး။ ေရအိတ္ေၾကာင့္ျဖစ္တဲ့ေရာဂါ သတ္မွတ္ခ်က္ညီမွ ေရာဂါလို႔ေျပာမွာပါ။ ေဟာ္မုန္းျပသနာျဖစ္လို႔ ရာသီမမွန္တာမ်ိဳးေတြကေတာ့ သားဖြားမီးယပ္ဆရာဝန္ေတြနဲ႔ တိုင္ပင္ျပီး ေဆးေသာက္ဖို႔ေတြလိုပါတယ္။

ဘာဘဲျဖစ္ျဖစ္ေတာ့ အမ်ိဳးသမီးတိုင္းက မိမိရာသီေပၚမယ့္ရက္ကို ေသခ်ာမွတ္ထားဖို႔လိုပါတယ္။ က်န္းမာေရးအရ အေရးၾကီးပါတယ္။ ရက္နီးလာတာနဲ႔အမွ် အားေဆးေသာက္ဖို႔လိုတတ္တယ္။ စိတ္ဖိစီးတာေတြ ေလွ်ာ့ခ်ရတယ္။ နားနားေနေန ေနရတယ္။ အေအးသိပ္မခံဘဲ ခ်ဳပ္စာေတြမစားဘဲ ေရွာင္ရပါတယ္။ ရာသီမမွန္တာမ်ိဳးရိွခဲ႔ရင္လည္း ဘာေၾကာင့္ျဖစ္နိုင္မလဲ၊ ဘယ္လိုေတြလုပ္ေပးလို႔ ရနိုင္မလဲဆိုတာ သက္ဆိုင္ရာဆရာဝန္ေတြနဲ႔ တိုင္ပင္သင့္ပါတယ္။

Author: Dr. CST

(Unicode)

အမျိုးသမီးအများစုက ရာသီသွေးဆင်းတာနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်တတ်ကြတယ်။ ဂရုစိုက်တာကောင်းပါတယ်။ ရာသီဆင်းနေတဲ့ရက်မှန်နေသရွေ့တော့ ဘာမှမဖြစ်ပေမယ့် ရာသီမမှန်တာမျိုးတွေကြုံလာရင် ဘာရောဂါများလဲစိုးရိမ်နေတတ်ကြတယ်။

ရာသီမမှန်ဘူးဆိုတာ ဘယ်လိုမမှန်တာလည်းဆိုတာ အရေးကြီးပါတယ်။ တချို့တွေရာသီလတိုင်းပေါ်တယ်။ ရက်ကတော့မမှန်တတ်ဘူး၊ လတိုင်းပိုပိုစောတာ ရှိတယ်။ ပိုပိုနောက်ကျလာတာ ရှိတယ်။ ဒါမျိုးက ပုံမှန်ပါဘဲ၊ ရာသီစက်ဝန်း အတိုအရှည်ကြောင့်ဘဲဖြစ်တာပါ။ ရာသီဆင်းတာက ဒီလမှာ ဒီရက်ပေါ်လို့ နောက်လမှာ အဲ့ဒီရက်ဘဲ ပေါ်ရမယ်မဟုတ်ပါဘူး။ နောက်တစ်ခုကတော့ အပျိုဖော်ဝင်ကာစတွေမှာ ရာသီမမှန်တတ်ဘူး။ ဆင်းမယ့်ရက်ကလည်း ပြောဖို့ခက်တတ်တယ်။ ဒါကြောင့် အပျိုဖော်ဝင်ကာစတွေမှာ ရာသီဆင်းတဲ့ရက်တွေ မမှန်တတ်သေးလို့ ပြက္ခဒိန်မှာမှတ်ထားဖို့လိုတတ်ပါတယ်။

နောက်တစ်ခုကတော့ သွေးဆုံးခါနီးအချိန်တွေမှာပါ၊ သွေးဆုံးတယ်ဆိုတဲ့အခါမှာ ရုတ်တရက်ကြီး ရာသီဆင်းနေတာတွေ ရပ်သွားတာမဟုတ်ပါဘူး။ ရာသီဆင်းတာ များလိုက် နည်းလိုက်ဖြစ်မယ်။ နှစ်လ၊ သုံးလ ကြာမှတစ်ခါတည်းဆင်းတတ်တယ်။ ဘာဆေးမှလည်းမသုံးဘဲ သွေးမဆင်းတော့တာ တစ်နှစ်ဆိုရင်တော့ သွေးဆုံးတယ်လို့ပြောလို့ရပါတယ်။ ဒါတောင် တစ်ချို့တွေ သွေးဆုံးပြီးမှ ရာသီပြန်ဆင်းတာတွေ ရှိတတ်သေးတယ်။ အဲ့ဒီအခါတော့ တခြားရောဂါတွေနဲ့ ဆိုင်မဆိုင် စစ်ဆေးတာတွေလိုပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ဝန်တားဆေးတွေပါ၊ တားနည်းမျိုးစုံရှိပါတယ်။ သောက်ဆေးရော၊ ထိုးဆေးရော၊ ပစ္စည်းထည့်တာတွေရောပါ၊ သောက်ဆေးမှာတောင် ပုံမှန်သောက်နေရတဲ့ (၂၈) လုံးပါတဲ့ ဆေးကဒ်ကဘဲ ရာသီမှန်တာပါ။ အရေးပေါ်တားဆေးတွေသောက်ထားရင် ရာသီပြန်ဆင်းတာမျိုးဖြစ်တတ်တယ်။ ရာသီဆင်းတဲ့ရက်ကျော်ပြီး ရက်ပြောင်းတာတွေလည်း ဖြစ်တတ်တယ်။ ထိုးဆေးတွေ ပစ္စည်းထည့်တာတွေကလည်း ရာသီကမောက်ကမဖြစ်စေတယ်။ တချို့တောက်လျှောက် မပေါ်တော့ဘူး။ တစ်ချို့ဆေးသုံးနေရတဲ့တောက်လျှောက် နည်းနည်းစီဆင်းနေတတ်သလို တချို့လည်းသွေးအများကြီးဆင်းတယ်။ ဘာဘဲဖြစ်ဖြစ်တော့ ဆေးကြောင့်လား၊ တခြားတစ်ခုခုကြောင့်လား သိအောင်တော့ စစ်ဆေးတာ စမ်းသပ်တာလိုပါတယ်။

နောက်တစ်ခုကတော့ ဟော်မုန်းမညီမျှတဲ့ရောဂါတွေပါ။ ဘာဆေးမှမသုံးတာလည်း ဖြစ်တတ်တယ်။ ရောဂါအဆင့်ထိမရောက်သေးဘဲ စိတ်ပိုင်းဆိုင်ရာတွေကြောင့်လည်း ဟော်မုန်းအတက်အကျဖြစ်တတ်တယ်။ စိတ်ညစ်စရာတွေ စိတ်ဖိစီးတာတွေများတဲ့အခါ၊ နေမကောင်းဖြစ်တဲ့အခါတွေမှာ ရာသီထိန်တာ နောက်ကျတာတွေ ဖြစ်တတ်တယ်။ တချို့အိမ်ထောင်ကျစမှာ ရာသီပေါ်ပြီးမှ နောက်တစ်ကြိမ်ထပ်ပေါ်တာတွေ၊ လိင်ဆက်ဆံပြီးမှ သွေးပြန်ဆင်းတာတွေ ဖြစ်တတ်တယ်။ ကိုယ်ဝန်လည်းမဟုတ်၊ ဘာဆေးမှလည်းမသုံး၊ ထိခိုက်ဒဏ်ရာလည်း မရှိဘူးဆိုရင် တစ်ခါနှစ်ခါဖြစ်ရုံက စောင့်ကြည့်လို့ရပါတယ်။ ဟော်မုန်းမညီမှျှလို့ ၂လ ၃လမှ တစ်ခါပေါ်တာမျိုးတွေမှာတော့ သားအိမ်နဲ့သားဥအိမ်တွေမှာ ရေအိတ်တွေ ရှိမရှိစစ်ဆေးသင့်ပါတယ်။ ရေအိတ်ရှိတိုင်း ရောဂါမဟုတ်ပါဘူူး။ ရေအိတ်ကြောင့်ဖြစ်တဲ့ရောဂါ သတ်မှတ်ချက်ညီမှ ရောဂါလို့ပြောမှာပါ။ ဟော်မုန်းပြသနာဖြစ်လို့ ရာသီမမှန်တာမျိုးတွေကတော့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးသောက်ဖို့တွေလိုပါတယ်။

ဘာဘဲဖြစ်ဖြစ်တော့ အမျိုးသမီးတိုင်းက မိမိရာသီပေါ်မယ့်ရက်ကို သေချာမှတ်ထားဖို့လိုပါတယ်။ ကျန်းမာရေးအရ အရေးကြီးပါတယ်။ ရက်နီးလာတာနဲ့အမျှ အားဆေးသောက်ဖို့လိုတတ်တယ်။ စိတ်ဖိစီးတာတွေ လျှော့ချရတယ်။ နားနားနေနေ နေရတယ်။ အအေးသိပ်မခံဘဲ ချုပ်စာတွေမစားဘဲ ရှောင်ရပါတယ်။ ရာသီမမှန်တာမျိုးရှိခဲ့ရင်လည်း ဘာကြောင့်ဖြစ်နိုင်မလဲ၊ ဘယ်လိုတွေလုပ်ပေးလို့ ရနိုင်မလဲဆိုတာ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

Author: Dr. CST

Previous Post

ဆီးချို

Next Post

ကြွက်နို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
633

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
607
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြွက်နို့

အသည်းအဆီဖုံးတာ ကုလို့ရလား

Sciatica တင်ပါးဆုံအကြောညပ်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.