သားသားမီးမီးတို့ကို မိဘတို့က အနှီးဖြင့်ထွေးထုတ်ထားလေ့ရှိ၏။
အိမ်မှာနေသည့်အခါလည်း အနှီးသုံး ၊အပြင်ထွက်တော့လည်း ဒိုင်အေပါသုံးနဲ့။
အပေါ့အလေးကို သားသားမီးမီးတို့က အနှီးထဲ ၊ဒိုင်အေပါထဲ စွန့်သည် ။မလဲဘဲ
ကြာကြာထားလိုက်ပါက ကလေးငယ်တို့တွင် ဆီးပူ ၊မစင်ပူလောင်လေတော့သည်။
အများအားဖြင့် ဆီးပူ ၊မစင်ပူတို့လောင်စားခြင်းကြောင့် ဖြစ်၏။ တစ်ခါ
တစ်လေ လျှော်ဖွတ်သော ဆပ်ပြာများ ကလေးအနှီးကြားထဲတွင် ကျန်နေသဖြင့် လောင်စားတတ်၏ ။တစ်ခါတစ်ရံ အစားအသောက်ထဲပါသော အရာ အချို့ကြောင့်
ဖြစ်တတ်သေးသည် ။အခန့်မသင့်လျှင် အရေပြားပိုး ဝင်ကာ ပြည်ဖုတည်ပြီး လွန်စွာ
နာကျင်တတ်၏ ။ဖြစ်တတ်တဲ့နေရာတွေကတော့ အနှီးထုတ်သည့်နေရာတွေဖြစ်
သော ပေါင်ကြား ၊တင်ပါးကြား ၊လိင်အင်္ဂါတစ်ဝိုက်နှင့် ကျောတို့ပင် ။ထိုနေရာတွင်
နီရဲပြီး ယားသဖြင့် ကလေးတွေ ငိုနေတတ်သည် ။ပြည်ဖုတည်က ပြောင်တင်းကာ
အရမ်းနာပေသည်။
အကယ်၍ သားသားမီးမီးတို့ အနှီးစားထားသောနေရာတွင် အရေပြား
ကွဲအက်နေလျှင် ၊ပြည်တည်နေလျှင် ၊သွေးထွက်လျှင် ၊အဖျားဝင်နေလျှင် မိမိ၏
မိသားစု ဆရာဝန်နဲ့ ပြသသင့်သည်။
နောက်မဖြစ်အောင် နှင့် မိမိဘာသာ ကြိုတင်လုပ်နိုင်တာတွေကို ပြော
ပြပါ့မယ်။
- အနှီး ၊ဒိုင်အေပါ တို့ကို မကြာခဏလဲပေးပါ။
မွေးကင်းစဆိုပါက နို့တိုက်ပြီးတိုင်း လဲပေးပါ ။တစ်ရက် ၆ကြိမ် ခန့်လဲပေးပါ။ - မွှေးရနံ့ပါသော အလှကုန်များ ၊ဆပ်ပြာမွှေးများသည် အရေပြားရှိ သဘာဝအဆီ
များကို ဖယ်ရှားပစ်သဖြင့် အရေပြားပိုခြောက်သွေ့ကာ အနှီးပူ ပိုလောင်တတ်၏။ - အနှီးများ ၊ဒိုင်အေပါများကို ဇီဝပစ္စည်းမပါသော ဆပ်ပြာမှုန့်များဖြင့် ပြုတ်လျှော်ပါ
ရေနိုင်နိုင်သုံးကာ ဆပ်ပြာစင်အောင် ညှစ်ပါ။ - မိခင်နို့ ၊နို့ဘူးအပြင် ဖြည့်စွက်စာ စကျွေးက တစ်နေ့တစ်မျိုးစီသာ စကျွေးပါ။
ဒါမှ မည်သည့် အစာကြောင့် အရေပြားယားယံ နီရဲတာကို သိပေလိမ့်မည်။ - အနှီးမလဲမီ စက္ကူစ သို့မဟုတ် တစ်ရှူးစဖြင့် အညစ်အကြေးများကို ပြောင်
အောင်သုတ်ပါ ။ပြီးလျှင် ရေဆွတ်ထားသော တစ်ရှူးစ ၊ဂွမ်းစဖြင့် သန့်ရှင်းရေး
ထပ်လုပ်ပါ ။ပြီးနောက် အဝတ်သန့်သန့် ဖြင့် ခြောက်အောင် တို့ဖိပါ။ ဖိမပွတ်
ရ ။၁၀မိနစ် ခန့် လေသလပ်ခံပါ။ - အနှီးသစ်မလဲမီ ဇင့်နှင့် ကြက်ဆူဆီပါသော အရေပြားကာကွယ်ပေးသည့် ခရင်မ်
များ ၊ပေါင်ဒါများ လိမ်းပေးပါ။
Author – ခေတ်သစ် ဇီဝက