fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သင့္ရဲ႕ရာသီလာျခင္းကို အမ်ိဳးအစားခြဲပါ

105
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/12/2016
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ႀကိဳက္သည္ရွိ၊ မႀကိဳက္သည္ရွိ မီးယပ္ေသြးေပၚျခင္းဟာ အၿမဲေခ်ာေခ်ာေမာေမာမရွိပါ။ ျပႆနာက ဘယ္လိုပဲျဖစ္ျဖစ္ ဒီအတိုင္း လိုက္ၿပီးမေနဘဲ ဘာေတြျဖစ္ႏိုင္တယ္။ ဘယ္လိုျပဳျပင္ဖို႔ ကူညီႏိုင္တယ္ဆိုတာကို ၾကည့္ရေအာင္။

အလြန္အကြၽံရာသီလာျခင္း
ရာသီလာျခင္းဟာ သာမန္ထက္ပိုမ်ားေနတာကို သတိထားမိပါသလား။ ေန႔စဥ္ပုံမွန္သြားလာလုပ္ကိုင္ ေနထိုင္မႈကို အေႏွာင့္အယွက္ျဖစ္လာရင္ အလြန္အကြၽံရာသီလာတယ္လို႔ ယူဆရပါတယ္။ ဒီလိုျဖစ္တာဟာ အသက္အ႐ြယ္မေ႐ြး ျဖစ္တတ္ ပါတယ္။ အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြမွာ သဘာဝအားျဖင့္ ရာသီလာခ်ိန္ဟာ တစ္ခုနဲ႔တစ္ခု နီးကပ္ေနၿပီး၊ မ်ားမ်ားျဖစ္လာ တတ္တယ္။ အသက္ ၃၀ နဲ႔ ၅၀ ၾကားအမ်ိဳးသမီး ငါးဦးမွ တစ္ဦး ဟာမူမမွန္တဲ့ သားအိမ္ေသြးဆင္းျခင္း ျဖစ္တတ္တယ္လို႔ Spire Bushey and Kings Oak BMI ေဆး႐ုံမ်ားမွ အႀကံေပးမီးယပ္အထူးကုဆရာဝန္ နီတူဘာဂ်ီေကာ္ ကဆိုတယ္။

ဘာေၾကာင့္ျဖစ္တာလဲ
အလြန္အကြၽံရာသီလာတာဟာ အမ်ိဳးသမီးအမ်ားစုမွာ စိုးရိမ္စရာေကာင္းေလာက္တဲ့ ျပႆနာေတြမရွိပါ။ အမ်ိဳးသမီးအ နည္းစုမွာ သားအိမ္အတြင္း မ်က္ႏွာျပင္ထူေနျခင္း ဒါမွမဟုတ္ ရာသီလာမႈ ဆိုး႐ြားေစတဲ့ ဖိုင္းဘ႐ြိဳက္ဟု ေခၚေသာ မျပန႔္ပြားတဲ့ အဖုအႀကိတ္ရွိတယ္လို႔ နီတူကဆိုတယ္။

ဘယ္လိုအေရးယူေဆာင္႐ြက္မလဲ
တကယ္လို႔ ေနာက္ဆုံးလာတဲ့ ဓမၼတာ သုံးခုက ပုံမွန္ထက္ပိုၾကာေနျခင္း၊ ဒါမွမဟုတ္ ခါတိုင္းထက္ပိုနာ က်င္ေနျခင္း၊ ေသြးခဲမ်ားႏွင့္ လြန္မင္းစြာေသြးဆင္းျခင္း ျဖစ္ရင္ သက္ဆိုင္ရာ ဆရာဝန္နဲ႔ျပဖို႔ အေရးႀကီးပါတယ္။ ရာသီလာခ်ိန္နဲ႔ တစ္ခုၾကား ဒါမွမဟုတ္ လိင္ဆက္ဆံၿပီးေနာက္၊ ပုံမွန္မဟုတ္တဲ့ ေသြးဆင္းျခင္းျဖစ္ရင္ ဒီလကၡဏာေတြကို လ်စ္လ်ဴမရႈဘဲ ဆရာဝန္နဲ႔ ေစာႏိုင္သမွ်ေစာေစာျပပါ။ သင္ဟာ အသက္ ၄၀ေက်ာ္ေနရင္ ေစာေစာအႀကံဉာဏ္ယူဖို႔ အေရးႀကီးပါတယ္။ အႀကိဳကင္ဆာနဲ႔ ကင္ဆာျဖစ္ေနေသာေျပာင္းလဲမႈေတြက အလြန္ အကြၽံရာသီလာမႈထက္ အေျပာင္းအလဲျမန္ေသာ ေသြးဆင္းမႈကို ျဖစ္ေစတယ္။ ဒီထက္ေျပာင္းလဲမႈေတြ အထူး သျဖင့္အသက္ ၄၀ေအာက္ အမ်ိဳးသမီးမ်ားတြင္ ေတာ္ေတာ္ရွားပါးပါတယ္။

လတိုင္းေသြးမ်ားမ်ား ဆုံးရႈံးေနရင္က်န္းမာတဲ့ လူေနမႈဘဝက အေရးႀကီးပါတယ္။ အ႐ြက္စိမ္းဖားဖားရွိ တဲ့ဟင္းသီး ဟင္း႐ြက္မ်ားတဲ့ အစားအစာက သံဓာတ္ျမႇင့္တက္ေစတယ္လို႔ နီတူကဆိုတယ္။ အဆီနည္းၿပီး အမွ်င္မ်ားတဲ့ အစားအစာ ေတြျဖစ္တဲ့ ဟင္းသီးဟင္း႐ြက္၊ သစ္သီးေတြ၊ ပဲေတာင့္ရွည္မ်ိဳး၊ ပဲေတြနဲ႔ ဂ်ဳံေကာက္ႏွံ ေတြကလိုအပ္တဲ့ ဗီတာမင္ေတြ၊ သတၳဳ ဓာတ္ေတြအျပင္ လိုအပ္တဲ့ပ႐ိုတိန္းနဲ႔ ကယ္စီယမ္ေတြကို ေပးႏိုင္တယ္။

ရာသီလာရင္ နာက်င္ျခင္း
အမ်ိဳးသမီးငယ္ေတြမွာ ရာသီလာရင္ နာက်င္တာဟာ သာမန္မွ်သာျဖစ္ၿပီး အႏၲရာယ္မရွိပါ။ အသက္ ႀကီးလာတဲ့အခါမွာ နာက်င္မႈဟာျပႆနာတစ္ခု ျဖစ္တယ္။

ဘာေၾကာင့္ျဖစ္တာလဲ
အသက္ႀကီးတဲ့အခါ ရာသီလာစဥ္နာက်င္လာရင္ ဆင့္ပြားရာသီလာနာျခင္းဟု ေခၚၿပီး၊ ပိုၿပီးဆိုး႐ြားလာ ႏိုင္တယ္။ မၾကာ ခဏ ၎က ေဆးပညာျပႆနာျဖစ္တဲ့ သားအိမ္အတြင္း အေျမႇးနယ္ကြၽံေရာဂါကို ၫႊန္ျပေန တယ္ဟု နီတူကဆိုတယ္။ ဒီဟာ ျဖစ္ႏိုင္တယ္လို႔ သံသယရွိရင္ ဆရာဝန္နဲ႔ျပပါ။

ဘယ္လိုအေရးယူေဆာင္႐ြက္မလဲ
ရနံ႔ကုထုံးက နာက်င္တဲ့ ရာသီလာမႈကို သက္သာေစတယ္လို႔ သိပၸံနည္းအရစမ္းသပ္ၿပီး ျဖစ္ပါတယ္။ ရနံ႔ကုထုံးအတြက္ အကိုက္အခဲေပ်ာက္ေစတဲ့ အာနိသင္ရွိ ရနံ႔ေမႊးဆီေတြက ထိေရာက္ပါတယ္။ ရနံ႔ေမႊးဆီေတြ ျဖစ္တဲ့ လာဗင္ဒါ၊ ကလဲရီေဆ့ဂ်္နဲ႔ မာဂ်ိဳရမ္တို႔ကို အနံ႔မရွိတဲ့ ကရင္မ္နဲ႔ေရာၿပီး ဝမ္းဗိုက္တြင္ေန႔စဥ္ လိမ္းသပ္ႏွိပ္ ႏွယ္ေပးျခင္းျဖင့္ ရာသီလာစဥ္ နာက်င္တဲ့အခ်ိန္ကာလ ေလ်ာ့လာတာကို ေတြ႕ရမည္ျဖစ္ေၾကာင္း အႀကံေပးရနံ႔ ကုထုံးကြၽမ္းက်င္သူ ဂ်ိဳအင္နာ မက္ကယ့္ဖဲက ဆိုတယ္။

မီးယပ္ေသြးမေပၚမီ ေရာဂါလကၡဏာ (PMS)
ဒီလကၡဏာက အမ်ိဳးသမီး တစ္ဦးနဲ႔တစ္ဦးမွာ ကြဲျပားပါတယ္။ ေဖာင္းပြေနတာ၊ စိုးရိမ္ပူပန္တာ၊ စိတ္ ဓာတ္က်တာနဲ႔ ကိုယ့္ကိုယုံၾကည္မႈ ေလ်ာ့နည္းတာေတြကို ခံစားရတယ္။ စိတ္ေျပာင္းလဲတာ၊ ငိုခ်င္တာနဲ႔ အခ်ိဳ႕ အစားအစာေတြကို အာသာျပင္း ျပျခင္းတို႔လည္း ျဖစ္တတ္တယ္။

ဘာေၾကာင့္ျဖစ္တာလဲ
မီးယပ္ေသြးမေပၚမီ ေရာဂါလကၡဏာမ်ားဟာ ရာသီေသြးမစမီ ဟိုမုန္းတက္က်နဲ႔ ဆက္စပ္ေနေၾကာင္း ၎ဟာ သီတင္းႏွစ္ပတ္ထိ ၾကာၿပီးအေၾကာင္းရင္း အတိအက်မသိရေသးေၾကာင္း နီတူကဆိုတယ္။

ဘယ္လိုအေရးယူေဆာင္႐ြက္မလဲ
အဝလြန္သူမ်ား PMS ကိုခံစားႏိုင္လို႔ ကိုယ္အေလးခ်ိန္ကိုေလ်ာ့ပါ။ သိျမင္တတ္ေသာ အျပဳအမူနဲ႔ကုသနည္းက အပ်က္ သေဘာေဆာင္အေတြးအျမင္ ပုံစံမ်ားေျပာင္းလဲေရး အတြက္အေထာက္အကူျပဳႏိုင္တယ္။ အစိမ္းေရာင္ အ႐ြက္ဖားဖား ဟင္းသီးဟင္း႐ြက္မ်ား ကိုစားပါ။ ဟင္းသီးဟင္း႐ြက္မွရေသာ သံဓာတ္ကိုစားသုံးသူ မ်ားဟာ PMS ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ႏိုင္ ေၾကာင္းေလ့လာေရးတစ္ခုက ဆိုတယ္။

မီးယပ္ေသြးေပၚမႈနည္းျခင္း
လစဥ္မီးယပ္ေသြးေပၚမႈ အနည္းငယ္မွ်သာ ျဖစ္တာလည္းရွိပါတယ္။ အသက္ႀကီးတဲ့အခါ အလြန္နည္းတာဟာပုံမွန္ ျဖစ္ တယ္လို႔ မွတ္ယူႏိုင္တယ္။

ဘာေတြျဖစ္ေနတာလဲ
ျပင္းထန္တဲ့အားကစား သင္တန္းနဲ႔ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြက လစဥ္ပုံမွန္ရာသီလာျခင္း ကိုေျပာင္းလဲေစ ႏိုင္ၿပီး ေသြးထိန္းျခင္းကိုပင္ ျဖစ္ေစႏိုင္တယ္လို႔ ဆရာဝန္တစ္ဦးကဆိုတယ္။ ၎က သားအိမ္ ေတြရဲ႕ ခြၽတ္ယြင္းမႈကို ျဖစ္ေစႏိုင္ ၿပီး ဒီခြၽတ္ယြင္းမႈက မ်ိဳးေအာင္ျခင္းနဲ႔ ကိုယ္ဝန္ေဆာင္ႏိုင္မႈ အခြင့္အေရးကိုထိ ခိုက္ေစႏိုင္တယ္လို႔ ၎ကဆိုတယ္။ ရာသီေသြးဆင္းျခင္း သိပ္နည္းေနရင္ ေသြးဆုံးခ်ိန္နီးလာၿပီလို႔ ဆိုႏိုင္တယ္။ ဒါမွမဟုတ္ အရည္အိတ္ မ်ားစြာရွိေသာ သားအိမ္ေရာဂါ PCOS ျဖစ္ႏိုင္တယ္။ လူလတ္ပိုင္းအ႐ြယ္ အထူးသျဖင့္ အဝလြန္ရင္ PCOS ပိုျဖစ္ ႏိုင္တယ္။

ဘယ္လိုအေရးယူေဆာင္႐ြက္မလဲ
ဆရာဝန္ကိုျပၿပီး PCOS ျဖစ္ေနတယ္လို႔ ရွာေဖြေတြ႕ရွိရင္ ကိုယ္အေလးခ်ိန္ကိုေလ်ာ့ဖို႔ ႀကိဳးစားပါ။ PCOS ကိုကိုင္တြယ္ ေျဖရွင္းဖို႔ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခံစားေနရသူေတြဟာ ဇီဝတြင္းျဖစ္ပ်က္မႈဆိုင္ ရာေရာဂါ၊ သေႏၶေအာင္ႏိုင္မႈ ေလ်ာ့နည္းျခင္းနဲ႔ ဝမ္းဗိုက္ကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားတယ္လို႔ နီတူက ဆိုတယ္။ မခ်က္မီနီရဲေသာအသားနဲ႔ ႏို႔ထြက္ပစၥည္းမ်ားကို ေရွာင္ၾကဥ္ျခင္းျဖင့္ စားသုံးတဲ့အက္စထ႐ိုဂ်င္ ပမာဏကိုေလ်ာ့ သြားေစႏိုင္တယ္။

Author – ႏွင္းေအးေဝ (Healthcare)

(Unicode)

ကြိုက်သည်ရှိ၊ မကြိုက်သည်ရှိ မီးယပ်သွေးပေါ်ခြင်းဟာ အမြဲချောချောမောမောမရှိပါ။ ပြဿနာက ဘယ်လိုပဲဖြစ်ဖြစ် ဒီအတိုင်း လိုက်ပြီးမနေဘဲ ဘာတွေဖြစ်နိုင်တယ်။ ဘယ်လိုပြုပြင်ဖို့ ကူညီနိုင်တယ်ဆိုတာကို ကြည့်ရအောင်။

အလွန်အကျွံရာသီလာခြင်း

ရာသီလာခြင်းဟာ သာမန်ထက်ပိုများနေတာကို သတိထားမိပါသလား။ နေ့စဉ်ပုံမှန်သွားလာလုပ်ကိုင် နေထိုင်မှုကို အနှောင့်အယှက်ဖြစ်လာရင် အလွန်အကျွံရာသီလာတယ်လို့ ယူဆရပါတယ်။ ဒီလိုဖြစ်တာဟာ အသက်အရွယ်မရွေး ဖြစ်တတ် ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ သဘာဝအားဖြင့် ရာသီလာချိန်ဟာ တစ်ခုနဲ့တစ်ခု နီးကပ်နေပြီး၊ များများဖြစ်လာ တတ်တယ်။ အသက် ၃၀ နဲ့ ၅၀ ကြားအမျိုးသမီး ငါးဦးမှ တစ်ဦး ဟာမူမမှန်တဲ့ သားအိမ်သွေးဆင်းခြင်း ဖြစ်တတ်တယ်လို့ Spire Bushey and Kings Oak BMI ဆေးရုံများမှ အကြံပေးမီးယပ်အထူးကုဆရာဝန် နီတူဘာဂျီကော် ကဆိုတယ်။

ဘာကြောင့်ဖြစ်တာလဲ

အလွန်အကျွံရာသီလာတာဟာ အမျိုးသမီးအများစုမှာ စိုးရိမ်စရာကောင်းလောက်တဲ့ ပြဿနာတွေမရှိပါ။ အမျိုးသမီးအ နည်းစုမှာ သားအိမ်အတွင်း မျက်နှာပြင်ထူနေခြင်း ဒါမှမဟုတ် ရာသီလာမှု ဆိုးရွားစေတဲ့ ဖိုင်းဘရွိုက်ဟု ခေါ်သော မပြန့်ပွားတဲ့ အဖုအကြိတ်ရှိတယ်လို့ နီတူကဆိုတယ်။

ဘယ်လိုအရေးယူဆောင်ရွက်မလဲ

တကယ်လို့ နောက်ဆုံးလာတဲ့ ဓမ္မတာ သုံးခုက ပုံမှန်ထက်ပိုကြာနေခြင်း၊ ဒါမှမဟုတ် ခါတိုင်းထက်ပိုနာ ကျင်နေခြင်း၊ သွေးခဲများနှင့် လွန်မင်းစွာသွေးဆင်းခြင်း ဖြစ်ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ပြဖို့ အရေးကြီးပါတယ်။ ရာသီလာချိန်နဲ့ တစ်ခုကြား ဒါမှမဟုတ် လိင်ဆက်ဆံပြီးနောက်၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းဖြစ်ရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုဘဲ ဆရာဝန်နဲ့ စောနိုင်သမျှစောစောပြပါ။ သင်ဟာ အသက် ၄၀ကျော်နေရင် စောစောအကြံဉာဏ်ယူဖို့ အရေးကြီးပါတယ်။ အကြိုကင်ဆာနဲ့ ကင်ဆာဖြစ်နေသောပြောင်းလဲမှုတွေက အလွန် အကျွံရာသီလာမှုထက် အပြောင်းအလဲမြန်သော သွေးဆင်းမှုကို ဖြစ်စေတယ်။ ဒီထက်ပြောင်းလဲမှုတွေ အထူး သဖြင့်အသက် ၄၀အောက် အမျိုးသမီးများတွင် တော်တော်ရှားပါးပါတယ်။

လတိုင်းသွေးများများ ဆုံးရှုံးနေရင်ကျန်းမာတဲ့ လူနေမှုဘဝက အရေးကြီးပါတယ်။ အရွက်စိမ်းဖားဖားရှိ တဲ့ဟင်းသီး ဟင်းရွက်များတဲ့ အစားအစာက သံဓာတ်မြှင့်တက်စေတယ်လို့ နီတူကဆိုတယ်။ အဆီနည်းပြီး အမျှင်များတဲ့ အစားအစာ တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေ၊ ပဲတောင့်ရှည်မျိုး၊ ပဲတွေနဲ့ ဂျုံကောက်နှံ တွေကလိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္ထု ဓာတ်တွေအပြင် လိုအပ်တဲ့ပရိုတိန်းနဲ့ ကယ်စီယမ်တွေကို ပေးနိုင်တယ်။

ရာသီလာရင် နာကျင်ခြင်း

အမျိုးသမီးငယ်တွေမှာ ရာသီလာရင် နာကျင်တာဟာ သာမန်မျှသာဖြစ်ပြီး အန္တရာယ်မရှိပါ။ အသက် ကြီးလာတဲ့အခါမှာ နာကျင်မှုဟာပြဿနာတစ်ခု ဖြစ်တယ်။

ဘာကြောင့်ဖြစ်တာလဲ

အသက်ကြီးတဲ့အခါ ရာသီလာစဉ်နာကျင်လာရင် ဆင့်ပွားရာသီလာနာခြင်းဟု ခေါ်ပြီး၊ ပိုပြီးဆိုးရွားလာ နိုင်တယ်။ မကြာ ခဏ ၎င်းက ဆေးပညာပြဿနာဖြစ်တဲ့ သားအိမ်အတွင်း အမြှေးနယ်ကျွံရောဂါကို ညွှန်ပြနေ တယ်ဟု နီတူကဆိုတယ်။ ဒီဟာ ဖြစ်နိုင်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ပြပါ။

ဘယ်လိုအရေးယူဆောင်ရွက်မလဲ

ရနံ့ကုထုံးက နာကျင်တဲ့ ရာသီလာမှုကို သက်သာစေတယ်လို့ သိပ္ပံနည်းအရစမ်းသပ်ပြီး ဖြစ်ပါတယ်။ ရနံ့ကုထုံးအတွက် အကိုက်အခဲပျောက်စေတဲ့ အာနိသင်ရှိ ရနံ့မွှေးဆီတွေက ထိရောက်ပါတယ်။ ရနံ့မွှေးဆီတွေ
ဖြစ်တဲ့ လာဗင်ဒါ၊ ကလဲရီဆေ့ဂျ်နဲ့ မာဂျိုရမ်တို့ကို အနံ့မရှိတဲ့ ကရင်မ်နဲ့ရောပြီး ဝမ်းဗိုက်တွင်နေ့စဉ် လိမ်းသပ်နှိပ် နှယ်ပေးခြင်းဖြင့် ရာသီလာစဉ် နာကျင်တဲ့အချိန်ကာလ လျော့လာတာကို တွေ့ရမည်ဖြစ်ကြောင်း အကြံပေးရနံ့ ကုထုံးကျွမ်းကျင်သူ ဂျိုအင်နာ မက်ကယ့်ဖဲက ဆိုတယ်။

မီးယပ်သွေးမပေါ်မီ ရောဂါလက္ခဏာ (PMS)

ဒီလက္ခဏာက အမျိုးသမီး တစ်ဦးနဲ့တစ်ဦးမှာ ကွဲပြားပါတယ်။ ဖောင်းပွနေတာ၊ စိုးရိမ်ပူပန်တာ၊ စိတ် ဓာတ်ကျတာနဲ့ ကိုယ့်ကိုယုံကြည်မှု လျော့နည်းတာတွေကို ခံစားရတယ်။ စိတ်ပြောင်းလဲတာ၊ ငိုချင်တာနဲ့ အချို့ အစားအစာတွေကို အာသာပြင်း ပြခြင်းတို့လည်း ဖြစ်တတ်တယ်။

ဘာကြောင့်ဖြစ်တာလဲ

မီးယပ်သွေးမပေါ်မီ ရောဂါလက္ခဏာများဟာ ရာသီသွေးမစမီ ဟိုမုန်းတက်ကျနဲ့ ဆက်စပ်နေကြောင်း ၎င်းဟာ သီတင်းနှစ်ပတ်ထိ ကြာပြီးအကြောင်းရင်း အတိအကျမသိရသေးကြောင်း နီတူကဆိုတယ်။

ဘယ်လိုအရေးယူဆောင်ရွက်မလဲ

အဝလွန်သူများ PMS ကိုခံစားနိုင်လို့ ကိုယ်အလေးချိန်ကိုလျော့ပါ။ သိမြင်တတ်သော အပြုအမူနဲ့ကုသနည်းက အပျက် သဘောဆောင်အတွေးအမြင် ပုံစံများပြောင်းလဲရေး အတွက်အထောက်အကူပြုနိုင်တယ်။ အစိမ်းရောင် အရွက်ဖားဖား ဟင်းသီးဟင်းရွက်များ ကိုစားပါ။ ဟင်းသီးဟင်းရွက်မှရသော သံဓာတ်ကိုစားသုံးသူ များဟာ PMS ဖြစ်နိုင်ချေကို လျှော့ချနိုင် ကြောင်းလေ့လာရေးတစ်ခုက ဆိုတယ်။

မီးယပ်သွေးပေါ်မှုနည်းခြင်း

လစဉ်မီးယပ်သွေးပေါ်မှု အနည်းငယ်မျှသာ ဖြစ်တာလည်းရှိပါတယ်။ အသက်ကြီးတဲ့အခါ အလွန်နည်းတာဟာပုံမှန် ဖြစ် တယ်လို့ မှတ်ယူနိုင်တယ်။

ဘာတွေဖြစ်နေတာလဲ

ပြင်းထန်တဲ့အားကစား သင်တန်းနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက လစဉ်ပုံမှန်ရာသီလာခြင်း ကိုပြောင်းလဲစေ နိုင်ပြီး သွေးထိန်းခြင်းကိုပင် ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တစ်ဦးကဆိုတယ်။ ၎င်းက သားအိမ် တွေရဲ့ ချွတ်ယွင်းမှုကို ဖြစ်စေနိုင် ပြီး ဒီချွတ်ယွင်းမှုက မျိုးအောင်ခြင်းနဲ့ ကိုယ်ဝန်ဆောင်နိုင်မှု အခွင့်အရေးကိုထိ ခိုက်စေနိုင်တယ်လို့ ၎င်းကဆိုတယ်။
ရာသီသွေးဆင်းခြင်း သိပ်နည်းနေရင် သွေးဆုံးချိန်နီးလာပြီလို့ ဆိုနိုင်တယ်။ ဒါမှမဟုတ် အရည်အိတ် များစွာရှိသော သားအိမ်ရောဂါ PCOS ဖြစ်နိုင်တယ်။ လူလတ်ပိုင်းအရွယ် အထူးသဖြင့် အဝလွန်ရင် PCOS ပိုဖြစ် နိုင်တယ်။

ဘယ်လိုအရေးယူဆောင်ရွက်မလဲ

ဆရာဝန်ကိုပြပြီး PCOS ဖြစ်နေတယ်လို့ ရှာဖွေတွေ့ရှိရင် ကိုယ်အလေးချိန်ကိုလျော့ဖို့ ကြိုးစားပါ။ PCOS ကိုကိုင်တွယ် ဖြေရှင်းဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခံစားနေရသူတွေဟာ ဇီဝတွင်းဖြစ်ပျက်မှုဆိုင် ရာရောဂါ၊ သန္ဓေအောင်နိုင်မှု လျော့နည်းခြင်းနဲ့ ဝမ်းဗိုက်ကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ နီတူက ဆိုတယ်။ မချက်မီနီရဲသောအသားနဲ့ နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ခြင်းဖြင့် စားသုံးတဲ့အက်စထရိုဂျင် ပမာဏကိုလျော့ သွားစေနိုင်တယ်။

Author – နှင်းအေးဝေ (Healthcare)

Previous Post

အတိုက်အခံ

Next Post

ပီတိစားသူများရဲ့ ကျန်းမာရေး (ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
701

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
683
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.6k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပီတိစားသူများရဲ့ ကျန်းမာရေး (ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်)

ရင်တုန်ခြင်း

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.