fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အနံ့ထွက်နေသလား သတိထား

208
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/04/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

အနံ႔ထြက္ေနသလား သတိထား

ဒီတစ္ခါေျပာျပခ်င္တာကေတာ့ အမ်ိဳးသမီးက်န္းမာေရးကိစၥတစ္ခုပါ။ အမ်ိဳးသမီးက်န္းမာေရးနဲ႔ပတ္သတ္ၿပီးအမ်ားႀကီးရွိတဲ့ အထဲမွာမွ မိန္းမကိုယ္လမ္းေၾကာင္းမွာ ဘတ္တီးရီးယားပိုးဝင္လို႔ ခံစားရတဲ့ေဝဒနာအေၾကာင္းျဖစ္ပါတယ္။

အမ်ိဳးသမီးေတြရဲ႕ ပုံမွန္မိန္းမကိုယ္လမ္းေၾကာင္းကို vaginal tract လို႔ေခၚတယ္။ ဒီလမ္းေၾကာင္းထဲမွာ ေကာင္းတဲ့ပိုးမႊားရယ္မေကာင္းတဲ့ ပိုးမႊားရယ္ဆိုၿပီး ရွိၾကတယ္။ ပုံမွန္အားျဖင့္ေတာ့ ေကာင္းတဲ့ ပိုးေလးေတြပိုမ်ားပါတယ္။ ၉၅ ရာခိုင္ႏႈန္းေလာက္က lactobacillus လို႔ေခၚတဲ့အေကာင္ေလးေတြ ျဖစ္တယ္။ ဒီေကာင္းတဲ့ေကာင္ေလးေတြက မိန္းမကိုယ္လမ္းေၾကာင္းမွာ ပုံမွန္အက္စစ္ဓာတ္ရွိေအာင္ ထိန္းညႇိေပးထားတယ္။ မေကာင္းတဲ့ ပိုးေတြကိုလည္း ထိန္းခ်ဳပ္ေပးတယ္။ သို႔ေပမဲ့ ရံဖန္ရံခါမွာ အေၾကာင္းတစ္ခုခုေၾကာင့္ ဒီပိုးေကာင္ပမာဏက်သြားခ်ိန္မွာ မိန္းမကိုယ္လမ္းေၾကာင္း ပိုးဝင္တာ ျဖစ္လာတယ္။

အခုခ်ိန္အထိေတာ့ ဘာေတြက ဒီပိုးေကာင္ေရ ပမာဏ မညီမမွ်မႈကို ျဖစ္ေစတာလဲဆိုတာ ေသခ်ာမသိေသးပါဘူး။ ဒါေပမဲ့ ကိုယ္ကေအာက္ပါအေျခအေနေတြနဲ႔ ကိုက္ညီေနမယ္ဆိုရင္ေတာ့ ပိုျဖစ္ႏိုင္ေျခမ်ားတာကိုေတြ႕ရတယ္

– လိင္ဆက္ဆံေဖာ္၊ ဆက္ဆံဖက္တစ္ဦးထက္ပိုထားတာ

– ကြန္ဒုံးမသုံးတာ

– မိန္းမကိုယ္လမ္းေၾကာင္းကို မၾကာခဏ ႏႈိတ္ေဆးတတ္တာ

– သားအိမ္ထဲ သေႏၶတားပစၥည္းထည့္တာ

– ေဆးလိပ္ေသာက္တာ

ဒါ့ေၾကာင့္ အေပၚက အရာေတြလုပ္တာ ကန႔္သတ္လိုက္မယ္ဆိုရင္ေတာ့ ကိုယ့္မွာ မိန္းမကိုယ္လမ္းေၾကာင္း ပိုးဝင္ႏိုင္ေျခ ေလ်ာ့သြားႏိုင္ပါတယ္။ ဒီလိုမိန္းမကိုယ္ပိုးဝင္ျခင္းက လိင္ဆက္ဆံမႈျပဳရင္ ပိုျဖစ္တတ္ေပမဲ့ ေယာက်ၤားေလးကေန မိန္းကေလးကို ကူးတာမ်ိဳးမဟုတ္လို႔ သူ႔ကိုလိင္မွတစ္ဆင့္ကူးစက္တဲ့ ျပႆနာထဲေတာ့ မထည့္ထားပါဘူး။

ေရာဂါျဖစ္တဲ့ မိန္းကေလးအမ်ားစုက ဘာလကၡဏာမွခံစားရေလ့မရွိၾကဘူး။ ခံစားရမယ္ဆိုအသိသာဆုံး လကၡဏာက မိန္းမကိုယ္က အရည္ဆင္းတာပဲျဖစ္တယ္၊ အရည္က အညိဳေရာင္၊ အျဖဴေရာင္၊ အဝါေရာင္ စတဲ့အေရာင္ေတြျဖစ္ႏိုင္တယ္။ အနံ႔ကလည္း ငါးညႇီနံ႔ နံမယ္၊ အထူးသျဖင့္ လိင္ဆက္ဆံၿပီးရင္ ပိုဆိုးမယ္။ သို႔ေပမဲ့ ပိုးဝင္ၿပီးဘာလကၡဏာမွ မျပတဲ့အမ်ိဳးသမီးေတြလည္းရွိပါတယ္။ ဒါေပမဲ့ အနံ႔နံတဲ့ အရည္ဆင္းတိုင္း မိန္းမကိုယ္လမ္းေၾကာင္းပိုးဝင္တာလို႔ေတာ့ ေျပာလို႔မရေတာေၾကာင့္ ေဆးခန္းေတာ့သြားျပၿပီး စစ္ေဆးမႈခံယူဖို႔လိုအပ္ပါတယ္။

စစ္ေဆးတဲ့အခါ မိန္းမကိုယ္လမ္းေၾကာင္းစစ္ေဆးတာပါမယ္၊ ေနာက္ၿပီးထြက္တဲ့ အရည္ကို နမူနာယူရပါတယ္။

ဒီေရာဂါက ခံစားရတာမသက္မသာျဖစ္ေစေပမဲ့ အရမ္းႀကီးအသက္အႏၲရာယ္စိုးရိမ္ရတဲ့ေရာဂါမ်ိဳးေတာ့မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ပုံမွန္အားျဖင့္ေတာ့ မိန္းမကိုယ္ထဲေဆးေတာင့္ထည့္တာ၊ လိမ္းေဆး၊ ပိုးသတ္ေဆးေလာက္နဲ႔ပဲေပ်ာက္ေလ့ရွိပါတယ္။ Metro၊ Clindamycin အစရွိတဲ့ ေဆးေတြေပးေလ့ရွိပါတယ္။

ကုသမႈခံယူေနတုန္းေတာ့ လိင္ဆက္ဆံတာရပ္ထားဖို႔လိုတယ္။ ေဆးေသာက္ၿပီးရက္အနည္းငယ္ေလာက္မွာ ေရာဂါေပ်ာက္ကင္းသြားမွာပါ။ ဒါေပမဲ့ ေဝဒနာေတြေပ်ာက္ၿပီဆိုၿပီးမရပ္လိုက္ပါနဲ႔။ ေဆးကိုဆရာဝန္သတ္မွတ္ထားတဲ့ အခ်ိန္ကာလျပည့္ေအာင္ေသာက္ဖို႔ေတာ့ လိုအပ္တယ္။ ေနာက္ၿပီး ဒီလိုပိုးဝင္တာက ျပန္ျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ ၃ လေလာက္အတြင္းမွာ ေနာက္တစ္ခါ ျပန္ျဖစ္တတ္တယ္။ ဒီလိုဆိုရင္ ေဆးကို အခ်ိန္ၾကာၾကာေလး ေသာက္ဖို႔လိုလာႏိုင္တယ္။

ေနာက္ဆုံးနဲ႔ အေရးအႀကီးဆုံးမွာခ်င္တာက တကယ္လို႔ကိုယ္က ကိုယ္ဝန္ေဆာင္ထားရတယ္ဆိုရင္ေတာ့ ပိုသတိထားသင့္ပါတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ဒီလိုမိန္းမကိုယ္ပိုးဝင္တာေၾကာင့္ ကိုယ္ဝန္သည္ေတြမွာ (ရွားေတာ့ရွားေပမဲ့) အခ်ိန္မတိုင္ခင္ မီးဖြားတာနဲ႔ သားပ်က္သားေလွ်ာျဖစ္တာေတြ ႀကဳံေတြ႕ရတတ္လို႔ပါ။

Dr. Wayne

အနံ့ထွက်နေသလား သတိထား

ဒီတစ်ခါပြောပြချင်တာကတော့ အမျိုးသမီးကျန်းမာရေးကိစ္စတစ်ခုပါ။ အမျိုးသမီးကျန်းမာရေးနဲ့ပတ်သတ်ပြီးအများကြီးရှိတဲ့ အထဲမှာမှ မိန်းမကိုယ်လမ်းကြောင်းမှာ ဘတ်တီးရီးယားပိုးဝင်လို့ ခံစားရတဲ့ဝေဒနာအကြောင်းဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ပုံမှန်မိန်းမကိုယ်လမ်းကြောင်းကို vaginal tract လို့ခေါ်တယ်။ ဒီလမ်းကြောင်းထဲမှာ ကောင်းတဲ့ပိုးမွှားရယ်မကောင်းတဲ့ ပိုးမွှားရယ်ဆိုပြီး ရှိကြတယ်။ ပုံမှန်အားဖြင့်တော့ ကောင်းတဲ့ ပိုးလေးတွေပိုများပါတယ်။ ၉၅ ရာခိုင်နှုန်းလောက်က lactobacillus လို့ခေါ်တဲ့အကောင်လေးတွေ ဖြစ်တယ်။ ဒီကောင်းတဲ့ကောင်လေးတွေက မိန်းမကိုယ်လမ်းကြောင်းမှာ ပုံမှန်အက်စစ်ဓာတ်ရှိအောင် ထိန်းညှိပေးထားတယ်။ မကောင်းတဲ့ ပိုးတွေကိုလည်း ထိန်းချုပ်ပေးတယ်။ သို့ပေမဲ့ ရံဖန်ရံခါမှာ အကြောင်းတစ်ခုခုကြောင့် ဒီပိုးကောင်ပမာဏကျသွားချိန်မှာ မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တာ ဖြစ်လာတယ်။

အခုချိန်အထိတော့ ဘာတွေက ဒီပိုးကောင်ရေ ပမာဏ မညီမမျှမှုကို ဖြစ်စေတာလဲဆိုတာ သေချာမသိသေးပါဘူး။ ဒါပေမဲ့ ကိုယ်ကအောက်ပါအခြေအနေတွေနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ ပိုဖြစ်နိုင်ခြေများတာကိုတွေ့ရတယ်

– လိင်ဆက်ဆံဖော်၊ ဆက်ဆံဖက်တစ်ဦးထက်ပိုထားတာ

– ကွန်ဒုံးမသုံးတာ

– မိန်းမကိုယ်လမ်းကြောင်းကို မကြာခဏ နှိုတ်ဆေးတတ်တာ

– သားအိမ်ထဲ သန္ဓေတားပစ္စည်းထည့်တာ

– ဆေးလိပ်သောက်တာ

ဒါ့ကြောင့် အပေါ်က အရာတွေလုပ်တာ ကန့်သတ်လိုက်မယ်ဆိုရင်တော့ ကိုယ့်မှာ မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်နိုင်ခြေ လျော့သွားနိုင်ပါတယ်။ ဒီလိုမိန်းမကိုယ်ပိုးဝင်ခြင်းက လိင်ဆက်ဆံမှုပြုရင် ပိုဖြစ်တတ်ပေမဲ့ ယောင်္ကျားလေးကနေ မိန်းကလေးကို ကူးတာမျိုးမဟုတ်လို့ သူ့ကိုလိင်မှတစ်ဆင့်ကူးစက်တဲ့ ပြဿနာထဲတော့ မထည့်ထားပါဘူး။

ရောဂါဖြစ်တဲ့ မိန်းကလေးအများစုက ဘာလက္ခဏာမှခံစားရလေ့မရှိကြဘူး။ ခံစားရမယ်ဆိုအသိသာဆုံး လက္ခဏာက မိန်းမကိုယ်က အရည်ဆင်းတာပဲဖြစ်တယ်၊ အရည်က အညိုရောင်၊ အဖြူရောင်၊ အဝါရောင် စတဲ့အရောင်တွေဖြစ်နိုင်တယ်။ အနံ့ကလည်း ငါးညှီနံ့ နံမယ်၊ အထူးသဖြင့် လိင်ဆက်ဆံပြီးရင် ပိုဆိုးမယ်။ သို့ပေမဲ့ ပိုးဝင်ပြီးဘာလက္ခဏာမှ မပြတဲ့အမျိုးသမီးတွေလည်းရှိပါတယ်။ ဒါပေမဲ့ အနံ့နံတဲ့ အရည်ဆင်းတိုင်း မိန်းမကိုယ်လမ်းကြောင်းပိုးဝင်တာလို့တော့ ပြောလို့မရတောကြောင့် ဆေးခန်းတော့သွားပြပြီး စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။

စစ်ဆေးတဲ့အခါ မိန်းမကိုယ်လမ်းကြောင်းစစ်ဆေးတာပါမယ်၊ နောက်ပြီးထွက်တဲ့ အရည်ကို နမူနာယူရပါတယ်။

ဒီရောဂါက ခံစားရတာမသက်မသာဖြစ်စေပေမဲ့ အရမ်းကြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါမျိုးတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် ပုံမှန်အားဖြင့်တော့ မိန်းမကိုယ်ထဲဆေးတောင့်ထည့်တာ၊ လိမ်းဆေး၊ ပိုးသတ်ဆေးလောက်နဲ့ပဲပျောက်လေ့ရှိပါတယ်။ Metro၊ Clindamycin အစရှိတဲ့ ဆေးတွေပေးလေ့ရှိပါတယ်။

ကုသမှုခံယူနေတုန်းတော့ လိင်ဆက်ဆံတာရပ်ထားဖို့လိုတယ်။ ဆေးသောက်ပြီးရက်အနည်းငယ်လောက်မှာ ရောဂါပျောက်ကင်းသွားမှာပါ။ ဒါပေမဲ့ ဝေဒနာတွေပျောက်ပြီဆိုပြီးမရပ်လိုက်ပါနဲ့။ ဆေးကိုဆရာဝန်သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်အောင်သောက်ဖို့တော့ လိုအပ်တယ်။ နောက်ပြီး ဒီလိုပိုးဝင်တာက ပြန်ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ၃ လလောက်အတွင်းမှာ နောက်တစ်ခါ ပြန်ဖြစ်တတ်တယ်။ ဒီလိုဆိုရင် ဆေးကို အချိန်ကြာကြာလေး သောက်ဖို့လိုလာနိုင်တယ်။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးမှာချင်တာက တကယ်လို့ကိုယ်က ကိုယ်ဝန်ဆောင်ထားရတယ်ဆိုရင်တော့ ပိုသတိထားသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုမိန်းမကိုယ်ပိုးဝင်တာကြောင့် ကိုယ်ဝန်သည်တွေမှာ (ရှားတော့ရှားပေမဲ့) အချိန်မတိုင်ခင် မီးဖွားတာနဲ့ သားပျက်သားလျှောဖြစ်တာတွေ ကြုံတွေ့ရတတ်လို့ပါ။

Dr. Wayne

 

Previous Post

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း အကြောင်းများ

Next Post

သင်္ကြန်မှာအပျော်လွန်ပြီး မငိုရစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
715

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
698
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.6k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
844

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်္ကြန်မှာအပျော်လွန်ပြီး မငိုရစေဖို့

သလဲသီးအကြောင်းသိကောင်းစရာ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှကင်းဝေးပြီးကျန်းမာစေရန် လိုက်နာရမည့်အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.