fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားဥကြွေမကြွေစစ်ဆေးကြမယ်

4.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/05/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားဥကြွေမကြွေစစ်ဆေးကြမယ်

အိမ်ထောင်ကျပြီးတဲ့ဇနီးမောင်နှံတွေ အပူပန်ရဆုံးကိစ္စက လိုချင်ရဲ့သားနဲ့ ကလေးမရနိုင်တာပဲဖြစ်တယ်။ ကလေးလိုချင်လို့ မကြာမကြာအတူနေတယ်၊ ကြားဖူးနားဝနည်းတွေလည်းစမ်းသပ်ကြည့်တယ်။ ကလေးမရဘူးပဲဖြစ်နေတယ်။ ဒါဆိုဘယ်လိုလုပ်ကြမလဲ?

အမျိုးသမီးတစ်ယောက်ရဲ့ သားဥကြွေတဲ့အချိန်နဲ့ အမျိုးသားသုတ်ပိုးနဲ့တွေ့ဆုံမိမှသာ ကိုုယ်ဝန်ရနိုင်တာပါ။ အမျိုးသမီးရဲ့ သားဥကြွေတဲ့အချိန်ကိုအကြမ်းဖျင်းတော့မှန်းဆနိုင်ပေမဲ့ တိတိကျကျတွက်ဆနိုင်ဖို့တော့သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာ တိုးတက်လာတဲ့နည်းပညာအကူအညီနဲ့ ovulation kit ဒါမှမဟုတ် fertility monitor တွေပေါ်လာပါပြီ။ ဒီစက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ သားဥကြွေချိန်ကို တွက်ဆပေးနိုင်တဲ့အတွက် ဘယ်အချိန်မှာ လင်မယားအတူနေရင်ကလေးရနိုင်ခြေအများဆုံးဖြစ်မလဲဆိုတာကို သိနိုင်ပါတယ်။

တကယ်လို့ စုံတွဲတစ်တွဲက လအနည်းငယ် တိတိကျကျပြောရရင် တစ်နှစ်လောက်ကြိုးစားပြီးတော့မှ ကလေးမရနိုင်သေးဘူးဆိုရင် ဒီ ovulation kit, fertility monitor တွေကို အထောက်အကူရအောင်သုံးစွဲကြည့်သင့်ပါတယ်။ သူတို့ကို မြန်မာလိုဆီလျော်အောင် သားဥကြွေမကြွေစမ်းသပ်ကိရိယာလို့ပဲ ခေါ်ရမယ်ထင်ပါတယ်။ သူတို့ကိုမှန်မှန်ကန်ကန် သုံးစွဲမယ်ဆို ကလေးရနိုင်ခြေပိုမြင့်မားလာမှာပါ။

ကောင်းပြီ၊ ဒါဆိုဘယ်အချိန်မှာ ဘယ်လိုစစ်ကြည့်ကြမလဲ၊ တကယ်လို့ အမျိုးသမီးတစ်ယောက်က တစ်လတစ်ခါ ရာသီလာတာမှန်နေတယ်ဆို ရာသီစလာတဲ့ ပထမဆုံးနေ့ကစလို့ စစ်ကြည့်နိုင်တယ်။ ရာသီမှန်မှန်မလာတတ်သူတွေ၊ ဘယ်နေ့ရာသီလာမယ်ဆိုတာ မှန်းလို့မရဘူးဆို တခြားခန္ဓာကိုယ်မှာပြတတ်တဲ့ လက္ခဏာတွေကို ကြည့်ပြီး မှန်းဆကြည့်နိုင်ပါတယ် ဥပမာ ရာသီလာခါနီးရင် ကိုယ်အပူချိန်အနည်းငယ်တက်လာတတ်တာမျိုး၊ ရင်သားတွေနာကျင်ကိုက်ခဲလာမယ်၊ နောက်ပြီး မိန်းမကိုယ်ဝက ထွက်တဲ့အညှိအချွဲတွေက ပိုပြီးစေးကပ်လာမယ် (မိန်းမကိုယ်ဝကထွက်တဲ့အညှီအချွဲတွေ စေးကပ်လာမလာကို ကိုယ့်လက်ချောင်း ၂ ချောင်းနဲ့ နမူနာယူပြီး စမ်းသပ်ကြည့်နိုင်ပါတယ်)

စစ်တဲ့အချိန်အနေနဲ့ကတော့ ကိုယ်ဝန်ရှိမရှိဆီးစစ်ကြည့်သလိုပါပဲ၊ ဖြစ်နိုင်ရင်မနက်စောစောသွားတဲ့ဆီးကိုစစ်တာကောင်းပါတယ်။ ဘာ့ကြောင့် မနက်ပိုင်းဆီးကို စစ်ရသလဲဆိုတော့ ဒီသားဥကြွေမကြွေစစ်တဲ့ကိရိယာက ဆီးထဲမှာပါတဲ့ lutenizing hormone (LH) လို့ခေါ်တဲ့ ဟော်မုန်းကို ပဲစစ်တာဖြစ်တယ်။ ဒီဟော်မုန်းတွေက တစ်ညလုံးဆီးမသွားပဲ အိပ်နေပြီး မနက်နိုးမှသွားတဲ့ဆီးထဲမှာ စုထားသလိုဖြစ်နေတာကြောင့် ပမာဏအများကြီးပါတယ်၊ ဒါကြောင့်စစ်တဲ့အခါ ပိုပြီးရလဒ်ကောင်းစေပါတယ်။ တကယ်လို့ ကိုယ်အဆင်မပြေရင် တခြားအချိန်မှာစစ်လည်း ရပါတယ်။ အကောင်းဆုံးကတော့ နေ့တိုင်းဒီအချိန်ဆို ဒီအချိန်ပဲ စစ်သွားတာကောင်းပါတယ်။

ဒီစမ်းသပ်နည်းတွေက နည်းစနစ်မှန်မှန်စစ်မယ်ဆို ၉၉% ရာခိုင်နှုန်းအထိ တိကျမှုရှိပါတယ်။ ဆိုလိုလာတာ သားဥကြွေရင် ခန္ဓာကိုယ်က lutenizing hormone (LH) တွေတစ်အားတက်လာတယ်၊ ဒီလိုတက်လာတာကို ကောင်းကောင်းစစ်ဆေးပေးနိုင်ပါတယ်။ သို့ပေမဲ့ ဒီလိုတက်နေတိုင်းလည်း သားဥကြွေတာလို့ ထထစ်ချကြီးပြောလို့မရပါဘူး။ တချို့အမျိုးသမီးတွေမှာ သားဥမကြွေပဲ ဟော်မုန်းတွေအရမ်းတက်နေတာမျိုးလည်းရှိတတ်ပါတယ်။ ဒါကို luteinzed unruptured follicle syndrome (LUFS) လို့ခေါ်ပါတယ်။ ဒီအခါမှာ အတူနေလည်း ကိုယ်ဝန်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရေအိတ်တည်တဲ့အခြေအနေမျိုးမှာလည်း ဒီဟော်မုန်းတွေပုံမှန်ထပ်တက်နေနိုင်ပါတယ်။

နောက်ပိုင်း ထွက်တဲ့ကိရိယာအသစ်တွေဆို သားဥွကြွေမဲ့အချိန် (ဟော်မုန်းပမာဏပေါ်မူတည်ပြီးမှန်းဆတာဖြစ်ပါတယ်) ကို ၇ ရက်လောက်ကြိုပြီးတွက်ထုတ်ပေးနိုင်လာတယ်။ စက်တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီး ပြသတဲ့ပုံသဏ္ဍာန်အနည်းငယ်ကွဲပြားပါတယ်။ တစ်ချို့ကလည်း အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် လိုအရောင်လေးတွေနဲ့ ပြတာရှိသလို မီတာတန်းလို အတန်းလေးတွေနဲ့ ပြသတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲပြပြကြည့်ရတာ အင်မတန်လွယ်ပါတယ်။ ဟော်မုန်းပမာဏစတက်တယ်လို့ စက်ကပြတဲ့နေ့ကနေ ၃ရက်မြောက်နေ့က ကိုယ်ဝန်ရဖို့အခွင့်အရေးအများဆုံးဖြစ်ပါတယ်။ LH ဟော်မုန်းတွေစတက်တဲ့နေ့ကနေ တစ်ရက်၊ နှစ်ရက်လောက်အကြာမှာ သားဥကြွေလေ့ရှိပါတယ်။

တကယ်လို့ စုံတွဲတွေအနေနဲ့ ဒီကိရိယာလေးတွေသုံးပြီး အတူနေတယ်၊ ကိုယ်ဝန်ရဖို့ကြိုးစားတယ်၊ ဒါပေမဲ့ မရနိုင်သေးဘူးဆို ဘယ်လိုလုပ်ကြမလဲ။ အကြံပြုလိုတာကတော့ အနည်းဆုံး တစ်နှစ်လောက် ကြိုးစားကြည့်စေချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ဝန်မရအောင် အတားအဆီးဖြစ်နေတဲ့ တခြားအရာတွေရှိနေနိုင်သေးလို့ပါ။ တစ်ခါတစ်လေ သားဥမကြွေပဲ ရာသီလာတာမျိုးလည်း ရှိတတ်ပါတယ်။ ရောဂါတစ်ခုခုတွဲဖြစ်နေတယ်ဆိုရင်လည်း ကိုယ်ဝန်မရတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ့်စိတ်ထဲမှာ မတင်မကျဖြစ်နေတာမျိုးရှိရင်လည်း ဆရာဝန်နဲ့ သွားရောက်ပြသကြည့်ပါ။ ဒီအခါမျိုးမှာ ကိုယ့်အနေနဲ့ သားဥကြွေကိရိယာလက်ရှိအသုံးပြုနေတယ်၊ အသုံးပြုခဲ့တယ်ဆိုတာလည်း ပြောပြပါ။ ကိုယ်သုံးတဲ့နည်းလွဲနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စမ်းသပ်တဲ့ကိရိယာက တလွဲတွေပြနေမယ်ဆိုအောက်ပါအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

– ကိုယ်ဝန်ရှိနေတာ
– မကြာသေးခင်က ကိုယ်ဝန်ပျက်ကျခဲ့တာ
– သွေးဆုံးခါနီး အသက်အရွယ်ဖြစ်နေတာ စတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင်တခြားသောက်ဆေး၊ ထိုးဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေသောက်ခဲ့ရင်လည်း ရာသီလာမမှန်တာ မျိုးရှိနိုင်ပါတယ်။ အများစုကတော့ ရာသီပုံမှန်ပြန်လာဖို့ ၃ လလောက်စောင့်ရတတ်ပါတယ်။ အကောင်းဆုံးကတော့ ရာသီတစ်လတစ်ခါ ပုံမှန်ပြန်လာမှ၊ အနည်းဆုံး ၂ လလောက်ဆက်တိုက်ပုံမှန်လာမှ စပြီးအသုံးပြုတာပိုကောင်းပါတယ်။

တစ်ခုသတိပေးလိုတာက ဒီသားဥကြွေတဲ့ကိရိယာတွေကို ကိုယ်ဝန်ယူဖို့ကြိုးစားနေတဲ့ အခြေအနေမှာသာသုံးစွဲစေချင်ပါတယ်။ ကိုယ်ဝန်တားတဲ့အခြေအနေမျိုးမှာတော့ သုံးလို့အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီဟော်မုန်းတွေထွက်တာက သားဥမကြွေခင် တစ်ရက်ကနေ ၂ ရက်လောက်ပဲကြိုပြီး မှန်းဆနိုင်တာဖြစ်ပြီး အမျိုးသားတွေရဲ့ သုတ်ပိုးက သားအိမ်ထဲမှာ ၅ ရက်လောက်အထိအသက်ရှင်နိုင်တာမို့ ကိုယ်ဝန်ရသွားနိုင်ခြေရှိနေပါသေးတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ရဖို့အခက်အခဲဖြစ်နေသူတွေအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မဲ့ ဒီသားဥကြွေမကြွေကို စစ်တဲ့ကိရိယာလေးအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

Dr. Wayne

Previous Post

ယောကျာ်းနဲ့ မိန်းမ ဘယ်သူ့ဦးနှောက် ပိုသာသလဲ?

Next Post

စိတ်ကုန်နေပြီလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
602

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
560
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ကုန်နေပြီလား

Protein Supplement တွေ ကို ဘယ်လောက် အထိသောက်နေကြလဲ????

?သွားဆေးခန်းမှာသွားသန့်ရှင်းရေးလုပ်လိုက်ရင် ဘာတွေထူးခြားသွားမှာလဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.