ရင်သွေးငယ်မွေးရာပါချို့ယွင်းမူရောဂါမပါရလေအောင်
မိခင်တိုင်းအတွက် မွေးဖွားလာသော မိမိရင်သွေးကို ပထမဦးဆုံးအသိချင်ဆုံးမေးခွန်းသည် ခြေစုံလက်စုံပါရဲ့လား ကျန်းမာရဲ့လားဟူသောမေးခွန်းပင်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျောက်လုံး မိခင်များအတွက် အစိုးရိမ်ဆုံးသည် မိမိရင်သွေးမွေးရာပါချို့ယွင်းချက် မပါလာရန်ဖြစ်ပါတယ်။
ရင်သွေးအတွက် မွေးရာပါချို့ယွင်းချက်သည် မိခင်သားအိမ်အတွင်း ကြီးထွားနေစဉ် နောက်ဆက်တွဲဆိုးကျိုးအဖြစ်မွေးဖွားလာခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း ချို့ယွင်းချက်ဖြစ်လေ့ရှိပါတယ်။ ထို့အထဲမှ ၄ ရာခိုင်နူန်းသည်အကြောင်းရင်းရှာမတွေ့ဘဲ ဖြစ်နိုင်ပါတယ်။
– ဘယ်လိုနည်းလမ်းများဖြင့် ကာကွယ်ကြမလဲ?
ရင်သွေးတွင်မွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ အရက်၊ ဆေးလိပ်၊ ဆေးဝါး
မိခင်လောင်းများအနေဖြင့် အောက်ပါနည်းလမ်းများကို လိုက်နာခြင်းအားဖြင့် မိမိရင်သွေး မွေးရာပါချို့ယွင်းချက်မပါလာစေရန် ကာကွယ်နိုင်ပါလိမ့်မယ်။
(1) ကိုယ်ဝန်ယူနေစဉ်ကာလနှင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အရက်၊ ဘီယာ၊ ဝိုင်စသော မူးယစ်စေသောအရည်များ မသောက်သုံးသင့်ပါ။ ကိုယ်ဝန်ဆောင်မိခင်အတွက် မည်သည့်အရက်ပမာဏမျှပင် အန္တရာယ်မကင်းပါ။ အရက်သောက်လျှင် မိမိရင်သွေးဆီသို့ သွေးမှတဆင့် တိုက်ရိုက်ရောက်ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အရက်သေစာသောက်သုံးပါက ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးသည်အထိ ဆိုးရွားနိုင်ပါတယ်။
(2) ကိုယ်ဝန်ဆောင် ဆေးလိပ်သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းသည် လမစေ့မွေးခြင်း၊ ပေါင်မပြည့်ခြင်းနှင့် မွေးရာပါ နှူတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ပေါ်နိုင်ခြင်း စသည်တို့ကို ရင်ဆိုင်ရပါလိမ့်မယ်။ ဆေးလိပ်ကြောင့် ကိုယ်ဝန်ပျက်ခြင်းနှင့် ကလေးရုတ်တရက်သေဆုံးခြင်းလည်း ဖြစ်နိုင်ပါတယ်။
(3) ကိုယ်ဝန်ဆောင်စဉ်ဆေးဝါးများကို ဆရာဝန်ညွန်ကြားမူမရှိဘဲ မိမိဖာသာသောက်သုံးခြင်းမပြုသင့်ပါ။ အချို့ဆေးဝါးများသည် ကိုယ်ဝန်ဆောင်သောက်သုံးရန် မသင့်ကြောင်းသတိပေးထားသည်ကို မသိဘဲသောက်ပါက မွေးရာပါချို့ယွင်းချက်ဖြစ်စေပါတယ်။ ပိုးသတ်ဆေးဝါးမှအစ အလှအပအတွက်ဆေးဝါးသောက်သုံးရုံ ဖြင့် မွေးရာပါရောဂါပါလာနိုင်ပါတယ်။
(4) တားမြစ်ထားသော ဆေးဝါးသောက်သုံးခြင်းကို ကိုယ်ဝန်ဆောင်သည်များ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ တားမြစ်ဆေးဝါးများကြောင့် လမစေ့မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ နှလုံးအပေါက်ပါခြင်းစသော မွေးရာပါချို့ယွင်းချက်မျာ းဖြစ်စေနိုင်ပါတယ်။
(5) ကိုယ်ဝန်ဆောင်နေစဉ် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များထိတွေ့ခြင်း စားသုံးခြင်းရှောင်ကြဉ်သင့်ပါတယ်။ ဥပမာ ဟင်းရွက်ပိုးသတ်ဆေးများ။ အဆိပ်အတောက်များကို ထိတွေ့ခြင်း ဥပမာ ဆိုးဆေးများ၊ မသန့်ရှင်းသောရေ၊ အညစ်အကြေးစသည်တို့ကို ရှောင်ကြဉ်သင့်ပါတယ်။
– အိမ်ထောင်ရှင်အမျိုးသမီးများအဖို့ ကလေးမယူခင်ကပင် မိမိကလေးယူမည့်အစီအစဉ်ကို စနစ်တကျစီမံပါ။ အဘယ်ကြောင့်ဆိုသော် မွေးရာပါချို့ယွင်းမူသည် ကိုယ်ဝန်ဆောင်ကာလ ပထမ ၃ လအတွင်း ဖြစ်စေနိုင်သောကြောင့် အထူးဂရုစိုက်သင့်ပါတယ်။
– ရင်သွေးရဲ့ ဦးနှောက်နှင့်ကျောရိုးချို့ယွင်းမူကာကွယ်ရန် ဖောလစ်အက်ဆစ်ကိုကြို တင်သောက်သုံးပါ။ အစာအစားများကို သေချာစားသောက်ပါ။
– မိမိစားသောအစာအစားတွင် ရင်သွေးအတွက် အဆ်ပ်အတောက်ဖြစ်စေမည် အစာများကို ရှောင်ကြဉ်ပါ။ ဥပမာ ဆိုးဆေးပါသောအစာအစားများ၊ အသားစိမ်း၊ ငါးစိမ်း
– အာဟာရပြည့်ဝစုံလင်သေ ာအစာအစားများကို သေချာရွေးချယ်စားသောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။
– မိမိတွင် ဆီးချို၊ သွေးတိုးရှိပါက ကြိုတင်ကုသပါ။ အဆိုပါ ရောဂါများရှိပါက ကိုယ်ဝန်ပျက်ကျခြင်းအပြင် ရင်သွေးရဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်စသည့်နေရာများတွင် ချို့ယွင်းချက်ရောဂါများ ဖြစ်စေနိုင်ပါတယ်။
– ရောဂါပိုးကူစက်မူကို အထူးဂရုစိုက်ပါ။ ဥပမာ ဂျိုက်သိုးရောဂါ၊ လိင်အင်္ဂါ ကြွက်နိုနှင် အခြားသောကူးစက်ရောဂါများ
– ကိုယ်ဝန်ဆောင်ကာလတလျောက် ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြ၍ လမ်းညွန်ချက်များအတိုင်း နေထိုင်ပါ။
– မိမိရင်သွေးအနေအထားပေါ်မူတည်၍ မည်သို့မွေးဖွားသင့်ကြောင်းနှင့် မည်သည့်နေရာတွင်မွေးသင့်ကြောင်းဆရာဝန်နှင့် ကြိုတင်တိုင်ပင်သင့်ပါတယ်။
Dr. Pyae Shin