fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ်မှာ ဓါတ်မှန်ရိုက်ပါက ဗိုက်ထဲကကလေးထိခိုက်နိုင်လား။

238
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/06/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ဒီေမးခြန္းက ကိုယ္၀န္ေဆာင္ေမေမေတြ ကိုယ္၀န္ေဆာင္ေနစဥ္ကာလအတြင္းမွာ အေၾကာင္းတခုခုေၾကာင္႔ ဓါတ္မွန္ရိုက္ဖို႔လိုတဲ႔အခါမွာ သို႔မဟုတ္ ေလယာဥ္နဲ႔ခရီးသြားလို႔ ေလဆိပ္မွာ ဓါတ္ေရာင္ျခည္စစ္ေဆးမႈေတြကိုျဖတ္ေက်ာ္ရတဲ႔အခါမွာ ဆရာ၀န္ေတြကို အေမးမ်ားတဲ႔ေမးခြန္းတခုပါ။ ဓါတ္မွန္ကထြက္တဲ႔ဓါတ္ေရာင္ျခည္ေၾကာင္႔ သူတို႔ရဲ႕ရင္ေသြးရတနာေလးေတြထိခိုက္သြားမွာစိုးတဲ႔အတြက္ေၾကာင္႔ျဖစ္ပါတယ္။

ဓါတ္မွန္ရိုက္လို႔ ဗိုက္ထဲကကေလး ထိခိုက္နိုင္ မထိခိုက္နိုင္ကို မေျဖခင္မွာ အရင္ဆံုး တခုေျပာစရာရွိပါတယ္။

ဓါတ္မွန္နဲ႔ အာထရာေဆာင္း(Ultrasound)နဲ႔ လံုး၀မတူပါဘူး။

အာထရာေဆာင္း(Ultrasound)ဆိုတာက လူေတြရဲ႕နားနဲ႔မၾကားနိုင္တဲ႔ ၾကိမ္နႈန္းျမင္႔အသံလိႈင္း(High frequency sound waves)ေတြကို အသံုးျပဳျပီး ပံုရိပ္ေဖာ္တဲ႔နည္းပညာျဖစ္ပါတယ္။

အာထရာေဆာင္းရိုက္တယ္ဆိုတာက လူကကုတင္ေပၚမွာလဲွေနျပီး ဗိုက္ေပၚကို ဂ်ယ္လိုမ်ိဳးေစးပ်စ္ပ်စ္အရည္ၾကည္ အရင္သုတ္လိမ္းကာ စက္နဲ႔တြဲထားတဲ႔ ေလးေထာင္႔အျပားပံုစံရွိတဲ႔အရာ၀တၳဳေလးနဲ႔ေထာက္ျပီး ေပၚလာတဲ႔ပံုရိပ္ကို ဖန္သားျပင္ေပၚမွာၾကည္႔တာပါ။

ဓါတ္မွန္(X-ray)ကေတာ႔ ဓါတ္ေရာင္ျခည္ကိုသံုးျပီး ပံုရိပ္ေဖာ္တာပါ။ဓါတ္ေရာင္ျခည္ဆိုတာက အလင္းရဲ႕လိႈင္းအလ်ားထက္မ်ားစြာတိုတဲ႔လွ်ပ္စစ္သံလိုက္လိႈင္းျဖစ္ပါတယ္။

အရင္ေခတ္တုန္းက သုေတသနေတြစာတမ္းေတြမွာ ဓါတ္မွန္ရိုက္တဲ႔အခါထြက္တဲ႔ လွ်ပ္စစ္သံလိုက္လိႈင္းေတြနဲ႔ထိမိရင္ ကိုယ္ခႏၶာမွာရွိတဲ႔ ဆဲလ္ေတြပ်က္စီးတာ၊အမ်ိဳးသားေတြမွာဆိုရင္ သုက္ေကာင္ေတြေသတာ၊အမ်ိဳးသမီးေတြမွာဆိုရင္မ်ိဳးဥေတြပ်က္စီးတာ၊အခန္႔မသင္႔ရင္ မ်ိဳးရိုးဗီဇ(Gene)ေတြပ်က္စီးျပီး ကင္ဆာအထိျဖစ္တာေတြျဖစ္နိုင္တယ္လို႔ ေရးထားၾကပါတယ္။

ကိုယ္၀န္ေဆာင္စဥ္မွာဆိုရင္ ဆဲလ္ေတြဟာ အလြန္ျမန္ျမန္ဆန္ဆန္နဲ႔ၾကီးထြားေနတဲ႔အတြက္ ဓါတ္ေရာင္ျခည္နဲ႔မထိတာ(ဓါတ္မွန္မရိုက္တာ)ေကာင္းမယ္လို႔ ယူဆခဲ႔ၾကပါတယ္။

အခုခ်ိန္ထိလည္း တခ်ိဳ႕က်န္းမာေရးေလာကသားေတြက အဲ႔လုိယူဆေနၾကပါတယ္။

သို႔ေသာ္အခုေနာက္ပိုင္းသုေတသနေတြအရ ဓါတ္ေရာင္ျခည္ပမာဏ 50 mSv ရွိမွသာ သေႏၶသားကို ထိခုိက္နိုင္ျပီး မိခင္ကရင္ဘတ္ဓါတ္မွန္တခါရိုက္တဲ႔အခါမွာ သေႏၶသားဆီေရာက္တဲ႔ ဓါတ္ေရာင္ျခည္ပမာဏက 0.01 mSv ထက္ကို နည္းတာေၾကာင္႔ ကိုယ္၀န္ေဆာင္စဥ္မွာဓါတ္မွန္ရိုက္ဖို႔အတြက္တကယ္လိုအပ္လာျပီဆိုရင္ ဗိုက္ထဲက သေႏၶသားကိုထိခိုက္မွာ ပူစရာမလိုဘဲ ရိုက္လို႕ရပါတယ္ လို႔ စာတမ္းစာအုပ္ေတြမွာ တရား၀င္ေရးသားေဖာ္ျပထားပါတယ္။

ဒါ႔အျပင္

ကိုယ္၀န္ေဆာင္စဥ္မွာ ရင္ဘတ္ဓါတ္မွန္(Chest X ray) သာမက သြားဓါတ္မွန္(Dental X ray)၊အရိုးဓါတ္မွန္(Bone X ray)ေတြရိုက္ဖို႔လိုပါကလည္း ရိုက္နိုင္ပါတယ္။

အဲ႔လိုဓါတ္မွန္ေတြရဲ႕ ဓါတ္ေရာင္ျခည္ပမာဏက ရိုးရိုးဓါတ္မွန္ရဲ႕ ၃ ပံု ၁ ပံုသာရွိျပီး ရိုက္မဲ့ေနရာကိုသာ စူးစိုက္ထား(Focus လုပ္ထား)တဲ႔အတြက္ သေႏၶသားအတြက္ ပိုလို႔ေတာင္ ဓါတ္ေရာင္ျခည္အႏၱရာယ္(Radiation Hazard)သင္႔နိုင္ေျခနည္းပါတယ္။

သို႔ေသာ္ အဆံုးသတ္အေနနဲ႔အၾကံေပးရရင္ေတာ႔ ကိုယ္၀န္ေဆာင္စဥ္မွာ ဓါတ္မွန္ရိုက္တာဟာ သေႏၶသားအတြက္ ဓါတ္ေရာင္ျခည္အႏၱရာယ္သင္႔မႈရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ မလုိအပ္ဘဲနဲ႔ေတာ႔ ကိုယ္၀န္ေဆာင္စဥ္မွာ ဓါတ္မွန္မရိုက္တာဟာအေကာင္းဆံုးပါပဲ။

Dr 528

(Unicode)

ဒီမေးခွန်းက ကိုယ်ဝန်ဆောင်မေမေတွေ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာ အကြောင်းတခုခုကြောင့် ဓါတ်မှန်ရိုက်ဖို့လိုတဲ့အခါမှာ သို့မဟုတ် လေယာဉ်နဲ့ခရီးသွားလို့ လေဆိပ်မှာ ဓါတ်ရောင်ခြည်စစ်ဆေးမှုတွေကိုဖြတ်ကျော်ရတဲ့အခါမှာ ဆရာဝန်တွေကို အမေးများတဲ့မေးခွန်းတခုပါ။ ဓါတ်မှန်ကထွက်တဲ့ဓါတ်ရောင်ခြည်ကြောင့် သူတို့ရဲ့ရင်သွေးရတနာလေးတွေထိခိုက်သွားမှာစိုးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဓါတ်မှန်ရိုက်လို့ ဗိုက်ထဲကကလေး ထိခိုက်နိုင် မထိခိုက်နိုင်ကို မဖြေခင်မှာ အရင်ဆုံး တခုပြောစရာရှိပါတယ်။

ဓါတ်မှန်နဲ့ အာထရာဆောင်း(Ultrasound)နဲ့ လုံးဝမတူပါဘူး။

အာထရာဆောင်း(Ultrasound)ဆိုတာက လူတွေရဲ့နားနဲ့မကြားနိုင်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်း(High frequency sound waves)တွေကို အသုံးပြုပြီး ပုံရိပ်ဖော်တဲ့နည်းပညာဖြစ်ပါတယ်။

အာထရာဆောင်းရိုက်တယ်ဆိုတာက လူကကုတင်ပေါ်မှာလဲှနေပြီး ဗိုက်ပေါ်ကို ဂျယ်လိုမျိုးစေးပျစ်ပျစ်အရည်ကြည် အရင်သုတ်လိမ်းကာ စက်နဲ့တွဲထားတဲ့ လေးထောင့်အပြားပုံစံရှိတဲ့အရာဝတ္ထုလေးနဲ့ထောက်ပြီး ပေါ်လာတဲ့ပုံရိပ်ကို ဖန်သားပြင်ပေါ်မှာကြည့်တာပါ။

ဓါတ်မှန်(X-ray)ကတော့ ဓါတ်ရောင်ခြည်ကိုသုံးပြီး ပုံရိပ်ဖော်တာပါ။ဓါတ်ရောင်ခြည်ဆိုတာက အလင်းရဲ့လှိုင်းအလျားထက်များစွာတိုတဲ့လျှပ်စစ်သံလိုက်လှိုင်းဖြစ်ပါတယ်။

အရင်ခေတ်တုန်းက သုတေသနတွေစာတမ်းတွေမှာ ဓါတ်မှန်ရိုက်တဲ့အခါထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ထိမိရင် ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်တွေပျက်စီးတာ၊အမျိုးသားတွေမှာဆိုရင် သုက်ကောင်တွေသေတာ၊အမျိုးသမီးတွေမှာဆိုရင်မျိုးဥတွေပျက်စီးတာ၊အခန့်မသင့်ရင် မျိုးရိုးဗီဇ(Gene)တွေပျက်စီးပြီး ကင်ဆာအထိဖြစ်တာတွေဖြစ်နိုင်တယ်လို့ ရေးထားကြပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာဆိုရင် ဆဲလ်တွေဟာ အလွန်မြန်မြန်ဆန်ဆန်နဲ့ကြီးထွားနေတဲ့အတွက် ဓါတ်ရောင်ခြည်နဲ့မထိတာ(ဓါတ်မှန်မရိုက်တာ)ကောင်းမယ်လို့ ယူဆခဲ့ကြပါတယ်။

အခုချိန်ထိလည်း တချို့ကျန်းမာရေးလောကသားတွေက အဲ့လိုယူဆနေကြပါတယ်။

သို့သော်အခုနောက်ပိုင်းသုတေသနတွေအရ ဓါတ်ရောင်ခြည်ပမာဏ 50 mSv ရှိမှသာ သန္ဓေသားကို ထိခိုက်နိုင်ပြီး မိခင်ကရင်ဘတ်ဓါတ်မှန်တခါရိုက်တဲ့အခါမှာ သန္ဓေသားဆီရောက်တဲ့ ဓါတ်ရောင်ခြည်ပမာဏက 0.01 mSv ထက်ကို နည်းတာကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာဓါတ်မှန်ရိုက်ဖို့အတွက်တကယ်လိုအပ်လာပြီဆိုရင် ဗိုက်ထဲက သန္ဓေသားကိုထိခိုက်မှာ ပူစရာမလိုဘဲ ရိုက်လို့ရပါတယ် လို့ စာတမ်းစာအုပ်တွေမှာ တရားဝင်ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင်

ကိုယ်ဝန်ဆောင်စဉ်မှာ ရင်ဘတ်ဓါတ်မှန်(Chest X ray) သာမက သွားဓါတ်မှန်(Dental X ray)၊အရိုးဓါတ်မှန်(Bone X ray)တွေရိုက်ဖို့လိုပါကလည်း ရိုက်နိုင်ပါတယ်။

အဲ့လိုဓါတ်မှန်တွေရဲ့ ဓါတ်ရောင်ခြည်ပမာဏက ရိုးရိုးဓါတ်မှန်ရဲ့ ၃ ပုံ ၁ ပုံသာရှိပြီး ရိုက်မဲ့နေရာကိုသာ စူးစိုက်ထား(Focus လုပ်ထား)တဲ့အတွက် သန္ဓေသားအတွက် ပိုလို့တောင် ဓါတ်ရောင်ခြည်အန္တရာယ်(Radiation Hazard)သင့်နိုင်ခြေနည်းပါတယ်။

သို့သော် အဆုံးသတ်အနေနဲ့အကြံပေးရရင်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဓါတ်မှန်ရိုက်တာဟာ သန္ဓေသားအတွက် ဓါတ်ရောင်ခြည်အန္တရာယ်သင့်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မလိုအပ်ဘဲနဲ့တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဓါတ်မှန်မရိုက်တာဟာအကောင်းဆုံးပါပဲ။

Dr 528

Previous Post

နှိပ်နယ်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

Next Post

မေးခွန်းမေးခြင်းနဲ့ဖြေခြင်း အနုပညာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
631

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
601
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မေးခွန်းမေးခြင်းနဲ့ဖြေခြင်း အနုပညာ

ထိပ္ကပ္နာေရာဂါ ဆင္ျခင္စရာ

ခြေတွေလက်တွေ မသယ်ချင်အောင်ဖြစ်နေတာ ဘာကြောင့်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.