fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး
အမျိုးသမီးများအတွက် ဒွိဟများတက်သော ရာသီပေါ်ခြင်း
397
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A
(Zawgyi)
Author – Dr. CST
(Unicode)
အမျိုးသမီးများအတွက် ဒွိဟများတက်သော ရာသီပေါ်ခြင်း
အမျိုးသမီးတွေအတွက် ရာသီပေါ်တယ်၊ ဓမ္မတာပေါ်တယ်ဆိုတာအရေးကြီးပါတယ်။ ရာသီရက်ကျော်တဲ့အခါ၊ ရာသီနည်းတဲ့အခါ၊ ရာသီများတဲ့အခါတွေမှာ ဘာကြောင့်လဲဆိုတာ သို့လောသို့လောဖြစ်တတ်ကြပါတယ်။
ရာသီဆင်းတယ်ဆိုတာ အမျိုးသမီးထုအတွက်ဖြစ်ရိုးဖြစ်စဉ်ပါ။ ရာသီစတင်ဆင်းခြင်းဟာ အပျိုဖော်ဝင်ခြင်းတွေ ထဲကလက္ခဏာတစ်ခုပါ။ အသက် ၁၂ နှစ်အရွယ်မှာ ရာသီစတင်ပေါ်တတ်တယ်။ တချို့လည်းစောတယ်၊ တချို့ လည်းနောက်ကျတယ်။ အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အတွင်းတော့ စောင့်ကြည့်လို့ရပါတယ်။ ဒါထက်စောပြီး ဓမ္မတာပေါ်တတ်ရင် နောက်ကျတဲ့အထိမှဓမ္မတာမပေါ်သေးရင်တော့ ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်ဖို့လိုပါတယ်။ ရာသီဓမ္မတာပေါ်ခြင်းက မျိုးရိုး၊ အစာအာဟာရနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ အပြောင်းအလဲတော့ဖြစ်နိုင် ပါတယ်။
အပျိုဖော်ဝင်ကာစအချိန်တွေမှာတော့ ရာသီပေါ်တဲ့ရက်တွေမမှန်တာတွေ နည်းတာ၊ များတာတွေဖြစ်တတ် တယ်။ ပုံမှန်မရှိတတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှတော့ ရာသီဆင်းတဲ့ရက်ကိုတွက်လာနိုင်တယ်။
စိတ်နဲ့မမှတ် နိုင်တဲ့သူတွေကတော့ ပြက္ခဒိန်မှာရေးပြီးမှတ်ထားသင့်တယ်။ ရာသီဆင်းတယ်ဆိုတာ အများအားဖြင့်တော့ တစ် လတစ်ခါဆိုပေမယ့် တချို့လည်းတစ်လထဲမှာ နှစ်ခါဆင်းတယ်။ ဒါတွေက ရာသီစက်ဝန်းကြောင့်ပါ။ ရာသီနှစ်ခု ကြားမှာရှိတဲ့ကြာချိန်ပါ။ တချို့က ၂၁ ရက်ပဲရှိတတ်တယ်။ တချို့ (၂၈) ရက်၊ တချို့ (၃၀)၊ တချို့ (၃၅) ရက် လောက်အထိရှိနေတတ်ကြပါတယ်။
ရာသီတစ်ခါဆင်းရင် နှစ်ရက်ကနေတစ်ပတ်လောက်အထိတော့ ကြာတတ် တယ်။ စစချင်းရက်တွေပဲ တစ်နေကုန်ဆင်းပြီးနောက်ပိုင်းတွေနည်းလာတတ်တယ်။ ဒါတွေကပုံမှန်တွေပါ။
ရာသီပေါ်တယ်ဆိုတာ သားအိမ်နံရံမှာရှိတဲ့ဆဲလ်တွေ အလွှာတွေကြွေလာတာပါ။ အမျိုးသမီးတွေမှာ တစ်လဆို တဲ့အချိန်အတွင်းမှာ ဟော်မုန်းတွေကအဆင့်ဆင့်ပြောင်းလဲစေပြီး သားအိမ်ကိုကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်ပေးပါ တယ်။ ကိုယ်ဝန်မဆောင်လိုက်တဲ့အခါတွေမှာ သားအိမ်နံရံတွေကွာကျလာတာပါ။ ရာသီတစ်ခါပြီးသွားရင် သား အိမ်ကနောက်တစ်ကြိမ်အတွက်ပြန်ပြင်ဆင်ရင်းနဲ့ ပုံမှန်ရာသီလည်ပတ်နေတာပါ။
ဟော်မုန်းတွေလို့ပြောတဲ့အခါမှာ အမျိုးသမီးဟော်မုန်းတွေကိုပြောတာပါ။ ဒီဟော်မုန်းတွေကို အဆင့်ဆင့်ထိန်း ချုပ်ထားတာကတော့ ဦးနှောက်ထဲမှာပါ။
ဒါကြောင့်ရာသီဆိုင်ရာ ပြဿနာတွေကြုံလာလို့ သားအိမ်လမ်း ကြောင်းပြဿနာဘာမှမရှိဘူးဆိုရင် ဟော်မုန်းတွေနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်စစ်ဆေးကြည့်ဖို့လိုပါတယ်။ ရာသီဆိုင် ရာပြဿနာပဲလား၊ အခြားဟော်မုန်းတွေနဲ့ဆက်စပ်နေလား ဆိုတာကတော့ လူနာခံစားရတဲ့ရောဂါလက္ခဏာ တွေပေါ်မူတည်ပါတယ်။ သားဖွားမီးယပ်ဆရာဝန် ပြဖို့လိုတာလည်းရှိနိုင်တယ်။ အထူးကုသမားတော်ပြဖို့လိုတာ လည်းရှိတယ်။
ရာသီသွေးဆင်းတဲ့အခါ သွေးပုပ်ဆင်းတယ်ဆိုတာမဟုတ်ပါဘူး။ သွေးသန့်ဆေးတွေလည်းသောက်ဖို့ မလိုပါ ဘူး။ သွေးဆင်းနည်းလို့ စိတ်ညစ်စရာလည်းမလိုဘူး။ များရင်တော့သံဓာတ်အားဆေး သောက်ဖို့လိုတယ်။ သွေး အားနည်းတတ်လို့ပါ။ ရာသီသွေးဆင်းတဲ့အခါ ရေချိုး၊ ခေါင်းလျှော်လို့လဲရပါတယ်။ အအေးတော့မမိပါစေနဲ့။ ရာ သီနည်းတာတို့ ကိုက်ခဲတာတို့ဖြစ်တတ်တယ်။
ကိုယ်ဝန်ဆောင်စဉ်၊ ကလေးနို့တိုက်နေစဉ်၊ တားဆေးသုံးနေစဉ် သွေးဆုံးပြီးချိန်တွေကလွဲပြီး အပျိုဖော်ဝင်ပြီး တာနဲ့လတိုင်းရာသီပေါ်ပါတယ်။ ကြားထဲမှာ ရာသီထိန်တာ၊ နည်းတာ၊ များလွန်းတာ၊ ရက်မမှန်တာစသည်ဖြင့် ကြုံလာရင် ဘာကြောင့်ဖြစ်နိုင်တယ်ဆိုတာအတွက် သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။
Author – Dr. CST
Previous Post
လိပ်ခေါင်း
Next Post
ဘယ်သူ့ကြောင့် ကလေးမရတာလဲ ?
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
622
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
592
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.8k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.5k
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
770
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ဘယ်သူ့ကြောင့် ကလေးမရတာလဲ ?
ပျိုမေတို့ရယ် ခေါင်းတစ်ခြမ်းကိုက်တတ်တယ်
G6PD-Deficiency ရောဂါ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.