လေ့လာမှုအသစ်အရ မိခင်နို့ရဲ့အကျိုးများရှာဖွေတွေ့ရှိထားရာ မျိုးရိုးနဲ့ဆိုင်တဲ့ ရင်ကျပ်ရောဂါကလေးငယ်များ ဟာမိခင်နို့ရည်တိုက်ကျွေးရင် ရင်ကျပ်ရောဂါလျော့ကျစေကြောင်း တွေ့ရတယ်။ မိခင်နို့တိုက်ကျွေးခြင်းက မျိုးရိုး လိုက် ရင်ကျပ်ရောဂါလို ဖြစ်ပွားမှုကိုလျော့ပါးစေတယ်။ ရင်ကျပ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကလေး များနဲ့ကြီးကောင်ဝင်စ ကလေးများရဲ့ ၈.၆ရာခိုင်နှုန်းခံစားကြရပါတယ်။ ကလေးငယ်များနာတာရှည်ခံစားကြရတဲ့ တွေ့မြင်နေကျရောဂါဖြစ်တယ်။
ရင်ကျပ်လက္ခဏာများဟာ အသက်ကြီးဘဝရင်ကျပ်သလိုမျိုး ချွဲကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းမျိုးပါဝင်ပြီး လေဝင်ပေါက်ကျဉ်းလာတာနဲ့အမျှ ရင်ကျပ်ပိုဆိုးဝါးလာပါတယ်။ ရင်ကျပ်ရောဂါ ဟာအမေရိကန်ပြည်ထောင်စု တစ်ဝန်းဆေးရုံများမှာ တတိယအများဆုံးရောဂါဖြစ်တယ်။ ကလေးတွေကျောင်း ပျက်များရတဲ့ ရောဂါလည်းဖြစ်တယ်။
ရင်ကျပ်ရေဂါဖြစ်ရတာနဲ့ ပတ်သက်လို့ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး ပတ်ဝန်းကျင်ရာသီဥတုနဲ့ မျိုးရိုးပေါ် မှာမူတည်နေပါတယ်။ သုတေသီများဟာ ဗီဇဂျင်းများလေ့လာခဲ့ရာ ခရိုဆုမ်း ၁၇ နှင့် ၂၁ ကိုတွေ့ခဲ့ကြတယ်။ ခရို မိုးမိုဆုမ်း ၁၇ မှာ ကလေးဘဝရင်ကျပ်ရောဂါ ပိုမိုဆိုးဝါးစေတယ်။ မျိုးရိုးရှိတဲ့ကလေးဟာ ပတ်ဝန်းကျင်ရာသီဥတု ဖောက်ပြန်ဆိုးဝါးလာရင် ရင်ကျပ်ခံစားစေဖို့ဆို ညှစ်ယူလိုက်သလိုဖြစ်လာတယ်။
သုတေသီဒေါက်တာ အော်လန်ဂါနိုဗာ ဆွစ်ဇာလန်နိုင်ငံဘေဆယ်တက္ကသိုလ် ကလေးဆေးရုံနှင့်အဖွဲ့က ခရိုမို ဆုမ်း (၁၇)(၉)(၂၁) ဗီဇရှိသူများပင် မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် ရင်ကျပ်ရောဂါရှောင်ရှားနိုင်တာတွေ့ရှိခဲ့ကြတယ်။
Author – Healthcare Journal (Vol -7 / No -35)