fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်ဝထိန်းဖို့ လိုသလား?

139
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/06/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ်ဝထိန်းဖို့ လိုသလား?

ကိုယ်ဝန်ဆောင်ရင် ပေါ်တတ်တဲ့ ပြဿနာတွေကလည်း မနည်းလှပါဘူး။ စပြီးကိုယ်ဝန်ရှိပြီဆိုကတည်းက ဗိုက်အပ်ရ၊ အယ်လ်ထရာဆောင်းလေး ထောက်ကြည့်ပြန်တော့လည်း အကောင်းလေးမှ ဟုတ်ပါ့မလားလို့ စိတ်ပူရ၊ ဟော အကောင်းလေးပါဆိုတော့လည်း ကိုယ်တော်ချောက အချိန်မတိုင်ခင် ထွက်လာမလားစိတ်ပူရနဲ့ စိတ်ပူစရာတွေအတော်လေးများပါတယ်။ ဒီအထဲမှာမှ (ရှားတော့ရှားပေမဲ့) သားအိမ်ဝမခိုင်တဲ့ ပြဿနာအကြောင်းနည်းနည်းလောက်ပြောပြချင်ပါတယ်။

အရင်ဆုံးသားအိမ်ဝမခိုင်တဲ့အကြောင်းမပြောခင် အခေါ်အဝေါ်နဲ့ ့ပတ်သတ်ပြီး ပြောပြချင်ပါတယ်။ သားအိမ်ဝဆိုတာ အမှန်တော့ မိန်းမကိုုယ်လမ်းကြောင်းအဝကိုပဲခေါ်တာဖြစ်ပါတယ်။ သူ့အထက်ကိုရောက်သွားရင် မိန်းမကိုယ်လမ်းကြောင်းရှိမယ်၊ အဲ့ဒီအပေါ်မှာမှသားအိမ်ရှိမယ်။ ဒါဆိုသားအိမ်ဝဘာလို့မခိုင်ရသလဲ၊ ဖြစ်ရတဲ့အကြောင်းတွေအများကြီးရှိပါတယ်၊ အရင်တုန်းကမိန်းမကိုယ်ဝနဲ့ပတ်သတ်ပြီး ခွဲစိတ်မှုလုပ်ဖူးတာ၊ အရင်ကလေးမွေးတုန်းက မိန်းမကိုယ်ဝထိခိုက်ဒဏ်ရာရဖူးတာ၊ အစကတည်းက မိန်းမကိုယ်က ပုံစံသိပ်မမှန်တာ၊ ကလေးပျက်ကျဖူးလို့ သားအိမ်ခြစ်ဖူးတာ စတဲ့ကိစ္စတွေ ဖြစ်ခဲ့လုပ်ခဲ့ဖူးရင် သားအိမ်ဝက အားနည်းနေနိုင်ပါတယ်။

ဒီလိုအားနည်းနေတာကိုသိနိုင်မဲ့နည်းလမ်းရှိသလား?

ဟုတ်ကဲ့ ရှိတော့ရှိပါတယ်၊ ဘာလဲဆိုတော့ ဗိုက်စောစောသေချာအပ်ရင် သိရှိနိုင်ပါတယ်။ အဲ့ဒီလိုဗိုက်အပ်တဲ့အခါ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်က လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပါတယ်၊ ဒီစမ်းသပ်မှုတွေထဲမှာ အယ်လ်ထရာဆောင်းရိုက်တာလည်း ပါတယ်။ အယ်လ်ထရာဆောင်းရိုက်ခြင်းကနေတစ်ဆင့် မိန်းမကိုယ်ဝ အကျယ်ကို သိရှိနိုင်တာကြောင့် သားအိမ်ဝခိုင်မခိုင်ကိုသိနိုင်တယ်။

သို့ပေမဲ့ ဒီပြဿနာက ရှားတော့အတော်လေးရှားပါတယ်။ ကိုယ်ဝန်ဆောင် ၁၀၀ မှာ ၁-၂ ယောက်လောက်ပဲ တွေ့ရတတ်တယ်၊ ဖြစ်ရင်လည်း ကိုယ်ဝန်ပျက်ကျတဲ့အထိ ဆိုးရွားသွားနိုင်တယ်။ အားလုံးတော့ မဟုတ်ဘူးပေါ့၊ ဒီအခြေအနေရှိသူတွေရဲ့ ၄ ပုံ ၁ ပုံလောက်တော့ ကြုံတွေ့ရနိုင်ပါတယ်။

ကဲ…ဒါဆိုဒီလိုသားအိမ်ဝမခိုင်တာကို ကုသလို့ရသလား၊ ပျောက်ကင်းအောင်ကုသတယ်တော့ မဟုတ်ပေမဲ့ မခိုင်မှန်းသိရင် သားအိမ်ဝကို ပြန်အားကောင်းအောင် တနည်းပြောရရင် အချိန်မတိုင်ခင်ကလေးထွက်မသွားအောင် ပြန်ချုပ်ထားလို့ရပါတယ်။ ဒါကို သားအိမ်ဝပြန်ထိန်းခြင်း (Cervical cerclage) လို့ခေါ်တယ်။

သားအိမ်ဝပြန်ထိန်းတာကို ကိုယ်ဝန်ပတ် ၁၂ ပတ်ကနေ ၁၄ လောက်မှာ လုပ်လေ့ရှိတယ်။ သို့ပေမဲ့ တချို့အမျိုးသမီးတွေကျတော့ ကိုယ်ဝန်ရင့်ခါမှ သားအိမ်ဝမခိုင်တာ တွေ့ရှိရလို့ အရေးပေါ်လုပ်လိုက်ရ တာတွေလည်း ရှိပါတယ်။ ခွဲစိတ်တဲ့ လုပ်ငန်းစဉ်ကတော့ မိန်းမကိုယ်ကနေ တစ်ဆင့်လုပ်တာလည်း ရှိသလို တချို့အမျိုးသမီးတွေမှာဆို ဗိုက်ကနေ တစ်ဆင့်ပြုလုပ်တာလည်း ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ အပေါ်မှာပြောသလို ၁၂၊ ၁၃၊ ၁၄ ပတ်လောက်မှာလုပ်ပြီးတော့ ၃၆၊ ၃၇ ပတ်လောက်မှာ ချုပ်ရိုးကိုပြန်ဖြုတ်ပစ်လေ့ရှိတယ်။

ဒါဆိုမေးစရာရှိတာက အမျိုးသမီးတိုင်း ဒီလိုသားအိမ်ဝပြန်ထိန်းတဲ့ ခွဲစိတ်မှုပြုလုပ်စရာလိုသလား၊ အဖြေကတော့ မလိုအပ်ပါဘူး။ ဘယ်လိုအမျိုးသမီးတွေမှာ မလုပ်သင့်ဘူးလဲဆိုတော့

– သွေးဆင်းနေတဲ့အမျိုးသမီးတွေ

– အချိန်မတိုင်ခင် ရေမွှာအိတ်စောပေါက်တဲ့ အမျိုးသမီးတွေ

– သားအိမ်ထဲ ပိုးဝင်နေတဲ့အခါ

– အမွှာကိုယ်ဝန်ဖြစ်နေတဲ့အခါ

– ကလေးက အယ်လ်ထရာဆောင်းရိုက်လိုက်ကတည်းက အသက်ရှင်ဖို့ချို့ယွင်းချက်ကြီးကြီးမားမားရှိနေတဲ့အခါ

စတဲ့အခါမျိုးတွေမှာဆို မပြုလုပ်သင့်ပါဘူး။ ဒါ့အပြင် သားအိမ်ဝပြန်ထိန်းတာကြောင့် ခွဲစိတ်ရင်းပိုးဝင်တာ၊ ပုံမမှန်သွေးဆင်းတာ၊ မိန်းမကိုယ်ဝ စုတ်ပြဲသွားတာ၊ အချိန်မတိုင်ခင်ရေမွှာအိတ်ပေါက်သွားတာ၊ အချိန်မတိုင်ခင်ကလေးမွေးတာကနေ နောက်ဆုံးကိုယ်ဝန်ပျက်ကျတာ စတာတွေအထိ ဖြစ်နိုင်ခြေရှိပါသေးတယ်။

ဒါဆို ဒီလိုသားအိမ်ဝပြန်ထိန်းတာမျိုးဘယ်အချိန်မှာ လုပ်ဖို့လိုအပ်နိုင်မလဲ? တကယ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အရင်တုန်းက ကိုယ်ဝန် ၃လနောက်ပိုင်း သားအိမ်ဝကျယ်နေလို့ ဒါမှမဟုတ် အချင်းကွာလို့ သားပျက်သားလျောဖြစ်ဖူးတာမျိုးရှိမယ်၊ စမ်းသပ်မှုတွေလုပ်တဲ့အခါ မိန်းမကိုယ်ဝက ရှိသင့်တာထပ်ကျယ်နေမယ် စတဲ့အခြေအနေတွေရှိမယ်ဆိုရင်တော့ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်က ကုသမှုလုပ်ဖို့ အကြံပေးကောင်းပေးနိုင်ပါတယ်။

ကုသတဲ့အခါမှာဆို မေ့ဆေးသော်လည်းကောင်း၊ ထုံဆေးသော်လည်းကောင်းပေးပြီး ပြုလုပ်မှာဖြစ်တယ်။ ဆရာဝန်အနေနဲ့ သားအိမ်ဝပတ်လည်မှာ ကြိုးခိုင်ခိုင်နဲ့ ပတ်ပြီး သားအိမ်ဝကို ခိုင်ခန့်အောင်ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ လုပ်ပြီးသွားရင် နာရီအနည်းငယ်လောက်ဒါမှမဟုတ်လည်း တစ်ညလောက်တော့ ဆေးရုံဆေးခန်းမှာနေရနိုင်ပါတယ်။ နောက်ပြီး လုပ်ပြီးပြီးချင်းမှာ သွေးအနည်းငယ်ဆင်းတာ၊ ဗိုက်အောင့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ လုပ်ပြီး ၂-၃ ရက်လောက်တော့ အိမ်မှာပဲ အေးအေးဆေးဆေးနားနေသင့်ပါတယ်။ နောက်ပြီး အရေးကြီးတာက ဒီလိုကုသမှုမျိုးမခံယူခင် ၁ ပတ်နဲ့ လုပ်ပြီး ၁ ပတ်အထိတော့ အမျိုးသားနဲ့ လိင်ဆက်ဆံတာကို ရှောင်ကြဉ်သင့်ပါတယ်။

ဒီလောက်ဆို သားအိမ်ဝပြန်ထိန်းတဲ့အကြောင်းလည်း သိသင့်သလောက်သိပြီလို့ယူဆပါတယ်။ အမျိုးသမီးတိုင်းကိုယ်ဝန်ရှိတာနဲ့ သားအိမ်ဝထိန်းတဲ့ ကိစ္စလုပ်စရာမလိုတာကြောင့် ကိုု်ယ်ဗိုက်အပ်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာအကောင်းဆုံးဖြစ်မှာပါ။ အားလုံးပဲ အန္တရာယ်ကင်းကင်းနဲ့ ကလေးမွေးဖွားနိုင်ကြပါစေလို့ ဆုတောင်းပေးရင်းနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။

Dr. Wayne

Previous Post

လမစေ့ဘဲမွေးခြင်း

Next Post

အူမကြီးကင်ဆာဖြစ်နိုင်ချေ လျော့ကျစေတဲ့  သရက်သီး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အူမကြီးကင်ဆာဖြစ်နိုင်ချေ လျော့ကျစေတဲ့  သရက်သီး

စိမ်းဝါရောင်ဝမ်းနှင်ကလေး

ကြက်သီးမွှေးညင်းထခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.