fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်အလုံးများ စိုးရိမ်ရသလား

770
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/06/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ္အလံုးမ်ား စိုးရိမ္ရသလား

          အမ်ိဳးသမီးတဦး၏ ဘဝတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သားအိမ္တြင္ အလံုး၊ အက်ိတ္ျဖစ္ျခင္းေရာဂါျပႆနာကို  ေတြ႔ႀကံဳခံစားရႏိုင္သည္။ အႏၲရာယ္ ရွိေသာ စိုးရိမ္ရန္လိုသည့္ သားအိမ္အလံုးအက်ိတ္မ်ား (ဥပမာ – သားအိမ္ကင္ဆာ) ရွိသကဲ့သုိ႔ စိုးရိမ္ရန္မလိုသည့္ သားအိမ္အလံုးအက်ိတ္မ်ား(ဥပမာ – သားအိမ္တြင္ အသားပိုထြက္ျခင္းႏွင့္ သားအိမ္အမွ်င္လံုးမ်ား) လည္းရွိသည္။ အခ်ိဳ႕ေသာ အက်ိတ္ အမ်ိဳးအစားမ်ားသည္ စိုးရိမ္ရန္ မလိုေသာ္လည္း ျဖစ္ပြားရေသာ ေနရာႏွင့္ အရြယ္အစားကိုလိုက္၍ တခါတရံ နာက်င္တတ္ျခင္း၊ ပံုမွန္မဟုတ္ ေသြးဆင္းတတ္ျခင္းႏွင့္ ရာသီေသြး ဆင္းရာတြင္ ပံုမွန္ထက္ပို၍မ်ားျခင္း စသည္တုိ႔ကို ခံစားရေစႏိုင္သည္။

အျဖစ္မ်ားေသာ သားအိမ္အလံုးအက်ိတ္မ်ား

          သားအိမ္တြင္ အလံုးအက်ိတ္မ်ား ျဖစ္ေပၚေစႏိုင္ေသာ အေၾကာင္းအရာမ်ား မ်ားစြာရွိၿပီး ကင္ဆာေရာဂါေၾကာင့္ ျဖစ္ေသာ အလံုးအက်ိတ္မ်ားႏွင့္ ကင္ဆာ မဟုတ္ေသာ အလံုးအက်ိတ္မ်ားဟူ၍ ခြဲျခားႏိုင္သည္။ သားအိမ္အလံုးအက်ိတ္မ်ား ခံစားရသူမ်ားတြင္ ကင္ဆာေရာဂါေၾကာင့္မဟုတ္ေသာ အလံုးအက်ိတ္မ်ားကို အမ်ားအားျဖင့္ ေတြ႕ရေလ့ရွိၿပီး အျဖစ္အမ်ားဆံုး အမ်ိဳးအစားမွာ သားအိမ္ အမွ်င္လံုးမ်ား ျဖစ္သည္။ အျခားအလံုးအက်ိတ္မ်ား ျဖစ္သည့္ ေသြးလံုးမ်ား၊ အသားပို အလံုးမ်ား၊ သားအိမ္ ၾကြက္သားမ်ားအတြင္းသုိ႔ သားအိမ္အတြင္းနံရံမွ ဆဲလ္မ်ား မွားယြင္းစြာ ေရာက္ရွိျခင္းေၾကာင့္ျဖစ္သာ အလံုးအက်ိတ္မ်ား စသည္ျဖင့္ ကင္ဆာမဟုတ္ေသာ အလံုးအက်ိတ္မ်ားလည္း မ်ားစြာရွိသည္။

သားအိမ္အမွ်င္လံုး စိုးရိမ္ရန္လိုသလား

          Myoma (မိုင္ယိုးမား) ဟုေခၚေသာ သားအိမ္အမွ်င္လံုးမ်ားသည္ (ကင္ဆာ မဟုတ္ေသာ) သားအိမ္အတြင္းရွိ ႂကြက္သားမွ်င္မ်ား ပံုမွန္မဟုတ္ ႀကီးထြားလာျခင္းေၾကာင့္ ျဖစ္လာသည့္ အလံုးအက်ိတ္မ်ားျဖစ္သည္။ အျဖစ္အမ်ားဆံုး သားအိမ္အလံုးအက်ိတ္မ်ား ျဖစ္သကဲ့သို႔ ျဖစ္ပြားရေသာ အေၾကာင္းအရင္းလည္း မ်ားစြာရွိသည္။

          အသက္ ၃၀ ေက်ာ္ အမ်ိဳးသမီးဦးေရ၏ ၂၀ရာခိုင္ႏႈန္းခန္႔သည္ သားအိမ္အမွ်င္လံုးျဖစ္ျခင္း ခံစားရေနႏိုင္သည္။ အမ်ားစုမွာ အသက္ ၃၅ႏွစ္ႏွင့္ ၄၉ႏွစ္ၾကား အမ်ိဳးသမီးမ်ားျဖစ္ၿပီး သာမန္အားျဖင့္ မည္သည့္ေရာဂါလကၡဏာမွ မျပပဲ ရွိေနႏိုင္ကာ ကုသမႈခံယူရန္လည္း မလိုအပ္ႏိုင္ပါ။ အေထြေထြက်န္းမာေရး စစ္ေဆးျခင္း (သို႔) အျခားေရာဂါ တခုခုေၾကာင့္ က်န္းမာေရးစစ္ေဆးရျခင္း စသည့္ အေျခအေနမ်ားတြင္ သားအိမ္တြင္ အလံုးအက်ိတ္မ်ား ျဖစ္ေပၚခံစားေနရေၾကာင္း သိရွိႏိုင္သည္။ ေရာဂါလကၡဏာ ခံစားရျခင္းမရွိသူမ်ားတြင္ ကုသမႈခံယူရန္ မလိုအပ္ႏိုင္ေသာ္လည္း အလံုးအက်ိတ္ ခံစားရျခင္းေၾကာင့္ျဖစ္ေသာ လကၡဏာမ်ား ျဖစ္သည့္ ေသြးဆင္းျခင္း၊ ခ်က္ပတ္လည္(သို႔) ခ်က္၏ ေအာက္တြင္ အလံုးတခုခု ခံစားမိျခင္းႏွင့္ တျဖည္းျဖည္းႀကီးလာျခင္း စသည့္ အေျခအေနမ်ားတြင္မူ ေရာဂါအေနအထားကိုလိုက္၍ လိုအပ္ေသာ ကုသမႈ ခံယူရႏိုင္သည္။

ျဖစ္ပြားရသည့္အေၾကာင္းအရင္းမ်ား

          မ်ိဳးရိုးလိုက္ျခင္း၊ သားသမီးမရွိျခင္း၊ အဝလြန္ျခင္းႏွင့္ အခ်ိဳ႕ေသာ ကိုယ္ဝန္ တားေဆးမ်ားကို အခ်ိန္ၾကာျမင့္စြာ အသံုးျပဳျခင္းေၾကာင့္ သားအိမ္အမွ်င္လံုးမ်ား ျဖစ္ပြားႏိုင္သည္။

          အမ်ိဳးသမီး ေဟာ္မုန္းျဖစ္သည့္ အီစတိုဂ်င္ေဟာ္မုန္းထြက္ေနသမွ် သားအိမ္ အမွ်င္လံုးမ်ား ပိုမိုႀကီးလာေစႏိုင္မည္ျဖစ္သလို ကိုယ္ဝန္ေဆာင္ခ်ိန္ႏွင့္ ေသြးဆံုးၿပီး အမ်ိဳးသမီးမ်ားတြင္ “မ ေဟာ္မုန္း”မ်ား မထြက္ေတာ့သည့္ အတြက္ သားအိမ္အမွ်င္လံုးမ်ား က်ံဳ႕သြားႏိုင္သည္။

ေရာဂါလကၡဏာမ်ား

          သားအိမ္ႂကြက္သားအတြင္း ေရာဂါျဖစ္ေပၚခံစားရေသာ အရြယ္အစားႏွင့္ ေနရာကိုလိုက္၍ ေရာဂါလကၡဏာမ်ားခံစားရႏိုင္သည္။ အထူးသျဖင့္ အရြယ္အစား ႀကီးမားေသာ အမွ်င္လံုးမ်ားတြင္

– ပံုမွန္မဟုတ္ေသြးဆင္းျခင္း၊

– ေသြးဆင္းရာတြင္လည္း နာက်င္မႈရွိျခင္း၊

– ေသြးဆင္းမ်ားျခင္း၊

– အလံုးရွိေသာ ေနရာမွနာက်င္ျခင္း၊

– လိင္ဆက္ဆံရာတြင္နာက်င္ျခင္း၊

– ကေလးရႏိုင္ရန္ ခက္ခဲျခင္း၊ အလြယ္တကူ ကေလးပ်က္က်တတ္ျခင္း၊ ကေလး ေစာေမြးျခင္းႏွင့္ ကေလးေမြးဖြားလာလွ်င္လည္း ရိုးရိုးေမြးရန္ခက္ခဲႏိုင္ျခင္း၊

– ကေလးေမြးဖြားၿပီးေနာက္ပိုင္း ေသြးသြန္တတ္ျခင္း စသည္တို႔အျပင္

– ဆီးအိမ္ကိုဖိမိလွ်င္ ဆီးလမ္းေၾကာင္းႏွင့္ဆိုင္ေသာ ေရာဂါမ်ားျဖစ္သည့္ ဆီးမၾကာ ခဏသြားခ်င္ျခင္းႏွင့္ ဆီးသြားရန္ခက္ခဲျခင္း

– အစာေဟာင္းအိမ္ကိုဖိမိလွ်င္ ၀မ္းသြားရာတြင္ နာက်င္တတ္ျခင္းႏွင့္ ဝမ္းမၾကာခဏ သြားခ်င္ျခင္း စသည့္လကၡဏာမ်ား ခံစားရႏိုင္သည္။

ကင္ဆာေရာဂါျဖစ္ႏိုင္ေခ်ရွိသလား

          သားအိမ္အမွ်င္လံုးမ်ားသည္ ကင္ဆာေရာဂါမဟုတ္သလို  ကင္ဆာေၾကာင့္ ျဖစ္ပြားရျခင္းမ်ိဳး မဟုတ္ေသာ္လည္း ကင္ဆာေရာဂါအျဖစ္သုိ႔ ေျပာင္းလဲသြားႏိုင္ေခ် ရွိသည္။ သားအိမ္တြင္ အလံုးအက်ိတ္ရွိသည့္ အမ်ိဳးသမီး (၂၀၀) ခန္႔တြင္ အမ်ားဆံုး (၁) ဦးခန္႔သည္ ကင္ဆာေရာဂါအျဖစ္ ေျပာင္းလဲသြားႏိုင္သည္။ ကင္ဆာေရာဂါ ဟုတ္မဟုတ္ကို အသားစအေျဖယူၿပီးမွသာ သိရွိႏိုင္သျဖင့္ ကင္ဆာမဟုတ္ေၾကာင္း တပ္အပ္မေျပာႏိုင္။ အထူးသျဖင့္ ေသြးဆံုးၿပီးေသာ အမ်ိဳးသမီးမ်ားတြင္ လ်င္ျမန္စြာ အရြယ္အစား ႀကီးမားလာသည့္ သားအိမ္အမွ်င္လံုးမ်ား ခံစားရလွ်င္ ကင္ဆာေရာဂါျဖစ္ႏိုင္ေျခအျမင့္ဆံုးျဖစ္သျဖင့္ အျမန္ဆံုး ခြဲစိတ္ျဖတ္ေတာက္ ဖယ္ရွားပစ္သင့္သည္။

မိမိတြင္ သားအိမ္အမွ်င္လံုး ခံစားေနရေၾကာင္း သိရွိလွ်င္

          က်န္းမာေရးစစ္ေဆးျခင္း ျပဳလုပ္စဥ္ ေတြ႔ရွိရတတ္သည့္ ေရာဂါလကၡဏာ မျပသည့္ သားအိမ္အလံုးမ်ားႏွင့္ အရြယ္အစားေသးငယ္ေသာ သားအိမ္အလံုးမ်ား အတြက္ အေရးတႀကီး ကုသမႈခံယူရန္ မလိုအပ္ပဲ သားဖြားမီးယပ္ဆရာဝန္ႏွင့္ ပံုမွန္ျပသၿပီး စစ္ေဆးမႈခံယူသင့္သည္။ အရြယ္အစား ႀကီးမားေသာ သားအိမ္အလံုးမ်ားႏွင့္ ေရာဂါလကၡဏာမ်ား ခံစားေနရျခင္းမ်ား ရွိလွ်င္ လိုအပ္ေသာ ေသာက္ေဆး၊ ထိုးေဆးမ်ားျဖင့္ ကုသမႈခံယူျခင္းျဖင့္ အလံုးအရြယ္စား ေသးငယ္ သြားႏိုင္သလို သက္သာေပ်ာက္ကင္း သြားႏိုင္သည္။

          ေရာဂါ လကၡဏာမ်ား ျပင္းထန္စြာ ခံစားေနရေသာ အမ်ိဳးသမီးမ်ားႏွင့္ ထိုးေဆး၊ ေသာက္ေဆးမ်ား ေပးေသာ္လည္း မသက္သာသည့္ အမ်ိဳးသမီးမ်ားတြင္   အဆိုပါ အလံုးအား ခြဲစိတ္ျဖတ္ေတာက္ဖယ္ရွားျခင္း ျပဳလုပ္သင့္သည္။

ခြဲစိတ္ကုသမႈခံယူျခင္း

          ခြဲစိတ္ကုသမႈ ခံယူရာတြင္လည္း အသက္အရြယ္၊ အလံုးအရြယ္အစားႏွင့္ ေနရာကိုလိုက္၍ သားအိမ္ထုတ္ျခင္း၊ အလံုးရွိေသာ ေနရာကိုသာ ဖယ္ထုတ္ျခင္း၊ သားအိမ္ ေသြးလႊတ္ေၾကာပိတ္၍ ကုသျခင္းႏွင့္ အျခားေသာ ခြဲစိတ္မႈ မ်ားျဖစ္သည့္ မွန္ေျပာင္းျဖင့္ အက်ိတ္ကို လိုသလိုဖယ္ရွားျခင္းမ်ား ျပဳလုပ္ႏိုင္သည္။

          မည္သို႔ပင္ ဆိုေစကာမူ ခြဲစိတ္ကုသမႈ ခံယူျခင္းျဖင့္ ခြဲစိတ္ျခင္း၏ ေနာက္ဆက္တြဲျပႆနာမ်ား(နာက်င္ျခင္း၊ ေသြးထြက္မ်ားျခင္း၊ ပိုးဝင္ျခင္း)ႏွင့္ ေမ့ေဆး/ ထံုေဆး အသံုးျပဳျခင္း၏ ေနာက္ဆက္တြဲ ျပႆနာမ်ား ခံစားရႏိုင္သည္ကို အမ်ိဳးသမီးတိုင္း သိရွိထားသင့္သည္။

          အကယ္၍ မိမိတြင္ အလာတူလကၡဏာမ်ား ခံစားရေနျခင္းရွိပါကလည္း နီးစပ္ရာ သားဖြားမီးယပ္ဆရာဝန္မ်ားႏွင့္ အျမန္ဆံုး တိုင္ပင္ျပသကာ ကုသမႈခံယူသင့္ေၾကာင္း အႀကံျပဳေျပာၾကားလိုသည္။

 တင့်တယ်

(Unicode)

သားအိမ်အလုံးများ စိုးရိမ်ရသလား
အမျိုးသမီးတဦး၏ ဘဝတွင် အကြောင်းအမျိုးမျိုးကြောင့် သားအိမ်တွင် အလုံး၊ အကျိတ်ဖြစ်ခြင်းရောဂါပြဿနာကို  တွေ့ကြုံခံစားရနိုင်သည်။ အန္တရာယ် ရှိသော စိုးရိမ်ရန်လိုသည့် သားအိမ်အလုံးအကျိတ်များ (ဥပမာ – သားအိမ်ကင်ဆာ) ရှိသကဲ့သို့ စိုးရိမ်ရန်မလိုသည့် သားအိမ်အလုံးအကျိတ်များ(ဥပမာ – သားအိမ်တွင် အသားပိုထွက်ခြင်းနှင့် သားအိမ်အမျှင်လုံးများ) လည်းရှိသည်။ အချို့သော အကျိတ် အမျိုးအစားများသည် စိုးရိမ်ရန် မလိုသော်လည်း ဖြစ်ပွားရသော နေရာနှင့် အရွယ်အစားကိုလိုက်၍ တခါတရံ နာကျင်တတ်ခြင်း၊ ပုံမှန်မဟုတ် သွေးဆင်းတတ်ခြင်းနှင့် ရာသီသွေး ဆင်းရာတွင် ပုံမှန်ထက်ပို၍များခြင်း စသည်တို့ကို ခံစားရစေနိုင်သည်။

အဖြစ်များသော သားအိမ်အလုံးအကျိတ်များ
သားအိမ်တွင် အလုံးအကျိတ်များ ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများ များစွာရှိပြီး ကင်ဆာရောဂါကြောင့် ဖြစ်သော အလုံးအကျိတ်များနှင့် ကင်ဆာ မဟုတ်သော အလုံးအကျိတ်များဟူ၍ ခွဲခြားနိုင်သည်။ သားအိမ်အလုံးအကျိတ်များ ခံစားရသူများတွင် ကင်ဆာရောဂါကြောင့်မဟုတ်သော အလုံးအကျိတ်များကို အများအားဖြင့် တွေ့ရလေ့ရှိပြီး အဖြစ်အများဆုံး အမျိုးအစားမှာ သားအိမ် အမျှင်လုံးများ ဖြစ်သည်။ အခြားအလုံးအကျိတ်များ ဖြစ်သည့် သွေးလုံးများ၊ အသားပို အလုံးများ၊ သားအိမ် ကြွက်သားများအတွင်းသို့ သားအိမ်အတွင်းနံရံမှ ဆဲလ်များ မှားယွင်းစွာ ရောက်ရှိခြင်းကြောင့်ဖြစ်သာ အလုံးအကျိတ်များ စသည်ဖြင့် ကင်ဆာမဟုတ်သော အလုံးအကျိတ်များလည်း များစွာရှိသည်။

သားအိမ်အမျှင်လုံး စိုးရိမ်ရန်လိုသလား
Myoma (မိုင်ယိုးမား) ဟုခေါ်သော သားအိမ်အမျှင်လုံးများသည် (ကင်ဆာ မဟုတ်သော) သားအိမ်အတွင်းရှိ ကြွက်သားမျှင်များ ပုံမှန်မဟုတ် ကြီးထွားလာခြင်းကြောင့် ဖြစ်လာသည့် အလုံးအကျိတ်များဖြစ်သည်။ အဖြစ်အများဆုံး သားအိမ်အလုံးအကျိတ်များ ဖြစ်သကဲ့သို့ ဖြစ်ပွားရသော အကြောင်းအရင်းလည်း များစွာရှိသည်။

အသက် ၃၀ ကျော် အမျိုးသမီးဦးရေ၏ ၂၀ရာခိုင်နှုန်းခန့်သည် သားအိမ်အမျှင်လုံးဖြစ်ခြင်း ခံစားရနေနိုင်သည်။ အများစုမှာ အသက် ၃၅နှစ်နှင့် ၄၉နှစ်ကြား အမျိုးသမီးများဖြစ်ပြီး သာမန်အားဖြင့် မည်သည့်ရောဂါလက္ခဏာမှ မပြပဲ ရှိနေနိုင်ကာ ကုသမှုခံယူရန်လည်း မလိုအပ်နိုင်ပါ။ အထွေထွေကျန်းမာရေး စစ်ဆေးခြင်း (သို့) အခြားရောဂါ တခုခုကြောင့် ကျန်းမာရေးစစ်ဆေးရခြင်း စသည့် အခြေအနေများတွင် သားအိမ်တွင် အလုံးအကျိတ်များ ဖြစ်ပေါ်ခံစားနေရကြောင်း သိရှိနိုင်သည်။ ရောဂါလက္ခဏာ ခံစားရခြင်းမရှိသူများတွင် ကုသမှုခံယူရန် မလိုအပ်နိုင်သော်လည်း အလုံးအကျိတ် ခံစားရခြင်းကြောင့်ဖြစ်သော လက္ခဏာများ ဖြစ်သည့် သွေးဆင်းခြင်း၊ ချက်ပတ်လည်(သို့) ချက်၏ အောက်တွင် အလုံးတခုခု ခံစားမိခြင်းနှင့် တဖြည်းဖြည်းကြီးလာခြင်း စသည့် အခြေအနေများတွင်မူ ရောဂါအနေအထားကိုလိုက်၍ လိုအပ်သော ကုသမှု ခံယူရနိုင်သည်။

ဖြစ်ပွားရသည့်အကြောင်းအရင်းများ
မျိုးရိုးလိုက်ခြင်း၊ သားသမီးမရှိခြင်း၊ အဝလွန်ခြင်းနှင့် အချို့သော ကိုယ်ဝန် တားဆေးများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် သားအိမ်အမျှင်လုံးများ ဖြစ်ပွားနိုင်သည်။

အမျိုးသမီး ဟော်မုန်းဖြစ်သည့် အီစတိုဂျင်ဟော်မုန်းထွက်နေသမျှ သားအိမ် အမျှင်လုံးများ ပိုမိုကြီးလာစေနိုင်မည်ဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် “မ ဟော်မုန်း”များ မထွက်တော့သည့် အတွက် သားအိမ်အမျှင်လုံးများ ကျုံ့သွားနိုင်သည်။

ရောဂါလက္ခဏာများ
သားအိမ်ကြွက်သားအတွင်း ရောဂါဖြစ်ပေါ်ခံစားရသော အရွယ်အစားနှင့် နေရာကိုလိုက်၍ ရောဂါလက္ခဏာများခံစားရနိုင်သည်။ အထူးသဖြင့် အရွယ်အစား ကြီးမားသော အမျှင်လုံးများတွင်

– ပုံမှန်မဟုတ်သွေးဆင်းခြင်း၊

– သွေးဆင်းရာတွင်လည်း နာကျင်မှုရှိခြင်း၊

– သွေးဆင်းများခြင်း၊

– အလုံးရှိသော နေရာမှနာကျင်ခြင်း၊

– လိင်ဆက်ဆံရာတွင်နာကျင်ခြင်း၊

– ကလေးရနိုင်ရန် ခက်ခဲခြင်း၊ အလွယ်တကူ ကလေးပျက်ကျတတ်ခြင်း၊ ကလေး စောမွေးခြင်းနှင့် ကလေးမွေးဖွားလာလျှင်လည်း ရိုးရိုးမွေးရန်ခက်ခဲနိုင်ခြင်း၊

– ကလေးမွေးဖွားပြီးနောက်ပိုင်း သွေးသွန်တတ်ခြင်း စသည်တို့အပြင်

– ဆီးအိမ်ကိုဖိမိလျှင် ဆီးလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများဖြစ်သည့် ဆီးမကြာ ခဏသွားချင်ခြင်းနှင့် ဆီးသွားရန်ခက်ခဲခြင်း

– အစာဟောင်းအိမ်ကိုဖိမိလျှင် ဝမ်းသွားရာတွင် နာကျင်တတ်ခြင်းနှင့် ဝမ်းမကြာခဏ သွားချင်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။

ကင်ဆာရောဂါဖြစ်နိုင်ချေရှိသလား
သားအိမ်အမျှင်လုံးများသည် ကင်ဆာရောဂါမဟုတ်သလို  ကင်ဆာကြောင့် ဖြစ်ပွားရခြင်းမျိုး မဟုတ်သော်လည်း ကင်ဆာရောဂါအဖြစ်သို့ ပြောင်းလဲသွားနိုင်ချေ ရှိသည်။ သားအိမ်တွင် အလုံးအကျိတ်ရှိသည့် အမျိုးသမီး (၂၀၀) ခန့်တွင် အများဆုံး (၁) ဦးခန့်သည် ကင်ဆာရောဂါအဖြစ် ပြောင်းလဲသွားနိုင်သည်။ ကင်ဆာရောဂါ ဟုတ်မဟုတ်ကို အသားစအဖြေယူပြီးမှသာ သိရှိနိုင်သဖြင့် ကင်ဆာမဟုတ်ကြောင်း တပ်အပ်မပြောနိုင်။ အထူးသဖြင့် သွေးဆုံးပြီးသော အမျိုးသမီးများတွင် လျင်မြန်စွာ အရွယ်အစား ကြီးမားလာသည့် သားအိမ်အမျှင်လုံးများ ခံစားရလျှင် ကင်ဆာရောဂါဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်သဖြင့် အမြန်ဆုံး ခွဲစိတ်ဖြတ်တောက် ဖယ်ရှားပစ်သင့်သည်။

မိမိတွင် သားအိမ်အမျှင်လုံး ခံစားနေရကြောင်း သိရှိလျှင်
ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်စဉ် တွေ့ရှိရတတ်သည့် ရောဂါလက္ခဏာ မပြသည့် သားအိမ်အလုံးများနှင့် အရွယ်အစားသေးငယ်သော သားအိမ်အလုံးများ အတွက် အရေးတကြီး ကုသမှုခံယူရန် မလိုအပ်ပဲ သားဖွားမီးယပ်ဆရာဝန်နှင့် ပုံမှန်ပြသပြီး စစ်ဆေးမှုခံယူသင့်သည်။ အရွယ်အစား ကြီးမားသော သားအိမ်အလုံးများနှင့် ရောဂါလက္ခဏာများ ခံစားနေရခြင်းများ ရှိလျှင် လိုအပ်သော သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသမှုခံယူခြင်းဖြင့် အလုံးအရွယ်စား သေးငယ် သွားနိုင်သလို သက်သာပျောက်ကင်း သွားနိုင်သည်။

ရောဂါ လက္ခဏာများ ပြင်းထန်စွာ ခံစားနေရသော အမျိုးသမီးများနှင့် ထိုးဆေး၊ သောက်ဆေးများ ပေးသော်လည်း မသက်သာသည့် အမျိုးသမီးများတွင်   အဆိုပါ အလုံးအား ခွဲစိတ်ဖြတ်တောက်ဖယ်ရှားခြင်း ပြုလုပ်သင့်သည်။

ခွဲစိတ်ကုသမှုခံယူခြင်း
ခွဲစိတ်ကုသမှု ခံယူရာတွင်လည်း အသက်အရွယ်၊ အလုံးအရွယ်အစားနှင့် နေရာကိုလိုက်၍ သားအိမ်ထုတ်ခြင်း၊ အလုံးရှိသော နေရာကိုသာ ဖယ်ထုတ်ခြင်း၊ သားအိမ် သွေးလွှတ်ကြောပိတ်၍ ကုသခြင်းနှင့် အခြားသော ခွဲစိတ်မှု များဖြစ်သည့် မှန်ပြောင်းဖြင့် အကျိတ်ကို လိုသလိုဖယ်ရှားခြင်းများ ပြုလုပ်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ ခွဲစိတ်ကုသမှု ခံယူခြင်းဖြင့် ခွဲစိတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများ(နာကျင်ခြင်း၊ သွေးထွက်များခြင်း၊ ပိုးဝင်ခြင်း)နှင့် မေ့ဆေး/ ထုံဆေး အသုံးပြုခြင်း၏ နောက်ဆက်တွဲ ပြဿနာများ ခံစားရနိုင်သည်ကို အမျိုးသမီးတိုင်း သိရှိထားသင့်သည်။

အကယ်၍ မိမိတွင် အလာတူလက္ခဏာများ ခံစားရနေခြင်းရှိပါကလည်း နီးစပ်ရာ သားဖွားမီးယပ်ဆရာဝန်များနှင့် အမြန်ဆုံး တိုင်ပင်ပြသကာ ကုသမှုခံယူသင့်ကြောင်း အကြံပြုပြောကြားလိုသည်။

တင့ျတယျ

Previous Post

သစ်ကြားသီးအကြောင်းသိကောင်းစရာ

Next Post

အသံဝင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသံဝင်ခြင်း

မွေးကင်းစ ကလေးငယ်များနဲ့ပတ်သတ်ပြီးသိထားသင့်သည်များ

ကော်ဖီ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.