အခုဆောင်းပါးမှာ မေမေ ဖေဖေတို့ ကြုံတွေ့ရတတ်တဲ့ သားသား
မီးမီးတို့ရဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာများကို တင်ပြသွားပါ့မယ် ။အများ
အားဖြင့် ညဘက်တွင် ကလေးငယ်တို့ ကောင်းစွာမအိပ် ၊ငိုခြင်းတို့ကြောင့် မိဘများ
အဖို့ အခက်တွေ့ ရ၏ ။ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ။
မွေးကင်းစ မှ ၄ လသားအရွယ်ထိ
၁) ကလေးအိပ်ပုံ ၊နိုးပုံကို ဒိုင်ယာရီ ရေးမှတ်ထားပါ ။
ဒါမှသာ မိမိကလေး ဘာကြောင့် တရေးနိုးတတ်သလဲ ၊ဘယ်အချိန် တရေးနိုး
တတ်သလဲ ၊တစ်နေ့ အိပ်ချိန် ဘယ်လောက်ရလဲ သိနိုင်မှာပါ ။ဒီလို သိခြင်းအား
ဖြင့် မိမိကလေးနှင့် သင့်တော်မည့် နည်းလမ်းများကိုရွေးနိုင်ပါလိမ့်မယ် ။
၂) ကလေးကို ပက်လက်သိပ်ပါ ။
၃) မပျော့လွန်း မမာလွန်းသော မွေ့ရာပေါ်တွင် သိပ်ပါ ။
ခေါင်းအုံး မအုံးစေပါနဲ့ ။အနီးအနားရှိ အိပ်ရာခင်း ၊စောင်ပါး ၊အနှီး စတာတွေ
ကလေး မျက်နှာကို မအုပ်မိစေရန် ဂရုစိုက်ပါ ။
၄) မပူလွန်း မအေးလွန်းသော နေရာတွင် သိပ်ပါ ။
ပိတ်လှောင်နေသော အခန်းများတွင် မသိပ်ပါနဲ့ ။လေဝင်လေထွက် ကောင်းပါစေ
အနှီးနဲ့ ကျပ်ထုပ်အောင် မထားသင့် ။စောင်ပါးပါး ၊အနှီးပါးပါးလေး ခြုံထားပေးနိုင်
တယ် ။
၅) ကလေးနို့ဆာ ၍ နိုးလာပါက နို့တိုက်ပါ ။
နို့စို့ရင်း မိခင်ရင်ခွင်ထဲ ကလေးအိပ်ပျော်သွားက အိပ်ရာ၊ပုခက်ထဲသို့
ဖြည်းညင်းစွာ ချပါ ။
၆) ကလေး သေးစိုနေလား ကြည့်ပါ ။
၇) ကလေးကို မိခင်နို့တိုက်စဉ် မိခင်နှင့်အတူ တစ်အိပ်ရာတည်းသိပ်က ခုတင် ၊
မွေ့ရာ ကျယ်ကျယ်ပေါ်တွင် ခေါင်းအုံးမပါ ၊စောင်ပါးပါးကလေးလွှမ်းကာသိပ်ပါ ။
၈) ဆေးလိပ် ၊အရက်သောက်သူ ၊အိပ်ဆေးသောက်အိပ်သူ ၊ဆေးတစ်မျိုးမျိုး
သောက်နေရသူနဲ့ တစ်အိပ်ရာထဲ မသိပ်သင့် ။
၉) ကလေး နေ့ဘက်တွင် နို့ဝသော်လည်း အိပ်မပျော်က လှုပ်သိပ်ခြင်း ၊ပုခက်လွှဲ
သိပ်ခြင်း ၊ကားတစ်ပတ်ထွက်စီးကာ သိပ်ခြင်းမျိုး အလျဉ်းသင့်သလို လုပ်ကြည့်
နိုင်တယ် ။အကျင့်ပါသွားတတ်တာ သတိပြုပါ ။
၁၀)ကလေး ညဘက်တွင် ကြာကြာအိပ်စေရန် နေ့ ၊ည ကွဲအောင် လုပ်ပါ ။
နေ့ဘက်တွင် ကလေးကို သိပ်ကာ အခန်းလင်းရှင်း ပါစေ ။
ညဘက်တွင် သိပ်က အိပ်ခန်းကို အမှောင်ချပါ ၊ဒါမှမဟုတ် မီးမှိန်မှိန်သာ ထွန်းပါ
၁၁)ဆူဆူညံညံ အသံဗလံများပြုခြင်းရှောင်ပါ ။နို့တိုက်စဉ်နှင့် နို့တိုက်ပြီးချိန်တွင်
လည်း အနှီးလဲခြင်းမှ အပ ကလေးမျက်စိကျယ်စေမည့် အပြုအမူမျိုးရှောင်ပါ ။
၄လနှင့် အထက် ကလေးငယ်များ
အထက်ပါအချက်များ အပြင်
၁) နေ့ဘက် ကလေးတစ်ရေးအိပ်တတ်အောင် လေ့ကျင့်ပေးပါ ။
နေ့ဘက် တစ်ရေးအိပ်ခြင်းသည် ညဘက် တစ်ချိုးတည်းအိပ်စေဖို့လည်း
အထောက်အကူ ပြုပါတယ်။တစ်နှစ်အောက်ကလေးများ အဖို့ နေ့ဘက်တွင်
၁-၂ နာရီခြား ၂ခါ ၊၃ခါ အိပ်တတ်အောင် လေ့ကျင့်ပေးပါ ။
သတိပြုဖို့က ညနေစောင်းတွင် မအိပ်စေသင့် ။ညဘက် ကောင်းစွာ အိပ်မပျော်
စေတတ် ။
၂) ညဘက် တစ်ချိုးတည်း အိပ်အောင် လေ့ကျင့်ပါ ။
၃) ပုံပြောခြင်း ၊ချော့သိပ်ခြင်း ၊ခန္ဓာကိုယ်ကို ပွတ်သပ်ကာ သိပ်ခြင်း ၊အိပ်ရာဝင်
သီချင်းလေးများဖြင့် ချော့သိပ်ခြင်းများလုပ်ပေးနိုင်ပါတယ်။
၄) ညဘက် နို့ထတောင်းတတ်သော အလေ့အကျင့်ကို လျှော့ချပေးပါ။
မိဘတွေ အနေဖြင့် စိတ်ရှည်ဖို့လိုပါတယ် ။နူးညံ့ညင်သာစွာ ချော့သိပ်ပါ။
၅) အသက် ၆လကျော်သည့်တိုင ကန်ကျောက်၊တွန်းထိုး ၊အင်းအဲအော်ကာ လူးလှိမ့်
ပြီး အိပ်မပျော်က ချော့သိပ်လိုက်ပါက အိပ်ပျော်သွားပါလိမ့်မယ်။
အရေးကြီးတာက စိတ်ရှည်ဖို့နဲ့ အော်ဟစ် ဆူပူခြင်း၊ ငြူစူပြစ်တင်ခြင်း မလုပ်မိ
ဖို့ပါ။
၆) သေးစို ၊မစို ၊ခြင် ၊ကြမ်းပိုး ၊မွှား ၊ပုရွက်ဆိတ် ကိုက် ၊မကိုက် စစ်ဆေးပါ။
၇) ကလေးငယ်တို့ အလွန်အမင်းဆော့ခြင်းကြောင့် အညောင်း ၊အနုံး မလွန်သွား
စေရန် ဂရုစိုက်ပါ ။
၈) ညနေစောင်း ရေနွေးနွေးကလေးဖြင့် ချိုးပေးပါ။
ထိုသို့ ရေချိုးပေးစဉ် အမြူ မလွန်သင့် ။
ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ ပြမလဲ။
ကလေးနေမကောင်းလျှင် ၊အစားအသောက်မဝင်လျှင် ၊အအိပ်အနေသည်
ပုံမှန်ထက် ယိုယွင်းသည်ဟု သံသယရှိလျှင် ၊အိပ်နေလျက် စူးစူးဝါးဝါးအော်ငိုကာ
မည်သို့မျှ ချော့သိပ်မရတာ ကြာရှည်က မိမိ မိသားစုဆရာဝန်နဲ့ ဖြစ်စေ ၊ကလေး
အထူးကုနဲ့ ဖြစ်စေ ပြသပါ။
Author – ခေတ်သစ် ဇီဝက