fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

လက်မောင်းအတွင်းထည့်မြှပ်ရသော သန္ဓေတားပစ္စည်းအကြောင်း

400
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

လက္ေမာင္းအတြင္းထည္႔ျမွပ္ရေသာ သေႏၶတားပစၥည္းအေၾကာင္း

လက္ေမာင္းအတြင္းထည္႔ျမွပ္ရတယ္ဆိုလို႔ လန္႔မသြားၾကပါနဲ႔ စာဖတ္ပရိသတ္တို႔ေရ။

လက္ေမာင္းတြင္းထည္႔သေႏၶတားပစၥည္းလို႔ေခၚၾကေပမယ္႔ တကယ္တမ္းကက် သိပ္အနက္ၾကီးခြဲထည္႔တာမဟုတ္ဘဲ လက္ေမာင္းအေရျပားေအာက္ကေလးတင္ ထံုေဆး(Local anaesthetic)သံုးျပီး အေပၚယံရွပ္ခြဲကာ ကပ္ထည္႔ထားရတဲ႔ ပစၥည္းပါ။

ပစၥည္းပစၥည္းနဲ႔ေျပာေပမယ္႔လည္း အၾကီးၾကီးမဟုတ္ဘဲ သြားၾကားထိုးတံအရြယ္ေလာက္ပဲရွိတဲ႔ ဆီလီကြန္နဲ႔လုပ္ထားတဲ႔ ပိုက္ေပ်ာ႔ေလးပါပဲ။

လက္ေမာင္းတြင္းျမဳပ္သေႏၶတားပစၥည္းမွာ အၾကမ္းျဖင္းအားျဖင္႔ သံုးနွစ္ခံ၊ငါးနွစ္ခံ(Implanon၊Jadelle)ဆိုျပီးနွစ္မ်ိဳးနွစ္စားရွိပါတယ္။

သံုးနွစ္ခံဆိုရင္ပိုက္ေပ်ာ႔ေလးတေခ်ာင္းပဲထည္႔ျမဳပ္ရျပီး ငါးနွစ္ခံအမ်ိဳးအစားကေတာ႔ ပိုက္ေပ်ာ႔နွစ္ေခ်ာင္းထည္႔ျမဳပ္ရပါတယ္။

ဒီပစၥည္းေလးက သံုးလခံထိုးေဆး(Depo)လိုပဲ ပရိုဂ်က္စတိုဂ်င္ေဟာ္မုန္းတမ်ိဳးတည္းပါရွိပါတယ္။

အဲ႔ပရိုဂ်က္စတိုဂ်င္ေဟာ္မုန္းက

မမ်ိဴးဥေၾကြတဲ႔ျဖစ္စဥ္ကို မျဖစ္ေအာင္ တားျခင္းျဖင္႔ ကေလးမရေအာင္ေဆာင္ရြက္ေပးပါတယ္။

ဒါ႔အျပင္သားအိမ္ေခါင္းခြ်ဲေျမး(Cervical Mucus)အလႊာကိုထူပ်စ္ေစျခင္းကိုလည္းျဖစ္ေစတာေၾကာင္႔ သုတ္ေကာင္တို႔ အျခားပိုးေတြတို႔ဟာ လြယ္လြယ္နဲ႔သားအိမ္ထဲကိုမ၀င္နိုင္ပါဘူး။

ဒီလက္ေမာင္းတြင္းထည္႔ပစၥည္းကို အသံုးျပဳခ်င္ပါက ပစၥည္းထည္႔နည္းသင္တန္းတက္ထားေသာ ကြ်မ္းက်င္က်န္းမာေရး၀န္ထမ္းမ်ားရွိတဲ႔ ေဆးရံု၊ေဆးခန္းေနရာတိုင္းမွာထည္႔သြင္းနိုင္ပါတယ္။

ထည္႔မယ္ဆိုရင္ေတာ႔ အေပၚမွာတခါေျပာခဲ႔သလိုပဲ လက္ေမာင္းအေရျပားကို အေပၚယံရွပ္ခြဲတဲ႔ ခြဲစိတ္မႈအေသးစားေလးေတာ႔လုပ္ရပါမယ္။

ခြဲစိတ္မႈဆိုေပမယ္႔ ခြဲစိတ္အထူးကုတို႔ ခြဲခန္း၀င္စရာတို႔မလိုပါဘူး။အရပ္ေဆးခန္းမွာတင္ ပစၥည္းထည္႔နည္းသင္တန္းတက္ထားျပီးကြ်မ္းက်င္တဲ႔ဆရာ၀န္နဲ႔လုပ္လို႔ရပါတယ္။

ထည္႔မယ္႔လက္ေမာင္းေနရာကိုအရင္မွတ္ျပီး အဲ႔ေနရာပတ္လည္ထံုေဆးထိုးပါတယ္။

ထံုသြားျပီဆိုမွ ခြဲစိတ္ဓါးေသးေသးေလးနဲ႔ရွပ္ခြဲျပီးထည္႔ေပးတာပါ။ထည္႔ျပီးသြားရင္လည္း ကြဲတာျပဲတာကိုခ်ဳပ္သလိုခ်ဳပ္ၾကိဳးသံုးျပီးျပန္ခ်ဳပ္တာမဟုတ္ပါဘူး။

အနာကပ္တဲ႔ဟာေလးနဲ႔ပဲကပ္ေပးလိုက္တာပါ။ေနာက္ရက္ေလာက္ဆိုခြာလို႔ရပါျပီ။ေသခ်ာမၾကည္႔ရင္ထည္႔ထားမွန္းမသိနိုင္ပါဘူး။

၅ရက္ေလာက္ေတာ႔ အဲ႔ပစၥည္းထည္႔ထားတဲ႔ေနရာကို ေရမစိုေအာင္သတိထားရပါမယ္။ဒါ႔အျပင္ထည္႔ျပီးစရက္ပိုင္းအတြင္းမွာလက္ကိုျပင္းထန္စြာလႈပ္ရွားတာေတြေတာ႔ ေရွာင္ရပါမယ္။

တကယ္လို႔ ပစၥည္းထည္႔ထားတဲ႔လက္ေမာင္းေနရာက ေသြးထြက္တာ၊ျပည္ထြက္တာ၊ေအာင္႔တာ၊ယားယံတာ၊နီရဲေရာင္ရမ္းတာေတြရွိခဲ႔ရင္ေတာ႔ ထည္႔ေပးတဲ႔ဆီကိုျဖစ္ျဖစ္ နီးစပ္ရာေဆးခန္းေဆးရံဳျဖစ္ျဖစ္ ျပဖို႔လိုပါတယ္။

ရာသီလာစတဲ႔ရက္ကေန ၅ရက္အတြင္းထည္႔ပါက ကိုယ္၀န္တားနိုင္စြမ္းေကာင္းေကာင္းရရွိတဲ႔အတြက္ ထည္႔ျပီးျပီးခ်င္း တျခားတားနည္းေတြသံုးဖို႔မလိုဘဲ အတူစေနလို႔ရျပီး ၅ရက္ေနာက္ပိုင္းမွာထည္႔မယ္ဆိုပါက အျခားကိုယ္၀န္တားနည္းတမ်ိဳးမ်ိဳး(ဥပမာ ကြန္ဒံုး)ကို ပစၥည္းထည္႔ျပီးတပတ္ၾကာသည္အထိသံုးဖို႔လိုပါတယ္။

ဒီလက္ေမာင္းတြင္းထည္႔သေႏၶတားပစၥည္းကို သက္တမ္းျပည္႔သြားလို႔ျဖစ္ေစ၊ကိုယ္၀န္လိုခ်င္လာေသာေၾကာင္႔ျဖစ္ေစ၊ျပန္ထုတ္ခ်င္ပါကလည္း ထည္႔ခဲ႔တဲ႔ဆီေသာ္လည္းေကာင္း၊ပစၥည္းထည္႔သင္တန္းတက္ထားတဲ႔ကြ်မ္းက်င္က်န္းမာေရး၀န္ထမ္းရွိတဲ႔ နီးစပ္ရာေဆးရံု၊ေဆးခန္းမွာေသာ္လည္းေကာင္းထုတ္နိုင္ပါတယ္။

ထုတ္တဲ႔အခါမွာလည္း ထည္႔တုန္းကလိုပဲထံုေဆးသံုးကာ အလြန္ေသးငယ္ေသာဓါးရာေပးျပီး ပစၥည္းကိုဆြဲထုတ္ရပါတယ္။

အမ်ားအားျဖင္႔ေတာ႔ ပစၥည္းထုတ္ျပီး ၂လအၾကာမွာ ပံုမွန္ေသြးျပန္ေပၚေလ႔ရွိပါတယ္။အမ်ိဳးသမီးတဦးနဲ႔တဦးေတာ႔ အနည္းငယ္ျခားနားျခင္းရွိတတ္လို႔ တခ်ိဳ႕ကေတာ႔ လအနည္းငယ္ၾကာသည္အထိ ပံုမွန္ေသြးျပန္ေပၚဖို႔ေစာင္႔ရတတ္ပါတယ္။

ဒီတားနည္းရဲ႕အားသာခ်က္ေကာင္းက်ိဳးေတြကေတာ႔

နွစ္ရွည္ခံျခင္း

ထိုးေဆးေသာက္ေဆးေတြလို သံုးလတၾကိမ္၊သို႔မဟုတ္ ေန႔စဥ္ ထိုး၊ေသာက္ရတာမရွိတဲ႔အတြက္ အခ်ိန္ကုန္အလုပ္ရႈပ္သက္သာျခင္း

အတူေနတဲ႔အခါမွာ ကြန္ဒံုးလို၊သားအိမ္တြင္းထည္႔ပစၥည္းလိုမ်ိဳး ၾကားခံပစၥည္းမရွိတဲ႔အတြက္ စိတ္ေက်နပ္မႈအျပည္႔အ၀ရရွိနိုင္ျခင္း

နို႔တိုက္မိခင္ေတြလည္းအသံုးျပဳနိုင္ျခင္း

စတဲ႔အခ်က္ေတြပဲျဖစ္ပါတယ္။

အားနည္းခ်က္ဆိုးက်ိဳးေတြကေတာ႔

ကြ်မ္းက်င္ေသာက်န္းမာေရး၀န္ထမး္ရွိတဲ႔ေနရာမွာမွ ထည္႔နိုင္ျခင္း

ပစၥည္းထည္႔ျပီး ရက္မမွန္ေသာရာသီေသြးဆင္းတာ၊ေသြးအစက္ေလးမ်ားဆင္းတတ္ျခင္း

ထိုသို႔ဆင္းတာဟာ အခန္႔မသင္႔ရင္ တခ်ိဳ႕သူေတြမွာ ထည္႔ျပီး ေျခာက္လကေန တနွစ္ေလာက္ထိျဖစ္တတ္ျခင္း

စတဲ႔အခ်က္ေတြပါပဲ။

အဆံုးသတ္အေနနဲ႔ေျပာရရင္ေတာ႔ ဘယ္တားနည္းမဆို သူ႔ဟာနဲ႔သူေကာင္းက်ိဳးဆိုးက်ိဳးေတြရွိတာပါပဲ။ဘယ္ဟာကဘယ္ဟာထက္ အားလံုးပိုေကာင္းတယ္ အေကာင္းဆံုးဆိုတာမရွိပါဘူး။အဲ႔လုိသာရွိရင္ ဒီလိုတားနည္းအမ်ိဳးမ်ိဳးေပၚေပါက္လာမွာမဟုတ္ဘဲ အေကာင္းဆံုးဆိုတဲ႔ဟာကိုပဲသံုးၾကေတာ႔မွာပါ။

ဒါေၾကာင္႔ ကိုယ္၀န္တားနည္းတခုခုသံုးမယ္ဆိုရင္ အရပ္ေျပာေတြကိုမယံုဘဲ တားနည္းေတြရဲ႕ေကာင္းက်ိဳးဆိုးက်ိဳးကိုေသခ်ာေလ႔လာျပီး မိမိနဲ႔သင္႔ေတာ္မယ္႔တားနည္းကို ဆရာ၀န္နဲ႔တိုင္ပင္ကာ မိမိဘာသာေရြးခ်ယ္ျပီးသံုးဖို႔လိုပါတယ္။

Dr 528

(Unicode)

လက်မောင်းအတွင်းထည့်မြှပ်ရသော သန္ဓေတားပစ္စည်းအကြောင်း

လက်မောင်းအတွင်းထည့်မြှပ်ရတယ်ဆိုလို့ လန့်မသွားကြပါနဲ့ စာဖတ်ပရိသတ်တို့ရေ။

လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းလို့ခေါ်ကြပေမယ့် တကယ်တမ်းကကျ သိပ်အနက်ကြီးခွဲထည့်တာမဟုတ်ဘဲ လက်မောင်းအရေပြားအောက်ကလေးတင် ထုံဆေး(Local anaesthetic)သုံးပြီး အပေါ်ယံရှပ်ခွဲကာ ကပ်ထည့်ထားရတဲ့ ပစ္စည်းပါ။

ပစ္စည်းပစ္စည်းနဲ့ပြောပေမယ့်လည်း အကြီးကြီးမဟုတ်ဘဲ သွားကြားထိုးတံအရွယ်လောက်ပဲရှိတဲ့ ဆီလီကွန်နဲ့လုပ်ထားတဲ့ ပိုက်ပျော့လေးပါပဲ။

လက်မောင်းတွင်းမြုပ်သန္ဓေတားပစ္စည်းမှာ အကြမ်းဖြင်းအားဖြင့် သုံးနှစ်ခံ၊ငါးနှစ်ခံ(Implanon၊Jadelle)ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ်။

သုံးနှစ်ခံဆိုရင်ပိုက်ပျော့လေးတချောင်းပဲထည့်မြုပ်ရပြီး ငါးနှစ်ခံအမျိုးအစားကတော့ ပိုက်ပျော့နှစ်ချောင်းထည့်မြုပ်ရပါတယ်။

ဒီပစ္စည်းလေးက သုံးလခံထိုးဆေး(Depo)လိုပဲ ပရိုဂျက်စတိုဂျင်ဟော်မုန်းတမျိုးတည်းပါရှိပါတယ်။

အဲ့ပရိုဂျက်စတိုဂျင်ဟော်မုန်းက

မမျိူးဥကြွေတဲ့ဖြစ်စဉ်ကို မဖြစ်အောင် တားခြင်းဖြင့် ကလေးမရအောင်ဆောင်ရွက်ပေးပါတယ်။

ဒါ့အပြင်သားအိမ်ခေါင်းချွဲမြေး(Cervical Mucus)အလွှာကိုထူပျစ်စေခြင်းကိုလည်းဖြစ်စေတာကြောင့် သုတ်ကောင်တို့ အခြားပိုးတွေတို့ဟာ လွယ်လွယ်နဲ့သားအိမ်ထဲကိုမဝင်နိုင်ပါဘူး။

ဒီလက်မောင်းတွင်းထည့်ပစ္စည်းကို အသုံးပြုချင်ပါက ပစ္စည်းထည့်နည်းသင်တန်းတက်ထားသော ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများရှိတဲ့ ဆေးရုံ၊ဆေးခန်းနေရာတိုင်းမှာထည့်သွင်းနိုင်ပါတယ်။

ထည့်မယ်ဆိုရင်တော့ အပေါ်မှာတခါပြောခဲ့သလိုပဲ လက်မောင်းအရေပြားကို အပေါ်ယံရှပ်ခွဲတဲ့ ခွဲစိတ်မှုအသေးစားလေးတော့လုပ်ရပါမယ်။

ခွဲစိတ်မှုဆိုပေမယ့် ခွဲစိတ်အထူးကုတို့ ခွဲခန်းဝင်စရာတို့မလိုပါဘူး။အရပ်ဆေးခန်းမှာတင် ပစ္စည်းထည့်နည်းသင်တန်းတက်ထားပြီးကျွမ်းကျင်တဲ့ဆရာဝန်နဲ့လုပ်လို့ရပါတယ်။

ထည့်မယ့်လက်မောင်းနေရာကိုအရင်မှတ်ပြီး အဲ့နေရာပတ်လည်ထုံဆေးထိုးပါတယ်။

ထုံသွားပြီဆိုမှ ခွဲစိတ်ဓါးသေးသေးလေးနဲ့ရှပ်ခွဲပြီးထည့်ပေးတာပါ။ထည့်ပြီးသွားရင်လည်း ကွဲတာပြဲတာကိုချုပ်သလိုချုပ်ကြိုးသုံးပြီးပြန်ချုပ်တာမဟုတ်ပါဘူး။

အနာကပ်တဲ့ဟာလေးနဲ့ပဲကပ်ပေးလိုက်တာပါ။နောက်ရက်လောက်ဆိုခွာလို့ရပါပြီ။သေချာမကြည့်ရင်ထည့်ထားမှန်းမသိနိုင်ပါဘူး။

၅ရက်လောက်တော့ အဲ့ပစ္စည်းထည့်ထားတဲ့နေရာကို ရေမစိုအောင်သတိထားရပါမယ်။ဒါ့အပြင်ထည့်ပြီးစရက်ပိုင်းအတွင်းမှာလက်ကိုပြင်းထန်စွာလှုပ်ရှားတာတွေတော့ ရှောင်ရပါမယ်။

တကယ်လို့ ပစ္စည်းထည့်ထားတဲ့လက်မောင်းနေရာက သွေးထွက်တာ၊ပြည်ထွက်တာ၊အောင့်တာ၊ယားယံတာ၊နီရဲရောင်ရမ်းတာတွေရှိခဲ့ရင်တော့ ထည့်ပေးတဲ့ဆီကိုဖြစ်ဖြစ် နီးစပ်ရာဆေးခန်းဆေးရုံဖြစ်ဖြစ် ပြဖို့လိုပါတယ်။

ရာသီလာစတဲ့ရက်ကနေ ၅ရက်အတွင်းထည့်ပါက ကိုယ်ဝန်တားနိုင်စွမ်းကောင်းကောင်းရရှိတဲ့အတွက် ထည့်ပြီးပြီးချင်း တခြားတားနည်းတွေသုံးဖို့မလိုဘဲ အတူစနေလို့ရပြီး ၅ရက်နောက်ပိုင်းမှာထည့်မယ်ဆိုပါက အခြားကိုယ်ဝန်တားနည်းတမျိုးမျိုး(ဥပမာ ကွန်ဒုံး)ကို ပစ္စည်းထည့်ပြီးတပတ်ကြာသည်အထိသုံးဖို့လိုပါတယ်။

ဒီလက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းကို သက်တမ်းပြည့်သွားလို့ဖြစ်စေ၊ကိုယ်ဝန်လိုချင်လာသောကြောင့်ဖြစ်စေ၊ပြန်ထုတ်ချင်ပါကလည်း ထည့်ခဲ့တဲ့ဆီသော်လည်းကောင်း၊ပစ္စည်းထည့်သင်တန်းတက်ထားတဲ့ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းရှိတဲ့ နီးစပ်ရာဆေးရုံ၊ဆေးခန်းမှာသော်လည်းကောင်းထုတ်နိုင်ပါတယ်။

ထုတ်တဲ့အခါမှာလည်း ထည့်တုန်းကလိုပဲထုံဆေးသုံးကာ အလွန်သေးငယ်သောဓါးရာပေးပြီး ပစ္စည်းကိုဆွဲထုတ်ရပါတယ်။

အများအားဖြင့်တော့ ပစ္စည်းထုတ်ပြီး ၂လအကြာမှာ ပုံမှန်သွေးပြန်ပေါ်လေ့ရှိပါတယ်။အမျိုးသမီးတဦးနဲ့တဦးတော့ အနည်းငယ်ခြားနားခြင်းရှိတတ်လို့ တချို့ကတော့ လအနည်းငယ်ကြာသည်အထိ ပုံမှန်သွေးပြန်ပေါ်ဖို့စောင့်ရတတ်ပါတယ်။

ဒီတားနည်းရဲ့အားသာချက်ကောင်းကျိုးတွေကတော့

နှစ်ရှည်ခံခြင်း

ထိုးဆေးသောက်ဆေးတွေလို သုံးလတကြိမ်၊သို့မဟုတ် နေ့စဉ် ထိုး၊သောက်ရတာမရှိတဲ့အတွက် အချိန်ကုန်အလုပ်ရှုပ်သက်သာခြင်း

အတူနေတဲ့အခါမှာ ကွန်ဒုံးလို၊သားအိမ်တွင်းထည့်ပစ္စည်းလိုမျိုး ကြားခံပစ္စည်းမရှိတဲ့အတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိနိုင်ခြင်း

နို့တိုက်မိခင်တွေလည်းအသုံးပြုနိုင်ခြင်း

စတဲ့အချက်တွေပဲဖြစ်ပါတယ်။

အားနည်းချက်ဆိုးကျိုးတွေကတော့

ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းရှိတဲ့နေရာမှာမှ ထည့်နိုင်ခြင်း

ပစ္စည်းထည့်ပြီး ရက်မမှန်သောရာသီသွေးဆင်းတာ၊သွေးအစက်လေးများဆင်းတတ်ခြင်း

ထိုသို့ဆင်းတာဟာ အခန့်မသင့်ရင် တချို့သူတွေမှာ ထည့်ပြီး ခြောက်လကနေ တနှစ်လောက်ထိဖြစ်တတ်ခြင်း

စတဲ့အချက်တွေပါပဲ။

အဆုံးသတ်အနေနဲ့ပြောရရင်တော့ ဘယ်တားနည်းမဆို သူ့ဟာနဲ့သူကောင်းကျိုးဆိုးကျိုးတွေရှိတာပါပဲ။ဘယ်ဟာကဘယ်ဟာထက် အားလုံးပိုကောင်းတယ် အကောင်းဆုံးဆိုတာမရှိပါဘူး။အဲ့လိုသာရှိရင် ဒီလိုတားနည်းအမျိုးမျိုးပေါ်ပေါက်လာမှာမဟုတ်ဘဲ အကောင်းဆုံးဆိုတဲ့ဟာကိုပဲသုံးကြတော့မှာပါ။

ဒါကြောင့် ကိုယ်ဝန်တားနည်းတခုခုသုံးမယ်ဆိုရင် အရပ်ပြောတွေကိုမယုံဘဲ တားနည်းတွေရဲ့ကောင်းကျိုးဆိုးကျိုးကိုသေချာလေ့လာပြီး မိမိနဲ့သင့်တော်မယ့်တားနည်းကို ဆရာဝန်နဲ့တိုင်ပင်ကာ မိမိဘာသာရွေးချယ်ပြီးသုံးဖို့လိုပါတယ်။

Dr 528

Previous Post

​ေနပူမိုး႐ြာ လည္​​ေခ်ာင္​းနာ

Next Post

သိုက်ရွက်ဟော်မုန်းနည်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သိုက်ရွက်ဟော်မုန်းနည်းခြင်း

ရုတ်တရက်သေဆုံးခြင်း

ရင်သားအကျိတ် စိုးထိတ်ဖွယ်ရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.