fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၁)

231
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားဥအိမ္ကင္ဆာအေၾကာင္း အပိုင္း(၁)

သားဥအိမ္ကင္ဆာကို ေဆးပညာအရ Ca ovary သို႔မဟုတ္ Ovarian Cancer လို႔ေခၚပါတယ္။

သားဥအိမ္ကို ေဆးပညာအရ Ovary လို႔ေခၚပါတယ္။သားအိမ္ရဲ႕ဘယ္ညာ တဖက္စီမွာ တခုစီရွိပါတယ္။မမ်ိဳးပြားအဖြဲ႔အစည္း(Female Reproductive System)ရဲ႕ အေရးပါတဲ႔ အဂၤါအစိတ္ပိုင္းတခုပါ။

သားဥအိမ္(Ovary)ထဲမွာ သားဥ(Ovum)ေလးေတြပါတဲ႔ Ovarian Follicles လို႔ေခၚေသာ ဆဲလ္အလံုးေလးေတြရွိပါတယ္။

အပ်ိဳေဖာ္၀င္တဲ႔အရြယ္(ရာသီေပၚတဲ႔အရြယ္)ေရာက္လာရင္

ရာသီမလာခင္ ၁၄ရက္အလို၀န္းက်င္ေရာက္တိုင္းမွာ သားဥအိမ္ကေန သားဥေၾကြေလ႔ရွိပါတယ္။

သားဥအိမ္ကင္ဆာဟာ အမ်ိဳးသမီးေတြမွာပဲျဖစ္ေလ႔ရွိတဲ႔

ရင္သားကင္ဆာ၊သားအိမ္ေခါင္းကင္ဆာ၊သားအိမ္ကင္ဆာ၊မိန္းမကိုယ္ကင္ဆာ ေတြျပီးရင္ နံပတ္ငါးေနရာမွာရွိတဲ႔ ကင္ဆာတခုပါ။ျဖစ္တဲ႔နႈန္းလည္းမ်ားသလို ကင္ဆာေၾကာင္႔ေသဆံုးမႈနႈန္းကလည္းျမင္႔ပါတယ္။

ျဖစ္လာျပီဆိုရင္လည္း ေစာေစာစီးစီး သိသာထင္ရွားတဲ႔လကၡဏာမျပတတ္လို႔ အမ်ားအားျဖင္႔ ေနာက္က်မွသိကာ သိတဲ႔အခ်ိန္မွာ သားဥအိမ္အျပင္ တျခားေနရာေတြကိုပါ ကင္ဆာဆဲလ္ေတြပ်ံ႕ေနေလ႔ရွိေနတတ္ပါတယ္။

သားဥအိမ္ကင္ဆာကို ျဖစ္ေစတဲ႔ ၁၀၀ရာခိုင္နႈန္း တိက်တဲ႔အေၾကာင္းရင္းကိုေတာ႔ အခုထိမသိေသးပါဘူး။

သို႔ေသာ္

ကိုယ္၀န္လံုး၀မေဆာင္ဖူးတဲ႔အမ်ိဳးသမီးေတြ

ရာသီစေပၚတဲ႔အခ်ိန္(အပိ်ဳေဖာ္၀င္ခ်ိန္)ေစာျပီး ေသြးဆံုးခ်ိန္ေနာက္က်တဲ႔အမ်ိဳးသမီးေတြ

သားဥေၾကြေဆးေတြအေသာက္မ်ားတဲ႔အမ်ိဳးသမီးေတြ

အသက္၅၀ နဲ႔ ၆၀ အရြယ္ အမ်ိဳးသမီးေတြ

မိသားစုထဲကတေယာက္ေယာက္(အေမ၊အေဒၚ၊အဖြား၊ညီမ၊အမ)မွာ သားဥအိမ္ကင္ဆာ၊သားအိမ္ကင္ဆာ၊ရင္သားကင္ဆာ၊အူမၾကီးကင္ဆာ တခုခုျဖစ္ထားဖူးတဲ႔ရာဇ၀င္ရွိေသာ အမ်ိဳးသမီးေတြ

သားဥအိမ္မွာအရည္အိတ္ေတြရွိတဲ႔ အမ်ိဳးသမီးေတြ

အ၀လြန္တဲ႔အမ်ိဳးသမီးေတြ

ေဆးလိပ္ေသာက္တဲ႔အမ်ိဳးသမီးေတြမွာ စတဲ႔အမ်ိဳးသမီးေတြမွာ သားဥအိမ္ကင္ဆာအျဖစ္မ်ားေလ႔ရွိတတ္ပါတယ္။

သားဥအိမ္ကင္ဆာျဖစ္စအေျခအေနမွာ အမ်ားအားျဖင္႔ ဘာလကၡဏာမွျပေလ႔သိပ္မရွိနိုင္ပါဘူး။

သို႔ေသာ္ တခ်ိဳ႕တေလမွာေတာ႔

အစာမေၾကတာ၊ရင္ျပည္႔ရင္ကယ္ျဖစ္တာ၊ရင္ပူတာ

နံုးခ်ိခ်ိျဖစ္တာ

အစားေသာက္ပ်က္တာ၊ကိုယ္အေလးခ်ိန္က်ဆင္းလာတာ

ဆီးခဏခဏသြားတာ၊ဆီးက်င္တာ၊၀မ္းသြားရခက္တာ၊ဓါတ္ခ်ဳပ္တာ

ေနာက္ေက်ာေအာင္႔တာ

၀မ္းဗိုက္ေအာက္ပိုင္းနဲ႔ တင္ပဆံုတ၀ိုက္ နာက်င္ျပီးမအီမသာျဖစ္တာ

လိင္ဆက္ဆံစဥ္ နာက်င္တာ

ဗိုက္မွာအလံုးေပၚလာတာ

ရာသီလာရက္မဟုတ္လဲၾကားမွာေသြးဆင္းတာ စတဲ႔ လကၡဏာေတြျပနိုင္ပါတယ္။

သို႔ေသာ္ ဒီလကၡဏာေတြျဖစ္တဲ႔ အမ်ိဳးသမီးအမ်ားစုဟာသာမန္အေအးမိဖ်ားလို႔ျဖစ္တာပဲလို႔ယူဆၾကေလ႔ရွိတတ္ကာ ေပါ႔ေပါ႔ေနၾကတာမ်ားပါတယ္။

ဒါေၾကာင္႔ သားဥအိမ္ကင္ဆာ ျဖစ္မွန္းေနာက္က်မွသိေလ႔ရွိကာ ကင္ဆာအဆင္႔ကျမင္႔ေနျပီး တျခားေနရာေတြကိုပါပ်ံ႕ေနတဲ႔အတြက္ ေသဆံုးမႈနႈန္းမ်ားေလ႔ရွိပါတယ္။

ဒီအတြက္ အမ်ိဳးသမီးတိုင္း အသက္၄၀ေက်ာ္လာျပီဆိုရင္ တနွစ္ကိုနွစ္ၾကိမ္ေလာက္ က်န္းမာေရးစစ္ေဆးမႈ(Medical check-up)လုပ္သင္႔ပါတယ္။

သားဥအိမ္ကင္ဆာအစမွာျပတတ္ေလ႔ရွိတဲ႔ အစာမေၾက၊ရင္ျပည္႔၊ဆီးက်င္တာ စတဲ႔ လကၡဏာေတြျဖစ္ျပီဆိုရင္လည္း ေပါ႔ေပါ႔ဆဆမေတြးဘဲ ရက္သတၱပတ္ေက်ာ္ၾကာတာေတာင္ မသက္သာဘူးဆိုပါက သားဥအိမ္ကင္ဆာဟုတ္မဟုတ္သိရေအာင္ ဆရာ၀န္နဲ႔ျပသစမ္းသပ္စစ္ေဆးမႈေတြလုပ္သင္႔ပါတယ္။

သားဥအိမ္ကင္ဆာဟုတ္မဟုတ္ ဘယ္လိုစမ္းသပ္စစ္ေဆးရမလဲ။ကင္ဆာအဆင္႔ဘယ္လိုခြဲျခားသတ္မွတ္မလဲ။ကင္ဆာအဆင္႔ေပၚမူတည္ျပီး ဘယ္လိုကုသမႈေတြလုပ္ရေလ႔ရွိလဲ။ဆိုတာေတြကိုေတာ႔ အပိုင္း၂ မွာဆက္လက္ေရးသားတင္ျပေပးပါမယ္။

Dr 528

(Unicode)

သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၁)

သားဥအိမ်ကင်ဆာကို ဆေးပညာအရ Ca ovary သို့မဟုတ် Ovarian Cancer လို့ခေါ်ပါတယ်။

သားဥအိမ်ကို ဆေးပညာအရ Ovary လို့ခေါ်ပါတယ်။သားအိမ်ရဲ့ဘယ်ညာ တဖက်စီမှာ တခုစီရှိပါတယ်။မမျိုးပွားအဖွဲ့အစည်း(Female Reproductive System)ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်ပိုင်းတခုပါ။

သားဥအိမ်(Ovary)ထဲမှာ သားဥ(Ovum)လေးတွေပါတဲ့ Ovarian Follicles လို့ခေါ်သော ဆဲလ်အလုံးလေးတွေရှိပါတယ်။

အပျိုဖော်ဝင်တဲ့အရွယ်(ရာသီပေါ်တဲ့အရွယ်)ရောက်လာရင်

ရာသီမလာခင် ၁၄ရက်အလိုဝန်းကျင်ရောက်တိုင်းမှာ သားဥအိမ်ကနေ သားဥကြွေလေ့ရှိပါတယ်။

သားဥအိမ်ကင်ဆာဟာ အမျိုးသမီးတွေမှာပဲဖြစ်လေ့ရှိတဲ့

ရင်သားကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာ၊မိန်းမကိုယ်ကင်ဆာ တွေပြီးရင် နံပတ်ငါးနေရာမှာရှိတဲ့ ကင်ဆာတခုပါ။ဖြစ်တဲ့နှုန်းလည်းများသလို ကင်ဆာကြောင့်သေဆုံးမှုနှုန်းကလည်းမြင့်ပါတယ်။

ဖြစ်လာပြီဆိုရင်လည်း စောစောစီးစီး သိသာထင်ရှားတဲ့လက္ခဏာမပြတတ်လို့ အများအားဖြင့် နောက်ကျမှသိကာ သိတဲ့အချိန်မှာ သားဥအိမ်အပြင် တခြားနေရာတွေကိုပါ ကင်ဆာဆဲလ်တွေပျံ့နေလေ့ရှိနေတတ်ပါတယ်။

သားဥအိမ်ကင်ဆာကို ဖြစ်စေတဲ့ ၁၀၀ရာခိုင်နှုန်း တိကျတဲ့အကြောင်းရင်းကိုတော့ အခုထိမသိသေးပါဘူး။

သို့သော်

ကိုယ်ဝန်လုံးဝမဆောင်ဖူးတဲ့အမျိုးသမီးတွေ

ရာသီစပေါ်တဲ့အချိန်(အပျိုဖော်ဝင်ချိန်)စောပြီး သွေးဆုံးချိန်နောက်ကျတဲ့အမျိုးသမီးတွေ

သားဥကြွေဆေးတွေအသောက်များတဲ့အမျိုးသမီးတွေ

အသက်၅၀ နဲ့ ၆၀ အရွယ် အမျိုးသမီးတွေ

မိသားစုထဲကတယောက်ယောက်(အမေ၊အဒေါ်၊အဖွား၊ညီမ၊အမ)မှာ သားဥအိမ်ကင်ဆာ၊သားအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊အူမကြီးကင်ဆာ တခုခုဖြစ်ထားဖူးတဲ့ရာဇဝင်ရှိသော အမျိုးသမီးတွေ

သားဥအိမ်မှာအရည်အိတ်တွေရှိတဲ့ အမျိုးသမီးတွေ

အဝလွန်တဲ့အမျိုးသမီးတွေ

ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ စတဲ့အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာအဖြစ်များလေ့ရှိတတ်ပါတယ်။

သားဥအိမ်ကင်ဆာဖြစ်စအခြေအနေမှာ အများအားဖြင့် ဘာလက္ခဏာမှပြလေ့သိပ်မရှိနိုင်ပါဘူး။

သို့သော် တချို့တလေမှာတော့

အစာမကြေတာ၊ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ရင်ပူတာ

နုံးချိချိဖြစ်တာ

အစားသောက်ပျက်တာ၊ကိုယ်အလေးချိန်ကျဆင်းလာတာ

ဆီးခဏခဏသွားတာ၊ဆီးကျင်တာ၊ဝမ်းသွားရခက်တာ၊ဓါတ်ချုပ်တာ

နောက်ကျောအောင့်တာ

ဝမ်းဗိုက်အောက်ပိုင်းနဲ့ တင်ပဆုံတဝိုက် နာကျင်ပြီးမအီမသာဖြစ်တာ

လိင်ဆက်ဆံစဉ် နာကျင်တာ

ဗိုက်မှာအလုံးပေါ်လာတာ

ရာသီလာရက်မဟုတ်လဲကြားမှာသွေးဆင်းတာ စတဲ့ လက္ခဏာတွေပြနိုင်ပါတယ်။

သို့သော် ဒီလက္ခဏာတွေဖြစ်တဲ့ အမျိုးသမီးအများစုဟာသာမန်အအေးမိဖျားလို့ဖြစ်တာပဲလို့ယူဆကြလေ့ရှိတတ်ကာ ပေါ့ပေါ့နေကြတာများပါတယ်။

ဒါကြောင့် သားဥအိမ်ကင်ဆာ ဖြစ်မှန်းနောက်ကျမှသိလေ့ရှိကာ ကင်ဆာအဆင့်ကမြင့်နေပြီး တခြားနေရာတွေကိုပါပျံ့နေတဲ့အတွက် သေဆုံးမှုနှုန်းများလေ့ရှိပါတယ်။

ဒီအတွက် အမျိုးသမီးတိုင်း အသက်၄၀ကျော်လာပြီဆိုရင် တနှစ်ကိုနှစ်ကြိမ်လောက် ကျန်းမာရေးစစ်ဆေးမှု(Medical check-up)လုပ်သင့်ပါတယ်။

သားဥအိမ်ကင်ဆာအစမှာပြတတ်လေ့ရှိတဲ့ အစာမကြေ၊ရင်ပြည့်၊ဆီးကျင်တာ စတဲ့ လက္ခဏာတွေဖြစ်ပြီဆိုရင်လည်း ပေါ့ပေါ့ဆဆမတွေးဘဲ ရက်သတ္တပတ်ကျော်ကြာတာတောင် မသက်သာဘူးဆိုပါက သားဥအိမ်ကင်ဆာဟုတ်မဟုတ်သိရအောင် ဆရာဝန်နဲ့ပြသစမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။

သားဥအိမ်ကင်ဆာဟုတ်မဟုတ် ဘယ်လိုစမ်းသပ်စစ်ဆေးရမလဲ။ကင်ဆာအဆင့်ဘယ်လိုခွဲခြားသတ်မှတ်မလဲ။ကင်ဆာအဆင့်ပေါ်မူတည်ပြီး ဘယ်လိုကုသမှုတွေလုပ်ရလေ့ရှိလဲ။ဆိုတာတွေကိုတော့ အပိုင်း၂ မှာဆက်လက်ရေးသားတင်ပြပေးပါမယ်။

Dr 528

Previous Post

အရက်နာကျခြင်း (hangover) အကြောင်းသိကောင်းစရာ

Next Post

ရာသီပျောက်သွားခြင်း ပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီပျောက်သွားခြင်း ပြဿနာ

အာခြောက်ခြင်းအကြောင်း သိကောင်းစရာ

ဒေါင်းရောဂါအကြောင်းအပိုင်း၁ Down Syndrome ဆိုတာဘာလဲ နဲ့ သူရဲ့လက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.