fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး
သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၂)
415
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A
ဖီဂိုအဆင့်ခွဲနည်းအရ
အဆင့်၎ Stage IV မှာတော့ ကင်ဆာဆဲလ်တွေဟာ
အသည်း တို့ အဆုတ် တို့ စတဲ့ တခြားအစိတ်အပိုင်းတွေထိပါပျံ့နေပါပြီ။
သို့သော် သားဥအိမ်နှစ်ဖက်လုံးကင်ဆာရှိတဲ့အဆင့်တွေဖြစ်တဲ့ Stage Ib နဲ့ Ic ဆိုရင်တော့ သားအိမ်၊သားဥအိမ်နှစ်ဖက်၊သားဥပြွန်နှစ်ခု နဲ့ အဲ့နားတ၀ိုက်ကင်ဆာဆဲလ်ပျံ့နိုင်ခြေရှိတဲ့အဆီ တစ်သျှူးများကိုပါဖယ်ထုတ်ရမည့်အပြင် နောက်ဆက်တွဲအနေနဲ့ ကင်ဆာဆေးသွင်းကုသဖို့(Chemotherapy)လည်းလိုနိုင်ပါတယ်။
ကင်ဆာအဆင့်၂မှာလည်း သားအိမ်၊သားဥအိမ်နှစ်ဖက်၊သားဥပြွန်နှစ်ခု နဲ့ အဲ့နားတ၀ိုက်ကင်ဆာဆဲလ်ပျံ့နိုင်ခြေရှိတဲ့အဆီ တစ်သျှူးများကိုပါဖယ်ထုတ်ရမည့်အပြင် နောက်ဆက်တွဲအနေနဲ့ ကင်ဆာဆေးသွင်းကုသဖို့(Chemotherapy)လည်းလိုပါတယ်။
Dr 528
(Unicode)
သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၂)
အပိုင်း ၁ မှာ သားဥအိမ်ကင်ဆာဆိုတာဘာလဲ နဲ့ ကင်ဆာရဲ့လက္ခဏာတွေကို ရေးသားဖော်ပြခဲ့ပါတယ်။
အခုအပိုင်း ၂မှာတော့ သားဥအိမ်ကင်ဆာဟုတ်မဟုတ် ဘယ်လိုစမ်းသပ်စစ်ဆေးရမလဲ။ကင်ဆာအဆင့်ဘယ်လိုခွဲခြားသတ်မှတ်မလဲ။ကင်ဆာအဆင့်ပေါ်မူတည်ပြီး ဘယ်လိုကုသမှုတွေလုပ်ရလေ့ရှိလဲ။ဆိုတာတွေကိုရေးသားတင်ပြပါ့မယ်။
သားဥအိမ်ကင်ဆာ(Ovarian Cancer)ဟုတ်မဟုတ် စစ်ဆေးမှုတွေအနေနဲ့ကတော့ အာထရာဆောင်းရိုက်တာ၊သွေးထဲရှိ Ca 125 ,Ca 19-9 လို့ခေါ်တဲ့ tumor marker တွေတက်နေမနေ သွေးဖောက်စစ်ဆေးတာတွေလုပ်နိုင်ပါတယ်။
တကယ်လို့ဒါတွေလုပ်ကြည့်တဲ့အခါမှာ သားဥအိမ်ကင်ဆာရှိနေတယ်လို့အဖြေထွက်ရင် သားဥအိမ်ကင်ဆာ အမျိုးအစားနဲ့အဆင့်တွေကိုသိဖို့အတွက်
ရင်ဘတ်ဓါတ်မှန်ရိုက်တာ(Chest X ray)၊
ကွန်ပျူတာဓါတ်မှန် ခေါ် စီတီ(CT Scan)ရိုက်တာ၊သံလိုက်ဓါတ်မှန် ခေါ်အမ်အာအိုင် (MRI) ရိုက်တာ၊ရေဖျဉ်းစွဲနေပါက ဗိုက်ထဲကအရည်ကိုစုပ်ယူပြီးစစ်ဆေးတာ(Paracentesis) စသဖြင့်လုပ်နိုင်ပါတယ်။
သားဥအိမ်ကင်ဆာကိုကုသရာမှာတော့ သူ့အဆင့်ပေါ်လိုက်ပြီး ကုသရပါတယ်။
ဖီဂိုအဆင့်ခွဲနည်းအရ
သားဥအိမ်ကင်ဆာဟာ သားဥအိမ်(တဖက် သို့မဟုတ် နှစ်ဖက်လုံး)မှာပဲ ရှိနေသေးရင် အဆင့်၁ Stage I လို့သတ်မှတ်ပါတယ်။
သားဥအိမ်ကင်ဆာဟာ သားဥအိမ်မှာသာမက တင်ပဆုံရိုးကွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းများကို ပျံ့နှံ့နေရင်တော့ အဆင့် ၂ Stage II လို့သတ်မှတ်ပါတယ်။
အဆင့်၃ Stage III ဆိုရင်တော့ ကင်ဆာဆဲလ်တွေဟာ သားဥအိမ်နဲ့ တင်ပဆုံရိုးကွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းများသာမက ဝမ်းဗိုက်ခေါင်းအမြှေး(Abdominal peritoneum)နဲ့ ဝမ်းဗိုက်ခေါင်းအမြှေးနောက်ရှိ ပြန်ရည်ကြော(Retroperitoneum lymph nodes) သို့မဟုတ် ပေါင်ကြားရှိပြန်ရည်ကြော(Inguinal lymph nodes) တွေဆီပျံ့နေပြီး
အဆင့်၄ Stage IV မှာတော့ ကင်ဆာဆဲလ်တွေဟာ
အသည်း တို့ အဆုတ် တို့ စတဲ့ တခြားအစိတ်အပိုင်းတွေထိပါပံျ့နေပါပြီ။
Stage I ကနေ Stage III(အဆင့် ၁ ကနေ ၃)မှာ a,b,c ဆိုပြီး အခွဲ၃ခု ထပ်ခွဲထားသေးပါတယ်။
ကင်ဆာအဆင့် အလိုက်ကုသတဲ့နည်းတွေက အနည်းငယ်ကွဲပြားပါတယ်။
ကင်ဆာအဆင့်၁ Stage I မှာမှ သားဥအိမ်တဖက်မှာပဲကင်ဆာကရှိနေတယ်(ဆိုလိုတာက Stage I a အဆင့်)လောက်ဆိုရင်တော့ ကင်ဆာဖြစ်တဲ့အခြမ်းကမျိုးဥပြွန်နဲ့သားဥအိမ်ကိုခွဲစိတ်ခြင်းဖြင့် ကုသနိုင်ပြီး ကောင်းတဲ့သားဥအိမ်နဲ့သားဥပြွန်တဖက်ကျန်တဲ့အတွက် ကလေးမရသေးသူတွေဆိုရင် ကိုယ်ဝန်ဆောင်ဖို့အခွင့်အရေးရနိုင်ပါသေးတယ်။
သို့သော် သားဥအိမ်နှစ်ဖက်လုံးကင်ဆာရှိတဲ့အဆင့်တွေဖြစ်တဲ့ Stage Ib နဲ့ Ic ဆိုရင်တော့ သားအိမ်၊သားဥအိမ်နှစ်ဖက်၊သားဥပြွန်နှစ်ခု နဲ့ အဲ့နားတဝိုက်ကင်ဆာဆဲလ်ပံျ့နိုင်ခြေရှိတဲ့အဆီ တစ်သျှူးများကိုပါဖယ်ထုတ်ရမည့်အပြင် နောက်ဆက်တွဲအနေနဲ့ ကင်ဆာဆေးသွင်းကုသဖို့(Chemotherapy)လည်းလိုနိုင်ပါတယ်။
ကင်ဆာအဆင့်၂မှာလည်း သားအိမ်၊သားဥအိမ်နှစ်ဖက်၊သားဥပြွန်နှစ်ခု နဲ့ အဲ့နားတဝိုက်ကင်ဆာဆဲလ်ပံျ့နိုင်ခြေရှိတဲ့အဆီ တစ်သျှူးများကိုပါဖယ်ထုတ်ရမည့်အပြင် နောက်ဆက်တွဲအနေနဲ့ ကင်ဆာဆေးသွင်းကုသဖို့(Chemotherapy)လည်းလိုပါတယ်။
သို့သော် ကင်ဆာအကျိတ်ကတအားကြီးတာ၊ဖယ်ထုတ်ရခက်တာမျိုးရှိတယ်ဆိုရင်တော့ အကုန်လုံးတခါတည်းဖယ်ထုတ်တာမဟုတ်ဘဲ နည်းနည်းချင်းလှီးထုတ်တဲ့ Debulking Surgery လုပ်ပြီး နောက်ဆက်တွဲ ကင်ဆာဆေးသွင်းကုတာမျိုးလုပ်ရပါတယ်။
ကင်ဆာအဆင့်၃ နဲ့ ၄ မှာတော့ ကင်ဆာဆဲလ်တွေက တခြားနေရာအတော်များများကို ပံျ့နေတာဖြစ်တဲ့အတွက် တနေရာချင်းစီလိုက်ခွဲစိတ်ဖယ်ထုတ်ဖို့မဖြစ်နိုင်ပါဘူး။တချို့အင်္ဂါအစိတ်ပိုင်းတွေက ဖယ်ထုတ်လို့မရတာတွေလည်းရှိပါတယ်။
ဒါကြောင့် အဆင့်၃ နဲ့ ၄ မှာ ကင်ဆာဆေးသွင်းကုတာ(Chemotherapy)ကိုပဲ အဓိကထားကုပါတယ်။
ဒါတွေကတော့ ကင်ဆာအဆင့်အလိုက် ကုသပေးတဲ့နည်းတွေကို အကြမ်းဖြင်းအနေနဲ့ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။
တကယ်တမ်းလက်တွေ့မှာတော့ လူတဦးတယောက်ချင်းစီပေါ်နဲ့ တခြားအခြေအနေတွေပေါ်မှာ မူတည်ပြီး ကွဲပြားမှုလည်းရှိနိုင်ပါတယ်။
သားဥအိမ်ကင်ဆာဖြစ်လာပြီဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး ပြသနေတဲ့ဆရာဝန်က ညွန်ကြားတဲ့ နည်းလမ်းအတိုင်းရွေးချယ်ကုသတာကတော့ အကောင်းဆုံးပါပဲလို့အကြံပြုပြောကြားရင်း ဆောင်းပါးကိုအဆုံးသတ်လိုက်ရပါတယ်။
Dr 528
Previous Post
အသည်းကျန်းမာရေးအတွက် အစားအသောက်များ
Next Post
ပျိုမေတို့နဲ့တင်းတိပ်
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
622
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
591
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.8k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.5k
Women and folic acid
အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်
1 year ago
1.6k
Health secrets that women over 50 should know
၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ
2 years ago
1.2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ပျိုမေတို့နဲ့တင်းတိပ်
အမျိုးသမီးများအတွက် သားသမီးလွယ်ကူစွာ ရနိုင်ရန် နည်းလမ်းများ
ရုံးပတီသီးအကြောင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.