ကေလးေမြးျပီးေနာက္ ကိုယ္ခႏၶာျပန္လည္ထိန္းသိမ္းခ်င္ေသာ ေမေမမ်ားအတြက္ေလ႔က်င္႔ခန္းမ်ား
တသားေမြး တေသြးလွ လို႔စကားပံုရွိေသာ္လည္းအမ်ိဳးသမီးအမ်ားစုဟာ ကိုယ္၀န္ေဆာင္၊ကေလးမီးဖြားျပီးပါက အရင္ကိုယ္ခႏၶာပံုစံနဲ႔မတူဘဲ ၀လာကာပံုစံပ်က္သြားတတ္ၾကပါတယ္။တသားေမြး၊တေသြးလွဆိုတဲ႔စကားပံုနဲ႔ညီတဲ႔ အမ်ိဳးသမီးအေရအတြက္က အနည္းအက်ဥ္းေလာက္ပဲရွိပါတယ္။ဒီလိုေျပာလိုက္လို႔လည္းအားမငယ္သြားပါနဲ႔။ကိုယ္၀န္ေဆာင္၊ကေလးေမြးျပီးေနာက္ ပ်က္သြားေသာ သင္႔ခႏၶာကိုယ္ပံုစံအတြက္ အရင္အတိုင္း(ကိုယ္၀န္မေဆာင္ခင္အခ်ိန္ကအတိုင္း)ျပန္ျဖစ္ေစမယ္႔ ေလ႔က်င္႔ခန္းေတြ အခုေခတ္မွာအမ်ားၾကီးရွိေနပါျပီ။အဲ႔ထဲကမွ သိသေလာက္အနည္းငယ္ကို ေရးသားတင္ျပပါ႔မယ္။
ေလ႔က်င္႔ခန္းေတြကို ေရးသားတင္ျပျခင္းမျပဳမီ မွာစရာတခ်က္ရွိပါတယ္။ကေလးမီးဖြားျပီးေနာက္ေလ႔က်င္႔ခန္းလုပ္မယ္ဆိုရင္ အၾကမ္းအားျဖင္႔ ရိုးရိုးေမြးတဲ႔ေမေမေတြဆိုရင္ ေမြးျပီးေျခာက္ပတ္အၾကာမွာမွ စလုပ္သင္႔ျပီးဗိုက္ခြဲေမြးထားတဲ႔ေမေမေတြဆိုရင္ေတာ႔ ေမြးျပီး ရွစ္ပတ္အၾကာေလာက္မွာမွ စလုပ္သင္႔ပါတယ္။
ေလ႔က်င္႔ခန္းပံုစံ (၁)
ၾကမ္းျပင္ေပၚမွာ ေမွာက္လိုက္ပါ။ျပီးရင္လက္နွစ္ဖက္ကိုဆန္႔ျပီးေထာက္ပါ။ေျခေထာက္နွစ္ဖက္ကိုလည္းဒူးေထာက္ေကြးကာ ေလးဖက္ေထာက္အေနအထားေနပါ။ေလးဖက္ေထာက္တဲ႔အေနအထားမွာ ခါးကိုေကြးထားတာ ကံုးထားတာ ေကာ႔ထားတာေတြမလုပ္ပါနဲ႔။တေျဖာင္႔တည္းတည္႔မတ္ေအာင္ထားပါ။အေနအထားမွန္ျပီဆိုရင္ အသက္ရႈသြင္းကာ ၀မ္းဗိုက္ၾကြက္သားကို အတြင္းသို႕ရႈံ႕သြင္းျပီး အသက္ေအာင္႔ထားပါ။ထို႔ေနာက္ေျခေထာက္တဖက္ကိုေရွ႕ထုတ္ ေျခဖ်ားေထာက္ကာ ခႏၶာကိုယ္ကိုျဖည္းညင္းစြာလႈပ္ျပီး အနည္းငယ္ေစာင္းထားပါ။
ျပီးရင္ အသက္ကိုျပန္ရႈထုတ္ပါ။ဒီအခ်ိန္မွာ ခါးကိုျမွင္႔ထားပါ။ယခုအေနအထားအတိုင္း စကၠန္႔အနည္းငယ္ေနျပီးေနာက္ မူလပထမပံုစံကိုျပန္သြားပါ။အသက္ရႈသြင္းကာ ၀မ္းဗိုက္ၾကြက္သားကိုအတြင္းသို႔ရံႈ႕ျပီး အသက္ေအာင္႔ထားပါ။ျပီးရင္ ခုနတုန္းကထုတ္တဲ႔ေျခေထာက္မဟုတ္တဲ႔ တျခားေျခေထာက္တဖက္ကိုေရွ႔ထုတ္ ေျခဖ်ားေထာက္ကာ ခႏၶာကိုယ္ကိုျဖည္းညင္းစြာလႈပ္ျပီး အနည္းငယ္ေစာင္းထားပါ။ျပီးရင္အသက္ျပန္ရႈထုတ္ပါ။ဒီလိုမ်ိဳးကို မိမိလုပ္နိုင္သေလာက္ အၾကိမ္ေရမ်ားမ်ားလုပ္ေပးပါ။
ေလ႔က်င္႔ခန္းပံုစံ ၂
ၾကမ္းျပင္ေပၚမွာ ပက္လက္အိပ္လိုက္ပါ။လက္နွစ္ဖက္ကိုေဘးမွာဆန္႔ျပီးေမွာက္ရက္ခ်ထားပါ။ဒူးကိုေကြးျပီး ေထာင္လိုက္ပါ။ေလကို ရင္ေခါင္းထဲထိေရာက္ေအာင္ အားပါးတရရိႈက္ရႈပါ။အသက္ကိုေခတၱေအာင္႔ထားကာ ေခါင္း နဲ႔ လက္ေမာင္းရင္းတို႔ကို မတင္ပါ။ျပီးမွ အသက္ကိုျပန္ရႈထုတ္လိုက္ပါ။ထို႔ေနာက္မူလပံုစံအတိုင္းျပန္ေနကာ အစကေနအဆံုးျပန္လုပ္ပါ။ဒီလိုမ်ိဳးကို မိမိလုပ္နိုင္သေလာက္ အၾကိမ္ေရမ်ားမ်ားလုပ္ေပးပါ။ဒီေလ႔က်င္႔ခန္းေတြကို ေန႔စဥ္ပံုမွန္ျပဳလုပ္ေပးမယ္ဆိုပါက ကို္ယ္၀န္ေဆာင္၊ကေလးေမြးဖြားျပီး ပ်က္သြားတဲ႔ကိုယ္ခႏၶာပံုစံကေန နဂိုမူလခႏၶာကိုယ္အခ်ိဳးအစားကို (၃)လအတြင္း ျပန္လည္ရရွိေစနိုင္ပါတယ္။
သီတာႏြယ္(အမရပူရ)
ကလေးမွေးပြီးနောက် ကိုယ်ခန္ဓာပြန်လည်ထိန်းသိမ်းချင်သော မေမေများအတွက်လေ့ကျင့်ခန်းများ
တသားမွေး တသွေးလှ လို့စကားပုံရှိသော်လည်းအမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်၊ကလေးမီးဖွားပြီးပါက အရင်ကိုယ်ခန္ဓာပုံစံနဲ့မတူဘဲ ဝလာကာပုံစံပျက်သွားတတ်ကြပါတယ်။တသားမွေး၊တသွေးလှဆိုတဲ့စကားပုံနဲ့ညီတဲ့ အမျိုးသမီးအရေအတွက်က အနည်းအကျဉ်းလောက်ပဲရှိပါတယ်။ဒီလိုပြောလိုက်လို့လည်းအားမငယ်သွားပါနဲ့။ကိုယ်ဝန်ဆောင်၊ကလေးမွေးပြီးနောက် ပျက်သွားသော သင့်ခန္ဓာကိုယ်ပုံစံအတွက် အရင်အတိုင်း(ကိုယ်ဝန်မဆောင်ခင်အချိန်ကအတိုင်း)ပြန်ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေ အခုခေတ်မှာအများကြီးရှိနေပါပြီ။အဲ့ထဲကမှ သိသလောက်အနည်းငယ်ကို ရေးသားတင်ပြပါ့မယ်။
လေ့ကျင့်ခန်းတွေကို ရေးသားတင်ပြခြင်းမပြုမီ မှာစရာတချက်ရှိပါတယ်။ကလေးမီးဖွားပြီးနောက်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အကြမ်းအားဖြင့် ရိုးရိုးမွေးတဲ့မေမေတွေဆိုရင် မွေးပြီးခြောက်ပတ်အကြာမှာမှ စလုပ်သင့်ပြီးဗိုက်ခွဲမွေးထားတဲ့မေမေတွေဆိုရင်တော့ မွေးပြီး ရှစ်ပတ်အကြာလောက်မှာမှ စလုပ်သင့်ပါတယ်။
လေ့ကျင့်ခန်းပုံစံ (၁)
ကြမ်းပြင်ပေါ်မှာ မှောက်လိုက်ပါ။ပြီးရင်လက်နှစ်ဖက်ကိုဆန့်ပြီးထောက်ပါ။ခြေထောက်နှစ်ဖက်ကိုလည်းဒူးထောက်ကွေးကာ လေးဖက်ထောက်အနေအထားနေပါ။လေးဖက်ထောက်တဲ့အနေအထားမှာ ခါးကိုကွေးထားတာ ကုံးထားတာ ကော့ထားတာတွေမလုပ်ပါနဲ့။တဖြောင့်တည်းတည့်မတ်အောင်ထားပါ။အနေအထားမှန်ပြီဆိုရင် အသက်ရှုသွင်းကာ ဝမ်းဗိုက်ကြွက်သားကို အတွင်းသို့ရှုံ့သွင်းပြီး အသက်အောင့်ထားပါ။ထို့နောက်ခြေထောက်တဖက်ကိုရှေ့ထုတ် ခြေဖျားထောက်ကာ ခန္ဓာကိုယ်ကိုဖြည်းညင်းစွာလှုပ်ပြီး အနည်းငယ်စောင်းထားပါ။
ပြီးရင် အသက်ကိုပြန်ရှုထုတ်ပါ။ဒီအချိန်မှာ ခါးကိုမြှင့်ထားပါ။ယခုအနေအထားအတိုင်း စက္ကန့်အနည်းငယ်နေပြီးနောက် မူလပထမပုံစံကိုပြန်သွားပါ။အသက်ရှုသွင်းကာ ဝမ်းဗိုက်ကြွက်သားကိုအတွင်းသို့ရှုံ့ပြီး အသက်အောင့်ထားပါ။ပြီးရင် ခုနတုန်းကထုတ်တဲ့ခြေထောက်မဟုတ်တဲ့ တခြားခြေထောက်တဖက်ကိုရှေ့ထုတ် ခြေဖျားထောက်ကာ ခန္ဓာကိုယ်ကိုဖြည်းညင်းစွာလှုပ်ပြီး အနည်းငယ်စောင်းထားပါ။ပြီးရင်အသက်ပြန်ရှုထုတ်ပါ။ဒီလိုမျိုးကို မိမိလုပ်နိုင်သလောက် အကြိမ်ရေများများလုပ်ပေးပါ။
လေ့ကျင့်ခန်းပုံစံ ၂
ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်လိုက်ပါ။လက်နှစ်ဖက်ကိုဘေးမှာဆန့်ပြီးမှောက်ရက်ချထားပါ။ဒူးကိုကွေးပြီး ထောင်လိုက်ပါ။လေကို ရင်ခေါင်းထဲထိရောက်အောင် အားပါးတရရှိုက်ရှုပါ။အသက်ကိုခေတ္တအောင့်ထားကာ ခေါင်း နဲ့ လက်မောင်းရင်းတို့ကို မတင်ပါ။ပြီးမှ အသက်ကိုပြန်ရှုထုတ်လိုက်ပါ။ထို့နောက်မူလပုံစံအတိုင်းပြန်နေကာ အစကနေအဆုံးပြန်လုပ်ပါ။ဒီလိုမျိုးကို မိမိလုပ်နိုင်သလောက် အကြိမ်ရေများများလုပ်ပေးပါ။ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးမယ်ဆိုပါက ကိုယ်ဝန်ဆောင်၊ကလေးမွေးဖွားပြီး ပျက်သွားတဲ့ကိုယ်ခန္ဓာပုံစံကနေ နဂိုမူလခန္ဓာကိုယ်အချိုးအစားကို (၃)လအတွင်း ပြန်လည်ရရှိစေနိုင်ပါတယ်။
သီတာနွယ်(အမရပူရ)