fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မအင်္ဂါကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မအင်္ဂါကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာကို ဆေးပညာအရ Ca Vulva လို့ခေါ်ပါတယ်။မိန်းမကိုယ်(မအင်္ဂါ) မှာ မိန်းမကိုယ်နှုတ်ခမ်းအကြီး(Labia majora)၊မိန်းမကိုယ်နှုတ်ခမ်းအသေး(Labia minora)၊မအင်္ဂါစေ့(Clitoris)၊ဘာသိုလင်ဂလင်း(Bartholin’s gland)၊ဆီးလမ်းကြောင်းအပေါက်(Uretheral opening) နဲ့ မွေးလမ်းအပေါက် (Vaginal Opening) စသဖြင့်ပါဝင်ပါတယ်။

ဒီမိန်းမကိုယ်ကင်ဆာ ဟာ မိန်းမတွေမှာပဲဖြစ်တတ်တဲ့ ရင်သားကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊သားဥအိမ်ကင်ဆာတွေနဲ့ယှဉ်ရင် အဖြစ်နည်းလေ့ရှိတဲ့၊ဖြစ်လေ့သိပ်မရှိတဲ့ ကင်ဆာအမျိုးအစား(Uncommon Cancer)ဖြစ်ပါတယ်။

ဖြစ်ပြီဆိုရင်လည်း အသက်၆၀ ကနေ ၇၄ နှစ်ကြား အရွယ်အမျိုးသမီးကြီးတွေမှာပဲ အဖြစ်များလေ့ရှိပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်ရင်ကျ တခြားနေရာကကင်ဆာက မိန်းမကိုယ်ဆီကို ပျံ့နှံ့လို့ဖြစ်နိုင်တဲ့ဆိုတဲ့အချက်ကိုထည့်စဉ်းစားပြီး တခြားနေရာကကင်ဆာရှိမရှိစစ်ဆေးကြည့်ဖို့လိုပါတယ်။(ဥပမာ သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် ရင်သားကင်ဆာ သို့မဟုတ် အသည်းကင်ဆာက မိန်းမကိုယ်ဆီပျံ့ရာကနေ မိန်းမကိုယ်ကင်ဆာဖြစ်တာမျိုးပါ)

မိန်းမကိုယ်ကင်ဆာဖြစ်ပွားရတဲ့အကြောင်းရင်းအတိအကျကိုတော့သေချာမသိသေးပါ။

ဖြစ်နိင်ခြေရှိတဲ့အကြောင်းတွေကတော့

– လိင်ဆက်ဆံဖက် သို့မဟုတ် အိမ်ထောင်ဆက် များတာ
– Human papilloma virus(HPV)ပိုးကူးစက်ခံရဖူးတာ
– Herpes Simples virus(HSV)ပိုးကူးစက်ခံရဖူးတာ
– အသက်အရွယ်ကြီးလာတာ
– ဆေးလိပ်သောက်တာ
– ကိုယ်ခံအားကျတဲ့ရောဂါတခုခုရှိတာ စသည်ဖြင့် ဖြစ်ပါတယ်။

မအင်္ဂါကင်ဆာ ရောဂါလက္ခဏာများ

မအင်္ဂါကင်ဆာ ရောဂါလက္ခဏာတွေထဲမှာမှ အဖြစ်များလေ့ရှိတာကတော့ အချိန်အကြာကြီးလနဲ့ချီပြီး မိန်းမကိုယ်ယားယံခြင်းဖြစ်တာပါ။
တခြားလက္ခဏာတွေကတော့
– မိန်းမကိုယ်ရောင်ရမ်းနာကျင်တာ
– ရာသီလာရက်မဟုတ်ဘဲသွေးဆင်းတာ
– အရည်ကြည်တွေဆင်းတာ
– အတူနေပြီးတဲ့အခါတိုင်းသွေးထွက်တာ
– မိန်းမကိုယ်မှာ အနာသို့မဟုတ် အလုံးအကျိတ်ဖြစ်တာစသည်ဖြင့် ဖြစ်ပါတယ်။

ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်တွေလနဲ့ချီပြီးအချိန်အကြာကြီးယားယံတာမျိုးဖြစ်ရင် သို့မဟုတ် ခုနကပြောတဲ့လက္ခဏာတခုခုရှိရင် ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး မိန်းမကိုယ်ကင်ဆာဟုတ်မဟုတ် သိဖို့ စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

မိန်းမကိုယ်ကင်ဆာအတွက်စစ်ဆေးမှုတွေကတော့
– မိန်းမကိုယ်မှန်ပြောင်းကြည့်တာနဲ့
– အသားစယူစစ်ဆေးတာတွေပါ။

ဒီလိုစစ်ဆေးလို့ မိန်းမကိုယ်ကင်ဆာရှိပြီဆိုရင် တခြားနေရာတွေကိုပျံ့နေမနေသိဖို့အတွက်နဲ့ကုသဖို့အတွက် အာထရာဆောင်းရိုက်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ကွန်ပြူတာဓါတ်မှန်ရိုက်တာ၊သံလိုက်ဓါတ်မှန်ရိုက်တာ၊သွေးစစ်တာ၊အီးစီဂျီဆွဲတာ အစရှိတဲ့စစ်ဆေးမှုတွေထပ်လုပ်ဖို့လိုပါတယ်။

ကုသမှုအပိုင်း အနေနဲ့ကတော့ ကင်ဆာအဆင့်ပေါ်မှုတည်ပြီး
– ခွဲစိတ်ကုသတာ
– ကင်ဆာဆေးသွင်းကုသတာ
– ဓါတ်ရောင်ခြည်နဲ့ကုသတာအသီးသီးရှိသလို လိုအပ်ရင်၂ နည်းပေါင်းပြီ းတွဲကုတာမျိုးလည်းရှိပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ မိန်းမကိုယ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင်
– တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ
– အတူမနေခင်နဲ့အတူနေပြီးတိုင်း အမျိုးသားရော အမျိုးသမီးရော မိမိအင်္ဂါကိုသေချာရေနဲ့ဆေးပါ
– အတွင်းခံတွေကိုသန့်သန့်ရှင်းရှင်းလျှော်ဖွတ်မီးပူတိုက်ပါ
– HPV ပိုးဝင်ရောက်ကူးစက်နိုင်ခြေနည်းအောင် သားအိမ်ခေါင်းကာကွယ်ဆေးထိုးထားပါ
– ဆေးလိပ်မသောက်ပါနဲ့
– ဆေးလိပ်သောက်တဲ့သူတွေနဲ့လည်းဝေးဝေးရှောင်ပါလို့အကြံပြုလိုက်ရပါတယ်။

Dr 528

Previous Post

မွေးရာပါ CP

Next Post

မျက်ခုံးမွှေးထူထူ ပိုင်ရှင်ဖြစ်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
618

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
587
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်ခုံးမွှေးထူထူ ပိုင်ရှင်ဖြစ်ဖို့

ကလေးငယ်နှင့် ကစားစရာအရုပ်အန္တရာယ်

လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ဆစ်ဖလစ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.