fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မီးဖွားပြီး ဝိတ်ပြန်ချကြမယ်

594
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/06/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မီးဖွားပြီး ဝိတ်ပြန်ချကြမယ်

ကိုယ်ဝန်သည် အမျိုးသမီးတွေအများစုမှာ မီးဖွားပြီးတဲ့အခါ ကိုယ်အလေးချိန်တွေ မတရားတိုးလာတတ်တယ်။ ကိုယ်ဝန်မှာ ကလေးအတွက် အာဟာရများအောင် အားရှိတာအစုံစားတာတွေ အားဆေးတွေကြောင့်လည်းပါတယ်။ မီးဖွားပြီးတော့လည်း ကလေးပဲ မွေးလိုက်တာ ကျန်တဲ့ ဝိတ်က မီးနေသည်ဆီမှာပဲ ကျန်ခဲ့တာကြောင့် ကိုယ်အလေးချိန်က ပြန်ကျဖို့မလွယ်ပါဘူး။

မီးနေသည်တစ်ယောက်က ဘယ်လောက်ပဲဝိတ်တက်နေပါစေ ကလေးကို အမေနို့တစ်မျိုးပဲတိုက်နေတုန်းမှာတော့ အစားတွေ တမင်ရှောင်နေလို့မရပါဘူး။ မိခင်အစားရှောင်တာကြောင့် ကလေးမှာ အာဟာရမပြည့်စုံမှာစိုးလို့ပါ မီးဖွားပြီးကာစမှာတော့ ချက်ချင်း ဝိတ်ပြန်ချဖို့မကြိုးစားစေချင်ပါဘူး။ အစားကို အာဟာရပြည့်အောင်ဆက်စားပါ အိပ်ပါ မိခင်အားရှိမှ ကလေးအားရှိမှာပါ။

မီးဖွားပြီးစမှာလုပ်လို့ရတာကတော့ ဗိုက်စည်းစည်းတာပါပဲ ခွဲမွေးတာဖြစ်ဖြစ် ရိုးရိုးမွေးတာဖြစ်ဖြစ် ဗိုက်စည်းစည်းလို့ရပါတယ်။ ခွဲမွေးတဲ့မီးနေသည်တွေကတော့ အပြင်ချုပ်ရိုးကျက်အောင်ခဏစောင့်ပါ ခွဲပြီးနှစ်ပတ်လောက်နေမှ ဗိုက်စည်းစပြီးအသုံးပြုပါ ဗိုက်စည်းတွေက အမျိုးမျိုးလာပါတယ်။ ပိတ်နဲ့လုပ်တာလည်းရှိသလို ကော်ပြားလိုမျိုးတွေလည်းရှိပါတယ်။ ကြိုးချည်ရတာရှိသလို ကပ်ခွာ နဲ့ ချိတ်တပ်ရတာလည်းရှိပါတယ် ဗိုက်စည်းစည်းတဲ့အခါ တင်းနေအောင်စည်းရတယ် ဆိုပေမယ့် ကိုယ်ခံနိုင်သလောက်ပမာဏကိုစစည်းပါ ဗိုက်စည်းစည်းတဲ့အခါ တစ်နေ့ကို ၈နာရီတောက်လျှောက်စည်းထားပါ မနက် ၈နာရီစစည်းတယ်ဆို ညနေလေးလောက်ထိ စသည်းပါ အိပ်တာစားတာ ထမင်းစားတာတောက်လျှောက်စည်းထားရပါမယ်။

ဒါကြောင့် အရမ်းလည်းမတင်းစေချင်သလို အရမ်းလည်းမချောင်စေချင်ပါဘူး။ တင်းလွန်းတဲ့အခါ ဗိုက်အရေပြားမှာ မလိုလားတဲ့ အနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဗိုက်စည်းစည်းထားရင်းလည်းသံလွင်ဆီလိမ်းစေချင်ပါတယ်။ ကျပ်လွန်းတဲ့ ဗိုက်စည်းကြောင့် ဗိုက်မှာ အရေးကြောင်းတွေ ထင်ကျန်ရစ်တာမျိုးကိုမဖြစ်စေချင်လို့ပါ ဗိုက်စည်းနဲ့ကျင့်သားရလာပြီဆိုမှ တစ်ဖြည်းဖြည်းစီ ပိုကျပ်လာလို့ရပါတယ်။

တစ်နေကုန်စည်းထားလည်းရပါတယ်။ ဒါကတော့ မီးဖွားပြီးစကနေ တစ်လခွဲနှစ်လလောက်အထိ လုပ်လို့ရတာပါ။ မီးဖွားပြီးစကနေ ကလေးအသက် ၆ လအထိက အမေနို့တစ်မျိုးပဲ တိုက်ရတာကြောင့် ဒီကာလအတွင်းမှာတော့ အစားရှောင်ဖို့ မဖြစ်နိုင်ပါဘူး အာဟာရပြည့်တာတွေအကုန်စားပေးရပါမယ်။ အချိန်မှန်လည်းစားရမယ် အစားအကုန်စားဆိုပေမယ့် အဆီအဆိမ့်များလွန်းတာတွေတော့ရှောင်လို့ရပါတယ်။

ရေတော့များများသောက်ပေးရပါမယ်။ နို့ထွက်လည်းများစေတယ် ဗိုက်လည်းအရမ်းမဆာတော့ဘူး ရေသောက်ပေးတာကြောက့်လည်း ဝမ်းချုပ်တာကိုသက်သာစေတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်မီးဖွားပြီးတဲ့အခါ ဘယ်အချိန် လေ့ကျင့်ခန်းတွေပြန်လုပ်လို့ရလဲ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်လို့ရလဲ ဆိုတာ အမေးများတဲ့မေးခွန်းတွေပါပဲ ကလေးမီးဖွားထားတာက ရိုးရိုးမွေးထားတာလား ခွဲမွေးတာလား ဆိုတာပေါ် အများကြီးမူတည်ပါတယ်။

ရိုးရိုးမွေးတဲ့ မိခင်တွေအတွက်က အချိန်မသတ်မှတ်ထားပါဘူး။ မွေးပြီးတစ်ပတ် အလွန်ဆုံးနှစ်ပတ်ဆို ပုံမှန်အတိုင်းလှုပ်ရှားလို့ရပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်လို့ရတယ် ပြေးတာ အမြန်လျှောက်တာ ခါးလေ့ကျင့်ခန်း အိပ်ထမတင် စသဖြင့်အစုံလည်းပေးလုပ်ပါတယ်။ တစ်ခုပါပဲ ကလေးလည်းနို့တိုက်ရတာတွေရှိတာကြောင့် အိပ်ရေးပျက်တာတွေရှိတာကြောင့်တော့ ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေ ရှောင်စေချင်တာပါပဲ။

ခွဲမွေးထားတဲ့ မိခင်တွေကျတော့အရမ်းဂရုစိုက်ရပါတယ် ထင်သလိုလုပ်လို့မရပါဘူး။ အပြင်ချုပ်ရိုးကျက်တယ်ဆိုရင်တောင် အထဲကသားအိမ်ချုပ်ရိုးကိုစိတ်ပူရပါတယ်။ ကလေးမွေးပြီးနှစ်လကနေသုံးလအတွင်းတော့ ဘာလေ့ကျင့်ခန်းမှ မလုပ်စေချင်ပါဘူး ဗိုက်စည်းစည်းလို့ရတယ်။ မတ်မတ်ထိုင်ပေးလို့ရပါတယ်။

ခွဲမွေးပြီးသုံးလကျော်လာရင်တော့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေစလုပ်ပါ။ အမြန်လျှောက်တာတွေ ဖြေးဖြေးပြေးတာလေးတွေကနေစပါ။ ခါးလေ့ကျင့်ခန်းကို ဖြေးဖြေးစလုပ်ပါ။ ခွဲမွေးပြီး ငါးလမှာတော့ ပုံမှန်လိုလှုပ်ရှားလို့ရပါတယ်။ အိပ်ထမတင်စလုပ်ပါ ပြေးပါ ခါးလေ့ကျင့်ခန်းတွေ သေချာလုပ်ပါ။

ကလေးမွေးပြီးရင်အဓိကက ဗိုက်ပူလာတာပါ ဗိုက်နဲ့ တင်ပဆုံကြားမှာ အဆီပိုတွေများလာတတ်တယ်။ ခါးအဝိုင်းလှည့်ပေးလို့လည်းရတယ် ကြာကြာမထိုင်ပါနဲ။့ ထိုင်ရင်လည်းမတ်မတ်ထိုင်ပါ။ လေ့ကျင့်ခန်းသေချာလုပ်ဖြစ်တယ်ဆို ကိုယ်ခန္ဓာ အလေးချိန်နဲ့ ပုံစံကိုပြန်ထိန်းနိုင်ပါတယ်။

ကလေးက အမေနို့အပြင် ဖြည့်စွက်စာကောင်းကောင်းစားလာပြီဆိုရင်တော့ အစားကို ပုံမှန်ပဲစားပါ။ အဆီအဆိမ့်အငံများတာတွေရှောင်ပါ။ အသီးအရွက်ပြုတ်တွေပိုစားပါ။ အပြင်စာနှာမြောစာတွေရှောင်ပါ။ ညနေ ၆နာရီနောက်ပိုင်း မစားဖြစ်အောင်ထိန်းပါ။ ဒါတွေသေချာလုပ်ဖြစ်တယ်ဆို မီးဖွားပြီးလည်း ကိုယ်အလေးချိန်သေချာထိန်းလို့ရပါတယ် အချိန်တစ်ခုထိတော့ စောင့်ဖို့လိုပါတယ်။

Dr. CST

Previous Post

ခြင်ဆေးခွေရဲ့ ဆိုးကျိုးများ

Next Post

ဆံပင်ပါးခြင်းနှင့် ဆံပင်ကျွတ်ခြင်းပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
767

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
741
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.3k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.8k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆံပင်ပါးခြင်းနှင့် ဆံပင်ကျွတ်ခြင်းပြဿနာ

ရာသီပန်းရဲ့ဒုက္ခ

အမာရွတ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.