fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကေလးမ်ားတြင္ျဖစ္တတ္ေသာ ဦးေႏွာက္အေျမႇးေရာင္ေရာဂါ

143
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/01/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ဦးေႏွာက္အေျမႇးေရာင္ေရာဂါသည္ ဦးေႏွာက္ထဲတြင္ ပိုးဝင္ေသာေရာဂါျဖစ္ျခင္းေၾကာင့္ အသက္အႏၲရာယ္လြန္ စြာႀကီးပါတယ္။ ကေလးသည္အသက္မေသေသာ္လည္း ကိုယ္အဂၤါအစိတ္အပိုင္း ခ်ိဳ႕တဲ့ၿပီးလူစဥ္မမီေသာ အေျခအေနထိျဖစ္သြားႏိုင္ပါတယ္။

ဦးေႏွာက္၏အတိမ္အနက္
ဦးေႏွာက္အေျမႇးေရာင္ေရာဂါသည္ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ျဖစ္ပြားႏႈန္း မမ်ားေသာ္လည္း မၾကာခဏႀကဳံေတြ႕ေန ရပါသည္။ ေရာဂါကိုေစာစီးစြာသိရွိၿပီး လွ်င္ျမန္စြာထိထိေရာက္ေရာက္ကုသပါက အသက္အႏၲရာယ္မထိခိုက္ ေသာ္လည္း ေနာက္က်ပါကေသဆုံးသြားႏိုင္ပါသည္။ ကိုယ္အဂၤါခ်ိဳ႕တဲ့ၿပီး လူစဥ္မမီလည္းျဖစ္သြားႏိုင္ပါသည္။ ေရာဂါျဖစ္ပါကေပါ့ဆလို႔မရပါ။ ေဆး႐ုံတက္ၿပီးထိေရာက္စြာကုသပါ။ ရက္သတၱပတ္ႏွစ္ပတ္ၾကာတတ္ၿပီး ၂၄ နာ ရီေစာင့္ၾကည့္ျပဳစုရပါမည္။ ေမြးကင္းစႏွင့္ လသားကေလးမ်ားတြင္ ပိုၿပီးဆိုးဝါးတတ္သည္။ အသက္ငယ္ေလပို ဆိုးေလျဖစ္သည္။ ကေလးငယ္မ်ားသည္ ကူးစက္ေသာေရာဂါပိုးမတူညီျခင္းေၾကာင့္ ေရာဂါလကၡဏာျဖစ္ေပၚ လာမႈမတူညီႏိုင္ေပ။

ေမြးကင္းစ၊ ရက္သား၊ လသားကေလးငယ္မ်ားတြင္ ျဖစ္ေပၚေသာေရာဂါလကၡဏာမ်ား
ထိုကေလးမ်ားတြင္ ေရာဂါျဖစ္ပါက အခ်ိန္အနည္းငယ္အတြင္း၌ ဦးေႏွာက္ထဲသို႔ေရာဂါပိုးေရာက္သြားႏိုင္ပါ သည္။ မိဘမ်ားအေနျဖင့္ ေပါ့ဆၿပီးစပ္ေဆးမ်ား၊ တိုင္းရင္းေဆးမ်ား၊ ေဆးၿမီးတိုမ်ားကို မိမိသေဘာျဖင့္တိုက္ ေကြၽးျခင္းမျပဳရပါ။ ဆိုးက်ိဳးအေနျဖင့္ ကိုယ္အဂၤါခ်ိဳ႕တဲ့ၿပီး လူစဥ္မမီဘဲေသဆုံးျခင္းမ်ား ျဖစ္ေပၚတတ္ပါသည္။ ေရာဂါကိုေစာေစာသိႏိုင္ေသာ လကၡဏာမ်ားကိုသိထားမွသာ မိမိကေလးအတြက္ေကာင္းမြန္မည္ျဖစ္သည္။

ေစာေစာသိႏိုင္ေသာေရာဂါလကၡဏာမ်ားမွာ ကေလးငယ္သည္ သာမန္ႏို႔စို႔ေနက်ထက္ ႏို႔စို႔မႈနည္းျခင္း၊ လန္း ဆန္းမႈမရွိဘဲမွိန္းေနျခင္း၊ ပုံမွန္ထက္အိပ္ေနျခင္း၊ အီလာျခင္း၊ ငယ္ထိပ္ေဖာင္းလာျခင္း (သို႔) တင္းလာျခင္း၊ ဖ်ား ျခင္း (သို႔) အဖ်ားမရွိျခင္း၊ အန္ျခင္းႏွင့္တက္ျခင္းတို႔ ျဖစ္ပါသည္။ ထိုလကၡဏာမ်ားေတြ႕ရွိပါက ခ်က္ျခင္းလက္ငင္း တတ္ကြၽမ္းေသာဆရာဝန္မ်ားႏွင့္ ျပသရန္အေရးႀကီးပါသည္။ မျပသႏိုင္ပါက အသက္အႏၲရာယ္စိုးရိမ္ရႏိုင္ပါ သည္။

လသား၊ ႏွစ္သားကေလးမ်ားတြင္ ျဖစ္ေပၚေသာေရာဂါလကၡဏာမ်ား
အသက္နည္းနည္းႀကီးေသာ လသား၊ ႏွစ္သားကေလးမ်ားတြင္ ျဖစ္ေပၚေသာေရာဂါလကၡဏာမ်ားမွာ အသက္ရႈ လမ္းေၾကာင္းမွ ပိုးဝင္ပါက ဖ်ားျခင္း၊ ေခ်ာင္းဆိုးရင္ၾကပ္ျခင္းႏွင့္ နားျပည္ယိုျခင္း၊ ဆီးလမ္းေၾကာင္းမွတစ္ဆင့္ပိုး ဝင္ပါက ဖ်ားျခင္း၊ ဆီးသြားခါနီးငိုျခင္း၊ ဆီးအနံ႔ထြက္ျခင္းႏွင့္ ဆီးေနာက္ျခင္းမ်ားျဖစ္ပါသည္။

ထို႔ေနာက္ေရာဂါပိုးသည္ ဦးေႏွာက္ထိေရာက္သြားပါက အန္ျခင္း၊ အီလာျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ေခါင္း ကိုက္ျခင္း၊ ဇက္လန္ဇက္ခိုင္ႏွင့္ ဇက္ေတာင့္တင္းျခင္း၊ ေျခ၊ လက္မ်ားေတာင့္တင္းျခင္းႏွင့္ ဆိုး႐ြားလာပါတက္ ျခင္းမ်ားျဖစ္တတ္ပါသည္။

ကာကြယ္ျခင္း
ဦးေႏွာက္အေျမႇးေရာင္ေရာဂါသည္ ကေလးမ်ားအတြက္ မ်ားစြာအႏၲရာယ္ရွိျခင္းေၾကာင့္ ေရာဂါမျဖစ္ေစရန္ ကာ ကြယ္ရပါမည္။ ထို႔အျပင္ ေရာဂါ၏ သံသယျဖစ္စရာ လကၡဏာမ်ားကိုလည္းေစာစီးစြာ သိရွိရန္လည္းလိုအပ္ပါ သည္။ Haemophilus B ဆိုေသာေရာဂါပိုးေၾကာင့္ ျဖစ္ပါက ကာကြယ္ေဆးထိုးလို႔ရႏိုင္ပါသည္။ Meningococcal ဟုေခၚေသာ ဦးေႏွာက္အေျမႇးေရာင္ျခင္းသည္ ကေလးမ်ားတြင္သာမက အသက္နည္းနည္း ႀကီးေသာလူႀကီးမ်ားတြင္လည္းျဖစ္တတ္လို႔ သတိထားရပါမည္။ အုပ္စုလိုက္လည္းျဖစ္တတ္ၿပီး ကာကြယ္ေဆး ထိုးထားရပါမည္။

ဦးေႏွာက္အေျမႇးေရာင္ေရာဂါသည္ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပါက တစ္ဦးႏွင့္တစ္ဦးကူးစက္မႈျမန္ဆန္လို႔ ေရာဂါရွိသူ ႏွင့္ အနည္းဆုံး (၃)ေပအကြာတြင္ေနရပါမည္။ ႏွာေခါင္းစည္း၊ လက္အိတ္၊ ဦးထုပ္စသည္တို႔ဝတ္ဆင္ထားရပါ မည္။ လူနာအားကိုင္တြယ္ၿပီးပါက လက္ေဆးရပါမည္။ ေရာဂါျဖစ္သူမွလည္း လူအုပ္အတြင္းသြားလာျခင္းကို ေရွာင္ၾကဥ္ရပါမည္။ ေလေကာင္းေလသန႔္ရေအာင္ျပဳလုပ္ရပါမည္။ ကာကြယ္ေဆးမ်ား တိုက္ေကြၽးရပါမည္။ က ေလးတြင္နားျပည္ယိုပါက မေပါ့ဆဘဲထိေရာက္စြာကုသရပါမည္။ နားျပည္ယိုျခင္းေၾကာင့္ နားေလးျခင္း၊ ဦး ေႏွာက္ထဲျပည္တည္ျခင္းႏွင့္ ဦးေႏွာက္အေျမႇးေရာင္တတ္ျခင္းမ်ား ျဖစ္ေပၚတတ္ပါသည္။

ဦးေႏွာက္အေျမႇးေရာင္ေရာဂါသည္ ေမြးကင္းစ၊ ရက္သားႏွင့္လသားကေလးမ်ားတြင္ ျဖစ္ပါက အသက္အႏၲ ရာယ္စိုးရိမ္ရပါသည္။ ထို႔ေၾကာင့္ မိဘတိုင္းသည္အသက္ငယ္သည္ႏွင့္အမွ် အခ်ိန္မရဘဲေသဆုံးႏိုင္၍ မိမက ေလးအားႏို႔စို႔မႈနည္းျခင္း၊ ဝမ္းပ်က္ျခင္း၊ ႏွာေစးေခ်ာင္းဆိုးျခင္း၊ ဖ်ားျခင္းမ်ားရွိပါက တတ္ကြၽမ္းနားလည္ေသာဆ ရာဝန္မ်ားကို လွ်င္ျမန္စြာျပသရပါမည္။ ကေလးႀကီးမ်ားတြင္လည္း လန္းဆန္းမႈမရွိျခင္း၊ အစားအေသာက္ပ်က္ ျခင္း၊ အန္ျခင္း၊ မွိန္းျခင္းႏွင့္ အီျခင္းမ်ားရွိပါကလည္း မေပ့ါဆသင့္ပါ။ ကေလးတက္ၿပီးသတိေမ့သြားပါက အသက္အႏၲရာယ္စိုးရိမ္ရႏိုင္သည္ကို သိရွိထားသင့္ေၾကာင္းအႀကံျပဳအပ္ပါသည္။

Author – ေဒါက္တာမင္းသူရိန္ (Vol-7 / No13) Healthcare Journal

(Unicode)

ဦးနှောက်အမြှေးရောင်ရောဂါသည် ဦးနှောက်ထဲတွင် ပိုးဝင်သောရောဂါဖြစ်ခြင်းကြောင့် အသက်အန္တရာယ်လွန် စွာကြီးပါတယ်။ ကလေးသည်အသက်မသေသော်လည်း ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့တဲ့ပြီးလူစဉ်မမီသော အခြေအနေထိဖြစ်သွားနိုင်ပါတယ်။

ဦးနှောက်၏အတိမ်အနက်

ဦးနှောက်အမြှေးရောင်ရောဂါသည် ကျွန်တော်တို့နိုင်ငံတွင်ဖြစ်ပွားနှုန်း မများသော်လည်း မကြာခဏကြုံတွေ့နေ ရပါသည်။ ရောဂါကိုစောစီးစွာသိရှိပြီး လျှင်မြန်စွာထိထိရောက်ရောက်ကုသပါက အသက်အန္တရာယ်မထိခိုက် သော်လည်း နောက်ကျပါကသေဆုံးသွားနိုင်ပါသည်။ ကိုယ်အင်္ဂါချို့တဲ့ပြီး လူစဉ်မမီလည်းဖြစ်သွားနိုင်ပါသည်။ ရောဂါဖြစ်ပါကပေါ့ဆလို့မရပါ။ ဆေးရုံတက်ပြီးထိရောက်စွာကုသပါ။ ရက်သတ္တပတ်နှစ်ပတ်ကြာတတ်ပြီး ၂၄ နာ ရီစောင့်ကြည့်ပြုစုရပါမည်။ မွေးကင်းစနှင့် လသားကလေးများတွင် ပိုပြီးဆိုးဝါးတတ်သည်။ အသက်ငယ်လေပို ဆိုးလေဖြစ်သည်။ ကလေးငယ်များသည် ကူးစက်သောရောဂါပိုးမတူညီခြင်းကြောင့် ရောဂါလက္ခဏာဖြစ်ပေါ် လာမှုမတူညီနိုင်ပေ။

မွေးကင်းစ၊ ရက်သား၊ လသားကလေးငယ်များတွင် ဖြစ်ပေါ်သောရောဂါလက္ခဏာများ

ထိုကလေးများတွင် ရောဂါဖြစ်ပါက အချိန်အနည်းငယ်အတွင်း၌ ဦးနှောက်ထဲသို့ရောဂါပိုးရောက်သွားနိုင်ပါ သည်။ မိဘများအနေဖြင့် ပေါ့ဆပြီးစပ်ဆေးများ၊ တိုင်းရင်းဆေးများ၊ ဆေးမြီးတိုများကို မိမိသဘောဖြင့်တိုက် ကျွေးခြင်းမပြုရပါ။ ဆိုးကျိုးအနေဖြင့် ကိုယ်အင်္ဂါချို့တဲ့ပြီး လူစဉ်မမီဘဲသေဆုံးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ရောဂါကိုစောစောသိနိုင်သော လက္ခဏာများကိုသိထားမှသာ မိမိကလေးအတွက်ကောင်းမွန်မည်ဖြစ်သည်။

စောစောသိနိုင်သောရောဂါလက္ခဏာများမှာ ကလေးငယ်သည် သာမန်နို့စို့နေကျထက် နို့စို့မှုနည်းခြင်း၊ လန်း ဆန်းမှုမရှိဘဲမှိန်းနေခြင်း၊ ပုံမှန်ထက်အိပ်နေခြင်း၊ အီလာခြင်း၊ ငယ်ထိပ်ဖောင်းလာခြင်း (သို့) တင်းလာခြင်း၊ ဖျား ခြင်း (သို့) အဖျားမရှိခြင်း၊ အန်ခြင်းနှင့်တက်ခြင်းတို့ ဖြစ်ပါသည်။ ထိုလက္ခဏာများတွေ့ရှိပါက ချက်ခြင်းလက်ငင်း တတ်ကျွမ်းသောဆရာဝန်များနှင့် ပြသရန်အရေးကြီးပါသည်။ မပြသနိုင်ပါက အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါ သည်။

လသား၊ နှစ်သားကလေးများတွင် ဖြစ်ပေါ်သောရောဂါလက္ခဏာများ

အသက်နည်းနည်းကြီးသော လသား၊ နှစ်သားကလေးများတွင် ဖြစ်ပေါ်သောရောဂါလက္ခဏာများမှာ အသက်ရှု လမ်းကြောင်းမှ ပိုးဝင်ပါက ဖျားခြင်း၊ ချောင်းဆိုးရင်ကြပ်ခြင်းနှင့် နားပြည်ယိုခြင်း၊ ဆီးလမ်းကြောင်းမှတစ်ဆင့်ပိုး ဝင်ပါက ဖျားခြင်း၊ ဆီးသွားခါနီးငိုခြင်း၊ ဆီးအနံ့ထွက်ခြင်းနှင့် ဆီးနောက်ခြင်းများဖြစ်ပါသည်။

ထို့နောက်ရောဂါပိုးသည် ဦးနှောက်ထိရောက်သွားပါက အန်ခြင်း၊ အီလာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ ဇက်လန်ဇက်ခိုင်နှင့် ဇက်တောင့်တင်းခြင်း၊ ခြေ၊ လက်များတောင့်တင်းခြင်းနှင့် ဆိုးရွားလာပါတက် ခြင်းများဖြစ်တတ်ပါသည်။

ကာကွယ်ခြင်း

ဦးနှောက်အမြှေးရောင်ရောဂါသည် ကလေးများအတွက် များစွာအန္တရာယ်ရှိခြင်းကြောင့် ရောဂါမဖြစ်စေရန် ကာ ကွယ်ရပါမည်။ ထို့အပြင် ရောဂါ၏ သံသယဖြစ်စရာ လက္ခဏာများကိုလည်းစောစီးစွာ သိရှိရန်လည်းလိုအပ်ပါ သည်။ Haemophilus B ဆိုသောရောဂါပိုးကြောင့် ဖြစ်ပါက ကာကွယ်ဆေးထိုးလို့ရနိုင်ပါသည်။ Meningococcal ဟုခေါ်သော ဦးနှောက်အမြှေးရောင်ခြင်းသည် ကလေးများတွင်သာမက အသက်နည်းနည်း ကြီးသောလူကြီးများတွင်လည်းဖြစ်တတ်လို့ သတိထားရပါမည်။ အုပ်စုလိုက်လည်းဖြစ်တတ်ပြီး ကာကွယ်ဆေး ထိုးထားရပါမည်။

ဦးနှောက်အမြှေးရောင်ရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါက တစ်ဦးနှင့်တစ်ဦးကူးစက်မှုမြန်ဆန်လို့ ရောဂါရှိသူ နှင့် အနည်းဆုံး (၃)ပေအကွာတွင်နေရပါမည်။ နှာခေါင်းစည်း၊ လက်အိတ်၊ ဦးထုပ်စသည်တို့ဝတ်ဆင်ထားရပါ မည်။ လူနာအားကိုင်တွယ်ပြီးပါက လက်ဆေးရပါမည်။ ရောဂါဖြစ်သူမှလည်း လူအုပ်အတွင်းသွားလာခြင်းကို ရှောင်ကြဉ်ရပါမည်။ လေကောင်းလေသန့်ရအောင်ပြုလုပ်ရပါမည်။ ကာကွယ်ဆေးများ တိုက်ကျွေးရပါမည်။ က လေးတွင်နားပြည်ယိုပါက မပေါ့ဆဘဲထိရောက်စွာကုသရပါမည်။ နားပြည်ယိုခြင်းကြောင့် နားလေးခြင်း၊ ဦး နှောက်ထဲပြည်တည်ခြင်းနှင့် ဦးနှောက်အမြှေးရောင်တတ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

ဦးနှောက်အမြှေးရောင်ရောဂါသည် မွေးကင်းစ၊ ရက်သားနှင့်လသားကလေးများတွင် ဖြစ်ပါက အသက်အန္တ ရာယ်စိုးရိမ်ရပါသည်။ ထို့ကြောင့် မိဘတိုင်းသည်အသက်ငယ်သည်နှင့်အမျှ အချိန်မရဘဲသေဆုံးနိုင်၍ မိမက လေးအားနို့စို့မှုနည်းခြင်း၊ ဝမ်းပျက်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ဖျားခြင်းများရှိပါက တတ်ကျွမ်းနားလည်သောဆ ရာဝန်များကို လျှင်မြန်စွာပြသရပါမည်။ ကလေးကြီးများတွင်လည်း လန်းဆန်းမှုမရှိခြင်း၊ အစားအသောက်ပျက် ခြင်း၊ အန်ခြင်း၊ မှိန်းခြင်းနှင့် အီခြင်းများရှိပါကလည်း မပေ့ါဆသင့်ပါ။ ကလေးတက်ပြီးသတိမေ့သွားပါက အသက်အန္တရာယ်စိုးရိမ်ရနိုင်သည်ကို သိရှိထားသင့်ကြောင်းအကြံပြုအပ်ပါသည်။

Author – ဒေါက်တာမင်းသူရိန် (Vol-7 / No13) Healthcare Journal

Previous Post

ပျိုမေတို့ဓမ္မတာမမှန်လျှင် (Irregular Menstruation)

Next Post

အမျိုးသမီးများရဲ့ရင်သား (ဆန္ဒပြီးမြောက်ခြင်းမှ)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
699

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
676
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.6k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများရဲ့ရင်သား (ဆန္ဒပြီးမြောက်ခြင်းမှ)

နှိပ်နယ်မှုကုထုံးနှင့် ဆန္ဒဖြစ်ပေါ်မှု

ထောင့် (ဒေါင့်) သန်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.