fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

G6PD Deficiency ရောဂါအကြောင်းသိကောင်းစရာ

714
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

G6PD Deficiency ရောဂါအကြောင်းသိကောင်းစရာ

အရပ်ထဲမှာ ဘယ်သူ့ကလေးကတော့ဖြင့် G6PD ရောဂါရှိတယ်။G6PDရောဂါရှိရင်ပဲလှော်နဲ့မတည့်ဘူးတဲ့ စသဖြင့်အရပ်ပြောပြောတာတွေကြားဖူးကြမှာပါ။

တကယ်တမ်းတိတိကျကျ ပြောရရင် G6PD ရှိတယ်လို့ပြောမယ့်အစား G6PD ချို့တဲ့သောရောဂါရှိတယ်လို့ပြောမှ မှန်ပါလိမ့်မယ်။

G6PD (glucose-6-phosphate dehydrogenase) ဆိုတာဟာ နားလည်လွယ်အောင်အကြမ်းအားဖြင့်ပြောရရင် လူတိုင်းရဲ့ ခန္ဓာကိုယ်သွေးထဲက သွေးနီဥတလုံးစီတိုင်းမှာ ရှိရမယ့်အင်ဇိုင်း(Enzymes)တွေထဲကတခုဖြစ်ပါတယ်။သွေးနီဥဆဲလ်တွေရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေလုပ်တဲ့နေရာမှာ ဒီအင်ဇိုင်းဟာကူညီပေးပြီး သွေးနီဥဆဲလ်တွေကိုလည်းကြံ့ခိုင်စေကာ သွေးနီဥတွေကိုဖျက်ဆီးနိုင်တဲ့ ပြင်ပကနေဝင်လာတဲ့ပိုးတွေ၊ဓါတ်ပစ္စည်းတွေရန်ကနေလည်းကာကွယ်ပေးပါတယ်။

ဒီအင်ဇိုင်းချို့တဲ့တဲ့အခါကျ သွေးနီဥဆဲလ်တွေ ပုံမှန်လုပ်ငန်းတာဝန်တွေကိုလုပ်ဆောင်ရာမှာအကူအညီမရှိတော့တဲ့အတွက် ပိုပြီးပင်ပင်ပန်းပန်းလုပ်ရပါတယ်။အဲ့အခါမှာ အလုပ်ဒဏ်ပိကာ ကြံခိုင်မှုလည်းနည်းလာပြီး သွေးနီဥဆဲလ်တွေဟာ သူတို့ရဲ့ပျမ်းမျှသက်တမ်း ရက်၁၂၀ထိမခံဘဲ စောပြီးပေါက်ကွဲပျက်စီးကုန်ပါတယ်။

ဒါပေမယ့် သာလာဆီးမီးယားရောဂါလို အရမ်းစောပြီးပေါက်ကွဲပျက်စီးတာမျိုးမဟုတ်တာကြောင့် G6PD ချို့တဲ့ရောဂါရှိသူအတော်များများဟာ အများအားဖြင့် သွေးအားနည်းတဲ့လက္ခဏာတွေမရှိတတ်ကြပါဘူး။

သို့သော် ဓါတ်မတည့်သော အစားအစာ၊ ဆေးဝါးများ သောက်သုံးမိခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့ အခြေအနေတွေဆိုရင်တော့ ကာကွယ်ပေးနိုင်တဲ့G6PD အင်ဇိုင်းမရှိတဲ့အတွက် သွေးနီဥဆဲလ်တွေဟာ သက်တမ်းမစေ့ခင် အလုံးအရင်းနဲ့ပေါက်ကွဲပြီး ခန္ဓာကိုယ်ကလည်းချက်ချင်းပြန်မထုတ်ပေးနိုင်တဲ့အတွက် သွေးအားရုတ်တရက်နည်းကာ နည်းနည်းလေးလှုပ်ရှားတာနဲ့မောပန်းနွမ်းနယ်တာ၊ဖြူဖျော့တာ၊ရင်ဘတ်အောင့်တာ၊နှလုံးခုန်မြန်တာ၊ဆီးအရောင်ရင့်ရင့်မည်းမည်းတွေသွားတာ၊အသားဝါလာတာ၊သတိလစ်တာစသဖြင့် အရေးပေါ်အခြေအနေတွေထိဖြစ်တတ်ပါတယ်။

ခြုံပြောရရင်တော့ G6PD ချို့တဲ့ရောဂါရှိသူဟာ ပိုးဝင်တာ၊မတည့်တဲ့အစားစာ၊ဆေးဝါးတွေစားမိသောက်မိတာမျိုးတာမရှိရင် သာမန်လူတယောက်လိုပါပဲ။ဘာရောဂါလက္ခဏာမှ ထူးထူးခြားခြားဖြစ်တာမရှိပါဘူး။

ဒီအင်ဇိုင်းဟာဘာကြောင့် တချို့သူတွေမှာ ချို့တဲ့ရတာလဲဆိုတဲ့အကြောင်းအရင်းအတိအကျကိုတော့ခုထိမသိသေးပါဘူး။မျိုးရိုးဗီဇနဲ့ဆိုင်တယ်လို့ပဲပြောနိုင်ပါတယ်။တချို့သောသုတေသနပညာရှင်တွေကတော့ ဒီအင်ဇိုင်းချို့တဲ့သူတွေဟာ ငှက်ဖျားရောဂါအဖြစ်များတဲ့ မြေထဲပင်လယ်(Mediterranean Sea)ဒေသနဲ့ အာဖရိကဒေသတွေမှာ အတွေ့များပြီး G6PD အင်ဇိုင်းချို့တဲ့သူတွေဟာဆိုရင် ငှက်ဖျားရောဂါကိုအထိုက်အလျောက်လည်းကာကွယ်နိုင်တဲ့အတွက် ငှက်ဖျားရောဂါကိုကာကွယ်ဖို့ ခန္ဓာကိုယ်ရဲ့မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှုတမျိုးဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်။

သုတေသနပညာရှင်၊ဆေးပညာရှင်တွေအားလုံးက ဒီG6PD ချို့တဲ့သောရောဂါကို Sex linked Recessive အမျိုးအစားမျိုးရိုးဗီဇရောဂါအနေနဲ့သတ်မှတ်ထားပါတယ်။

Sex linked Recessive အမျိုးအစားမျိုးရိုးဗီဇရောဂါ ဖြစ်တဲ့အတွက် ဒီG6PD ချို့တဲ့သောရောဂါဟာ အများအားဖြင့် ယောက်ျားလေးတွေမှာ ဖြစ်လေ့ရှိတာများပါတယ်။မိန်းကလေးတွေမှာဖြစ်တယ်ဆိုတာ အလွန်နည်းပါတယ်။

G6PD Deficiency ရောဂါရှိတဲ့အမျိုးသားနဲ့ မရှိတဲ့အမျိုးသမီးအိမ်ထောင်ပြုပါက မွေးလာတဲ့သားယောက်ျားလေးတိုင်းဟာ G6PD Deficiency ရောဂါမရှိတဲ့ပုံမှန်လူအဖြစ်မွေးဖွားပြီး သမီးမိန်းကလေးတိုင်းကတော့ရောဂါသယ်ဆောင်သူ(Carrier)အနေနဲ့မွေးဖွားပါမယ်။

G6PD Deficiency ရောဂါမရှိတဲ့အမျိုးသားနဲ့  ရောဂါသယ်ဆောင်သူ အမျိုးသမီး အိမ်ထောင်ပြုပြီး သားယောက်ျားလေးတွေမွေးပါက မွေးတဲ့ယောက်ျားလေးတွေတယောက်ချင်းစီမှာ G6PD ချို့တဲ့ရောဂါဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်းရှိ ပြီး ပုံမှန်လူဖြစ်နိုင်ခြေက ၅၀ရာခိုင်နှုန်းရှိပါတယ်။

သမီးမိန်းကလေးတွေမွေးပါက မွေးတဲ့မိန်းကလေးတွေတယောက်ချင်းစီမှာ ရောဂါသယ်ဆောင်သူ(Carrier)ဖြစ်နိုင်ခြေ၅၀ရာခိုင်နှုန်းရှိပြီး ပုံမှန်လူဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်းရှိပါတယ်။

G6PDချို့တဲ့ရောဂါရှိအမျိုးသားနဲ့ ရောဂါသယ်ဆောင်သူအမျိုးသမီးအိမ်ထောင်ပြုရင်တော့ မွေးလာတဲ့ သားယောကျာ်းလေးတွေတယောက်ချင်းစီမှာ ရောဂါရှိသူတွေဖြစ်လာနိုင်ခြေ ၅၀ရာခိုင်နှုန်းရှိပြီး ပုံမှန်လူဖြစ်လာနိုင်ခြေက ၅၀ရာခိုင်နှုန်းရှိပါတယ်။

မွေးလာတဲ့ သမီးမိန်းကလေးတွေတယောက်ချင်းစီမှာတော့ ရောဂါသယ်ဆောင်သူ(Carrier)ဖြစ်နိုင်ခြေ၅၀ရာခိုင်နှုန်းရှိကာ၊ ရောဂါရှိသူတွေဖြစ်နိုင်ခြေက ၅၀ရာခိုင်နှုန်းရှိပါတယ်။

G6PD ချို့တဲ့ရောဂါရှိသူအမျိုးသားနဲ့ G6PD ရောဂါရှိသူအမျိုးသမီးအိမ်ထောင်ပြုရင်တော့ မွေးလာတဲ့ကလေးတွေအားလုံးယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် G6PD ရောဂါရှိမှာဖြစ်ပါတယ်။

ရောဂါသယ်ဆောင်သူ(Carrier)ဆိုတာက ရောဂါရှိသူမဟုတ်ပါဘူး။နည်းနည်းအသေးစိတ်ပြောရရင် သူ့မှာ G6PD ချို့တဲ့တဲ့ဗီဇပါပေမယ့် G6PD ချို့တဲ့တဲ့သူလို သွေးအားနည်းတာ၊မတည့်တာစားမိတာ၊ပိုးဝင်တာတွေ ရှိရင် သွေးနီဥတွေတအားပေါက်ကွဲပျက်စီးပြီး အရေးပေါ်အခြေအနေဖြစ်တာမျိုးမရှိပါဘူး။သူကလက်ထပ်ပြီးမွေးလာတဲ့သားသမီးတွေကို ရောဂါဖြစ်စေတဲ့သူ မျိုးရိုးလိုက်စေတဲ့သူဖြစ်ပါတယ်။

G6PD အင်ဇိုင်းချို့တဲ့တဲ့ရောဂါဟာ မတည့်တာစားမိတာ၊ပိုးဝင်တာ၊မတည့်တဲ့ဆေးတွေသောက်မိတာမျိုးမဟုတ်ရင် ဘာရောဂါလက္ခဏာမှ မပြတဲ့အတွက် ရှိလို့ရှိမှန်းမသိကြတာများပါတယ်။

အကြောင်းတခုခုကြောင့် မသင်္ကာလို့ သွေးစစ်ကြည့်ရင်းနဲ့မှသိလေ့ရှိပါတယ်။

မိမိကိုယ်မိမိ G6PD အင်ဇိုင်းချို့တဲ့တဲ့ရောဂါ ရှိလို့ရှိမှန်းမသိတာဟာ တကယ်တော့အန္တရာယ်များပါတယ်။

ကိုယ်ကမသိတဲ့အခါမှာ မတည့်တာတွေကိုစားမိသောက်မိတာမျိုးဖြစ်ခဲ့ရင် သွေးနီဥတွေရုတ်တရက်ပေါက်ကွဲပြီး ရုတ်တရက်သွေးအားနည်းတတ်ပါတယ်။တချို့ဆိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အရေးပေါ်အခြေအနေထိဖြစ်တတ်ပါတယ်။

ဒါကြောင့်မိမိကိုယ်တိုင်ရော မိမိကမွေးလာတဲ့ကလေးတွေရောပါ G6PD ချို့တဲ့ရောဂါရှိမရှိ စစ်ထားသင့်တယ်လို့အကြံပြုချင်ပါတယ်။ဒါမှ ရှိလို့ရှိရင် မတည့်တဲ့အရာတွေကိုရှောင်နိုင်အောင်လို့ပါ။

ဘာတွေစစ်ရမလဲ။ဘာတွေရှောင်ရမလဲဆိုတာတွေကိုတော့ အပိုင်း၂မှာဆက်လက်ရေးသားတင်ပြပါမယ်။

Dr. 528

Previous Post

မောင့်ပန်းမသေရဘူး

Next Post

ကလေးများနှင့် အာဟာရ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများနှင့် အာဟာရ

G6PD Deficiency ရောဂါအကြောင်းသိကောင်းစရာ အပိုင်း(၂)

ငလျင်အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.