fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဣတ္ထိယတို့အကြောင်း တစ်စေ့တစ်စောင်း

77
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/02/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ကိုယ္ဝန္ေဆာင္တာနဲ႔ လုံးဝအနားယူရမယ္ မဟုတ္ပါ။ ေန႔တိုင္းလုပ္ကိုင္ေနက် အလုပ္အကိုင္ေတြကို ပုံမွန္အတိုင္း လုပ္ကိုင္သြားသင့္ပါတယ္။

လမ္းေလွ်ာက္တာ၊သင့္ေတာ္တဲ့ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြကို ျပဳလုပ္သင့္တယ္။ ဒါေပမဲ့ အိမ္မႈကိစၥေတြကို အလြန္အမင္း ပင္ပန္းစြာမလုပ္သင့္ပါ။ ျပင္းထန္တဲ့ကိုယ္လက္ေလ့က်င့္ခန္းေတြကိုလည္း ေရွာင္ပါ။

ကိုယ္လက္ေလ့က်င့္ခန္း ဘာေတြလုပ္ရမယ္ကို မသိၾကတဲ့ ကိုယ္ဝန္ေဆာင္ေတြအတြက္ကေတာ့ မွန္မွန္လမ္းေလွ်ာက္တာဟာ အေကာင္းဆုံးပဲလို႔ ေျပာခ်င္ပါတယ္။ အႏွိပ္ခံတာဟာ အေညာင္းေျပေပမယ့္ ကိုယ္လက္လႈပ္ရွားတဲ့ ေလ့က်င့္ခန္း မဟုတ္ဘူးဆိုတာ သတိျပဳသင့္တယ္။

အရင္က ကိုယ္ဝန္ပ်က္က်ဖူးတယ္ပဲျဖစ္ျဖစ္၊ လမေစ့ဘဲကေလးေမြးဖူးရင္ပဲျဖစ္ျဖစ္ ေလ့က်င့္ခန္းကို သတိထားၿပီး လုပ္သင့္ပါတယ္။

(၁) အသက္မွန္မွန္ ရွဴတတ္ဖို႔ေလ့က်င့္ေပးပါ။
(၂) ႂကြက္သားေတြ ေျဖေလ်ာ့တတ္ေအာင္ေလ့က်င့္ေပးပါ။

ဒီလိုေလ့က်င့္ရင္ ကေလးေမြးတဲ့အခါ မွန္မွန္ကန္ကန္ ညႇစ္တတ္ၿပီး အေၾကာေလွ်ာ့ထားတာေၾကာင့္ အနာသက္သာမွာျဖစ္တယ္။ အမ်ိဳးသမီး ၂၀ ရာခိုင္ႏႈန္းမွာ အလိုအေလ်ာက္ အေၾကာေလွ်ာ့တတ္     ေၾကာင္း ေတြ႕ရတယ္။ ၆၀ ရာခိုင္ႏႈန္းကေတာ့အေၾကာေလွ်ာ့ေလ့က်င့္ခန္းေတြ သင္ေပးဖို႔အလြန္ခက္ေၾကာင္းကို ေတြ႕ရတယ္။

ကိုယ္ဝန္ေဆာင္ေနစဥ္ အခ်ိန္အတြင္း မအဂၤါစပ္နဲ႔ ေပါင္ၾကားတို႔ကို အထူူးသန႔္ရွင္းစြာထားဖို႔လိုတယ္။ ေန႔စဥ္ေရခ်ိဳးတဲ့အခါ ဆပ္ျပာနဲ႔ ေကာင္းစြာတိုက္ေဆးသင့္တယ္။ ေရေဆးရာတြင္လည္း လက္ကို ေနာက္မွေရွ႕သို႔မဟုတ္ဘဲ ေရွ႕မွေနာက္သို႔ ပြတ္ရင္း စအိုမွ အညစ္အေၾကးေတြ မအဂၤါအစပ္ထဲကို ေရာက္သြားျခင္းမွ ကာကြယ္ႏိုင္လိမ့္မယ္။

ကိုယ္ဝန္ေဆာင္ေနတုန္း သြားက်န္းမာေရးကို အထူးဂ႐ုစိုက္သင့္တယ္။ သြားပိုးစားတာေတြရွိရင္ ေကာင္းစြာေပ်ာက္ကင္းတဲ့အထိ ကုပါ။ ဒါမွ ကေလးေမြးၿပီးစ အဆိပ္တက္ျခင္းမွ တစ္နည္းတစ္လမ္း ကာကြယ္ရာေရာက္မယ္။ အဝတ္အစားေတြကိုလည္း တင္းက်ပ္စြာ မဝတ္သင့္ပါ။ အထူးသျဖင့္ ခါးတြင္ တင္းက်ပ္စြာ မစည္းထားရပါ။

ကိုယ္ဝန္ေဆာင္ေနတုန္း ဝမ္းခ်ဳပ္တတ္တာေၾကာင့္ သစ္သီးေပ်ာ့ေပ်ာ့ ဌက္ေပ်ာသီးစားသင့္တယ္။ ေရမ်ားမ်ားေသာက္ေပးပါ။ ဒီလိုလုပ္တဲ့ၾကားက ဝမ္းခ်ဳပ္ခဲ့ရာ ပါရာဖင့္ဝမ္းႏႈတ္ေဆးေပ်ာ့ေပ်ာ့ကို စားသင့္တယ္။ ျပင္းထန္တဲ့ ဝမ္းႏႈတ္ေဆးေတြ၊ ေပြးကိုင္းေဆးေတြ၊ ျမန္မာဝမ္းႏႈတ္ေဆးျပင္းျပင္းတို႔ကို လုံးဝမသုံးသင့္ပါ။

ကိုယ္ဝန္ေဆာင္ေနတုန္း လိင္ဆက္ဆံမႈျပဳသင့္၊ မျပဳသင့္နဲ႔ ပတ္သတ္လို႔ Dr. Masters and Johnson ဇနီးေမာင္ႏွံတို႔က ေအာက္ပါအတိုင္း ေကာက္ခ်က္ခ်ထားပါတယ္။

(၁) ကိုယ္ဝန္ပထမ သုံးလအတြင္း လိင္ဆက္ဆံမႈကို ေရွာင္ၾကဥ္ဖို႔မလိုပါ။
ဒါေပမဲ့ ကိုယ္ဝန္သုံးေလးလအတြင္း မၾကာခဏ ကေလးပ်က္က်တာမ်ိဳးရွိရင္ ဒီအခ်ိန္အတြင္း လိင္ဆက္ဆံမႈကို ေရွာင္သင့္တယ္။ ဒီလိုေရွာင္႐ုံတင္မကဘဲ အျခားနည္းေတြနဲ႔လည္း လိင္စိတ္ေက်နပ္မႈကို မရွာသင့္ဘူး။ ဘာေၾကာင့္လဲဆိုရင္ သားအိမ္ရဲ႕ လႈပ္ရွားမႈဟာ လိင္ဆက္ဆံ၍ စိတ္ေက်နပ္တာမ်ိဳးျဖစ္ေစ၊ လႈပ္ရွားပုံတူတာေၾကာင့္ ျဖစ္တယ္။

(၂) ကိုယ္ဝန္ ဒုတိယသုံးလပတ္အတြင္း လိင္ဆက္ဆံမႈကို လုံးဝေရွာင္ၾကဥ္ဖို႔မလိုဘူး။

(၃) ကိုယ္ဝန္ တတိယသုံးလပတ္ ေမြးဖြားခ်ိန္နီးတာနဲ႔ ဆင္ျခင္ဖို႔ ကိစၥေတြရွိလာတယ္။

တခ်ိဳ႕က ဒီအခ်ိန္တြင္ လိင္ဆက္ဆံရင္ မီးဖြားတဲ့အခါ ေရာဂါပိုးဝင္ဖို႔အခြင့္အလမ္းမ်ားတာေၾကာင့္ ေရွာင္သင့္တယ္လို႔ ဆိုၾကတယ္။ ဒါေပမဲ့ ပဋၬိဇီဝေဆးေတြ အစြမ္းထက္တဲ့ ဒီေခတ္မွာ ဒီအႏၲရာယ္ဟာ မေျပာပေလာက္ပါ။

အခ်ိဳ႕မွာ ေမြးဖြားခါနီးတြင္ လိင္ဆက္ဆံမႈၿပီးတဲ့အခါ မိခင္ေလာင္းတြင္ စိတ္ေက်နပ္မႈ ျဖစ္ေပၚလာရင္ ဒီခံစားမႈနဲ႔ တစ္ဆက္ထဲ ကမၼဇေလ လႈပ္လာတတ္တာကို သတိျပဳသင့္တယ္။
(၄) မီးဖြားၿပီးရင္ လိင္ဆက္ဆံမႈျပဳႏိုင္၊ မျပဳႏိုင္ဆိုတာဟာ အေျခအေနသုံးခုတြင္ မူတည္တယ္။ မိခင္တြင္ စိတ္မရွိရင္ျဖစ္ေစ၊ ခြဲစိတ္ထားတဲ့ ဒဏ္ရာမက်က္ေသးရင္ျဖစ္ေစ၊ ေသြးဆင္းေနေသးရင္ျဖစ္ေစ လိင္ကိစၥကို ေရွာင္သင့္တယ္။
ဒါေပမဲ့ ဒီအျဖစ္အပ်က္ေတြဟာ ရက္သတၱပတ္ မၾကာတတ္တာေၾကာင့္ မီးဖြားၿပီး တစ္လျပည့္ရင္ လိင္ဆက္ဆံမႈျပဳႏိုင္တဲ့သေဘာပဲ။
မီးဖြားတဲ့အခါ သားဦးမွာ မီးဖြားဖူးသူမ်ားထက္ ပိုခက္ခဲတတ္တယ္ဆိုတာ မွန္ပါတယ္။ အသက္ကိုလည္း ထည့္သြင္းစဥ္းစားဖို႔လိုေသးတယ္။ သားဦးေမြးရားတြင္ အသက္ ၁၈ ႏွစ္နဲ႔ ၂၃ ႏွစ္အၾကားဟာ အလြယ္ကူဆုံးအခ်ိန္ျဖစ္တယ္။ အသက္ ၃၀ ေက်ာ္မွ သားဦးေမြးရင္ အသက္ ၃၅ ႏွစ္ေက်ာ္မွ ေမြးရင္ အႏၲရာယ္မ်ားတာကို ေတြ႕ရတယ္။ အသက္ ၁၆ ႏွစ္ေအာက္ သားဦးေမြးဖြားရရင္လည္း မအဂၤါမွာ အနာတရျဖစ္ဖို႔ လမ္းမ်ားတယ္။

မီးဖြားမယ့္ နိမိတ္လကၡဏာေတြကိုလည္း သိနားလည္ဖို႔လိုတယ္။

(က) သားအိမ္က်ဳံ႔လို႔ ဗိုက္နာျခင္း
မီးဖြားခ်င္လို႔ ဗိုက္နာရင္၊ ျပတ္ေတာင္း ျပတ္ေတာင္းနာတတ္တယ္။ ေမြးဖြားဖို႔ အခ်ိန္နီးကပ္လာတနဲ႔အမွ် အခ်ိန္ၾကာၾကာ ပိုနာလာကာ ျခားတဲ့အခ်ိန္နည္းလာတယ္။
(ခ) ေသြးစပါတဲ့ ခြၽဲဆင္းျခင္း
ဒီလကၡဏာဟာ အၿမဲလိုလို ေတြ႕ရတဲ့ လကၡဏာျဖစ္တယ္။
(ဂ) သားအိမ္ (အတြင္း) ဝပြင့္ျခင္း
(ဃ) ေရမႊာျဖစ္ေပၚတာတို႔ျဖစ္တယ္။

Author – Healthcare Journal (VOL:8/ NO:1/PG:7) ေမာင္ခ်မ္းသာ

(Unicode)

ကိုယ်ဝန်ဆောင်တာနဲ့ လုံးဝအနားယူရမယ် မဟုတ်ပါ။ နေ့တိုင်းလုပ်ကိုင်နေကျ အလုပ်အကိုင်တွေကို ပုံမှန်အတိုင်း လုပ်ကိုင်သွားသင့်ပါတယ်။

လမ်းလျှောက်တာ၊သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်တယ်။ ဒါပေမဲ့ အိမ်မှုကိစ္စတွေကို အလွန်အမင်း ပင်ပန်းစွာမလုပ်သင့်ပါ။ ပြင်းထန်တဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း ရှောင်ပါ။

ကိုယ်လက်လေ့ကျင့်ခန်း ဘာတွေလုပ်ရမယ်ကို မသိကြတဲ့ ကိုယ်ဝန်ဆောင်တွေအတွက်ကတော့ မှန်မှန်လမ်းလျှောက်တာဟာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။ အနှိပ်ခံတာဟာ အညောင်းပြေပေမယ့် ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်း မဟုတ်ဘူးဆိုတာ သတိပြုသင့်တယ်။

အရင်က ကိုယ်ဝန်ပျက်ကျဖူးတယ်ပဲဖြစ်ဖြစ်၊ လမစေ့ဘဲကလေးမွေးဖူးရင်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းကို သတိထားပြီး လုပ်သင့်ပါတယ်။

(၁) အသက်မှန်မှန် ရှူတတ်ဖို့လေ့ကျင့်ပေးပါ။
(၂) ကြွက်သားတွေ ဖြေလျော့တတ်အောင်လေ့ကျင့်ပေးပါ။

ဒီလိုလေ့ကျင့်ရင် ကလေးမွေးတဲ့အခါ မှန်မှန်ကန်ကန် ညှစ်တတ်ပြီး အကြောလျှော့ထားတာကြောင့် အနာသက်သာမှာဖြစ်တယ်။ အမျိုးသမီး ၂၀ ရာခိုင်နှုန်းမှာ အလိုအလျောက် အကြောလျှော့တတ်     ကြောင်း တွေ့ရတယ်။ ၆၀ ရာခိုင်နှုန်းကတော့အကြောလျှော့လေ့ကျင့်ခန်းတွေ သင်ပေးဖို့အလွန်ခက်ကြောင်းကို တွေ့ရတယ်။

ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်း မအင်္ဂါစပ်နဲ့ ပေါင်ကြားတို့ကို အထူူးသန့်ရှင်းစွာထားဖို့လိုတယ်။ နေ့စဉ်ရေချိုးတဲ့အခါ ဆပ်ပြာနဲ့ ကောင်းစွာတိုက်ဆေးသင့်တယ်။ ရေဆေးရာတွင်လည်း လက်ကို နောက်မှရှေ့သို့မဟုတ်ဘဲ ရှေ့မှနောက်သို့ ပွတ်ရင်း စအိုမှ အညစ်အကြေးတွေ မအင်္ဂါအစပ်ထဲကို ရောက်သွားခြင်းမှ ကာကွယ်နိုင်လိမ့်မယ်။

ကိုယ်ဝန်ဆောင်နေတုန်း သွားကျန်းမာရေးကို အထူးဂရုစိုက်သင့်တယ်။ သွားပိုးစားတာတွေရှိရင် ကောင်းစွာပျောက်ကင်းတဲ့အထိ ကုပါ။ ဒါမှ ကလေးမွေးပြီးစ အဆိပ်တက်ခြင်းမှ တစ်နည်းတစ်လမ်း ကာကွယ်ရာရောက်မယ်။ အဝတ်အစားတွေကိုလည်း တင်းကျပ်စွာ မဝတ်သင့်ပါ။ အထူးသဖြင့် ခါးတွင် တင်းကျပ်စွာ မစည်းထားရပါ။

ကိုယ်ဝန်ဆောင်နေတုန်း ဝမ်းချုပ်တတ်တာကြောင့် သစ်သီးပျော့ပျော့ ဌက်ပျောသီးစားသင့်တယ်။ ရေများများသောက်ပေးပါ။ ဒီလိုလုပ်တဲ့ကြားက ဝမ်းချုပ်ခဲ့ရာ ပါရာဖင့်ဝမ်းနှုတ်ဆေးပျော့ပျော့ကို စားသင့်တယ်။ ပြင်းထန်တဲ့ ဝမ်းနှုတ်ဆေးတွေ၊ ပွေးကိုင်းဆေးတွေ၊ မြန်မာဝမ်းနှုတ်ဆေးပြင်းပြင်းတို့ကို လုံးဝမသုံးသင့်ပါ။

ကိုယ်ဝန်ဆောင်နေတုန်း လိင်ဆက်ဆံမှုပြုသင့်၊ မပြုသင့်နဲ့ ပတ်သတ်လို့ Dr. Masters and Johnson ဇနီးမောင်နှံတို့က အောက်ပါအတိုင်း ကောက်ချက်ချထားပါတယ်။

(၁) ကိုယ်ဝန်ပထမ သုံးလအတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ဖို့မလိုပါ။
ဒါပေမဲ့ ကိုယ်ဝန်သုံးလေးလအတွင်း မကြာခဏ ကလေးပျက်ကျတာမျိုးရှိရင် ဒီအချိန်အတွင်း လိင်ဆက်ဆံမှုကို ရှောင်သင့်တယ်။ ဒီလိုရှောင်ရုံတင်မကဘဲ အခြားနည်းတွေနဲ့လည်း လိင်စိတ်ကျေနပ်မှုကို မရှာသင့်ဘူး။ ဘာကြောင့်လဲဆိုရင် သားအိမ်ရဲ့ လှုပ်ရှားမှုဟာ လိင်ဆက်ဆံ၍ စိတ်ကျေနပ်တာမျိုးဖြစ်စေ၊ လှုပ်ရှားပုံတူတာကြောင့် ဖြစ်တယ်။

(၂) ကိုယ်ဝန် ဒုတိယသုံးလပတ်အတွင်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ကြဉ်ဖို့မလိုဘူး။

(၃) ကိုယ်ဝန် တတိယသုံးလပတ် မွေးဖွားချိန်နီးတာနဲ့ ဆင်ခြင်ဖို့ ကိစ္စတွေရှိလာတယ်။

တချို့က ဒီအချိန်တွင် လိင်ဆက်ဆံရင် မီးဖွားတဲ့အခါ ရောဂါပိုးဝင်ဖို့အခွင့်အလမ်းများတာကြောင့် ရှောင်သင့်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ပဋ္ဋိဇီဝဆေးတွေ အစွမ်းထက်တဲ့ ဒီခေတ်မှာ ဒီအန္တရာယ်ဟာ မပြောပလောက်ပါ။

အချို့မှာ မွေးဖွားခါနီးတွင် လိင်ဆက်ဆံမှုပြီးတဲ့အခါ မိခင်လောင်းတွင် စိတ်ကျေနပ်မှု ဖြစ်ပေါ်လာရင် ဒီခံစားမှုနဲ့ တစ်ဆက်ထဲ ကမ္မဇလေ လှုပ်လာတတ်တာကို သတိပြုသင့်တယ်။
(၄) မီးဖွားပြီးရင် လိင်ဆက်ဆံမှုပြုနိုင်၊ မပြုနိုင်ဆိုတာဟာ အခြေအနေသုံးခုတွင် မူတည်တယ်။ မိခင်တွင် စိတ်မရှိရင်ဖြစ်စေ၊ ခွဲစိတ်ထားတဲ့ ဒဏ်ရာမကျက်သေးရင်ဖြစ်စေ၊ သွေးဆင်းနေသေးရင်ဖြစ်စေ လိင်ကိစ္စကို ရှောင်သင့်တယ်။
ဒါပေမဲ့ ဒီအဖြစ်အပျက်တွေဟာ ရက်သတ္တပတ် မကြာတတ်တာကြောင့် မီးဖွားပြီး တစ်လပြည့်ရင် လိင်ဆက်ဆံမှုပြုနိုင်တဲ့သဘောပဲ။
မီးဖွားတဲ့အခါ သားဦးမှာ မီးဖွားဖူးသူများထက် ပိုခက်ခဲတတ်တယ်ဆိုတာ မှန်ပါတယ်။ အသက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။ သားဦးမွေးရားတွင် အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်အကြားဟာ အလွယ်ကူဆုံးအချိန်ဖြစ်တယ်။ အသက် ၃၀ ကျော်မှ သားဦးမွေးရင် အသက် ၃၅ နှစ်ကျော်မှ မွေးရင် အန္တရာယ်များတာကို တွေ့ရတယ်။ အသက် ၁၆ နှစ်အောက် သားဦးမွေးဖွားရရင်လည်း မအင်္ဂါမှာ အနာတရဖြစ်ဖို့ လမ်းများတယ်။

မီးဖွားမယ့် နိမိတ်လက္ခဏာတွေကိုလည်း သိနားလည်ဖို့လိုတယ်။

(က) သားအိမ်ကျုံ့လို့ ဗိုက်နာခြင်း
မီးဖွားချင်လို့ ဗိုက်နာရင်၊ ပြတ်တောင်း ပြတ်တောင်းနာတတ်တယ်။ မွေးဖွားဖို့ အချိန်နီးကပ်လာတနဲ့အမျှ အချိန်ကြာကြာ ပိုနာလာကာ ခြားတဲ့အချိန်နည်းလာတယ်။
(ခ) သွေးစပါတဲ့ ချွဲဆင်းခြင်း
ဒီလက္ခဏာဟာ အမြဲလိုလို တွေ့ရတဲ့ လက္ခဏာဖြစ်တယ်။
(ဂ) သားအိမ် (အတွင်း) ဝပွင့်ခြင်း
(ဃ) ရေမွှာဖြစ်ပေါ်တာတို့ဖြစ်တယ်။

Author – Healthcare Journal (VOL:8/ NO:1/PG:7) မောင်ချမ်းသာ

Previous Post

HIV နဲ့ကိုယ်ဝန်

Next Post

သားသားမီးမီးတို့ ပေါက်လိုက်တာမှ ရွှဲရွှဲစို အိပ်ရာထက်တွင်ကို (Bed Wetting)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့ ပေါက်လိုက်တာမှ ရွှဲရွှဲစို အိပ်ရာထက်တွင်ကို (Bed Wetting)

ဆီးကျိတ်ကင်ဆာအကြောင်း

မညီမျှသောစွမ်းအင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.