fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကလေးမွေးပြီးနောက်ကြုံတွေ့ရတဲ့ ကိုယ်၊စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုဘယ်လိုကျော်ဖြတ်ရမလဲ။

102
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/09/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကလေးမွေးပြီးနောက်ကြုံတွေ့ရတဲ့ ကိုယ်၊စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုဘယ်လိုကျော်ဖြတ်ရမလဲ။

 

မိခင်တွေဟာ ကလေးကိုယ်ဝန်လွယ်ထားစဉ်မှာသာမက ကလေးမွေးဖွားပြီးချိန်မှာလည်း ဗိုက်ခွဲမွေးထားတဲ့သူဆိုရင်ခွဲတဲ့နေရာကနာတာ၊ရိုးရိုးမွေးထားတဲ့သူတွေမှာလဆိုရင် မိန်းမကိုယ်လမ်းကြောင်းချဲ့ရပါက ချဲ့ထားတဲ့နေရာကနာတာ၊

သားအိမ်ကျုံ့လို့နာတာ၊သားဦးမိခင်တွေဆိုရင် နို့တိုက်မကျွမ်းသေးတဲ့အတွက် ရင်သားရောင်ရမ်းပြီးနာတာ၊ကလေးကို ခဏခဏနို့တိုက်ရတာကြောင့် အိပ်ရေးပျက်တာ၊ကလေးချီးဝတ်သေးဝတ်လုပ်ပေးရတာ၊ကလေးကိုရေချိုးပေးရတာ၊ကလေးမွေးပြီးနောက်ဟော်မုန်းတွေပြောင်းလဲတာစတဲ့အချက်တွေကြောင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုတွေကိုကြုံတွေ့ခံစားရနိုင်ပါတယ်။

ကိုယ်ခွဲမရှိတဲ့၊ဝိုင်းကူလုပ်ပေးမယ့်သူမရှိတဲ့ မိခင်အမျိုးသမီးတွေဆိုရင် ပိုပြီးစိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နိုင်ပါတယ်။

ဒီလိုမျိုးစိတ်ပင်ပန်း၊လူပင်ပန်းတာတွေကြုံလာရတဲ့အခါမှာ အကောင်းမြင်နိုင်ဖို့ ခက်ခဲလာပြီး ကြာလာရင် မလိုလားအပ်တဲ့ အိမ်တွင်းရေး ပဋိပက္ခရန်ပွဲတွေဖြစ်လာနိုင်ပါတယ်။

ဒီလိုတွေဖြစ်လာရင်ကလေးအတွက်မကောင်းပါဘူး။ကလေးတွေဆိုတာဟာ စကားမပြောတတ်ပေမယ့် သူတို့မိခင်တွေရဲ့ စိတ်ခံစားမှုကိုအလွယ်တကူသိမြင်ခံစားနိုင်ကြပါတယ်။

မိခင်စိတ်ညစ်နေရင် ကလေးလည်းစိတ်ညစ်ရပါတယ်။

ဒါကြောင့် ကလေးမွေးပြီးနောက်ကြုံတွေ့ရတဲ့ ကိုယ်၊စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုကျော်ဖြတ်နိုင်၊လျှော့ချနိုင်မယ့်နည်းလမ်းလေးတွေကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။အနားယူချိန်ဖန်တီးပါ။

နို့တိုက်ပြီးသည့်အခါ ကလေးအိပ်ချင်လာသကဲ့သို့ နို့တိုက်တဲ့မိခင်ဟာလည်းအိပ်ချင်လာတတ်ပါတယ်။အဘယ်ကြောင့်ဆိုသော် နို့တိုက်ကျွေးရာမှာထွက်လာတဲ့ ပရိုလက်တင်ဓါတ်က မိခင်ကိုသက်တောင့်သက်သာဖြစ်စေပြီး အိပ်ချင်လာစေနိုင်လို့ပါ။

အဲ့လိုအိပ်ချိန်လာတဲ့အခါမှာ ကလေးနဲ့အတူတရေးလိုက်အိပ်လိုက်ခြင်းဖြင့် မိမိရဲ့အနားယူချိန်ကိုဖန်တီးယူသင့်ပါတယ်။

ကလေးအိပ်နေချိန်မှာ တခြားအိမ်မှုကိစ္စဝေယျာဝစ္စတွေလုပ်နေခြင်းထက် ဒီလိုကလေးနဲ့အတူတရေးလိုက်အိပ်လိုက်ခြင်းက ဖြစ်ပေါ်နေသော ပင်ပန်းနွမ်းနယ်မှုကို သက်သာစေနိုင်ပါတယ်။

၂။မိမိအတွက်ကိုယ်ပိုင်အချိန်ထားပါ။

တနေ့တာတွင် အချိန်အနည်းငယ်ကို မိမိကိုယ်တိုင်အတွက်ဖယ်ထားဖို့က အရမ်းအရေးကြီးပါတယ်။

နေ့ကလေးထိန်းဌားခြင်း၊နေ့ကလေးထိန်းကျောင်းပို့ခြင်း၊အတူနေကလေးထိန်းထားရှိခြင်းစသဖြင့် သင့်တော်သလိုရွေးချယ်ပြုလုပ်ပါ။

ငွေကြေးအခက်ခဲရှိလို့ဒီလိုတွေမလုပ်နိုင်ဘူးဆိုရင် မိမိခင်ပွန်းကိုဖြစ်စေ၊အတူနေမိသားစုဝင်များကိုဖြစ်စေ ကလေးဝိုင်းထိန်းပေးဖို့အတွက် အကူအညီတောင်းပါ။

မိမိအတွက်အရေးကြီးသောအရာများကို တဖန်ပြန်လည်လုပ်ကိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်ထားရှိခြင်းဟာ သင့်အား သင့်ကလေးနဲ့ပြန်တွေ့ချိန်မှာ ပိုကောင်းသောမိခင်တယောက်ဖြစ်နေစေရန် ကူညီပေးပါလိမ့်မယ်။

သို့သော်ဒီလိုမျိုးမိမိခင်ပွန်း၊အတူနေမိသားစု၊ကလေးထိန်း၊နေ့ကလေးထိန်းကျောင်းတို့မှာ ကလေးကိုထားခဲ့မယ်ဆိုပါက ညှစ်ပြီးသားနို့ရည်ကိုပါ နို့ဘူးနဲ့ထည့်ပြီး ကလေးကိုတိုက်ရန်အတွက် ထားခဲ့ဖို့လိုပါတယ်။

၃။ကလေးနဲ့အတူလေ့ကျင့်ခန်းလုပ်ပါ။

ကလေးနဲ့အတူ လမ်းလျှောက်ထွက်ခြင်းက နှစ်ဦးစလုံးကို လန်းဆန်းစေပါတယ်။ထို့ပြင် ယခုအခါမှာ ကလေးငယ်နဲ့ မိခင်နှစ်ယောက်လုံးအတူလေ့ကျင့်ခန်းလုပ်လို့ရမယ့် ယောဂလေ့ကျင့်ခန်းလိုမျိုးတွေ အားကစားခန်းမတွေလည်း ရှိနေပြီဖြစ်ပါတယ်။

ဒီလိုမိခင်နဲ့ကလေးနှစ်ယောက်သားအတူလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့်

ကလေးရောမိခင်ပါ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်ခြင်း၊အစာမကြေ၊ဝမ်းချုပ်၊ရင်ပြည့်ရင်ကယ်ဖြစ်တာတွေလျော့ပါးသက်သာခြင်း၊တင်ပါးကြောနဲ့နောက်ကျောရိုးတလျှောက်ကိုက်ခဲနာကျင်ခြင်းများပျောက်ကင်းသက်သာခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်လည်း စိတ်သောက၊စိတ်ဖိစီးမှုများလျော့နည်းလာကာ ကလေးရောမိခင်ပါ စိတ်ပျော်ရွင်မှုကိုခံစားကြရနိုင်ပါတယ်။

Dr 528

 

Previous Post

ကလေးငယ်များ ခေါင်းချွေးထွက်ခြင်းအကြောင်

Next Post

သားအိမ်ဘယ်အခါမှာ ကွဲနိုင်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
603

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
565
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ဘယ်အခါမှာ ကွဲနိုင်သလဲ

နှလုံးရဲ့ အဆို့ရှင်များ

သင့်ကလေးကို ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ စိတ်ချရရဲ့လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.