fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မတိုင်မှီ အချင်းကွာခြင်း

280
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မတိုင်မှီ အချင်းကွာခြင်း

အချင်း(Placenta) နဲ့ ချက်ကြိုး(Umbilical cord)ဆိုတာဟာ သန္ဓေသားအတွက် မရှိမဖြစ်တဲ့အရာတွေပါ။

သားအိမ်အတွင်းမှာသန္ဓေစတည်ကတည်းက အချင်းနဲ့ချက်ကြိုးဟာသန္ဓေသားနဲ့အတူစဖြစ်လာပါတယ်။

အချင်းရဲ့ပုံပန်းသဏ္ဍာန်အနေနဲ့ကတော့ ကြာရွက်လိုမျိုးပုံစံရှိပါတယ်။သို့သော်ကြာရွက်လိုပါးပါးရှပ်ရှပ်တော့မဟုတ်ပါဘူး။ထူပါတယ်။ကိုင်ကြည့်ပါက ရေမြုပ်ကိုင်ရသလို အိစိ အိစိ ခံစားမှုမျိုးရှိပါတယ်။

အချင်းရှိရမယ့်နေရာကတော့ သားအိမ်ရဲ့ ဘေးဘက် သို့မဟုတ် အပေါ်ထိပ်ဘက်မှာပါ။

အချင်းကနေ ချက်ကြိုးထွက်ပါတယ်။

အဲ့ချက်ကြိုးကနေတဆင့် သန္ဓေသားအတွက်လိုအပ်တဲ့ အစာအာဟာရ တို့အောက်ဆီဂျင်တို့ကို ထောက်ပံပေးတယ်။ သန္ဓေသားကနေစွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေကလည်း ချက်ကြိုးကနေတဆင့် အချင်းရောက်တယ် အချင်းကနေအဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတယ်။

ပုံမှန်အားဖြင့်ဆိုရင် ကလေးမွေးပြီးမှပဲ အချင်းကထွက်ကျရပါတယ်။

ဒီလိုမဟုတ်ဘဲ ကလေးမမွေးခင်အချင်းကွာတယ်ဆိုရင် အချိန်မတိုင်မှီအချင်းစောကွာတယ်လို့သတ်မှတ်ပါတယ်။အများအားဖြင့် ကိုယ်ဝန်အပတ်နှစ်ဆယ်နောက်ပိုင်းမှာဖြစ်လေ့ရှိတတ်ပါတယ်။

အချိန်မတိုင်ခင်အချင်းစောကွာသွားရင် သန္ဓေသားမှာအောက်စီဂျင်နဲ့အစာအာဟာရထောက်ပံ့မှုပြတ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

အချိန်မတိုင်မှီအချင်းစောကွာခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့

ကိုယ်ဝန်ဆောင်မိခင်ကသွေးတိုးရှိတာ

ဆေးလိပ်သောက်တာ၊ကိုကင်းသုံးတာ

သွေးကျဲဆေးတွေသောက်နေရတာ

ကိုယ်ဝန်ဆောင်စဉ် အကြောင်းကြောင်းကြောင့် ဗိုက်ကိုခိုက်မိတာ

အမွှာကိုယ်ဝန်ဆောင်ရတာ

ရေမွှာရည်များနေတာ

အချိန်မတိုင်မှီရေမွှာစောပေါက်တာ စသဖြင့်အများကြီးရှိပါတယ်။

အချင်းစောကွာခြင်းရဲ့လက္ခဏာတွေအနေနဲ့ကတော့

ဗိုက်(သားအိမ်)နေရာမှာ ဆက်တိုက်အရမ်းနာနေတာ၊အောင့်နေတာ

မိန်းမကိုယ်ကနေ ညိုပုပ်ပုပ်သွေးတွေဆင်းတာ

ပျို့အန်ပြီး၊ဂဏှာမငြိမ်ဖြစ်တာ သို့မဟုတ် မူးနောက်နောက်ဖြစ်တာ တွေပါ။

အများအားဖြင့်တော့ အချင်းစောကွာရင် မိန်းမကိုယ်ကနေ သွေးဆင်းလေ့ရှိပေမယ့် အချင်းစောကွာတာဖြစ်တဲ့ကိုယ်ဝန်ဆောင်တွေရဲ့သုံးပုံတပုံမှာတော့ မိန်းမကိုယ်ကနေသွေးမဆင်းဘဲ အချင်းအနောက်ဘက်မှာ သွေးတွေကသွားစုပြီးခဲနေတာမျိုးလည်းရှိပါတယ်။

အချင်းစောကွာတာဟာ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ပိုးဝင်တာ၊သွေးဆင်းများပြီးသွေးပေါင်ကျကာ Shock ဖြစ်တာ စတဲ့ မိခင်ရောသန္ဓေသားပါ အသက်အန္တရာယ်စိုးရိမ်ရတာမျိုးတွေဖြစ်နိုင်တဲ့အတွက် အမြန်ဆုံးဆေးရုံတက်ကုသဖို့လိုပါတယ်။

ဆေးရုံရောက်ပါက မိခင်နဲ့သန္ဓေသားအခြေအနေသိဖို့အတွက် အာထရာဆောင်းရိုက်တာ၊သွေးစစ်တာ၊ဆီးစစ်တာ စသဖြင့် စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။

(၁)အချင်းကွာတာကလည်းနည်းနည်းပဲကွာတယ်။သွေးဆင်းကလည်းမများဘူး။သန္ဓေသားကလည်း အသက်ရှိသေးတယ်။အသက်ရှုကြပ်တာမွန်းတာမရှိဘူးဆိုရင်တော့ ဆေးရုံတက်ပြီးကလေးလစေ့တဲ့အထိစောင့်ပါတယ်။လစေ့မှ ရိုးရိုးသော်လည်းကောင်း ခွဲပြီးသော်လည်းကောင်း အခြေအနေပေါ်မူတည်ပြီးမွေးပါတယ်။

၂။အချင်းကွာတာကအခြေအနေအရမ်းဆိုးပြီး အာထရာဆောင်းရိုက်တဲ့အခါ သန္ဓေသားကအသက်မရှိတော့ဘူး နှလုံးမခုန်တော့ဘူး ဆိုရင်တော့ ချက်ချင်းဆေးသွင်းပြီးရိုးရိုးမွေးပါတယ်။

၃။အချင်းကွာတာကအခြေအနေအရမ်းဆိုးတယ်။ဒါပေမယ့် အာထရာဆောင်းရိုက်တဲ့အခါ သန္ဓေသားကအသက်ရှိသေးတယ် နှလုံးခုန်သေးတယ် သို့သော် မိခင်က မွေးဖို့ရန်ဗိုက်မနာသေးဘူးဆိုရင်တော့ ချက်ချင်း ဗိုက်ခွဲပြီးမွေးပါတယ်။

၄။အချင်းကွာတာကအခြေအနေအရမ်းဆိုးတယ်။ဒါပေမယ့်အာထရာဆောင်းရိုက်တဲ့အခါ သန္ဓေသားက အသက်ရှိသေးတယ် နှလုံးခုန်သေးတယ် မိခင်ကလည်းမွေးဖို့ဗိုက်နာပြီဆိုရင်တော့ ဆေးသွင်းပြီး ရိုးရိုးမွေးပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကိုယ်ဝန်အပတ်နှစ်ဆယ်နောက်ပိုင်းသွေးဆင်းတာဟာ အချင်းရှေ့ရောက်တာ၊အချင်းစောကွာတာ၊ချက်ကြိုးရှေ့ရောက်တာ၊ပိုးဝင်တာ၊သားအိမ်ခေါင်းကင်ဆာဖြစ်တာ၊သားအိမ်ခေါင်းမှာအလုံးကျိတ်ဖြစ်တာ စတဲ့စိုးရိမ်ရတဲ့အကြောင်းတွေကြောင့် ဖြစ်နိုင်ခြေများပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်အပတ်နှစ်ဆယ်(ငါးလနောက်ပိုင်း)သွေးဆင်းပါက ပေါ့ပေါ့ဆဆမနေဘဲ သွေးဆင်းတာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းပြသပါလို့ အကြံပေးချင်ပါတယ်။

Dr. 528

Previous Post

အထိုင်အထခက်သတဲ့လား

Next Post

” နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံ ကာကွယ်ပေး “

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

" နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံ ကာကွယ်ပေး "

တားဆေး ဘယ်ထဲထည့်မယ်

ကြည်လင်ပြီး ကျန်းမာသော အသားအရည် ပိုင်ဆိုင်စေဖို့ နည်းလမ်း ၅ သွယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.