fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရေမြွှာရေ

214
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/02/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(zawgyi)










Author – Dr. CST

(Unicode)

(zawgyi)

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ရေမြွှာရေကိုလည်းတိုင်းလာကြတယ်။ ပုံမှန်ပဲလား၊ နည်းလား၊ များ လားစသဖြင့်ပါ။ မွေးတဲ့အခါမှာလည်း ရေမြွှာရေကကောင်းရဲ့လား၊       နောက်နေလားစသဖြင့် ကလေးအတွက် ဘာတွေဆက် လုပ်ဖို့လိုလဲကြည့်ရပါတယ်။

ရေမြွှာအိတ်က ကိုယ်ဝန် ၁၂ရက်လောက်မှာကတည်းက စဖြစ်လာတာပါ။ ရေမြွှာအိတ်ထဲမှာကလေးရောရေမြွှာရေရော ကိုယ်ဝန်တောက်လျှောက် ရှိပါတယ်။ ရေမြွှာရေကအစပိုင်းမှာတော့ ကိုယ်ဝန်  ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်ကရေနဲ့ ဆဲလ်တွေပါ။ ဒါ ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပထမ ၃လလောက်မှာရေငတ်တတ်ကြပါ တယ်။

ကိုယ်ဝန် ၄လမှာ သန္ဓေသားလေးရဲ့ကျောက်ကပ်တွေ စဖွံ့ဖြိုးလာတော့ သန္ဓေသားလေးကဆီးသွားနိုင်လာတယ်။ နောက်ပိုင်း ကိုယ်ဝန်ဆောင်ကာလတွေမှာ ရေမြွှာရေဟာ သန္ဓေသားလေးရဲ့ ဆီး  တွေ၊ အာဟာရတွေ၊ ဟော်မုန်းတွေ၊ antibody တွေပါပါ တယ်။ သန္ဓေသားလေးက ရေမြွှာရေကိုမြိုချလိုက် ဆီးအဖြစ်ပြန်သွားလိုက်နဲ့ လည်နေတာပါ။

ရေမြွှာရေက အရေးကြီးပါတယ်။ သန္ဓေသားဖွံ့ဖြိုးဖို့အတွက်၊ လှုပ်ရှားနိုင်ဖို့အတွက်၊ အသက်ရှုနိုင်ဖို့အတွက်၊ အဆုတ်ဖွံ့ဖြိုးစေဖို့အ တွက်၊ အစာခြေစနစ်ဖွံ့ဖြိုးစေဖို့အတွက်၊ နွေးထွေးစေဖို့အတွက်၊ ကာကွယ်စေဖို့အတွက်လိုပါတယ်။ ရေမြွှာရေက ကိုယ်ဝန်ဘယ် နှစ်လ ဆိုတာအပေါ်မှာမူတည်တယ်။ နေစေ့လစေ့တွေမှာ 800 ml လောက် ရှိတတ်တယ်။ 400ml – 1500ml အတွင်း လောက်ရှိရင် ရပြီ။ အဲဒါထက်နည်းတယ် များတယ်ဆိုမကောင်းပါ ဘူး။

ဘာတွေကြောင့်နည်းနိုင်လည်းဆိုရင် ကလေးမှာဆီးလမ်းကြောင်းနဲ့ပတ်သက်ပြီး ကောင်းစွာမဖွံ့ဖြိုးခြင်း၊ အချင်းကောင်းကောင်း အလုပ်မလုပ်ခြင်း၊ ကလေးပုံမှန်မထွားခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ မွေးမယ့်ရက်ကို နှစ်ပတ် ထက်ပိုကျော်ရင်လည်း ဖြစ်နိုင် တယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ နည်းသွားတဲ့အခါ ကလေးကအထဲမှာ လှုပ်ရှားနေထိုင်တာ အဆင်မပြေခြင်း၊ ကိုယ်လက်အင်္ဂါတွေပုံမှန် မဟုတ်ခြင်း၊ ကလေးကိုလည်း အပြည့်အ၀ ကာကွယ်မှုမပေးနိုင်ခြင်း စတာတွေ ဖြစ်လာတတ်တယ်။

ဘာတွေကြောင့်များနိုင်သလဲဆိုရင် အမေကြောင့်၊ အချင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ပတ်သက်ရင် အမြွှာကိုယ်ဝန်တွေ ဦးနှောက်ကောင်းစွာမဖွံ့ဖြိုးခြင်း၊ အစာလမ်းကြောင်းမှာ ချွတ်ယွင်းချက်ပါ  နေခြင်းမှာ ဖြစ်နိုင်တယ်။ အမေကတော့ ဆီးချိုရှိပြီး ကောင်းစွာမထိန်းထားနိုင်ရင် ဖြစ်နိုင်ပါတယ်။ အချင်းမှာအကျိတ်တွေဖြစ်ရင်လည်း ဖြစ်တတ်ပါတယ်။ များတဲ့အခါ ကလေးအနေ အထားမမှန်ခြင်း၊ အချင်းစောစောကွာခြင်း၊ အချိန်မတိုင်ခင်မွေးခြင်း၊ ချက်ကြိုးအနေအထားမမှန်ခြင်း၊ သွေးသွန်ခြင်း တွေဖြစ် နိုင်တယ်။

ဒါတွေကြောင့်လည်း ကိုယ်ဝန်ဆောင်သည်တွေမှာ Ultrasound တောက်လျှောက်ရိုက်ဖို့လိုတယ်။ ကိုယ်ဝန်စရှိ မှန်းသိချိန်၊ မွေးခါ နီးချိန်အပြင် ကြားကာလထဲမှာလည်း လိုအပ်သလိုရိုက်ရပါတယ်။ အမေလည်းသွေးစစ်၊ ဆီး စစ်လုပ်ရတယ်။ အဖေလည်းလိုရင် သွေးစစ်ရတယ်။ ရေမြွှာရေအနည်းအများပေါ်မူတည်ပြီး ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်အချိန်မှာဘယ်လိုမွေးမယ်ဆိုတာလဲ အရေးကြီးပါတယ်။

မွေးမယ့်ရက်ကျော်တဲ့သူတွေမှာ ရေမြွှာရေနောက်လာတတ်တယ်။ သန္ဓေသားကသတ်မှတ်ထားတဲ့ အချိန်တစ်ခု မှာ အီးပါတတ် တယ်။ ပုံမှန်ကတော့မွေးပြီးမှပါ။ ဒါပေမယ့် ရက်ကျော်သွားရင် ကလေးကအထဲမှာ တစ်ခုခုအ ဆင်မပြေတာဖြစ်ရင် အီးပါ တတ်ပါတယ်။ အဲအခါမှာ ရေမြွှာရေနောက်သွားတတ်ပါတယ်။ နောက်တဲ့ရေမြွှာကို ကလေးရှုမိတဲ့အခါ အဆုတ်ထဲရောက် ပြီးအသက်စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ရလာတာနဲ့ သားဖွားမီးယပ်ဆရာဝန်ဆီမှာဖြစ်ဖြစ်၊ ဆေးရုံနဲ့ကျန်းမာရေး ဌာနတွေမှာဖြစ်ဖြစ် ကိုယ်ဝန်အပ်ပြီး လိုအပ်တဲ့ကိုယ်ဝန်စောင့်ရှောက်မှု    တွေကို လုပ်ဆောင် သင့်ပါတယ်။

Author – Dr. CST

Previous Post

ဆောင်းရာသီမှာစိန်ခေါ်နေတဲ့ရောဂါများ

Next Post

တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ

အဝလွန်သူများ ဆီးချိုဝေဒနာရှင်များအတွက် အစာအာဟာရ

ဂေါက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.