fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရင်ခဏခဏတုန်တဲ့အမျိုးသမီးတွေ ဘာဖြစ်တတ်လဲ

478
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/08/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရင်ခဏခဏတုန်တဲ့ အမျိုးသမီးတွေ ဘာဖြစ်တတ်လဲ

ထိပ်လန့်စရာ (သို့မဟုတ်) အကြောင်းအရာတခုခု ရုတ်တရက်ဖြစ်လာလျှင် မည်သူ မဆို ထိပ်လန့်၊ ရင်တုန်၊ မောပန်းသွားတတ်ကြပြီး အမျိုးသားများထက် အမျိုးသမီး များတွင် ပိုမိုဖြစ်ပွား ခံစားရလေ့ ရှိသည်။ ပြင်ပအကြောင်းအရာ တခုခုကြောင့်ဖြစ်သော ထိပ်လန့် ရင်တုန်သွားတတ်ခြင်းသည် ပြဿနာတရပ် မဟုတ် သော်လည်း အကြောင်း အရာ တိတိကျကျမရှိပဲ ရင်တုန်နေတတ်ခြင်းသည် ဂရုပြုသင့် သည့် လက္ခဏာ တရပ်ဖြစ်သည်။

ရင်တုန်မောပန်းတတ်ခြင်းသည် ပြဿနာတရပ်ဟု ဆိုခြင်းထက် အကြောင်းအရာတခုခုကြောင့်ဖြစ်သော လက္ခဏာတရပ်ပင်ဖြစ်ပြီး အဆိုပါ ရင်တုန်၊ မောပန်းတတ်ခြင်းကို ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများ များစွာရှိနေ ပြန်သည်။ အဆိုပါအကြောင်းအရာများအနက်  မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားမှု အများဆုံးနှင့် အသက်အရွယ်မရွေး ခံစားနေရတတ်သည့် ပြဿနာတရပ်မှာ သွေးအား နည်းခြင်းပြဿနာပင်ဖြစ်သည်။

လတ်တလော စစ်တမ်းများအရ  မြန်မာ့အမျိုးသမီး ဦးရေ၏ ထက်ဝက်ခန့်သည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော သွေးအားနည်းခြင်း  ပြဿနာကို ခံစားရလျက်ရှိသဖြင့် ပေါ့ဆမနေသင့်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာ တရပ်ဖြစ်သည်။

အချို့သော အမျိုးသမီးများတွင် ရင်တုန်၊ မောပန်းတတ်ခြင်းများ အလွယ်တကူ ခံစားရလျှင် နှလုံးအားနည်းသည်၊ အာရုံကြောအားနည်းသည်ဟုဆိုကာ မလိုအပ်ပဲ ဆေးဝါးများ မိမိသဘောဖြင့်မိမိ ဝယ်ယူအသုံးပြုလေ့ရှိသလို ဆေးရုံဆေးခန်းများတွင် သွားရောက်ပြသလျှင်လည်း မိမိတွင် နှလုံးအားနည်းခြင်းရှိသည်၊ နှလုံးရောဂါရှိသည်ဟု ဆိုကာရောဂါရာဇဝင်ပေးလေ့ရှိသဖြင့် မလိုလားအပ်ပဲ စမ်းသတ်မှုများပြုလုပ်ရသဖြင့်  မလိုလားအပ်ပဲ ကုန်ကျစရိတ်များစေသော သတိပြုသင့်သည့် လက္ခဏာတရပ်လည်း ဖြစ်သည်။

အဆုပ်မှ ရှုသွင်းလိုက်သော အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံသို့ သွေးနီဥများ မှတဆင့် ပို့ဆောင်ပေးလျက်ရှိပြီး အဆိုပါသွေးနီဥများ ပုံမှန်ရှိသင့်သော ပမာဏအောက် လျော့နည်းနေခြင်းကို  သွေးအားနည်းခြင်းဟုခေါ်သည်။

သွေးအားနည်းခြင်းကို  သွေးအတွင်းရှိ သွေးနီဥပမာဏ တိုင်းတာခြင်းဖြင့် သိရှိနိုင်သလို သွေးအားနည်းသည့် လက္ခဏာများ ခံစားနေရလျှင် (သို့) စမ်းသတ်တွေ့ရှိရလျှင်လည်း သွေးအားနည်းခြင်း ပြဿနာကို ခံစားနေရကြောင်း သိရှိနိုင်သည်။

သွေးအားနည်းခြင်းကြောင့်ဖြစ်သည့် လက္ခဏာများ

– မောပန်းလွယ်ခြင်း၊ အလိုလို မောပန်းနေတတ်ခြင်း

– အသက်ရှုမြန်ခြင်း၊ အသက်ရှုမဝခြင်း

– မူးမော်ခြင်း၊

– ရင်တုန်ခြင်း၊ လွယ်လွယ်မပျောက်တတ်ခြင်း

– နားအူခြင်း၊ နားအတွင်းမှ လေများထွက်နေသကဲ့သို့ ခံစားနေရခြင်း

– ခေါင်းကိုက်တတ်ခြင်း

– ခြေဖျား၊ လက်ဖျားများ အေးစက်နေတတ်ခြင်း

– မျက်လုံးနှင့် အသားများ ဖြူဖျော့နေခြင်း၊ ဝါနေခြင်း

– ရင်ဘတ်အောင့်ခြင်း

– အာရုံစိုက်မရခြင်း (စာပေသင်ကြားခြင်းနှင့် လုပ်ငန်းများအပေါ် အာရုံစိုက်မရခြင်း)

ဘယ်လိုလူတွေမှာသွေးအားနည်းခြင်းဖြစ်နိုင်သလဲ

သွေးအားနည်းခြင်းကို ဖြစ်ပွားစေသော အကြောင်းအရင်းများ များစွာရှိပြီး အသက် အရွယ်မရွေး ခံစားရနိုင်သည်။ အထူးသဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားကောင်းသော အရွယ်ဖြစ်သည့် ဆယ်ကျော်သက်အရွယ်များနှင့် အသက်အရွယ် ကြီးရင့်သူများတွင်  သွေးအားနည်းခြင်း ပိုမို၍ ခံစားရနိုင်သည်။ ထို့အပြင် –

– အမျိုးသမီးများအတွက် ရာသီပေါ်ချိန်များ၊

– အစားရှောင်သူများ (အထူးသဖြင့် အသားရှောင်သူများ)၊

– ကိုယ်ဝန်ဆောင်များ၊

– စီးပွားရေးနှင့် ပညာရေးချို့တဲ့သူများ၊

– မကြာခဏ နာမကျန်းဖြစ်တတ်သူများ၊

– နာတာရှည်ရောဂါ ခံစားနေရသူများ (ကင်ဆာရောဂါ၊ အသည်းရောဂါ စသည်ဖြင့်)၊

– ဖျားနာခြင်းဖြစ်သူများနှင့် နာလံထစ လူနာများ၊

– လတ်တလော ခွဲစိတ်ကုသမှု ခံယူထားသူများ၊

– ပိုးသတ်ဆေးများနှင့် အချို့သောဆေးဝါးများကို စွဲသောက်နေသူများ၊

– အသက်အရွယ်ကြီးလွန်းသူများ။

သွေးအားနည်းခြင်းအမျိုးအစားများ

သွေးအားနည်းခြင်းကိုဖြစ်စေသည့် အကြောင်းအရာ အမျိုးမျိုးရှိပြီး ဖြစ်ပွားရသည့် အကြောင်းအရာကို လိုက်၍ သွေးအားနည်းခြင်း ပုံစံအမျိုးမျိုးရှိသည်။ အတွေ့အများ ဆုံးသော သွေးအားနည်းခြင်း ပုံစံများမျာ –

– ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်း

– သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်း

– ရောဂါအခံ တခုခုကြောင့်ဖြစ်သော သွေးအားနည်းခြင်း

– ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုကြောင့်ဖြစ်သော သွေးအားနည်းခြင်း

– အမျိုးသမီးများ ရာသီပေါ်ချိန်တွင် သွေးအားနည်းတတ်ခြင်းနှင့်

– ဆေးဝါးများကြောင့်ဖြစ်သော သွေးအားနည်းခြင်းဟူ၍ ဖြစ်ပွားရသော အကြောင်း အရင်းကိုလိုက်၍ သွေးအားနည်းသည့် ပုံစံများ များစွာရှိသည်။

သွေးအားနည်းခြင်းလက္ခဏာများ ခံစားနေရလျှင်

သွေးအားနည်းခြင်း လက္ခဏာများ ခံစားနေရလျှင် နီးစပ်ရာ ဆေးရုံ/ ဆေးခန်း သွား၍ သွေးစစ်ဆေးခြင်းနှင့် ဖြစ်ပွားရသော အကြောင်းအရင်းကို ရှာဖွေ စစ်ဆေးပြီး  ဖြစ်ပွားစေသော အကြောင်းအရင်းနှင့် သွေးအားနည်းနေသည့် ပမာဏကို မူတည်၍ လိုအပ်သော ကုသမှုခံယူရန်လိုသည်။

အများအားဖြင့် သံဓာတ်အားဖြည့်ဆေးများနှင့် ဗီတာမင်အားဖြည့်ဆေးများကို ညွှန်ကြားချက်အတိုင်း  သောက်သုံးခြင်းဖြင့် သက်သာ သွားနိုင်သော်လည်း လိုအပ်လျှင် သွေးသွင်ကုသမှု ခံယူရနိုင်သည်။

သွေးအားနည်းခြင်းမဖြစ်အောင်

သွေးအားနည်ခြင်းပြဿနာ မခံစားလိုသူ/ ကြိုတင်ကာကွယ်လိုသူများ အနေနှင့် အောက်ဖော်ပြပါ ကျန်းမာရေးအကြံပြုချက်များအတိုင်း နေထိုင်စားသောက်ခြင်းဖြင့်   သွေးအားနည်းခြင်းပြဿနာကို ကြိုတင်ကာကွယ်ထားနိုင်သည်။

– ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုး၊

– လတ်ဆတ်သော အသီးအနှံနှင့် ဥအမျိုးမျိုး၊

– ငါးအမျိုးမျိုးနှင့် မြန်မာတို့လက်သုံးဖြစ်သော သန့်ရှင်သည့် ငါးပိရည်ကြို၊

– အာလူး၊ ကဇွန်းဥစသည့် ဥအမျိုးမျိုး၊

– အသားအမျိုးမျိုး၊ အထူးသဖြင့် အနီရောင်ရှိသော အသားများ၊

– ပဲအမျိုးမျိုးနှင့် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့ကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားနိုင်သည်။

– အမျိုးသမီးများ ရာသီမပေါ်မီရက်များနှင့် ရာသီရက်များအတွင်း သံဓာတ်အားဖြည့် ဆေးနှင့် ဗီတာမင်အားဆေးများကို ကြိုတင်သောက်သုံးခြင်း  ပြုလုပ်နိုင်သော်လည်း မည်သည့်ဆေးဝါးမဆို နောက်ဆက်တွဲဆိုးကျိုးများ ရှိတတ်သဖြင့် မသောက်သုံးမီ နားလည် တတ်ကျွမ်းသော ဆရာဝန်၊ သူနာပြုများနှင့် ကြိုတင်တိုင်ပင်ပြီးမှ သောက်သုံး သင့်သည်။

သွေးအားနည်းခြင်းကြောင့်ဖြစ်သော ရင်တုန်မောပန်းခြင်းပြဿနာ ကင်းဝေးကြပါစေ။

Dr. တင့်တယ်

Previous Post

ကိုယ်ဝန်ဆောင် ချိန်ှဗိုက် အကြောပြတ်ခြင်း

Next Post

ကလေးတွေမှာ လည်ချောင်းနာပြီးနောက် ဖောရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ကျောက်ကပ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
605

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
566
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေမှာ လည်ချောင်းနာပြီးနောက် ဖောရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ကျောက်ကပ်ရောဂါ

ကင်ဆာ ရောဂါကို  ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အစားအသောက်များ

ပြောနေရဦးမည့် ဝက်ခြံပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.