(Zawgyi)
ဒီေဆာင္းပါးမွာေတာ့ လုံမငယ္တို႔ အသုံးမ်ားတဲ့ တားေဆး ေသာက္
ေဆးမ်ားထဲမွ ဟိုမုန္းဓာတ္ႏွစ္မ်ိဳးပါတဲ့ တားေဆးေသာက္ေဆး ျဖစ္တဲ့ Combined
Oral Contraceptives (COC) အေၾကာင္း ေျပာျပပါ့မယ္။
လုံမငယ္တို႔ ကိုယ္ထဲမွာ ပင္ကိုယ္ သဘာဝအရ ထြက္တဲ့ ဟိုမုန္းဓာတ္
ေတြျဖစ္တဲ့ အီစထ႐ိုဂ်င္ (Estrogen) နဲ႔ ပ႐ိုဂ်ပ္စတိုဂ်င္ (Progestogen) တို႔နည္း
တူ ျပင္ပမွ ေဖာ္စပ္ထားတဲ့ အလားတူ ဟိုမုန္းေတြ ပါဝင္တဲ့ တားေဆးေသာက္ေဆး
ကို c ၊ OC pills ကြန္ဘိုင္း ေအာ္ရယ္
ကြန္ထရာ ဆပ္တစ္ / အိုစီ ပင္လ္ လို႔ေခၚတယ္။ တို႔ ျမန္မာႏိုင္ငံမွာေတာ့ အိုေက
ေဆးကတ္ရယ္လို႔ လူသိမ်ားတယ္ ။တျခား ေဆးနာမည္ အမ်ိဳးမ်ိဳးနဲ႔လည္း ဝယ္လို႔
ရပါတယ္။
ဘယ္လို နည္းနဲ႔ ပဋိသေႏၶကို တားသလဲ ။
တားေဆး ဟိုမုန္းေဆး ေတြသည္ လုံမငယ္တို႔ ခႏၶာကိုယ္ထဲေရာက္
တာနဲ႔ လုံမငယ္တို႔ရဲ႕ သားဥအိမ္ (Ovary) မွ သားဥမ်ား (ovum) မထြက္ေအာင္
တားေပးပါတယ္ ။ဒီလိုနဲ႔ ပဋိသေႏၶကို တားပါတယ္ကြယ္ ။
ဘယ္ေလာက္ အာနိသင္ ရွိသလဲ ။
အာနိသင္ ဘယ္ေလာက္ရွိသလဲ ဆိုတာ အတိအက် ေျပာဖို႔ေတာ့ ခက္ပါတယ္ ။အဓိက ကေတာ့ သုံးစြဲသူ အေပၚ မ်ားစြာ မူတည္ပါတယ္ ။
ဘယ္အခ်ိန္ ေတြမွာ အာနိသင္ ေလ်ာ့တတ္လဲ ဆိုရင္ ေဆးေသာက္ပုံမမွန္ရင္( ေဆးေသာက္ေန
စဥ္ ေဆး၃လုံးနဲ႔ အထက္ ေမ့ၿပီးမေသာက္မိရင္ ၊ေဆးကတ္ အသစ္ေသာက္ဖို႔
၃ရက္ေလာက္ ေနာက္က်ခဲ့ရင္) ၊တားေဆး အာနိသင္က်ေစတဲ့ တျခားေဆးဝါးမ်ား
နဲ႔အတူ တြဲေသာက္မိရင္ ျဖစ္တတ္တယ္ ။ ပုံမွန္အားျဖင့္ ေဆးပုံမွန္ စနစ္တက်
ေသာက္ရင္ တားေဆးေသာက္တဲ့ ၁၀၀ ေသာ လုံမပ်ိဳေတြထဲမွာ ကိုယ္ဝန္ရႏိုင္ေျခ
က ၈ေယာက္ေလာက္ပဲရွိပါတယ္ ။က်န္တဲ့ ၉၂ ေယာက္က ကိုယ္ဝန္မရဘူးေပါ့ ။
ေဘးထြက္ အာနိသင္မ်ား
ရာသီ မမွန္တာ(လာတာ ပမာဏာ နည္းသြားတာ ၊လာတဲ့ ရက္နည္းသြားတာ၊ရာသီ
ရက္မမွန္ေတာ့တာ ၊ရာသီထိန္သြားတာ)
ေခါင္းကိုက္တာ
ေခါင္းမူးတာ
ရင္သားတင္းရင္းတာ ၊နာတတ္တာ
ကိုယ္အေလးခ်ိန္ အေျပာင္းအလဲျဖစ္တာ
စိတ္အေျခအေန အေျပာင္းအလဲျဖစ္တာ(စိတ္ဆတ္လာတာ)
ဝက္ၿခံ (တခ်ိဳ႕က ဝက္ၿခံေပါက္တတ္ ၊အမ်ားစုက ဝက္ၿခံေပ်ာက္သြားတတ္)
ေသြး အနည္းအငယ္တိုးတတ္
သိသာသည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
ပဋိသေႏၶကို တားတယ္
သားအိမ္ကင္ဆာကို ျဖစ္ပြားႏႈန္းနည္းေစတယ္
သားဥအိမ္ အရည္အိတ္တည္တာ ေလ်ာ့နည္းေစ
ရာသီလာစဥ္ ကိုက္ခဲတာ နာတာ သက္သာေစ
ရာသီ မမွန္တဲ့ တခ်ိဳ႕ေသာ အေျခအေနေတြမွာ ရာသီမွန္ေစ
သိသာသည့္ က်န္းမာေရး အက်ိဳးအျပစ္မ်ား(အလြန္ရွားပါတယ္)
ေသြးပ်စ္တာ
ေလျဖတ္တာ
ႏွလုံးေသြးေၾကာပိတ္တာ
ေဆးဘယ္လိုေသာက္မလဲ။
ရာသီ စလာၿပီး ၅ရက္အတြင္းေသာက္ပါ။
ရာသီ စလာၿပီး ၅ရက္ေက်ာ္မွ ေသာက္မည္ဆိုက ကိုယ္ဝန္မရွိတာ ေသခ်ာေအာင္
အရင္လုပ္ပါ ။မရွိတာ ေသခ်ာရင္ ႀကိဳက္တဲ့ရက္ စေသာက္ပါ ။ဒါေပမယ့္ ကြန္ဒုံး ၇
ရက္ သုံးပါ။
အကယ္လို႔ ရွိ ၊မရွိ မေသခ်ာရင္ ရာသီလာတဲ့ရက္ကို ေစာင့္ၿပီးမွေသာက္ပါ ။ကြန္ဒုံး သုံးပါ ။
တစ္ေန႔ တစ္လုံး ပုံမွန္ေသာက္ပါ ။
၂၈ လုံးပါတဲ့ ေဆးကတ္ေသာက္ရင္ ကုန္တာနဲ႔ ကတ္အသစ္ေနာက္တစ္ကတ္
ဆက္ေသာက္ပါ ။
၂၁ လုံးပါတဲ့ ေဆးကတ္ေသာက္ရင္ ကုန္သြားက ၇ ရက္ေစာင့္ၿပီးမွ ကတ္အသစ္
ေနာက္တစ္ကတ္ ေသာက္ပါ ။
တားေဆးေသာက္ေ ဆးနဲ႔ ပတ္သက္သည့္ လုံမတို႔၏ အယူအဆမွားမ်ား
တားေဆး ဟိုမုန္းဓာတ္ေတြသည္ လုံမတို႔ ကိုယ္ထဲမွာ စုမေနပါ ။ဒါေၾကာင့္ ရပ္
လိုက္ ေသာက္လိုက္ လုပ္စရာမလိုပါ ။ရာသီထိန္လို႔ ရာသီ ျပန္ေပၚေအာင္ အနား
ေပးစရာ မလိုပါ ။
မိမိတို႔ ၾကင္ေဖာ္ၾကင္ဖက္နဲ႔ အတူေနတဲ့ ရက္မွ ေသာက္ရတာ မဟုတ္ပါ ။လုံမတို႔ အေနနဲ႔ ေန႔စဥ္ ရက္ဆက္ တစ္ေန႔ တစ္လုံး မွန္မွန္ေသာက္ရမွာပါ ။
ကေလး အႁမႊာကိုလည္း မေမြးေစပါ ။
အခန႔္မသင့္လို႔ ကိုယ္ဝန္ေဆာင္ေနစဥ္ ေသာက္မိရင္လည္း လုံမတို႔ ရင္ေသြးကိုမထိခိုက္ပါ ။
တားေဆးေသာက္ေဆး ေသာက္လို႔ ၿမဳံသြားျခင္း မရွိပါ။ ေဆးမေသာက္ေတာ့တာနဲ႔ ကေလးရႏိုင္ပါတယ္ ။
ဆက္ပါဦးမည္…………..
Author – ေခတ္သစ္ဇီဝက
(Unicode)
ဒီဆောင်းပါးမှာတော့ လုံမငယ်တို့ အသုံးများတဲ့ တားဆေး သောက်
ဆေးများထဲမှ ဟိုမုန်းဓာတ်နှစ်မျိုးပါတဲ့ တားဆေးသောက်ဆေး ဖြစ်တဲ့ Combined
Oral Contraceptives (COC) အကြောင်း ပြောပြပါ့မယ်။
လုံမငယ်တို့ ကိုယ်ထဲမှာ ပင်ကိုယ် သဘာဝအရ ထွက်တဲ့ ဟိုမုန်းဓာတ်
တွေဖြစ်တဲ့ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျပ်စတိုဂျင် (Progestogen) တို့နည်း
တူ ပြင်ပမှ ဖော်စပ်ထားတဲ့ အလားတူ ဟိုမုန်းတွေ ပါဝင်တဲ့ တားဆေးသောက်ဆေး
ကို c ၊ OC pills ကွန်ဘိုင်း အော်ရယ်
ကွန်ထရာ ဆပ်တစ် / အိုစီ ပင်လ် လို့ခေါ်တယ်။ တို့ မြန်မာနိုင်ငံမှာတော့ အိုကေ
ဆေးကတ်ရယ်လို့ လူသိများတယ် ။တခြား ဆေးနာမည် အမျိုးမျိုးနဲ့လည်း ဝယ်လို့
ရပါတယ်။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်
တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင်
တားပေးပါတယ် ။ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။အဓိက ကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ် ။
ဘယ်အချိန် တွေမှာ အာနိသင် လျော့တတ်လဲ ဆိုရင် ဆေးသောက်ပုံမမှန်ရင်( ဆေးသောက်နေ
စဉ် ဆေး၃လုံးနဲ့ အထက် မေ့ပြီးမသောက်မိရင် ၊ဆေးကတ် အသစ်သောက်ဖို့
၃ရက်လောက် နောက်ကျခဲ့ရင်) ၊တားဆေး အာနိသင်ကျစေတဲ့ တခြားဆေးဝါးများ
နဲ့အတူ တွဲသောက်မိရင် ဖြစ်တတ်တယ် ။ ပုံမှန်အားဖြင့် ဆေးပုံမှန် စနစ်တကျ
သောက်ရင် တားဆေးသောက်တဲ့ ၁၀၀ သော လုံမပျိုတွေထဲမှာ ကိုယ်ဝန်ရနိုင်ခြေ
က ၈ယောက်လောက်ပဲရှိပါတယ် ။ကျန်တဲ့ ၉၂ ယောက်က ကိုယ်ဝန်မရဘူးပေါ့ ။
ဘေးထွက် အာနိသင်များ
- ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ
- ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
- ခေါင်းကိုက်တာ
- ခေါင်းမူးတာ
- ရင်သားတင်းရင်းတာ ၊နာတတ်တာ
- ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ
- စိတ်အခြေအနေ အပြောင်းအလဲဖြစ်တာ(စိတ်ဆတ်လာတာ)
- ဝက်ခြံ (တချို့က ဝက်ခြံပေါက်တတ် ၊အများစုက ဝက်ခြံပျောက်သွားတတ်)
- သွေး အနည်းအငယ်တိုးတတ်
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
- ပဋိသန္ဓေကို တားတယ်
- သားအိမ်ကင်ဆာကို ဖြစ်ပွားနှုန်းနည်းစေတယ်
- သားဥအိမ် အရည်အိတ်တည်တာ လျော့နည်းစေ
- ရာသီလာစဉ် ကိုက်ခဲတာ နာတာ သက်သာစေ
- ရာသီ မမှန်တဲ့ တချို့သော အခြေအနေတွေမှာ ရာသီမှန်စေ
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ(အလွန်ရှားပါတယ်)
- သွေးပျစ်တာ
- လေဖြတ်တာ
- နှလုံးသွေးကြောပိတ်တာ
ဆေးဘယ်လိုသောက်မလဲ။
- ရာသီ စလာပြီး ၅ရက်အတွင်းသောက်ပါ။
- ရာသီ စလာပြီး ၅ရက်ကျော်မှ သောက်မည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင်
အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စသောက်ပါ ။ဒါပေမယ့် ကွန်ဒုံး ၇
ရက် သုံးပါ။ - အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှသောက်ပါ ။ကွန်ဒုံး သုံးပါ ။
- တစ်နေ့ တစ်လုံး ပုံမှန်သောက်ပါ ။
- ၂၈ လုံးပါတဲ့ ဆေးကတ်သောက်ရင် ကုန်တာနဲ့ ကတ်အသစ်နောက်တစ်ကတ်
ဆက်သောက်ပါ ။ - ၂၁ လုံးပါတဲ့ ဆေးကတ်သောက်ရင် ကုန်သွားက ၇ ရက်စောင့်ပြီးမှ ကတ်အသစ်
နောက်တစ်ကတ် သောက်ပါ ။
တားဆေးသောက်ေ ဆးနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
- တားဆေး ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။ဒါကြောင့် ရပ်
လိုက် သောက်လိုက် လုပ်စရာမလိုပါ ။ရာသီထိန်လို့ ရာသီ ပြန်ပေါ်အောင် အနား
ပေးစရာ မလိုပါ ။ - မိမိတို့ ကြင်ဖော်ကြင်ဖက်နဲ့ အတူနေတဲ့ ရက်မှ သောက်ရတာ မဟုတ်ပါ ။လုံမတို့ အနေနဲ့ နေ့စဉ် ရက်ဆက် တစ်နေ့ တစ်လုံး မှန်မှန်သောက်ရမှာပါ ။
- ကလေး အမြွှာကိုလည်း မမွေးစေပါ ။
- အခန့်မသင့်လို့ ကိုယ်ဝန်ဆောင်နေစဉ် သောက်မိရင်လည်း လုံမတို့ ရင်သွေးကိုမထိခိုက်ပါ ။
- တားဆေးသောက်ဆေး သောက်လို့ မြုံသွားခြင်း မရှိပါ။ ဆေးမသောက်တော့တာနဲ့ ကလေးရနိုင်ပါတယ် ။
ဆက်ပါဦးမည်…………..
Author – ခေတ်သစ်ဇီဝက