” သတိမမူမိကြတဲ့ ကလမိုင်းဒီးယား ”
လူတွေသိပ်မသိတဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ Chlamydia ပဲဖြစ်ပါတယ်။ သူကတော့ တခြားရောဂါပိုးတွေထက် များစွာသောလူဦးရေကို လျင်မြန်စွာ ကူးစက်နိုင်တဲ့ အဓိကအချက်က ရောဂါလက္ခဏာ သိပ်မပြတာပါပဲ။ လေ့လာချက်တွေအရ ကူးစက်ခံရတဲ့ ၇၅% သော အမျိုးသမီးတွေနဲ့ ၅၀% သော အမျိုးသားတွေက ဘာလက္ခဏာမှ မပြတဲ့အတွက် ကူးစက်ခံရမှန်းတောင် မသိပဲ ဖြစ်တတ်ပါတယ်။
?ကလမိုင်းဒီးယား (Chlamydia) ဆိုတာဘာလဲ?
?Chlamydia Tichomatis ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။
အမျိုးသားဆရာ အမျိုးသမီးရောပါ ဖြစ်နိုင်ပါတယ်။
? ရောဂါပိုးဝင်ရောက်တာ မသိတဲ့ အတွက်ကြောင့်မို့လို့ သတိမထားမိဘဲ နောက်လူတစ်ယောက်ကိုလည်း မိန်းမကိုယ်၊ စအို ၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းတို့ဖြင့် လွယ်လင့်တကူ ကူးစက်တတ်ပါတယ်။
?ကိုယ်ဝန်ဆောင်မိခင်ကနေ ရင်သွေးကိုလည်း မွေးဖွားရာမှတစ်ဆင့် ကူးစက်တတ်ပါသေးတယ်။
?ဘယ်သူတွေပိုဖြစ်လဲ?
?လိင်ဆက်ဆံဖော်များတဲ့သူတွေ
?Condom မသုံးသူ
?အသက်ငယ်သူတွေ အထူးသဖြင့် မိန်းကလေးတွေမှာ ပိုဖြစ်လေ့ရှိတယ်။
?ရောဂါ လက္ခဏာ တွေက ဘာတွေလဲ?
?အရမ်းကြီးတော့ သိသာလေ့ မရှိဘူး။ ဒါပေမဲ့ ရောဂါပိုးဝင်ရောက်ပြီး တစ်ပတ်ကနေ သုံးပတ်အကြာမှာတော့ အောက်မှာပြထားတဲ့ ဟာလေးတွေ ဖြစ်လေ့ရှိတယ်။
?အမျိုးသမီးများ
▪️ပုံမှန်မဟုတ်တဲ့ အနံ့နံတဲ့ အရည်များ မိန်းမကိုယ်က ဆင်းခြင်း
▪️ရာသီလာတဲ့အချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
▪️ရာသီလာတဲ့အခါ နာကျင်ခြင်း
▪️ဗိုက်အောင့်ပြီး အဖျားတက်ခြင်း
▪️လိင်ဆက်ဆံစဉ် နာကျင်ခြင်း
▪️မိန်းမကိုယ်နားတစ်ဝိုက်တွင် ယားခြင်း၊ ပူခြင်း။
ဆီးသွားလျှင် နာကျင်ခြင်း တို့ဖြစ်တတ်ပါတယ်။
?အမျိုးသားများ
▪️လိင်တံထိပ်မှ ညစ်ညစ်အရည်များ စိမ့်ထွက်ခြင်း
▪️ဆီးသွားလျှင် နာကျင်ခြင်း
▪️လိင်တံထိပ်ပူခြင်း၊ ယားခြင်း။
▪️ဝှေးစေ့တစ်ဝိုက် နာခြင်း၊ ရောင်ခြင်း တို့ဖြစ်တတ်ပါတယ်။
?ဘက်တီးရီးယားက အစာဟောင်းအိမ်( Rectum ) ထိပါ ကူးစက်နေပီဆိုရင်တော့ စအိုနားတစ်ဝိုက် နာကျင်ခြင်း၊ အရည်များထွက်ခြင်း နဲ့ သွေးထွက်ခြင်းများ ဖြစ်တတ်ပါတယ်။
?ဘယ်လိုစမ်းသပ်မလဲ?
?အထူးပြုလုပ်ထားတဲ့ ဂွမ်းစလေးနဲ့ အမျိုးသားမှာဆိုရင်တော့ ဆီးလမ်းကြောင်း၊ အမျိုးသမီးများတွင်တော့ သားအိမ်ခေါင်းက အရည်ကြည်ကို အနည်းငယ်သုတ်ယူပြီး ဓာတ်ခွဲခန်းမှာ စနစ်တကျ စမ်းသပ် စစ်ဆေးလို့ ရပါတယ်။
?နောက်တစ်မျိုးကတော့ ဆီးထဲက ဘက်တီးရီးယားပိုးကို ရှာတာပါ။
?ဘယ်သူတွေ စစ်သင့်သလဲ?
?အပေါ်မှာပြောထားတဲ့ လက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို သွားသင့်ပါပြီ။
?ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ပထမဆုံး ကိုယ်ဝန်အပ်တဲ့ အချိန်မှာတည်းက စစ်ဆေးသင့်ပါတယ်။
?တစ်နှစ် အနည်းဆုံး တစ်ကြိမ် စစ်ဆေးသင့်တဲ့ လူများကတော့
▪️အသက် ၂၅ နှစ် အောက် အပျော်အပါးလိုက်စားလေ့ရှိတဲ့ အမျိုးသမီးများ
▪️လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးများ/ အမျိုးသားများ
▪️လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသော ဆက်ဆံဖော်နှင့် အတူနေသူများ
▪️လိင်တူဆက်ဆံသော အမျိုးသား/ အမျိုးသမီးများ ကတော့ ပိုဂရုစိုက်ပြီး စစ်ဆေးသင့်ပါတယ်။
?နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ?
?အမျိုးသမီးများ
▪️သားအိမ်တစ်ဝိုက်ကို ရောဂါပိုး အလွယ်တကူပျံ့နိုင်ပြီး တင်ပဆုံပိုင်းရောင်ရမ်းခြင်းရောဂါ ( Pelvic Inflammatory Disease ) တွေဖြစ်နိုင်တယ်။
▪️ နောက်ပိုင်းမှာ မျိုးပွားအင်္ဂါများကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ဖို့အခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်။ သားသမီးမထွန်းကားပဲ မြုံတာနဲ့ သားအိမ်မဟုတ်ဘဲ နေရာမှားပြီး သန္ဓေသား တွယ်တာကတော့ အများဆုံးဖြစ်လေ့ရှိတယ်။
▪️တင်ပဆုံနားတွေ အရမ်းထိုးပြီးကိုက်တာတွေ နဲ့ လာပြလေ့ရှိတယ်။
?အမျိုးသားများ
▪️အမျိုးသားတွေက ကံကောင်းပါတယ်။ အရမ်းကြီးဆိုးဆိုးဝါးဝါး ဖြစ်လေ့မရှိဘူး။ တစ်ခါတစ်လေတော့ သုတ်လွှတ်ပြွန် ( epididymis ) ကို ရောင်ရမ်းစေပြီး အနည်းငယ်နာတာ၊ အဖျားငွေ့ငွေ့လေးတက်တာ၊ မြုံတာတို့ ဖြစ်တတ်တယ်။
?ကျား၊ မ မရွေးဘဲ ဖြစ်တတ်တာကတော့ ရောဂါပိုး ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ပြန်တိုက်ထုတ်တဲ့အတွက် ဖြစ်လာတဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းပါ။ Reactive Arthritis လို့ ခေါ်ပါတယ်။
?ရောဂါပိုးကူးစက်ခံရတဲ့ မေမေကနေ မွေးလာတဲ့ ကလေးများကတော့ အဆုတ်ရောင်တာ၊ မျက်လုံးနာတာတို့ ဖြစ်လေ့ရှိတဲ့အပြင် သတ်မှတ်ထားတဲ့ရက်ထက် စောမွေးလေ့ရှိတယ်။
?နောက်ဆုံးသတိထားရမှာကတော့ ဒီပိုးရှိနေတာက HIV ရောဂါပိုး ကူးစက်ခံဖို့ နဲ့ သူများကိုကူစက်စေဖို့ အခွင့်အရေးတွေကို အဆမတန် မြင့်တတ်စေပါတယ်။
?ဘယ်လိုကုမလဲ?
?တစ်ကြိမ်ပဲသောက်ရမယ့် ပိုးသတ်ဆေးနဲ့ နေ့တိုင်း ၁ပတ်တိတိ သောက်ရမယ့်ပိုးသတ်ဆေး ဆိုပြီး ၂ မျိုးရှိတယ်။ သင့်ရဲ့ ဆက်ဆံဖော်ကို မကူးဖို့အတွက် နှစ်မျိုးလုံး ဆေးစသောက်တဲ့ နေ့ကစပြီး တစ်ပတ်တိတိ လိင်ဆက်ဆံခြင်းမပြုရဘူး။
?ကုသမှု ပြီးဆုံးသွားရင်လည်း ပြန်ကူးနိုင်တဲ့အတွက် ၃လ အကြာမှာ ပြန်လည်ဆေးစစ်သင့်ပါတယ်။
?ကာကွယ်လို့ရမလား? ကာကွယ်ဆေးရှိလာ:?
?ကာကွယ်ဆေးမရှိပါဘူး။
?လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် Condom အသုံးပြုပြီးသာ ချစ်တင်းနှောကြရန် အကြံပြုလိုက်ရပါတယ်။
Dr. Z