fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နို့တိုက်ကျွေးခြင်း

178
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/02/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိဘတိုင်းသည် မိမိတို့၏ သားသမီးများအပေါ် အသက်တမျှ ချစ်မြတ်နိုးကြသည်ဆိုခြင်းကို ငြင်းပယ်မည့်သူရှိမည် မဟုတ်ပါ။ အထူးသဖြင့် မြန်မာလူမျိုးတို့သည် သားသမီးအပေါ် ချစ်ခြင်းမေတ္တာကို ယှဉ်ပြိုင်မည်ဆိုလျှင် ယှဉ်နိုင်သော လူမျိုးမရှိဟု ကျွန်တော့်အနေဖြင့် ယုံကြည်ပါသည်။ မြန်မာဆိုစကားတစ်ခုဖြစ်သော “တောင်းစုတ်၊ ပလုံးစုတ်သာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ” ဟူသည်မှာ မိဘတို့၏ ချစ်မေတ္တာကို တစ်စိတ်တစ်ဒေသ ဖော်ညွှန်းရာရောက်ပါသည်။

မိမိတို့၏ ရင်သွေးအတွက် အကောင်းဆုံးသော လက်ဆောင်မွန်မှာ မိခင်နို့ရည်ဖြစ်သည်ဟု ဆိုထားပေသည်။ နိုင်ငံတစ်ချို့တွင် မိခင်များ၏ ၂၅ ရာခိုင်နှုန်းခန့်သည် မိမိတို့၏ ရင်သွေးငယ်အား မိခင်နို့ရည်တိုက်ကျွေးကြပါသည်။ မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်မဟုတ်သည့်တိုင် ၉၀ ရာခိုင်နှုန်းကျော် မျှသော မိခင်များသည် သားသမီးအား နို့ချိုတိုက်ကျွေးကြသည်။ ကျန်ရာခိုင်နှုန်းများလည်း နို့ချိုတိုက်ကျွေးလိုပါလျက် အကြောင်းအမျိုးမျိုးကြောင့် မတိုက်ကျွေးရခြင်း ဖြစ်နိုင်ပါသည်။ မိခင်တိုင်းသည် မိမိတို့၏ နို့ချိုကို ရင်သွေးငယ်အား တိုက်ကျွေးလိုကြမည်ဖြစ်သည်။

ယနေ့အချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရင်သွေးငယ်များအား ခြောက်လအရွယ်ထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျွေးရန် လမ်းညွှန်အကြံပေး တိုက်တွန်းလျက်ရှိပါသည်။ ထို့အပြင် အသက်နှစ်နှစ် အရွယ်အထိ ဆက်လက်၍ နို့ချိုတိုက်ကျွေးသင့်ကြောင်းလည်း ပြောကြားခဲ့သည်။ အမျိုးသမီးများအဖို့ မိမိတို့၏ ရင်သွေးငယ်အား နို့ချိုတိုက်ကျွေးခြင်းသည် ရင်သွေးငယ်အတွက်သာမက မိခင်အတွက်ပါ အကျိုးထူးများစွာ ရရှိနိုင်စေပါသည်။ မိခင်နို့ရည်သည် ကလေးငယ်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး အာဟာရဖြစ်၏။ မိခင်နို့ရည်ထက်ကောင်းသော၊ သာလွန်သော အစားအစာဟူ၍ မရှိသေးပေ။

နို့တိုက်မိခင်သည် မွေးဖွားပြီးနောက်ဖြစ်တတ်သော ဆိုးကျိုးအရှုပ်အထွေးများ ကင်းနိုင်ကြသည်။ မွေးပြီး သားအိမ်ပြန်ကျုံခြင်းကို နို့တိုက်ခြင်းက အထောက်အကူဖြစ်စေသည်။
အမျိုးသမီးများအနေဖြင့် သားသမီးမွေးဖွားပြီးနောက် မိမိတို့၏ ရင်သွေးအား နို့တိုက်ကျွေးမည်ဆိုလျှင် သတိပြုလိုက်နာသင့်သော အချက်သုံးချက်ရှိပါသည်။

အမျိုးသမီးများအနေဖြင့် သားသမီးမွေးဖွားပြီနောက် မိမိတို့၏ ရင်သွေးအား နို့တိုက်ကျွေးမည်ဆိုလျှင် သတိပြုလိုက်နာသင့်သော အချက်သုံးချက်ရှိပါသည်။

ပထမ လိုက်နာရမည့်အချက်မှာ ‘စောစွာတိုက်ကျွေးပါ’ ဟူသော လမ်းညွှန်ချက်ဖြစ်သည်။ ရင်သွေးငယ်မွေးဖွားပြီး တစ်နာရီအတွင်းမှာပင် တိုက်ကျွေးသင့်သည်ဟု ဆိုပါသည်။ နို့ဦးရည်သည် ကလေးငယ်အတွက် အာဟာရပြည့်ဝပြီး ခန္ဓာကိုယ်ခုခံအားအတွက် အရေးကြီးသော ပဋိပစ္စည်း အမြောက်အများ ပါဝင်သည်။ မိခင်နှင့် ရင်သွေးကြား ပထမဦးဆုံး သံယောဇဉ်ကြိုး ရစ်နှောင်လိုက်ခြင်းလည်း ဖြစ်ပါသည်။

ဒုတိယအနေဖြင့် ‘အကြိမ်ကြိမ်တိုက်ကျွေးပါ’ ဟူသော လမ်းညွှန်ဆိုစကားကို လိုက်နာရန်ဖြစ်ပါသည်။ အမျိုးသမီးတို့၏ နို့ (ရင်သား) သည် ကလေးငယ် များများစို့လေ၊ တည်ဆောက်မှုအားကောင်းလေဖြစ်သည်။ ကလေးငယ်အား အကြိမ်ကြိမ်တိုက်ကျွေးခြင်းဖြင့် မိခင်နို့ရည်တည်ဆောက်မှုကို အားပေးရာရောက်ပါသည်။ နို့သည် မတိုက်ဘဲထားပါက ခမ်းခြောက်သွားတတ်ပါသည်။

တတိယလိုက်နာရမည့် လမ်းညွှန်ချက်မှာ ‘ မှန်ကန်စွာ တိုက်ကျွေးပါ’ ဟူ၍ဖြစ်သည်။ ကလေးငယ်နို့စို့စဉ် သက်တောင့်သက်သာ အနေအထား ရှိနေစေရပါမည်။ နို့နှစ်ဖက်စလုံးကို အလှည့်ကျတိုက်ကျွေးရပါမည်။

နို့တိုက်မိခင်များအနေဖြင့် နို့ရည်တည်ဆောက်ထုတ်လုပ်မှု ကောင်းမွန်စေရန်အတွက် အာဟာရပြည့်စုံစွာရရှိဖို့ အရေးကြီးပါသည်။ ကလေးငယ်အား နို့ချိုတိုက်ကျွေးသော မိခင်များသည် ပို၍ဆာလောင်တတ်ပါသည်။ မကြာခဏ ရေငတ်ခြင်း (ရေဆာခြင်း) လည်း ဖြစ်တတ်ပါသည်။ ပုံမှန်လိုအပ်သော စွမ်းအင်ပမဏထက် ပိုမိုစားသုံးရန် လိုအပ်မည်ဖြစ်ပါသည်။ နို့တိုက်မိခင်တစ်ဦးသည် တစ်နေ့တာအဖို့ စွမ်းအင် ၃၀၀ မှ ၄၀၀ ကယ်လိုရီ ပိုမိုလိုအပ်ကြောင်း အာဟာရပညာရှင်များက ဆိုပါသည်။

မိခင်စားသုံးသော အစားအစာများတွင် ကစီဓာတ်ခေါ် ကာဘိုဟိုက်ဒရိတ် (ဥပမာ – ဆန်၊ ခေါက်ဆွဲ၊ ပေါင်မုန့်) နို့နှင့် နို့ထွက် ပစ္စည်းများ (နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်)၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပရိုတင်း ဓာတ်ကြွယ်ဝသော အစားအစာများ (အသား၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး) စသည်တို့ပါဝင်ရန် လိုအပ်ပါသည်။ မိခင်သည် တချို့သော အစားအစာများကိုမှု ရှောင်ကြဉ်သင့်သည်။ ကေဖင်းဓာတ်များစွာပါဝင်သော အစားအသောက်များ စားသုံးရန် မသင့်ပေ။ ဓာတ်မတည့်မှုကို ဖြစ်စေတတ်သော အစားအစာများ၊ အရက်၊ ချောကလက်၊ ချင်း၊ ကြက်သွန်ဖြူ၊ နေကြာစေ့၊ ဂေါ်ဖီ၊ မြေပဲ၊ ပဲပင်ပေါက် စသည်တို့ကိုလည်း ရှောင်သင့်သည်ဟု ဆိုပါသည်။

နို့တိုက်မိခင်တစ်ဦးသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အနားယူဖို့လည်း လိုအပ်ပါသည်။ ရင်သားတစ်စုံသည် ကိုယ်ဝန်ဆောင်စဉ်ကာလမှစ၍ နို့ရည်တည်ဆောက်ထုတ်လုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ ကလေးမွေးပြီးသည်နှင့်တစ်ပြိုင်နက် နို့ရည်အဆင်သင့် ထုတ်လုပ်နိုင်ကြသည်။ ကလေးမွေးဖွားပြီး အချိန်အနည်းငယ်အတွင်း ဝါကျင့်ကျင့်အရည်များ ထွက်ပါသည်။ Colostrum ခေါ် နို့ဦးရည်ဖြစ်ပါသည်။ နို့ဦးရည်သည် ကလေးငယ်အတွက် လိုအပ်သော အာဟာရကို ပေးစွမ်းနိုင်သည်။ ကလေး၏ ခန္ဓာကိုယ်ခုခံစွမ်းအားအတွက် အရေးကြီးသော ပဋ္ဋိပစ္စည်းများစွာပါဝင်သည်။ တချို့အမျိုးသမီးများသည် ဝါကျင့်ကျင့်နို့ဦးရည်မှာ မသန့်ရှင်းဟု ယူဆ၍ ကလေးငယ်အား တိုက်ကျွေးခြင်းမပြုဘဲ ညှစ်ထုတ်ပစ်တတ်ကြသည်။ ဤမှားယွင်းသော အယူအဆကို သတိပြုကြဖို့ လိုအပ်ပါသည်။

မွေးဖွားလာသော ကလေးငယ်များသည် ပြင်ပလောကသို့ရောက်လာချိန်တွင် ဆာလောင်မွတ်သိပ်နေတတ်ကြသည်။ မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း နို့စို့လိုကြသည်။ ထို့ကြောင့်ပင် ကလေးငယ်အတွက် အာဟာရဖြစ်စေပြီး ခုခံစွမ်းအားကို ကောင်းမွန်းစေမည့် မိခင်၏နို့ရည်ကို မွေးဖွားပြီး တစ်နာရီးအတွင်း တိုက်ကျွေးရန် ဆေးပညာရှင်များက လမ်းညွှန်အကြံပေးခြင်းဖြစ်သည်။ နို့တိုက်ခြင်းသည် သဘာဝဖြစ်သော်လည်း စနစ်တကျ နည်းလမ်းမှန်ကန်စွာ တိုက်ကျွေးတတ်ရန်အတွက် လေ့လာသင်ယူရန် လိုအပ်ပါသည်။

မိခင်နို့ရည်တိုက်ကျွေးခြင်းသည်လည်း အစစအရာရာ အဆင်ပြေချောမွေ့သည်တော့ မဟုတ်ပေ။ တစ်ခါတစ်ရံ အခက်အခဲများစွာ ကြုံရတတ်သည်။ ဥပမာအားဖြင့် နို့ရည်ထွက်သည့်လမ်းကြောင်း ပိတ်ဆို့ခြင်း (နို့ ကြောင်းပိတ်ခြင်း) နို့သီးခေါင်းကွဲခြင်းနှင့် အနာဖြစ်ခြင်း၊ နို့သီးခေါင်းပြင်ပသို့ ကောင်းစွာမထွက်ခြင်း၊ နို့အလွန်တင်းခြင်း၊ နို့ထုတ်လုပ်မှု မကောင်းခြင်း၊ (နို့ခမ်းခြင်း)၊ နို့ရောင်ရမ်းခြင်း၊ မှက္ခရုမှိုစွဲကပ်ခြင်း စသည်တို့ကြောင့် ရင်သွေးငယ်များအား နို့ချိုတိုက်ကျွေးရာတွင် အခက်အခဲပြဿနာများ ဖြစ်နိုင်ပါသည်။

Author – ဒေါက်တာအေးကျော်

Previous Post

လိင်တူဆက်ဆံခြင်း

Next Post

ဆားဝက်ခြံကြောင့် စိတ်ညစ်နေရတာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆားဝက်ခြံကြောင့် စိတ်ညစ်နေရတာလား

အိပ်ရေးဝဝအိပ်၊ အိမ်မက်လှလှမက်စေဖို့အတွက်

အရက်နာကျတဲ့အကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.