(Zawgyi ျဖင့္ ဖတ္ရန္)
အမ်ိဳးသမီးမ်ား အျဖဴဆင္းျခင္းႏွင့္ မိန္းမကိုယ္ယားယံျခင္းသည္ အျဖစ္မ်ားပါသည္။ မည္သည့္ အသက္အ႐ြယ္မဆို ျဖစ္ႏိုင္ပါသည္။ သားဥေႂကြခ်ိန္ႏွင့္ ကိုယ္ဝန္ရွိခ်ိန္တြင္ သဘာဝအေလ်ာက္ အျဖဴဆင္းတတ္ပါသည္။
ေရာဂါျဖစ္ေစေသာ အေၾကာင္းအရင္း
အျဖဴဆင္းၿပီး မိန္းမကိုယ္ယားယံျခင္းသည္ Trichomonas, Monilia-sis ပိုးဝင္ျခင္းေၾကာင့္ ျဖစ္တတ္ပါသည္။ ပဋိဇီ၀ ေဆးေသာက္ခ်ိန္၊ ကိုယ္ဝန္ရွိခ်ိန္၊ ကိုယ္ခံအားက်ဆင္းခ်ိန္၊ ေဟာ္မုန္းပါဝင္ေသာ သေႏၶတားေဆးေသာက္သုံးခ်ိန္ႏွင့္ ဆီးခ်ိဳေသြးခ်ိဳရွိခ်ိန္တြင္ ပိုမိုျဖစ္တတ္ပါသည္။
အျဖဴဆင္းေရာဂါလကၡဏာ
အမ်ိဳးသမီးမ်ား၏ မိန္းမကိုယ္မွ အျဖဴ (သို႔မဟုတ္) အဝါ (သို႔မဟုတ္) အစိမ္းေရာင္အရည္ဆင္းၿပီး မိန္းမကိုယ္တြင္ ယားယံျခင္း၊ အနံ႔ျပင္းျခင္းႏွင့္ ဆီးစပ္ကိုက္ျခင္း လကၡဏာမ်ား ျဖစ္ေပၚပါက အျဖဴဆင္းျခင္းဟု သတ္မွတ္ႏိုင္ပါသည္။
ကိုယ္ဝန္ေဆာင္စဥ္ အျဖဴဆင္းျခင္း
ကိုယ္ဝန္ေဆာင္စဥ္ အျဖဴဆင္းပါက အႏၲရာယ္မရွိပါ။ ႐ိုး႐ိုးသာမန္ဆင္းပါက ေဆးကုသရန္ မလိုအပ္ပါ။ ေရာဂါပိုးေၾကာင့္ျဖစ္ပါက တတ္ကြၽမ္းနားလည္ေသာ သားဖြား၊ မီးယပ္ဆရာဝန္ႀကီးမ်ားႏွင့္ တိုင္ပင္ျပသရပါမည္။ ေရာဂါပိုးေၾကာင့္ျဖစ္ေသာ အျဖဴဆင္းျခင္းကို စားေဆး၊ ထည့္ေဆးမ်ားျဖင့္ ကုသႏိုင္ပါသည္။
အျဖဴဆင္းျခင္း၏ ေနာက္ဆက္တြဲဆိုးက်ိဳး
အျဖဴဆင္းျခင္းထိေရာက္စြာ မကုသဘဲ ထားပါက သားအိမ္ေခါင္းကင္ေရာဂါျဖစ္ေသာ အသားပိုျဖစ္ျခင္း၊ သားအိမ္၀ ပြန္းပဲ့ျခင္းႏွင့္ သားအိမ္ေခါင္းကင္ဆာမ်ား ျဖစ္ပြားႏိုင္ပါသည္။
အိမ္ေထာင္ဖက္တြင္ အျဖဴဆင္းျခင္း
မိမိ၏ အိမ္ေထာင္ဖက္ အမ်ိဳးသားတြင္ အျဖဴဆင္း (ဆီးပူေညာင္းက်ေရာဂါ) ေနပါကလည္း ထိေရာက္စြာ ကုသထားရပါမည္။ မကုသဘဲ ထားပါက ပိုးမႊားတစ္ခုထက္မကျဖစ္ၿပီး အမ်ိဳးသမီးမ်ားအေနျဖင့္ ေဆးေသာက္တတ္သည္။ အျမစ္မျပတ္ဘဲ ရွိေနတတ္ပါသည္။ မိန္းမကိုယ္ေရာက္ရမ္းေနပါက အမ်ိဳးသားကို ပါတစ္ပါတည္း ကုသေပးရပါမည္။
အႀကံျပဳခ်က္
အျဖဴဆင္းျခင္းသည္ ေခတၱခဏအခ်ိန္ကာလတြင္ ျဖစ္ပါက အေရးမႀကီးေသာ္လည္း နာတာရွည္အျဖဴဆင္းပါက သားအိမ္ေခါင္းကင္ဆာေရာဂါ ျဖစ္ႏိုင္သည္ကို သတိျပဳရပါမည္။ ထို႔ေၾကာင့္တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ ျပသသင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။
Author – Healthcare Journal (vol:7/no:49/ pg:3) ေဒါက္တာျမင့္သန္းထြန္း (ျပည္သူ႔က်န္းမာေရး)
(Unicode)
အမျိုးသမီးများ အဖြူဆင်းခြင်းနှင့် မိန်းမကိုယ်ယားယံခြင်းသည် အဖြစ်များပါသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ သားဥကြွေချိန်နှင့် ကိုယ်ဝန်ရှိချိန်တွင် သဘာဝအလျောက် အဖြူဆင်းတတ်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းအရင်း
အဖြူဆင်းပြီး မိန်းမကိုယ်ယားယံခြင်းသည် Trichomonas, Monilia-sis ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ပဋိဇီ၀ ဆေးသောက်ချိန်၊ ကိုယ်ဝန်ရှိချိန်၊ ကိုယ်ခံအားကျဆင်းချိန်၊ ဟော်မုန်းပါဝင်သော သန္ဓေတားဆေးသောက်သုံးချိန်နှင့် ဆီးချိုသွေးချိုရှိချိန်တွင် ပိုမိုဖြစ်တတ်ပါသည်။
အဖြူဆင်းရောဂါလက္ခဏာ
အမျိုးသမီးများ၏ မိန်းမကိုယ်မှ အဖြူ (သို့မဟုတ်) အဝါ (သို့မဟုတ်) အစိမ်းရောင်အရည်ဆင်းပြီး မိန်းမကိုယ်တွင် ယားယံခြင်း၊ အနံ့ပြင်းခြင်းနှင့် ဆီးစပ်ကိုက်ခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက အဖြူဆင်းခြင်းဟု သတ်မှတ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်စဉ် အဖြူဆင်းခြင်း
ကိုယ်ဝန်ဆောင်စဉ် အဖြူဆင်းပါက အန္တရာယ်မရှိပါ။ ရိုးရိုးသာမန်ဆင်းပါက ဆေးကုသရန် မလိုအပ်ပါ။ ရောဂါပိုးကြောင့်ဖြစ်ပါက တတ်ကျွမ်းနားလည်သော သားဖွား၊ မီးယပ်ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြသရပါမည်။ ရောဂါပိုးကြောင့်ဖြစ်သော အဖြူဆင်းခြင်းကို စားဆေး၊ ထည့်ဆေးများဖြင့် ကုသနိုင်ပါသည်။
အဖြူဆင်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုး
အဖြူဆင်းခြင်းထိရောက်စွာ မကုသဘဲ ထားပါက သားအိမ်ခေါင်းကင်ရောဂါဖြစ်သော အသားပိုဖြစ်ခြင်း၊ သားအိမ်၀ ပွန်းပဲ့ခြင်းနှင့် သားအိမ်ခေါင်းကင်ဆာများ ဖြစ်ပွားနိုင်ပါသည်။
အိမ်ထောင်ဖက်တွင် အဖြူဆင်းခြင်း
မိမိ၏ အိမ်ထောင်ဖက် အမျိုးသားတွင် အဖြူဆင်း (ဆီးပူညောင်းကျရောဂါ) နေပါကလည်း ထိရောက်စွာ ကုသထားရပါမည်။ မကုသဘဲ ထားပါက ပိုးမွှားတစ်ခုထက်မကဖြစ်ပြီး အမျိုးသမီးများအနေဖြင့် ဆေးသောက်တတ်သည်။ အမြစ်မပြတ်ဘဲ ရှိနေတတ်ပါသည်။ မိန်းမကိုယ်ရောက်ရမ်းနေပါက အမျိုးသားကို ပါတစ်ပါတည်း ကုသပေးရပါမည်။
အကြံပြုချက်
အဖြူဆင်းခြင်းသည် ခေတ္တခဏအချိန်ကာလတွင် ဖြစ်ပါက အရေးမကြီးသော်လည်း နာတာရှည်အဖြူဆင်းပါက သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်နိုင်သည်ကို သတိပြုရပါမည်။ ထို့ကြောင့်တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author – Healthcare Journal (vol:7/no:49/ pg:3) ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)