နွင္းခူေရာဂါ ကုုရလြယ္သလား
နွင္းခူေရာဂါဟာ အေရျပားေရာဂါတမ်ိဳးျဖစ္ပါတယ္။ခႏၶာကိုယ္ရဲ႕ မည္သည္႔ေနရာမွာမဆိုျဖစ္နိုင္ပါတယ္။ အမ်ားဆံုးျဖစ္ေလ႔ရွိတဲ႔ေနရာေတြကေတာ႔ မ်က္ႏွာ၊လည္ပင္း၊ေျခ၊လက္ ေနရာေတြပါ။စစခ်င္းမွာ အေရျပားေျခာက္ေသြ႔ျပီး ယားနာကြက္ေတြျဖစ္ပါတယ္။ထိုယားနာကြက္ေလးေတြဟာ ယားတဲ႔အတြက္ ကုတ္မိတဲ႔အခါမွာ အေရျပားေပၚမွာ အနီျပင္အဖုအပိန္႔နဲ႔ အရည္တစိုစိုေတြျဖစ္လာပါတယ္။ယားလိုက္ကုတ္လိုက္ အနီျပင္ အဖုအပိန္႔ထျပီး အရည္တစိုစိုျဖစ္လိုက္နဲ႔ ၾကာလာတဲ႔အခါ ျဖစ္တဲ႔ေနရာရွိအေရျပားက အေၾကးခြံအကြက္လို ထူျပီးမာလာကာ နဂိုအတိုင္း ျပန္မက်က္နို္င္ေတာ႔ပါဘူး။အဲ႔လိုအေျခအေနကိုႏွင္းခူလို႔ေခၚပါတယ္။
နွင္းခူျဖစ္တဲ႔အခါ ျဖစ္တဲ႔အေရျပားအနာကေျခာက္ေသြ႔ေနတာမ်ိဳးလည္းရွိသလို နီရဲေရာင္ရမ္းျပီး စိုစိုစိစိနဲ႔ျဖစ္ေနတာမိ်ဳးလည္းရွိပါတယ္။ေျခာက္ေသြ႔ေနတာဆိုရင္ နွင္းခူေျခာက္လို႔ေခၚျပီး စိုေနရင္ေတာ႔ နွင္းခူအစို လို႔ေခၚပါတယ္။ႏွင္းခူျဖစ္ရတဲ႔အေၾကာင္းရင္းအတိအက်ကိုေတာ႔ ခုထိေသခ်ာမသိေသးပါ။ျဖစ္နိုင္တဲ႔အေၾကာင္းရင္းေတြကေတာ႔ မ်ိဳးရိုးလိုက္တာ၊မိမိနဲ႔ဓါတ္မတည္႔တဲ႔အစားေသာက္၊အရာ၀တၳဳပစၥည္း၊အေငြ႔အမႈန္စတာေတြကို စားေသာက္မိ၊ထိမိ၊ရႈမိရာမွ မိမိရဲ႕ခုခံအားစနစ္ကအလြန္အကြ်ံတံု႕ျပန္တာစိတ္ဖိစီးမႈမ်ားတာ၊အပူဒဏ္အေအးဒဏ္ေတြနဲ႔အေရျပားထိေတြ႔မႈမ်ားတာ၊အသားအေရအစိုဓါတ္နည္းျပီး အသားေျခာက္တာစတဲ႔အေၾကာင္းေတြေၾကာင္႔ျဖစ္နိုင္ပါတယ္။
ႏွင္းခူျဖစ္လာပါက အေရျပားဆရာ၀န္နဲ႔ အျမန္ဆံုးျပသင္႔ပါတယ္။ဘာလို႔လဲဆိုေတာ႔ နွင္းခူေရာဂါက ေနာက္ဆက္တြဲအေနနဲ႔ အေရျပားပိုး၀င္ျပီးအနာျဖစ္တာ၊မ်က္စိအျမင္အာရံုထိခိုက္တာ၊အိပ္မေပ်ာ္တာ စတဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္နိုင္လို႔ပါ။နွင္းခူကုသရာမွာေသာက္ေဆး၊လိမ္းေဆးေတြနဲ႔ကုသတာအျပင္ ခုေနာက္ပိုင္းမွာ အလင္းနဲ႔ကုသတာ(နွင္းခူအနာမ်ားကို UVB ဓါတ္ေရာင္ျခည္မီးလံုးနဲ႔ကုသတာ)ေတြလည္းရွိပါတယ္။
ႏွင္းခူျဖစ္တဲ႔အခါေရမခ်ိဳးဘဲမေနပါနဲ႔။တရားလြန္လည္းမခ်ိဳးပါနဲ႔။တေန႔တခါခ်ိဳးပါ။ဆပ္ျပာေမႊးေတြမသံုးပါနဲ႔။ေရခ်ိဳးျပီးတဲ႔အခါ အစိုဓါတ္ပါေသာခရင္မ္(Moisturizer cream)တမ်ိဳးမ်ိဳးလိမ္းေပးပါ။ယားတဲ႔အခါအတတ္နိင္ဆံုး မကုတ္မိေအာင္ေနပါ။လက္သည္းတိုတိုညွပ္ပါ။စိတ္ဖိစီးမႈနည္းေအာင္ေနပါ။အစာကိုေကာင္းေကာင္းစားျပီး ကိုယ္လက္ေလ႔က်င္႔ခန္းလည္းလုပ္ပါ။
ႏွင္းခူေရာဂါျဖစ္နိုင္ေျခနည္းေအာင္ကေတာ႔ ေအာက္ပါအခ်က္မ်ားကိုလိုက္နာပါ။
အသားအေရမေျခာက္ေသြ႔ေအာင္ဂရုစိုက္ပါ။
ေရမ်ားမ်ားေသာက္ပါ။လတ္ဆတ္ျပီး အရည္ရႊမ္းတဲ႔ဟင္းသီးဟင္းရြက္ သစ္သီး၀လံေတြမ်ားမ်ားစားပါ။
အခန္းတြင္းေျခာက္ေသြ႔မေနေအာင္ ေရေငြ႔ေပးစက္(ေလထုကိုအစိုဓါတ္ရေအာင္လုပ္ေပးနိုင္တဲ႔စက္)ကိုအသံုးျပဳပါ။
ဆိုးေဆးေတြ၊အေမႊးနံ႕ေတြ မပါတဲ႔ ဆပ္ျပာအေပ်ာ႔စားေတြကိုပဲသံုးပါ။
အသားေရကို အေအးဒဏ္ အပူဒဏ္ေတြနဲ႔မထိမိေအာင္ဂရုစိုက္ပါ။
ေအးျမျပီးေလ၀င္ေလထြက္ေကာင္းတဲ႔ ခ်ည္ထည္ေတြပဲ၀တ္ပါ။
ဘာေၾကာင္႔ယားယားမကုတ္မိပါေစနဲ႔။ယားတဲ႔အခါ ကုတ္မဲ႔အစား ေရေအးဖတ္ကပ္တာ၊Caladyl lotion လိမ္းတာလုပ္ပါ။
စိတ္ညစ္မခံပါနဲ႔။စိတ္ဖိစီးမႈေတြ သူငယ္ခ်င္းေတြနဲ႔စကားေျပာျခင္း၊အပန္းေျဖခရီးထြက္ျခင္း၊သီခ်င္းဆိုျခင္းစတာေတြလုပ္ျခင္းျဖင္႔ေလွ်ာ႔ခ်ပါ။
Dr 528
Unicode Version
နှင်းခူရောဂါ ကုရလွယ်သလား
နှင်းခူရောဂါဟာ အရေပြားရောဂါတမျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ အများဆုံးဖြစ်လေ့ရှိတဲ့နေရာတွေကတော့ မျက်နှာ၊လည်ပင်း၊ခြေ၊လက် နေရာတွေပါ။စစချင်းမှာ အရေပြားခြောက်သွေ့ပြီး ယားနာကွက်တွေဖြစ်ပါတယ်။ထိုယားနာကွက်လေးတွေဟာ ယားတဲ့အတွက် ကုတ်မိတဲ့အခါမှာ အရေပြားပေါ်မှာ အနီပြင်အဖုအပိန့်နဲ့ အရည်တစိုစိုတွေဖြစ်လာပါတယ်။ယားလိုက်ကုတ်လိုက် အနီပြင် အဖုအပိန့်ထပြီး အရည်တစိုစိုဖြစ်လိုက်နဲ့ ကြာလာတဲ့အခါ ဖြစ်တဲ့နေရာရှိအရေပြားက အကြေးခွံအကွက်လို ထူပြီးမာလာကာ နဂိုအတိုင်း ပြန်မကျက်နိုင်တော့ပါဘူး။အဲ့လိုအခြေအနေကိုနှင်းခူလို့ခေါ်ပါတယ်။
နှင်းခူဖြစ်တဲ့အခါ ဖြစ်တဲ့အရေပြားအနာကခြောက်သွေ့နေတာမျိုးလည်းရှိသလို နီရဲရောင်ရမ်းပြီး စိုစိုစိစိနဲ့ဖြစ်နေတာမျိုးလည်းရှိပါတယ်။ခြောက်သွေ့နေတာဆိုရင် နှင်းခူခြောက်လို့ခေါ်ပြီး စိုနေရင်တော့ နှင်းခူအစို လို့ခေါ်ပါတယ်။နှင်းခူဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ ခုထိသေချာမသိသေးပါ။ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ မျိုးရိုးလိုက်တာ၊မိမိနဲ့ဓါတ်မတည့်တဲ့အစားသောက်၊အရာဝတ္ထုပစ္စည်း၊အငွေ့အမှုန်စတာတွေကို စားသောက်မိ၊ထိမိ၊ရှုမိရာမှ မိမိရဲ့ခုခံအားစနစ်ကအလွန်အကျွံတုံ့ပြန်တာစိတ်ဖိစီးမှုများတာ၊အပူဒဏ်အအေးဒဏ်တွေနဲ့အရေပြားထိတွေ့မှုများတာ၊အသားအရေအစိုဓါတ်နည်းပြီး အသားခြောက်တာစတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
နှင်းခူဖြစ်လာပါက အရေပြားဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ဘာလို့လဲဆိုတော့ နှင်းခူရောဂါက နောက်ဆက်တွဲအနေနဲ့ အရေပြားပိုးဝင်ပြီးအနာဖြစ်တာ၊မျက်စိအမြင်အာရုံထိခိုက်တာ၊အိပ်မပျော်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်လို့ပါ။နှင်းခူကုသရာမှာသောက်ဆေး၊လိမ်းဆေးတွေနဲ့ကုသတာအပြင် ခုနောက်ပိုင်းမှာ အလင်းနဲ့ကုသတာ(နှင်းခူအနာများကို UVB ဓါတ်ရောင်ခြည်မီးလုံးနဲ့ကုသတာ)တွေလည်းရှိပါတယ်။
နှင်းခူဖြစ်တဲ့အခါရေမချိုးဘဲမနေပါနဲ့။တရားလွန်လည်းမချိုးပါနဲ့။တနေ့တခါချိုးပါ။ဆပ်ပြာမွှေးတွေမသုံးပါနဲ့။ရေချိုးပြီးတဲ့အခါ အစိုဓါတ်ပါသောခရင်မ်(Moisturizer cream)တမျိုးမျိုးလိမ်းပေးပါ။ယားတဲ့အခါအတတ်နိင်ဆုံး မကုတ်မိအောင်နေပါ။လက်သည်းတိုတိုညှပ်ပါ။စိတ်ဖိစီးမှုနည်းအောင်နေပါ။အစာကိုကောင်းကောင်းစားပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ပါ။
နှင်းခူရောဂါဖြစ်နိုင်ခြေနည်းအောင်ကတော့ အောက်ပါအချက်များကိုလိုက်နာပါ။
အသားအရေမခြောက်သွေ့အောင်ဂရုစိုက်ပါ။
ရေများများသောက်ပါ။လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေများများစားပါ။
အခန်းတွင်းခြောက်သွေ့မနေအောင် ရေငွေ့ပေးစက်(လေထုကိုအစိုဓါတ်ရအောင်လုပ်ပေးနိုင်တဲ့စက်)ကိုအသုံးပြုပါ။
ဆိုးဆေးတွေ၊အမွှေးနံ့တွေ မပါတဲ့ ဆပ်ပြာအပျော့စားတွေကိုပဲသုံးပါ။
အသားရေကို အအေးဒဏ် အပူဒဏ်တွေနဲ့မထိမိအောင်ဂရုစိုက်ပါ။
အေးမြပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်ထည်တွေပဲဝတ်ပါ။
ဘာကြောင့်ယားယားမကုတ်မိပါစေနဲ့။ယားတဲ့အခါ ကုတ်မဲ့အစား ရေအေးဖတ်ကပ်တာ၊Caladyl lotion လိမ်းတာလုပ်ပါ။
စိတ်ညစ်မခံပါနဲ့။စိတ်ဖိစီးမှုတွေ သူငယ်ချင်းတွေနဲ့စကားပြောခြင်း၊အပန်းဖြေခရီးထွက်ခြင်း၊သီချင်းဆိုခြင်းစတာတွေလုပ်ခြင်းဖြင့်လျှော့ချပါ။
Dr 528