fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

323
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/10/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

သန္ဓေတားဆေးတွေထဲမှာ IUD လို့ခေါ်တဲ့ သားအိမ်ထဲထည့်တဲ့ သန္ဓေတားနည်းထည့်တာနဲ့ ပက်သက်ပြီး ဘာတွေ သိထားဖို့လိုမလဲ ဘာတွေဆောင်ရမလဲ ဘာတွေရှောင်ရမလဲ ဆိုတာ လေးပြောပြချင်တာပါ ။
IUD ကို အရှည်ပြောရင်တော့ Intrauterine device ပါ သားအိမ်ထဲ ထည့်သော သန္ဓေသားပစ္စည်းပါ IUD မှာ ဟော်မုန်းပါတာရှိသလို ဟော်မုန်းမပါတာလည်း ရှိတယ် ဟော်မုန်းပါတယ်ဆိုရင်တော့ Progestogen ဟော်မုန်းတစ်မျိုးပဲပါတာပါ လက်မောင်းထဲထည့်တဲ့ သန္ဓေသားပစ္စည်းနဲ့ သုံးလခံထိုးဆေးတွေမှာပါတဲ့ ဟော်မုန်းနဲ့တူပါတယ် ။တစ်ချို့ကျတော့ ရက်ရှောင်တာလည်းအဆင်မပြေ ကွန်ဒုံးလည်းမသုံးချင် ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းမျိုးသုံးချင်တယ်ဆိုရင်တော့ ဟော်မုန်းမပါတဲ့ IUD အမျိုးအစားကို သုံးလို့ရပါတယ် ဟော်မုန်းမပါပေမယ့် Copper နဲ့ပြုလုပ်ထားတာကြောင့် သုံးမယ့်သူကတော့ Copper နဲ့ တည့်မှ အသုံးပြုလို့ရပါမယ် ။
IUD သန္ဓေတားဆေးတွေ မသုံးခင်မှာ ကိုယ်ဝန်ရှိမနေဖို့တော့ လိုအပ်ပါတယ် ကိုယ်ဝန်ရှိတာကို မသိဘဲထည့်လိုက်မိတာက သားအိမ်ခေါင်းမလုံတာတွေကနေတစ်ဆင့် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ် အကြောင်းမဲ့ သွေးဆင်းနေလည်း ထည့်လို့မရပါဘူး ဘာကြောင့်သွေးဆင်းတယ်ဆိုတာကို အရင်စစ်ဆေးရှာဖွေရပါမယ် ။IUD ထည့်ခါနီးတွေမှာ သားအိမ်နဲ့ မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက် ပိုးဝင်တာမှိုစွဲတာတွေ အဖြူဆင်းတာတွေကို အရင် ပျောက်အောင်ကုသပေးဖို့ လိုပါတယ် မပျောက်ဘဲထည့်မိတဲ့အခါ ရောဂါပိုးတွေက IUD ထည့်လိုက်တဲ့ လမ်းတစ်လျှောက်ကနေ အပေါ်သားအိမ်အထိတက်လာပြီး ရောဂါပိုပြန့်တတ်ပါတယ် ။
IUD ထည့်မယ့်လူနာမှာ နှလုံးရောဂါ ကြီးကြီးမားမားရှိတယ်ဆိုရင်လည်း ထည့်ဖို့ ချင့်ချိန်ရပါမယ် IUD ထည့်ဖို့ ကြောက်နေတာရော ထည့်တဲ့အခါ အနည်းငယ်အောင့်သက်သက်ဖြစ်တာရောက နှလုံးရောဂါကို ပိုဆိုးစေတတ်ပါတယ် ။IUD ထည့်မယ်ဆိုရင် သားဖွားမီးယပ် အထူးကုဆရာဝန်တွေနဲ့လည်း ထည့်လို့ရပါတယ် တစ်ချို့အပြင်မှာ ဆေးခန်းဖွင့်ထားတဲ့ အထွေထွေ ဆရာဝန်တွေ နဲ့လည်းထည့်လို့ရပါတယ် တစ်ချို့ NGO တွေမှာလည်း IUD ထည့်ပေးတတ်ကြပါတယ် ။
IUD ထည့်မယ်ဆိုရင် ရာသီသွေးပေါ်နေချိန်ကလွဲလို့ ကျန်တဲ့ အချိန် ကြိုက်တဲ့ နေ့ ထည့်လို့ရပါတယ် ရာသီပေါ်ပြီး ၅ရက်အတွင်းဆိုရင်တော့ IUD ထည့်ပြီး အတူနေတဲ့အခါ အကာအကွယ်သုံးဖို့ မလိုပါဘူး သွေးပေါ်ရက်နဲ့ ဝေးလွန်းနေတယ်ဆိုရင်တော့ IUD ထည့်ပြီးကာစကနေ ငါးရက်လောက်အထိ အတူနေတဲ့အခါတွေမှာ အကာအကွယ် သုံးပေးဖို့လိုပါတယ် ။IUD ထည့်ပြီးသွားရင် သားအိမ်ခေါင်းအဝမှာ ကြိုးစလေး ချန်ထားပေးခဲ့ကြတတ်ပါတယ် သားအိမ်ခေါင်းပါ မိန်းမကိုယ်မှာစမ်းရတာမဟုတ်ပါဘူး တစ်လတစ်ခါလောက်တော့ မိန်းမကိုယ်ထဲ လက်ထည့်ပြီး ကြိုးစ ရှိသေးရဲ့လားဆိုတာ စမ်းပေးဖို့လိုပါတယ် ။ IUD ထည့်ထားပြီးတဲ့အခါ ဟော်မုန်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သွေးဆင်းများတာတွေ ဖြစ်တတ်တယ် တစ်ချို့တွေကျတော့ တစ်လတစ်ခါ သွေးမှန်နေတတ်တယ် တစ်ချို့တွေမှာတော့ သွေးပျောက်နေတတ်တယ် IUD ထည့်ပြီးချက်ချင်း ဖြစ်ချင်မှဖြစ်မယ် လတွေကြာမှ ဖြစ်တာလည်းရှိတယ် IUD ထည့်ပြီးသွေးဆင်းတယ်ဆိုရင် အရင်ဆုံးတော့ သားအိမ်ပိုင်းဆိုင်ရာ ပြဿနာတွေကို စစ်ဆေးရမယ် ဘယ်တားဆေးကမှ ရာနှုန်းပြည့် မတားနိုင်တာကြောင့် ကိုယ်ဝန်လည်းပြန်စစ်ရပါမယ် ဒါတွေအဆင်ပြေတယ်ဆိုမှ IUD ကြောင့်ဆိုတာကို စဉ်းစားပါမယ် သွေးဆင်းတာ နည်းနည်းစီဆို ထားလို့ရပေမယ့် သွေးအများကြီးဆင်းနေတယ်ဆိုရင်တော့ အားနည်းစေနိုင်တာကြောင့် တားနည်းကို ပြန် စမ်းစစ်ရပါမယ် ။
IUD ထည့်တဲ့သူတွေမှာ ချော်လဲတာ ဖင်ထိုင်လျက် ပြုတ်ကျတာတွေကိုတော့ သတိထားရပါမယ် ဆောင့်မိတဲ့ အရှိန်တွေနဲ့ IUD ကသားအိမ်ကို ဆောင့်မိတာတွေ ဖြစ်နိုင်လို့ပါ ချော်လဲပြီးသွေးဆင်းများတယ် ဗိုက်တွေ ခါးတွေ ဆီးစပ်တွေလည်း ကိုက်နေတယ်ဆို ဆေးရုံဆေးခန်းတော့ အမြန်ပြဖို့လိုပါတယ် ။IUD ထည့်ထားရင်း ကိုယ်ဝန်ရတယ်ဆိုရင်တော့ IUD ကို ချက်ချင်း အလျင်အမြန် ပြန်မထုတ်တတ်ကြပါဘူး IUD ထုတ်တာကနေ သားအိမ်ခေါင်းမလုံရင် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်လို့ပါ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး လိုအပ်တာတွေ လုပ်လို့ရပါတယ် ။IUD က အာထရာဆောင်း မှာ သေချာမြင်ရပါတယ် IUD ထည့်ပြီး ကြိုးစရှာမတွေ့တဲ့အခါ ရှိမရှိသေချာချင်တယ်ဆိုရင် အာထရာဆောင်းရိုက်ပြီးစစ်ဆေးလို့ရပါတယ် IUD တွေရဲ့ သက်တမ်းက သုံးနှစ်ခံတာရှိသလို ငါးနှစ်ခံတာလည်းရှိပါတယ် အချိန်ပြည့်ရင်တေည့ ဆက်ထည့်မယ်ဆို အသစ်လဲပေးရပါမယ် ။IUD ကို တစ်ချို့တွေက အရေးပေါ်တားနည်းအနေနဲ့ သုံးကြတယ် အကာကွယ်မပါဘဲ တူတူနေမိတဲ့အခါ ငါးရက်အတွင်း IUD ထည့်ပေးလို့ရပါတယ် မထည့်ခင်ထည့်ပြီး လိုအပ်တာတွေကိုတော့ ပြန်ကြည့်ရပါလိမ့်မယ် ။

Dr. CST

Previous Post

ပုံမှန်ချစ်တင်းနှောခြင်းအားဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ကြောင်း တွေ့ ရှိ

Next Post

ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

အသားအရေခြောက်သွေခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းများ

နှင်းခူရောဂါ ကုရလွယ်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.