fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေအဖြစ်ဆုံး ကင်ဆာ

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/10/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ်ခေါင်း ကင်ဆာ ရောဂါသည် အမျိုးသမီးထုအား ခြိမ်းခြောက်နေသော အဖြစ်များဆုံး ကင်ဆာ ရောဂါဖြစ်သည်။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) ၏ စစ်တမ်းများအရ အမျိုးသမီး ကင်ဆာရောဂါ၏ 80% မှာ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပါသည်။

HPV သည် မျိုးပွားအင်္ဂါ လမ်းတစ်လျှောက်တွင် ရောဂါပိုးဖြစ်စေနိုင်သော Virus (ဗိုင်းရပ်(စ်)) တစ်မျိုးဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်း၏ 70 % မှာ ပိုးကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။

HPV ဟုခေါ်သော ဗိုင်းရပ်(စ်)ပိုးတွင် အမျိုးကွဲများစွာရှိပါသည်။ ထိုအမျိုးအစားထဲမှ နံပါတ် (၁၆ နှင့် ၁၈) ဟုခေါ်သော ဗိုင်းရပ်(စ်) အမျိုးအစားသည် သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားနိုင်ဆုံးသော ပိုးမျိုးဖြစ်သည်။

အမျိုးအစား နံပါတ် (၆ နှင့် ၁၁) သည် မျိုးပွားအင်္ဂါတွင်အဖြစ်များသော ကြွက်နို့ကို ဖြစ်ပေါ်စေပါသည်။ ထိုကြွက်နို့ဖြစ်ပွားမှုကို မကုသပါက ကင်ဆာအဖြစ်ပြောင်းလဲနိုင်သော အခွင့်အရေးရှိပါသည်။

ကမ္ဘာ့စစ်တမ်းများအရ စောလျင်စွာစစ်ဆေး၍ ကာကွယ်ကုသမှု ခံယူခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကြောင့် ဖြစ်သော သေဆုံးမှုနှုန်းကို ၅၂ % ထိလျော့ချနိုင်သည်။ ထို့ကြောင့်ကမ္ဘာတစ်ဝှမ်းတွင် Cervical Cancer Screening Program (သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း) ကို အမျိုးသမီးထုအတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။

စစ်ဆေးနည်းမှာ Pap smear ဟုခေါ်သော သားအိမ်ခေါင်းအမြှေးစကို ယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ပိုးရှိ / မရှိ စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ထိုစစ်ဆေးမှုမှာ နာကျင်မှုမရှိဘဲလွယ်ကူစွာ စစ်ဆေးနိုင်သည်။

Screening စစ်ဆေးသင့်သော အမျိုးသမီးထုမှာ – အသက် (၃၀) အရွယ်မှစတင်၍ စစ်ဆေးခံယူသင့်ပါသည်။ (၃ နှစ် မှ ၅ နှစ်) တစ်ကြိမ် စစ်ဆေးနိုင်လျှင် ရောဂါဖြစ်ပွားမှုကို နောက်ကျခြင်း မရှိဘဲ သိရှိနိုင်ပါသည်။

အိမ်ခေါင်းကင်ဆာသည် HPV ရောဂါပိုးနှင့် ဆက်စပ်လျက်ရှိသောကြောင့် ထိုပိုးကို ခုခံကာကွယ် ပေးသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုး၍ ဖြစ်ပွားနှုန်းကို တားဆီးနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားချက်အရ အသက် (၉)နှစ်အရွယ် မိန်းကလေးများမှ စတင်၍ ကာကွယ်ဆေး ထိုးနိုင်ပါသည်။

အမျိုးသားနှင့်အတူ မနေဖူးသော အရွယ်ရောက်ပြီးသော မိန်းကလေးငယ်များသည် Pap smear မယူဘဲ ကာကွယ်ဆေးထိုးနှံနိုင်ပါသည်။

ဆေးရုံ များတွင် Cervical Cancer Screening Program အဖြစ် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနိုင်သော   အစီအစဉ်ကို ပြုလုပ်ပေးလျက်ရှိပါသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမှာ HPV ပိုး 16,18,6 နှင့် 11 အမျိုးအစားများကို ကာကွယ်မှုပေးနိုင်ပါသည်။ (၃) ကြိမ်ပြည့်ရန် ထိုးဖို့ လိုအပ်ပါသည်။

အသက် (၉-၁၃) နှစ်နှင့်အထက် မိန်းကလေးများ ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာ၍ ထိုးရန်လိုအပ်ပါသည်။

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးသင့်သည့် အမျိုးသမီးအများစုမှာ – အသက် (၂၅)နှစ်မှ (၆၅)နှစ် အတွင်း – (၃) နှစ်လျှင် (၁)ကြိမ်၊ အခြားသောစစ်ဆေးသင့်သူများမှာ ဆရာဝန်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရန်လိုပါသည်။

Dr. Lynn

Previous Post

ပိန်ချင်တယ် ဘာသောက်ရမလဲ

Next Post

” ကိုယ်ဝန်ဆောင်တွေ စားကိုစားရမဲ့ အစားအစာတွေ”

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
615

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
577
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

" ကိုယ်ဝန်ဆောင်တွေ စားကိုစားရမဲ့ အစားအစာတွေ"

အရွယ်မတိုင်မီ မအိုမင်းဖို့

လေထိုးလေအောင့် သက်သာစေတဲ့  ဖန်ခါးသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.