(Zawgyi)
အိမ္ေထာင္သားေမြးဖို႔ စိတ္ကူးရင္
အိမ္ေထာင္သားေမြးဖို႔ ဆိုတာနဲ႔ အိမ္ေထာင္ျပဳတာနဲ႔ သားေမြးတာဟာ အၿမဲဒြန္တြဲေနတယ္လို႔ မမွတ္ယူသင့္ေပ။ အိမ္ေထာင္မျပဳဘဲ သားေမြးမူေတြ ရွိသလို အိမ္ေထာင္ျပဳေပမယ့္ သားမေမြးတာလည္း ရွိတတ္တယ္။
ေက်ာက္ေခတ္လူ႐ိုင္းနဲ႔ အခုေခတ္ ၾသစေၾတးလ်တိုက္မွ Aborigines လူ႐ိုင္းေတြဟာ အိမ္ေထာင္မျပဳဘဲ သားေမြးမႈကို ျပဳၾကတယ္။ သူတို႔ လူ႔အဖြဲ႕အစည္းတြင္ ေယာက်ာၤးနဲ႔ မိန္းမတစ္လင္ကြာမယ္၊ အိမ္ေထာင္စနစ္မရွိဘူး။ အားလုံးက အားလုံးကို ပိုင္ဆိုင္တဲ့ ဘုံစနစ္ရွိတယ္။
ယဥ္ေက်းတဲ့ အဖြဲ႕အစည္းအတြင္းမွာ တစ္လင္တစ္မယားစနစ္ကို လက္ခံက်င့္သုံးတာေၾကာင့္ အိမ္ေထာင္ျပဳတယ္ဆိုတဲ့ လူမႈေရး ထုံးတမ္းစဥ္လာလည္း ေပၚေပါက္ခဲ့တယ္။ ဒါေပမဲ့ ယဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းတစ္ခုတြင္လည္း အိမ္ေထာင္မျပဳဘဲ သားေမြးတဲ့ကိစၥေတြ ရွိေနတယ္လို႔ ဆိုႏိုင္တယ္။
အမွန္တကယ္ ဒီကိစၥဟာ ျမန္မာ႐ုပ္ရွင္ေတြထဲမွာ ႐ိုးေနတဲ့ကိစၥပင္ျဖစ္တယ္။ အေမနဲ႔သမီးေတာ့ ႐ြားေလးတစ္႐ြာသြားကာ ေျခရာေဖ်ာက္ရတဲ့ ဇတ္လမ္းမ်ိဳးျဖစ္တယ္။ အဓိကတရားခံကေတာ့ အိမ္ေထာင္မျပဳမီ လိင္ဆက္ဆံတာေၾကာင့္ ျဖစ္တယ္။
ျမန္မာႏိုင္ငံတြင္ အိမ္ေထာင္မျပဳမီ လိင္ဆက္ဆံတာနဲ႔ ပတ္သတ္ၿပီး တိက်တဲ့ စာရင္းဇယားမရွိေသးပါ။ အဂၤလန္ႏိုင္ငံတြင္ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ေလ့လာမႈတစ္ခုျပဳခဲ့တယ္။ လူငယ္လူ႐ြယ္ ၂၀၀၀ ေက်ာ္ကို အိမ္ေထာင္မျပဳခင္ လိင္ဆက္ဆံမႈ ျပဳ၊ မျပဳ ေမးျမန္းတဲ့အခါ ေအာက္ပါအတိုင္း အေျဖထြက္လာပါတယ္။
လိင္ဆက္ဆံမႈ ျပဳတဲ့ရာခိုင္ႏႈန္း
အသက္ ေယာက်ာၤး မိန္းမ
၁၃ႏွစ္ – ဝ.၉ – ဝ.၁
၁၄ႏွစ္ – ၂.၃ – ဝ.၄
၁၅ႏွစ္ – ၄ – ၆
၁၆ႏွစ္ – ၈ – ၇
၁၇ႏွစ္ – ၂၅ – ၁၁
၁၈ႏွစ္ – ၃၂ – ၁၂
၁၉ႏွစ္ – ၃၇ – ၂၃
ဒီစာရင္းဇယားကိုၾကည့္ရင္ အသက္အပိုင္းအျခားဟာ အေရးႀကီးေၾကာင္းေတြ႕ရတယ္။
ေနာက္ၿပီး အိမ္ေထာင္မျပဳခင္ ဘာအေၾကာင္းေတြေၾကာင့္ လိင္ဆက္ဆံမႈျပဳတာကို စုံစမ္းပါတယ္။ အဲဒီေမးခြန္းနဲ႔ ပတ္သတ္ရင္ အမ်ားအားျဖင့္ ေျဖဆိုဖို႔ ဇေဝဇဝါျဖစ္တာကို ေတြ႕ရတယ္။ ထိုကိစၥကို မေမွ်ာ္လင့္ဘဲ ျပဳလုပ္မိေၾကာင္း အမ်ားအားျဖင့္ ဝန္ခံၾကတယ္။
အေျဖေတြကို အေသးစိတ္ စိစစ္ၾကည့္တဲ့အခါ ေအာက္ပါအတိုင္း ေတြ႕ရတယ္။
ျဖစ္ရတဲ့အေၾကာင္းအရင္း ေယာက်ာၤး မိန္းမ
လိင္စိတ္ဆႏၵေၾကာင့္ – ၄၆ – ၁၆
အခ်စ္စိတ္ေၾကာင့္ – ၁၀ – ၄၂
သိခ်င္စိတ္ေၾကာင့္ – ၂၅ – ၁၃
အရက္မူးတာေၾကာင့္ – ၃ – ၉
အျခားအေၾကာင္းေတြ – ၄ – ၈
မေျဖတတတ္ – ၁၂ – ၁၂
အထက္ေဖာ္ျပပါ စားရင္းဇယားကို ေလ့လာတဲ့အခါ အမ်ိဳးသမီးအတြက္ အခ်စ္စိတ္ႀကီးတာဟာ အိမ္ေထာင္မျပဳခင္ လိင္ဆက္ဆံတဲ့ အဓိကအေၾကာင္းအရင္းျဖစ္တာကို ေတြ႕ရတယ္။
အိမ္ေထာင္မျပဳခင္ ကိုယ္ဝန္ရွိလာရင္ ဘာလုပ္မလဲလို႔ မိန္းကေလးေတြကို ေမးၾကည့္တဲ့အခါ ေအာက္ပါအေျဖေတြကိုရတယ္။
အေဖအေမကိုေျပာမယ္ ၃၈%
ကေလးအေဖကို လက္ထပ္မယ္ ၂၀%
ကေလးကို ေမြးဖို႔စီစဥ္မယ္ ၁၈%
ေမြးၿပီးရင္သူမ်ား ေပးပစ္မယ္ ၉%
ကိုယ္ဝန္ဖ်က္ခ်မယ္ ၉%
မသိဘူး၊ မစဥ္းစားတတ္ဘူး ၆%
အိမ္ေထာင္မျပဳခင္ လိင္ဆက္ဆံမႈျပဳတဲ့ လူငယ္လူ႐ြယ္တို႔ရဲ႕ စိတ္အေျခအေနကို ေလ့လာၾကည့္တဲ့အခါ အမ်ားအားျဖင့္ မိဘအုပ္ထိန္းမႈ ေလ်ာ့ရဲတဲ့ အိမ္ေထာင္ေတြမွ ေပါက္ဖြားလာတာကို ေတြ႕ရတယ္။
ေယာက်ာၤးကေလးေတြမွာ ၾကမ္းတမ္းၿပီး စိတ္ကူးထက္အလုပ္ကို အားသန္သူေတြျဖစ္ၾကတယ္။ မိန္းကေလးေတြမွာ မိဘအုပ္ခ်ဳပ္မႈက လြတ္ကင္းကာ လြတ္လြတ္လပ္လပ္ ေနလိုစိတ္မ်ားသူေတြျဖစ္ၾကတယ္။
ဘယ္လိုအေၾကာင္းေၾကာင့္ ဖူးစာဆုံမိၾကတာလဲ?
ပထမေတြ႕ရွိတဲ့ အခ်က္မွာ ေယာက်ာၤးနဲ႔ မိန္းမ ဖူးစာဆုံဖို႔အတြက္ လူမႈေရး အေျခအေနဟာ အေရးႀကီးတာကို ေတြ႕ရတယ္။ ဘာသာေရး တူညီတာ၊ လူမ်ိဳးတူညီတာနဲ႔ အေနနီးတာတို႔ဟာ ဖူးစာဆုံဖို႔ အေၾကာင္းတစ္ခ်က္ျဖစ္တာကို ေတြ႕ရတယ္။
ဒီလိုတူတာေတြေၾကင့္ ဖူးစာဆုံတယ္ဆိုရင္ အားလုံးအတြက္ မမွန္ႏိုင္ဘူး။ အျခားအိမ္ေထာင္ဖက္ေ႐ြးတဲ့ အေၾကာင္းေတြရွိေနသလား။ ဒီေနရာမွာ အခ်စ္ဟာမ်က္စိမရွိဘူးဆိုတဲ့ စကားပုံဟာ မွန္တယ္။ မ်ားေသာအားျဖင့္ မိမိရဲ႕အိမ္ေထာင္ဘက္ကို ဘာေၾကာင့္ ေ႐ြးမိမွန္းမသိၾကေပ။
ဒါေပမဲ့ အခ်ိဳ႕ေလ့လာမႈေတြအရ မိန္းကေလးေတြဟာ ၾကင္ေဖာ္ေ႐ြးရာမွာ သစၥာရွိမႈပညာေရးျမင့္မားမႈ၊ က်န္းမာေရးေကာင္းမြန္မႈ၊ ႐ုပ္အဆင္ေျပျပစ္မႈ၊ စာရိတၱေကာင္းမႈနဲ႔ အိမ္ေထာင္ေရးထိန္းသိမ္းတတ္မႈေတြကို ဦးစားေပးတာေတြ႕ရတယ္။
စဥ္းစားစရာ
အိမ္ေထာင္မႈဘုရားတည္ ေဆးမင္ရည္စုတ္ထိုးဆိုတာကို တစ္လင္တစ္မယား စနစ္က်င့္သုံးတဲ့ လူ႔အဖြဲ႕အစည္းအတြင္းမွာ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္ရာတြင္ အလြန္အေရးႀကီးတယ္။ အစေကာင္းမွ အေႏွာင္းေသခ်ာတယ္ဆိုသလို အိမ္ေထာင္ဖက္ေ႐ြးရာတြင္ ေအာက္ပါအခ်က္ေတြကို ထည့္သြင္းစဥ္းစားရမယ္လို႔ သုေတသီတို႔က ဆိုပါတယ္။
၁။ (၁၉) ႏွစ္ေအာက္တြင္ အိမ္ေထာင္ျပဳပါက အိမ္ေထာင္ေရးအဆင္ေျပဖို႔ မျဖစ္ႏိုင္တဲ့ အေၾကာင္းေတြကို ေတြ႕ရတယ္။ ဒါေၾကာင့္ အသက္ငယ္ငယ္နဲ႔ အိမ္ေထာင္ျပဳတာကို ေရွာင္သင့္တယ္။
၂။ အိမ္ေထာင္မျပဳခင္ ကိုယ္ဝန္ရွိတာဟာ အိမ္ေထာင္ေရး အဆင္မေျပတဲ့ အေၾကာင္းကို အေျခခံတဲ့ အေၾကာင္းတစ္ခုျဖစ္တယ္။ ကိုယ္ဝန္ေၾကာင့္ အလ်င္စလို အိမ္ေထာင္ျပဳလိုက္ရတာျဖစ္တယ္။ အိမ္ေထာင္မျပဳခင္ လိင္ဆက္ဆံတာကို ေရွာင္ (သို႔) သေႏၶတားနည္းတစ္ခုခုကို အသုံးျပဳသင့္တယ္။
၃။ အလ်င္စလို အိမ္ေထာင္ျပဳလိုက္ရင္ မ်ားေသာအားျဖင့္ ပ်က္တတ္တယ္။ ေစ့စပ္ထားတဲ့ အခ်ိန္ကာလၾကာၾကာတည္ၿမဲေလ အိမ္ေထာင္ေရးအခြင့္သာဖို႔ ပိုမ်ားတယ္။
၄။ အိမ္ေထာင္ေရးသာယာမႈအတြက္ အတားအဆီးျဖစ္ႏိုင္တဲ့ စိတ္ေနသေဘာထားေတြကိုလည္း ေလ့လာမွတ္သားကာ ေရွာင္သင့္ရင္ေရွာင္၊ ေဆာင္သင့္ရင္ေဆာင္ရမွာ ျဖစ္တယ္။
အိမ္ေထာင္ဖက္ေ႐ြးတဲ့အခါ ဒီအခ်က္အလက္ေတြကို ေသေသခ်ာခ်ာ စဥ္းစားဆင္ျခင္ပါ။
Author – Healthcare Journal (VOL:7/NO:49/ PG:7) ေမာင္ခ်မ္းသာ
(Unicode)
အိမ်ထောင်သားမွေးဖို့ စိတ်ကူးရင်
အိမ်ထောင်သားမွေးဖို့ ဆိုတာနဲ့ အိမ်ထောင်ပြုတာနဲ့ သားမွေးတာဟာ အမြဲဒွန်တွဲနေတယ်လို့ မမှတ်ယူသင့်ပေ။ အိမ်ထောင်မပြုဘဲ သားမွေးမူတွေ ရှိသလို အိမ်ထောင်ပြုပေမယ့် သားမမွေးတာလည်း ရှိတတ်တယ်။
ကျောက်ခေတ်လူရိုင်းနဲ့ အခုခေတ် သြစတြေးလျတိုက်မှ Aborigines လူရိုင်းတွေဟာ အိမ်ထောင်မပြုဘဲ သားမွေးမှုကို ပြုကြတယ်။ သူတို့ လူ့အဖွဲ့အစည်းတွင် ယောကျာၤးနဲ့ မိန်းမတစ်လင်ကွာမယ်၊ အိမ်ထောင်စနစ်မရှိဘူး။ အားလုံးက အားလုံးကို ပိုင်ဆိုင်တဲ့ ဘုံစနစ်ရှိတယ်။
ယဉ်ကျေးတဲ့ အဖွဲ့အစည်းအတွင်းမှာ တစ်လင်တစ်မယားစနစ်ကို လက်ခံကျင့်သုံးတာကြောင့် အိမ်ထောင်ပြုတယ်ဆိုတဲ့ လူမှုရေး ထုံးတမ်းစဉ်လာလည်း ပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုတွင်လည်း အိမ်ထောင်မပြုဘဲ သားမွေးတဲ့ကိစ္စတွေ ရှိနေတယ်လို့ ဆိုနိုင်တယ်။
အမှန်တကယ် ဒီကိစ္စဟာ မြန်မာရုပ်ရှင်တွေထဲမှာ ရိုးနေတဲ့ကိစ္စပင်ဖြစ်တယ်။ အမေနဲ့သမီးတော့ ရွားလေးတစ်ရွာသွားကာ ခြေရာဖျောက်ရတဲ့ ဇတ်လမ်းမျိုးဖြစ်တယ်။ အဓိကတရားခံကတော့ အိမ်ထောင်မပြုမီ လိင်ဆက်ဆံတာကြောင့် ဖြစ်တယ်။
မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုမီ လိင်ဆက်ဆံတာနဲ့ ပတ်သတ်ပြီး တိကျတဲ့ စာရင်းဇယားမရှိသေးပါ။ အင်္ဂလန်နိုင်ငံတွင် ဒီကိစ္စနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခုပြုခဲ့တယ်။ လူငယ်လူရွယ် ၂၀၀၀ ကျော်ကို အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှု ပြု၊ မပြု မေးမြန်းတဲ့အခါ အောက်ပါအတိုင်း အဖြေထွက်လာပါတယ်။
လိင်ဆက်ဆံမှု ပြုတဲ့ရာခိုင်နှုန်း
အသက် ယောကျာၤး မိန်းမ
- ၁၃နှစ် – ဝ.၉ – ဝ.၁
- ၁၄နှစ် – ၂.၃ – ဝ.၄
- ၁၅နှစ် – ၄ – ၆
- ၁၆နှစ် – ၈ – ၇
- ၁၇နှစ် – ၂၅ – ၁၁
- ၁၈နှစ် – ၃၂ – ၁၂
- ၁၉နှစ် – ၃၇ – ၂၃
ဒီစာရင်းဇယားကိုကြည့်ရင် အသက်အပိုင်းအခြားဟာ အရေးကြီးကြောင်းတွေ့ရတယ်။
နောက်ပြီး အိမ်ထောင်မပြုခင် ဘာအကြောင်းတွေကြောင့် လိင်ဆက်ဆံမှုပြုတာကို စုံစမ်းပါတယ်။ အဲဒီမေးခွန်းနဲ့ ပတ်သတ်ရင် အများအားဖြင့် ဖြေဆိုဖို့ ဇဝေဇဝါဖြစ်တာကို တွေ့ရတယ်။ ထိုကိစ္စကို မမျှော်လင့်ဘဲ ပြုလုပ်မိကြောင်း အများအားဖြင့် ဝန်ခံကြတယ်။
အဖြေတွေကို အသေးစိတ် စိစစ်ကြည့်တဲ့အခါ အောက်ပါအတိုင်း တွေ့ရတယ်။
ဖြစ်ရတဲ့အကြောင်းအရင်း ယောကျာၤး မိန်းမ
- လိင်စိတ်ဆန္ဒကြောင့် – ၄၆ – ၁၆
- အချစ်စိတ်ကြောင့် – ၁၀ – ၄၂
- သိချင်စိတ်ကြောင့် – ၂၅ – ၁၃
- အရက်မူးတာကြောင့် – ၃ – ၉
- အခြားအကြောင်းတွေ – ၄ – ၈
- မဖြေတတတ် – ၁၂ – ၁၂
အထက်ဖော်ပြပါ စားရင်းဇယားကို လေ့လာတဲ့အခါ အမျိုးသမီးအတွက် အချစ်စိတ်ကြီးတာဟာ အိမ်ထောင်မပြုခင် လိင်ဆက်ဆံတဲ့ အဓိကအကြောင်းအရင်းဖြစ်တာကို တွေ့ရတယ်။
အိမ်ထောင်မပြုခင် ကိုယ်ဝန်ရှိလာရင် ဘာလုပ်မလဲလို့ မိန်းကလေးတွေကို မေးကြည့်တဲ့အခါ အောက်ပါအဖြေတွေကိုရတယ်။
- အဖေအမေကိုပြောမယ် ၃၈%
- ကလေးအဖေကို လက်ထပ်မယ် ၂၀%
- ကလေးကို မွေးဖို့စီစဉ်မယ် ၁၈%
- မွေးပြီးရင်သူများ ပေးပစ်မယ် ၉%
- ကိုယ်ဝန်ဖျက်ချမယ် ၉%
- မသိဘူး၊ မစဉ်းစားတတ်ဘူး ၆%
အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှုပြုတဲ့ လူငယ်လူရွယ်တို့ရဲ့ စိတ်အခြေအနေကို လေ့လာကြည့်တဲ့အခါ အများအားဖြင့် မိဘအုပ်ထိန်းမှု လျော့ရဲတဲ့ အိမ်ထောင်တွေမှ ပေါက်ဖွားလာတာကို တွေ့ရတယ်။
ယောကျာၤးကလေးတွေမှာ ကြမ်းတမ်းပြီး စိတ်ကူးထက်အလုပ်ကို အားသန်သူတွေဖြစ်ကြတယ်။ မိန်းကလေးတွေမှာ မိဘအုပ်ချုပ်မှုက လွတ်ကင်းကာ လွတ်လွတ်လပ်လပ် နေလိုစိတ်များသူတွေဖြစ်ကြတယ်။
ဘယ်လိုအကြောင်းကြောင့် ဖူးစာဆုံမိကြတာလဲ
ပထမတွေ့ရှိတဲ့ အချက်မှာ ယောကျာၤးနဲ့ မိန်းမ ဖူးစာဆုံဖို့အတွက် လူမှုရေး အခြေအနေဟာ အရေးကြီးတာကို တွေ့ရတယ်။ ဘာသာရေး တူညီတာ၊ လူမျိုးတူညီတာနဲ့ အနေနီးတာတို့ဟာ ဖူးစာဆုံဖို့ အကြောင်းတစ်ချက်ဖြစ်တာကို တွေ့ရတယ်။
ဒီလိုတူတာတွေကြေင့် ဖူးစာဆုံတယ်ဆိုရင် အားလုံးအတွက် မမှန်နိုင်ဘူး။ အခြားအိမ်ထောင်ဖက်ရွေးတဲ့ အကြောင်းတွေရှိနေသလား။ ဒီနေရာမှာ အချစ်ဟာမျက်စိမရှိဘူးဆိုတဲ့ စကားပုံဟာ မှန်တယ်။ များသောအားဖြင့် မိမိရဲ့အိမ်ထောင်ဘက်ကို ဘာကြောင့် ရွေးမိမှန်းမသိကြပေ။
ဒါပေမဲ့ အချို့လေ့လာမှုတွေအရ မိန်းကလေးတွေဟာ ကြင်ဖော်ရွေးရာမှာ သစ္စာရှိမှုပညာရေးမြင့်မားမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ရုပ်အဆင်ပြေပြစ်မှု၊ စာရိတ္တကောင်းမှုနဲ့ အိမ်ထောင်ရေးထိန်းသိမ်းတတ်မှုတွေကို ဦးစားပေးတာတွေ့ရတယ်။
စဉ်းစားစရာ
အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုးဆိုတာကို တစ်လင်တစ်မယား စနစ်ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် အလွန်အရေးကြီးတယ်။ အစကောင်းမှ အနှောင်းသေချာတယ်ဆိုသလို အိမ်ထောင်ဖက်ရွေးရာတွင် အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားရမယ်လို့ သုတေသီတို့က ဆိုပါတယ်။
၁။ (၁၉) နှစ်အောက်တွင် အိမ်ထောင်ပြုပါက အိမ်ထောင်ရေးအဆင်ပြေဖို့ မဖြစ်နိုင်တဲ့ အကြောင်းတွေကို တွေ့ရတယ်။ ဒါကြောင့် အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုတာကို ရှောင်သင့်တယ်။
၂။ အိမ်ထောင်မပြုခင် ကိုယ်ဝန်ရှိတာဟာ အိမ်ထောင်ရေး အဆင်မပြေတဲ့ အကြောင်းကို အခြေခံတဲ့ အကြောင်းတစ်ခုဖြစ်တယ်။ ကိုယ်ဝန်ကြောင့် အလျင်စလို အိမ်ထောင်ပြုလိုက်ရတာဖြစ်တယ်။ အိမ်ထောင်မပြုခင် လိင်ဆက်ဆံတာကို ရှောင် (သို့) သန္ဓေတားနည်းတစ်ခုခုကို အသုံးပြုသင့်တယ်။
၃။ အလျင်စလို အိမ်ထောင်ပြုလိုက်ရင် များသောအားဖြင့် ပျက်တတ်တယ်။ စေ့စပ်ထားတဲ့ အချိန်ကာလကြာကြာတည်မြဲလေ အိမ်ထောင်ရေးအခွင့်သာဖို့ ပိုများတယ်။
၄။ အိမ်ထောင်ရေးသာယာမှုအတွက် အတားအဆီးဖြစ်နိုင်တဲ့ စိတ်နေသဘောထားတွေကိုလည်း လေ့လာမှတ်သားကာ ရှောင်သင့်ရင်ရှောင်၊ ဆောင်သင့်ရင်ဆောင်ရမှာ ဖြစ်တယ်။
အိမ်ထောင်ဖက်ရွေးတဲ့အခါ ဒီအချက်အလက်တွေကို သေသေချာချာ စဉ်းစားဆင်ခြင်ပါ။
Author – Healthcare Journal (VOL:7/NO:49/ PG:7) မောင်ချမ်းသာ