fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကလေးမွေးပြီး အချင်းမကျရင်

654
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/11/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကလေးမွေးပြီး အချင်းမကျရင်

အမျိုးသမီးတချို့အနေနဲ့ ကလေးမွေးတယ်ဆိုတာဟာ ကလေးထွက်ရင် ပြီးပြီလို့ ထင်တတ်ကြပါတယ်။ ဒီလိုထင်တာဟာမှားပါတယ်။

ကလေးထွက်ပြီး အချင်းကျတော့မှသာ ကလေးမွေးတဲ့ဖြစ်စဉ်ဟာ ပြီးမြှောက်တယ်လို့ပြောလို့ရတာပါ။

အချင်း (Placenta) ဆိုတာ သန္ဓေသားနဲ့ သားအိမ်နဲ့ကို ဆက်သွယ်ပေးထားတာပါ။

အချင်းကနေပြီး ချက်ကြိုးထွက်တယ် အဲချက်ကြိုးကနေတဆင့် သန္ဓေသားအတွက်လိုအပ်တဲ့ အစာအာဟာရတို့ အောက်ဆီဂျင်တို့ကို ထောက်ပံပေးတယ်။ သန္ဓေသားကနေစွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေကလည်း ချက်ကြိုးကနေတဆင့် အချင်းရောက်တယ် အချင်းကနေအဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတယ်။

ပုံမှန်ဆိုရင် ကလေးမွေးပြီး မိနစ်သုံးဆယ်အတွင်းမှာ အချင်းဟာ သားအိမ်နံရံကနေကွာကျလာရပါမယ်။

ကလေးမွေးပြီးနောက်မိနစ်သုံးဆယ်ကြာတာတောင် အချင်းကကျမလာသေးရင်တော့ အချင်းကပ်တယ် (Retained Placenta) လို့ ခေါ်ပါတယ်။

ကလေးမွေးပြီးနောက်အချင်းကကျမလာဘဲ အချင်းကပ်တာဖြစ်တဲ့အခါမှာ မိန်းမကိုယ်ကနေ သွေးအများကြီးဆင်းတာ၊ အနံတအားနံ့တဲ့ အရည်တွေဆင်းတာ၊ ဗိုက်တအားနာတာ၊ ဖျားတာစသဖြင့် ဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့်အိမ်မှာရွာမှာ လက်သည် သို့မဟုတ် သားဖွားဆရာမနဲ့ ကလေးမွေးပြီးနောက်နာရီဝက်(မိနစ်၃၀)နေလို့မှ အချင်းမကျဘူးဆိုရင် ချက်ချင်းနီးစပ်ရာဆေးရုံကိုသွားဖို့လိုပါတယ်။

ကလေးမွေးပြီးနောက် အချင်းကပ်တဲ့အခါမှာ ဆရာဝန်က ဆီးပိုက်တပ်တာတွေ၊ သားအိမ်ညှစ်အားကောင်းစေတဲ့ ထိုးဆေးထိုးတာ လုပ်ပြီး ချက်ကြိုးရှည်ထွက်လာမလာစောင့်ကြည့်ပါမယ်။

ရှည်ထွက်လာတယ်ဆိုရင် ချက်ကြိုးကိုတချက်ထိန်းပြီးဆွဲကြည့်ကာ အချင်းချကြည့်ပါမယ်။

ဒီလိုတကြိမ်ကြိုးစားကြည့်လို့မှမအောင်မြင်ရင်တော့ ခွဲခန်းဝင်ပြီး မေ့ဆေး၊ထုံဆေးသုံးကာ နှိုက်ထုတ်ရပါမယ်။

ခွဲခန်းဝင်ပြီးလုပ်သော်လည်းမရဘဲ အချင်းကတအားကပ်နေကာ သွေးဆင်းတအားများနေတယ်ဆိုရင်တော့ သွေးသွင်းပြီး၊သားအိမ်ထုတ်ရတာမျိုးထိ ဖြစ်နိုင်ပါတယ်။

ကလေးမွေးပြီးနောက် အချင်းကျမလာတာကို ဖြစ်စေတဲ့အကြောင်းတွေကတော့

၁။ ဆီးအိမ်တင်းနေတာ၊ ရေမွှာရေများတာ၊ ကလေးမွေးချိန်ကြာတာ၊ အမွှာကိုယ်ဝန်ဖြစ်တာ၊ ကလေးကတအားကြီးတာ၊ သားအိမ်ထဲမှာအသားလုံးရှိတာ စတဲ့ အကြောင်းတွေကြောင့် သားအိမ်က လုံလုံလောက်လောက်ညှစ်အားမရှိခြင်း(Uterine atony)

၂။ အချင်းက သားအိမ်နံရံထဲကို နက်နက်ရှိုင်းရှိုင်းတွယ်ကပ်နေခြင်း၊

၃။ အချင်းက သူ့ပုံမှန်ရှိရမည့်နေရာမှာမရှိဘဲ အချင်းရှေ့ရောက်ခြင်း၊ စသဖြင့်အကြောင်းရင်းတွေအများကြီးရှိပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးရရင်တော့ အချင်းကပ်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတခုဖြစ်တာကြောင့် ကလေးမွေးပြီဆိုရင် ဆေးရုံမှာမွေးဖို့၊ မတတ်နိုင်လို့ အခက်အခဲရှိလို့ အိမ်မှာရွာမှာမွေးရင်လည်း ကလေးမွေးပြီး နာရီဝက်အကြာမှာ အချင်းမကျပါက နီးစပ်ရာဆေးရုံမြန်မြန်သွားဖို့ အကြံပေးတိုက်တွန်းချင်ပါတယ်။

Dr 528

Previous Post

ကျောက်ကပ်ရောင်တယ်ဆိုတာ

Next Post

အသံဝင်တာ မြန်မြန်သက်သာအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသံဝင်တာ မြန်မြန်သက်သာအောင်

လက်သည်းခြေသည်းတွေကပြောတဲ့ သင့်ကျန်းမာရေး

Concept of insulin, fake label

အင်ဆူလင်ဆိုတာ ဘာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.