fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဆီလီကွန်ရင်သားရဲ့  နောက်ဆက်တွဲများ

458
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2018
in အမျိုးသမီး ကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဆီလီကွန်ရင်သားရဲ့  နောက်ဆက်တွဲများ

`အု အား ပြားချပ်ချပ်´လို့ ဆိုရတဲ့ ဒွေးကြေငြာက အခုခေတ်မှာရီစရာပါ။ ပြားနေတာကို ဖောင်းအောင်။ သေးရာကနေ ကြီးအောင်။ မရှိတာကို အရှိလုပ်လို့ရတဲ့ ခေတ်မှာ အမျိုးသမီးများအတွက် ရင်သားဆီလီကွန်ထည့်ခြင်းသည် အထူးအဆန်းတော့မဟုတ်ပါ။

ဆီလီကွန်ထည့်ခြင်းသည် အလွယ်တကူ ပြုလုပ်၍ရသော အစားထိုးကုသမှု တစ်ခုပင်ဖြစ်ပါတယ်။ ရင်သားဆီလီကွန်ထည့်ခြင်းကို ကြီးမားသောသုတေသနပြုချက်အရ အချို့အရာများသည် စိုးရိမ်စရာမရှိသော်လည်း ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးဖြစ်လာနိုင်သည်ကို တွေ့ရှိရပါတယ်လို့ MedicalNewsToday မှာဖော်ပြထားပါတယ်။

ရင်သားဆီလီကွန်ထည့်ခြင်းသည် ရင်သားအရွယ်အစားနှင့် ပုံစံကို အလွယ်တကူပြုပြင်၍ရသော အစားထိုးကုသမှု တစ်ခုပင်ဖြစ်ပါတယ်။ ရင်သားဆီလီကွန်ထည့်ခြင်းသည် အချို့အမျိုးသမီးများအတွက် ကိုယ်ခန္ဓာအလှအပ ပိုမိုပေါ်လွင်စေရန် ပြုလုပ်သော်လည်း အချို့ကမူ ရောဂါအခြေအနေကြောင့်ဖြတ်ထုတ်ရာတွင် သဘာဝအနေအထားပြန်ရရှိရန်ရည်ရွယ်ပါတယ်။

ပေါ်ပြူလာအဖြစ်ဆုံးနှင့် ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲမှု (FDA) မှ ခွင့်ပြုချက်ရသော ရင်သားအစားထိုးမှုမှာ ဆေလိုင်းအရည် (Saline Solution) နှင့် ဆီလီကွန်ဂျယ် (Silicon Gel) ပဲ ဖြစ်ပါတယ်။

Saline ရင်သားတုသည် ဆီလီကွန်အခွံနှင့် အတွင်းက saline အရည်ဖြည့်ထားခြင်းဖြစ်ပါတယ်။ ဆီလီကွန်ရင်သားတုသည် ဆီလီကွန်အခွံနှင့် ဆီလီကွန် gel ဖြစ်ပါတယ်။

FDA သည် ရင်သားဆီလီကွန်ကို ၁၉၉၂ ခုနှစ်ထိ သင့်တော်သော အစားထိုးမှုမဟုတ်ဟူ၍ ယူဆကာ လက်ခံခြင်းမရှိခဲ့ပါ။

၂၀၀၀ ခုနှစ် အစောပိုင်းတွင် FDA သည် saline ရင်သားတုကို အသက် ၁၈ နှစ်အထက်အမျိုးသမီးများတွင် ရင်သားအစားထိုးရန် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဆီလီကွန်ရင်သားအစားထိုးခြင်းကိုတော့ ကန့်သတ်ချက် အနည်းငယ်နှင့် ခွင့်ပြုခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် FDA သည် ဆီလီကွန်ရင်သားတုကို အလှအပနှင့် အစားထိုးခွဲစိတ်မှုအတွက် ခွင့်ပြုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တွင် FDA သည် ရင်သားအစားထိုးမှုသည် anaplastic large cell lymphoma လို့ခေါ်တဲ့ ကင်ဆာနှင့် ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆကြပါတယ်။

သုတေသနပြုချက်အရ ရင်သားအစားထိုးထားသော အမျိုးသမီးများသည် ရောဂါအချို့ရဲ့စိုးရိမ်စရာအနေအထား ဖြစ်လာနိုင်သည်ကို တွေ့ရှိရပါတယ်။ ရင်သားအစားထိုးခြင်းသည် ဘေးကင်းမူရှိရဲ့လား ဟူသော FDA လေ့လာမှု များစွာပြုလုပ်ခဲ့ကြပါတယ်။

၂၀၀၇ – ၂၀၁၀ အတွင်း ရင်သားဆီလီကွန်ထည့်သူလူ တစ်သိန်းကို လေ့လာခဲ့ကြပါတယ်။ အမျိုးသမီး ၈ သောင်းခန့်သည် ဆီလီကွန်ရင်သားထည့်ခဲ့၍ ကျန်သူများက saline ပါသောရင်သားတု ထည့်ခဲ့ကြပါတယ်။ ၇၂ ရာခိုင်နှုန်းသည် ကြီးထွားရန် ထည့်ခဲ့ခြင်းဖြစ်ပြီး ကျန်သူများသည် ရင်သားအနေအထား ပြုပြင်ရန်ထည့်ခဲ့ကြပါတယ်။

လေ့လာချက်အရ ဆီလီကွန်ရင်သားတုထည့်သော အမျိုးသမီးများသည် မမျှော်လင့်ဘဲဆိုးရွားသော ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများသည် ဖြစ်နိုင်ရန် ခဲယဉ်းလှသော်လည်း ဖြစ်လာခဲ့လျှင်လည်း ဆိုးရွားနိုင်ပါတယ်။

scleroderma; RA; Sjogren syndrome အစရှိသောရောဂါများ ဖြစ်နိုင်ပါတယ်။ အဆိုပါရောဂါများကို ရင်သားတုထည့်သူများသည် မထည့်သူများထက် ခြောက်ဆမှ ရှစ်ဆထိဖြစ်နိုင်ချေရှိပါတယ်။ ဆီလီကွန်ရင်သားတုသည် ကလေးအသေမွေးခြင်းနှင့် အရေပြားကင်ဆာအန္တရာယ်နှင့်လည်း ဆက်စပ်မႈရှိပါတယ်။

သုတေသနပြုချက်အရ ဆီလီကွန်ရင်သားတုထည့်ရာတွင် ခွဲစိတ်မႈရဲ့ နောက်ဆက်တွဲဆိုးကျိုးများလည်း ခံစားရနိုင်ပါတယ်။ saline ရင်သားတုနှင့်ယှဉ်လျှင် ရင်သားတုဘေးတွင် အရေပြားကျုံ့မႈ ဖြစ်နိုင်ချေရှိပါတယ်။

နောက်ဆက်တွဲ ကြုံတွေ့လာနိုင်သော ဆိုးကျိုးအချို့မှာ
– ထပ်မံခွဲစိတ်ရခြင်း
– ရင်သားနာကျင် ကိုက်ခဲခြင်း
– နို့သီးခေါင်း ပြောင်းလဲခြင်းနှင့် ရင်သားထိတွေ့မႈ ခံစားမႈပြောင်းလြင်း
– ရင်သားဘက်မညီခြင်း
– ရင်သားတုပေါက်ကွဲပြားကပ်ခြင်း (saline)
– ဆီလီကွန်ပေါက်ကွဲခြင်း
– ရင်ခေါင်းနံရိုးများပုံပျက်ခြင်း
– အနာကျက်နှေးခြင်း
– ပိုးကူးစက်ခြင်း
– သွေးခဲခြင်း
– အသားဆွေးခြင်း
– အရေပြားဓာတ်မတည့်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။

Dr. Pyae Shin

Previous Post

စပျစ်သီးသန္ဓေတည်ဖူးရင် ကင်ဆာဖြစ်နိုင်သလား

Next Post

အမျိုးသမီးတွေမှာအဖြစ်များတဲ့မီးယပ်ရောဂါ (သို့) Endometriosis

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
601

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
558
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးတွေမှာအဖြစ်များတဲ့မီးယပ်ရောဂါ (သို့) Endometriosis

တားဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ? 

စိတ်အချရဆုံး ကိုယ်ဝန်တားဆေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.