ချောင်ချိလျော့ရဲလာတာ ပြဿနာလား
ကျဉ်းတယ် ကျယ်တယ်ဆိုတဲ့ စိတ်ခံစားမှုသည် တကယ်ရောဟုတ်ရဲ့လား? မိန်းမအင်္ဂါအတွက် ယုံတမ်းစကားမျိုးစုံကြောင့် စိတ်အနှောက်အယှက်ဖြစ်နေလား? ဥပမာ မိန်းမအင်္ဂါအပေါက်သည် သရေကဲ့သို့ကျုံ့ဆန့်မှု လျော့ရဲလာပြီး အမြဲတမ်း ကျယ်သွားနိုင်သည်စသည်ဖြင့် မှတ်ယူကြလေ့ရှိပါတယ်။ တကယ်တော့ မဟုတ်ပါ။
မိန်းမအင်္ဂါသည် ကျုံ့ဆန့်နိုင်သော အင်္ဂါဖြစ်ပါတယ်။ ဆိုလိုသည်မှာ လိင်ဆက်ဆံရာတွင်လည်းကောင်း၊ ကလေးမွေးရာတွင်လည်းကောင်း အလိုက်သင့် ကျဉ်း/ကျယ်မှုပေးနိုင်ခြင်းကို ဆိုလိုပါတယ်။ သို့သော် အဆိုပါကျဉ်း/ကျယ်မသည် အချိန်တခုအကြာ မူလအတိုင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်သည် အသက်ကြီးလာသည်နှင့်အမျှ သို့မဟုတ် ကလေးမွေးပြီနောက် အနည်းငယ်လျော့ရဲလာသည် အခြေအနေတော့ ဖြစ်နိုင်ပါတယ်။ သို့သော် ခြုံပြောရရင်တော့ ကြွက်သားများသည် သရေပင်ကြိုးကဲ့သို့ ကျယ် /ကျုံ့နိုင်ပါတယ်။
မိန်းမအင်္ဂါလျော့တွဲလာသလား?
မိန်းမအင်္ဂါသည် အသက်အရွယ်နှင့် ကလေးမွေးခြင်းပေါ်မူတည်၍ အချိန်ကြာလာသည်နှင့် ပြောင်းလဲလာနိုင်သည်ဆိုငြားသော်လည်း အမြဲတမ်းတော့ လျော့ရဲနေမည် မဟုတ်ပါ။ လျော့ရဲနေသော မိမိမိန်းမအင်္ဂါအတွက် လိင်ဆက်ဆံရာတွင် အဆင်မပြေနိုင်ဖြစ်သည်ဟု၍ စိတ်အနှောက်အယှက်အမြဲရနေတတ်ပါတယ်။ လိင်ဆက်ဆံခြင်း အကြိမ်ရေများမှုနှင့် ဆက်ဆံဖော်အင်္ဂါနှင့်တော့ မဆိုင်ပါ။
မိန်းမအင်္ဂါကျဉ်းခြင်းသည်လည်း စိတ်ကျေနပ်မှု ပေးနိုင်သောအခြေအနေဖြစ်သည်ဟုလည်း ယူဆမရပါ။ လိင်ဆက်ဆံရာတွင် အဆင်မပြေမှုတွေပေးနိုင်သည်ကိုလည်း သတိထားသင့်ပါတယ်။ လိင်ဆက်ဆံမှု ထိပ်ဆုံးရောက်တဲ့ချိန်တွင် ကြွက်သားများသဘာဝအားဖြင့် ပြေလျော့သွားနိုင်ပြီး အဆင်မပြေပါက မလျော့ရဲပဲ တင်းကျပ်နေနိုင်ပါတယ်။
မိန်းမကိုယ်ကျဉ်းနေခြင်းသည် လိင်ဆက်ဆံရာတွင် နာကျင်မှုနှင့် အထွတ်အထိပ်မရောက်မှု ကျေနပ်မှုမရနိုင်သည်ဖြစ်စေ နိုင်ပါတယ်။ အလွန်ကျဉ်းသော မိန်းမအင်္ဂါကြောင့် လိင်ဆက်ဆံရာတွင် ထိုးသွင်းဒဏ် မခံနိုင်ခြင်း၊ ကွန်ဒုံးပေါက်နိုင်ခြင်းစသည်တို့ ဖြစ်စေနိုင်ပါတယ်။ ထိုအခါမျိုးတွင် သေချာဆေးခန်းပြ၍ Kegel နှင့် တင်ပါးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ မိန်းမအင်္ဂါကျယ်ရန်ပြုလုပ်ခြင်းနှင့် ကြွက်သားလျော့အောင် ဆေးထိုးခြင်း ပြုလုပ်ရပါတယ်။
မိန်းမကိုယ်ကို ကျုံဆန့်ဖြစ်စေသော အကြောင်းအရာ ၂ ခုမှာ အသက်အရွယ်ရယ် ကလေးမွေးခြင်းစသည်သာ သက်ရောက်ပါတယ်။ လိင်ဆက်ဆံမှုများခြင်းနှင့် မဆက်ဆံခြင်းက သက်ရောက်မှုမရှိပါ။ ကလေးမွေးခြင်းကြောင့် ကြွက်သားလျော့ရဲခြင်းသည် ပြန်လည်တင်းရင်းစေပြီ အသက်ကြီးလာသောကြောင့် လျော့ခြင်းသည် ကလေးမွေးခြင်းရှိမရှိမဆိုင်ပဲ လူတိုင်းဖြစ်တတ်ပါတယ်။
အသက်လေးဆယ်ကျော်လာသောအခါ အမျိုးသမီးများရဲ့ အီစတိုဂျင်ဟော်မုန်းလျော့ကျလာပြီး မိန်းမအင်္ဂါသည် ပါး၊ ခြောက်သွေ့၊ ကျုံ့ဆန့်မှု လျော့ရဲစေနိုင်ပါတယ်။ တဖြေးဖြေးသွေးဆုံးခြင်း အခြေအနေ ရောက်ရှိလာပါလိမ့်မယ်။
ကလေးမွေးပြီးနောက် မိန်းမအင်္ဂါ ကျယ်လာပြီးမွေးပြီးနောက် လျော့ရဲ လာသကဲ့သို့ထင်နိုင်ပြီး ပုံမှန်အနေအထားရောက်အောင် တင်ပါးကြွက်သားလေ့ကျင့်ခန်းလုပ်ခြင်းကို ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးပြီးနောက် ပြုလုပ်နိုင်ပါတယ်။ ထို့ကြောင့် မိန်းမအင်္ဂါကျယ်ခြင်းအတွက် စိတ်သောကရောက်စရာမလို ဆေးမြီတိုမသုံးဘဲ မူလအနေအထားပြန်လည်ရောက်ရှိရန် လေ့ကျင့်ခန်းလုပ်ခြင်းက များစွာအထောက်အကူပြုပါလိမ့်မယ်။
Dr.Kyaw