fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဉာဏ်ရည်နိမ့်ကလေးများ

217
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/03/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဒီတစ်ပတ် မင်္ဂလာ မောင်မယ်ကျန်းမာရေးစကားဝိုင်းမှာ ဉာဏ်ရည်နိမ့်ကလေးများပြုစုခြင်း အပိုင်းနဲ့ပတ် သက်ပြီးဆွေးနွေးထားပါတယ်။

မောင် – ဉာဏ်ရည်နိမ့်ကလေးငယ်တွေ မျိုးရိုးရှိလို့ မွေးတာလားဆရာ။
ဒေါက်တာမင်္ဂလာ – မျိုးရိုးရှိတယ်။ မိခင်ကိုယ်ဝန်ဆောင်တဲ့အသက် (၄၀) ကျော်ရင်ကလေးကို ကိုယ်ဝန်ဆောင် ချိန်အပြင်းဖျားတာ၊ ရောဂါပိုးဝင်တာ၊ ကလေးမွေးဖွားချိန်ထိခိုက်ဒဏ်ရာရ ညှပ်ဆွဲမွေးရတာတွေ၊ ကလေးမီးတွင်း ကာလတက်တာ၊ အဝါများတာတွေဟာ ကလေးဉာဏ်ရည်နိမ့်ကျဖို့ ဖြစ်လာတယ်။
မယ် – မီးတွင်းကာလအသားဝါခြင်းက အရေးကြီးတာပေါ့ဆရာ။

ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ မီးတွင်းအသားဝါတာဟာ ကလေးအမေနဲ့သွေးအုပ်စုမတည့်လို့ ဖြစ်နိုင်ပြီး၊ အခြားအကြောင်းအရင်းများအနေနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကြောင့် ဖြစ်ရတာပါ။ မိခင်သွေး အုပ်စုမျောက်သွေး အာအိပ်ချ်နဂ္ဂတစ်ပါဝင်မှုရှိမရှိ ကိုယ်ဝန်ဆောင်ကတည်းက စစ်ဆေးထားသင့်တယ်။
မောင် – ဆွေမျိုးနီးစပ်မယူသင့်ဘူးဆိုတာ ဟုတ်လားဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ဆွေမျိုးချင်းနီးရင် မကောင်းတဲ့ဗီဇက ခေါင်းထောင်လာလို့ ဉာဏ်ရည်နိမ့်တဲ့ ကလေး၊ ကျန်းမာရေးညံ့တဲ့ကလေးတွေ မွေးလာတတ်တယ်။ အင်္ဂလန်ထီးနန်းမှာ ဆွေမျိုးချင်းနီးစပ်တဲ့သူ အိမ် ထောင်ပြုတော့ ဟေမိုဖေးရီးယား သွေးမတိတ်ရောဂါဖြစ်ခဲ့ကြသလို အသိဉာဏ်ပညာလိုက်မနိုင်လို့ ထင်ရှား ကျော်ကြားသူရှားပါးခဲ့တယ်။ မြန်မာ့ကုန်းဘောင်မင်း၊ မင်းတုန်းမင်း၊ သီပေါအနွယ်ဝင်တွေဟာ ဆွေမျိုးနီးစပ် တော်တာချင်းယူကြတဲ့အခါ မွေးရာပါရောဂါရှိသူတွေ ဉာဏ်ရည်နိမ့်တဲ့ကလေးတွေ၊ သာမန်ကလေးအဆင့် လောက်ပဲရှိတဲ့ ကလေးတွေမွေးလာလို့ ငုပ်လျှိုးသွားရတယ်။

မယ် – မီးတွင်းကာလ အသားဝါခြင်းအကြောင်းရှင်းပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – တချို့ကိုယ်ဝန်ဆောင်တွေ သတ္တိကောင်းကြတယ်။ ကိုယ်ဝန်ရပြီး ဒေသန္တရဆေးခန်းတွေမှာ ဗိုက်မအပ်ကြဘူး။ အချို့သွေးစစ်၊ ဆီးစစ်မလုပ်ကြဘူး။ လိင်ကတစ်ဆင့်ရောဂါ (ဥပမာ- ဆစ်ဖလစ်ပိုးဝင်ရင် မီး တွင်းမှာတင် အသားဝါပြီးအရေပြားအနာ (သို့) မျက်လုံးချို့ယွင်းတာမျိုးပါလာတတ်တာ သေချာကုသပေးလို့ ပျောက်ကင်းပြီးတာတောင် ဉာဏ်ရည်နိမ့်တဲ့ကလေးဖြစ်လာတယ်။ ဒီလိုပဲ မိခင်မျောက်သွေး (Rh Negative) ဖြစ်ရင် သွေးမတည့်လို့၊ မွေးပြီးချင်းတစ်ပတ်အတွင်း သွေးလဲပေးရတယ်။ သွေးမလဲရင် ဦးနှောက်ပါအဝါရောင် ကူးသွားပြီး အမြဲမှီခိုတဲ့ကလေးမျိုးဖြစ်သွားတတ်တယ်။ တက်တတ်သလို၊ ရောဂါခုခံမှုစွမ်းအားလည်း နည်းတတ် တယ်။

မောင် – ကလေးဘ၀ ကာကွယ်ဆေးတွေအကြောင်း ပြောပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ကလေးဘ၀ ကာကွယ်ဆေးခုနှစ်မျိုးထိုးနှံဖို့လိုတယ်။ ကလေးနှစ်လသားအရွယ်မှာ တီဘီ ကာကွယ်ဆေး၊ ရောဂါငါးမျိုးကာကွယ်ပေးနိုင်တဲ့ ပင်တာဗဲလိတ် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ ပိုး၊ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး၊ ကလေး လေးလနဲ့ခြောက်လတွေမှာ ဆေးငါးမျိုးပါကာကွယ် ဆေး (ဒု)ကြိမ်၊ (တ)ကြိမ်နဲ့ ပိုလီယိုအစက်ချဆေးတိုက်ကျွေးဖို့ လိုပါတယ်။ ကလေးအသက် ကိုးလမှာဝက်သက် ကာကွယ်ဆေးထိုးနှံဖို့ လိုပါတယ်။ ဒါကမြန်မာနိုင်ငံ ကလေးငယ်တွေမှာ ထိုးပေးနေတဲ့ကာကွယ်ဆေးတွေပါ။ ကာကွယ်ဆေးမထိုးရင် ခုခံမှုစွမ်းအားကျဆင်းကာ ရောဂါအမျိုးမျိုးဝင်ရောက်နိုင်ပြီး အာဟာရလည်းချို့တဲ့ကာ ဉာဏ်ရည်နိမ့်ကလေးတွေဖြစ်လာတတ်ပါတယ်။

မယ် – ဉာဏ်ရည်နိမ့်ကလေးတွေရဲ့ ရောဂါလက္ခဏာတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ – သာမန်ထက်ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးခြင်း ဥပမာ- အထိုင်အထနောက်ကျခြင်း၊ စာမလိုက်နိုင်ခြင်း၊ စာသင်ကြားဖို့ခက်ခြင်း၊ အငြိမ်မနေခြင်း၊  အာရုံစူးမှုအားနည်းခြင်း၊ အမျှော်အမြင်နည်းပါး ခြင်း၊ အရွယ်အလိုက်လူမှုဆက်ဆံရေးမှာ ခက်ခဲခြင်း၊ မိမိကိုယ်မစောင့်ရှောက်နိုင်ခြင်းတို့ဖြစ်နိုင်တယ်။

မောင် – ဉာဏ်ရည်နိမ့်တဲ့ကလေးတွေကို ဘယ်လိုဆောင်ရွက်ဖို့ လိုပါသလဲဆရာ။
ဒေါက်တာမင်္ဂလာ – နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဖို့ လေ့ကျင့်ပေးရမယ်။ မိမိကိုယ်ကို စောင့်ရှောက်နိုင်ရ မယ်။ လေ့ကျင့်ရာမှာ စိတ်ရှည်ရမယ်။ ကိုယ်တိုင်အစားစားတတ်ဖု့ိ၊ ရေချိုးတတ်ဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပြု လုပ်တတ်ဖို့၊ အဝတ်ဝတ်တတ်ဖို့သင်ပေးရမယ်။

မယ် – အသက်မွေးဝမ်းကျောင်းတစ်ခုခု တတ်နိုင်သလားဆရာ။
ဒေါက်တာမင်္ဂလာ – တတ်နိုင်ပါတယ်။ လွယ်ကူပြီးလက်တွေ့လုပ်ရမယ့် အသက်မွေးမှုလုပ်ငန်းကို စီမံပြုလုပ်ပေး ရမယ်။ ဖျာယက်ခြင်း၊ ကြိမ်ထိုးခြင်း၊ ကစားစရာပြုလုပ်ခြင်း၊ ဥယျာဉ်စိုက်ခြင်း၊ လယ်လုပ်ခြင်း၊ လက်သမား၊ အိမ် သန့်ရှင်းရေးလုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ဆောင်ပေးခြင်းစသဖြင့် လုပ်နိုင်ပါတယ်။ အချို့ရေးဖတ်တွက်တတ်ပြီး ဈေးကူရောင်ခိုင်းလို့ ရနိုင်ပါတယ်။

မောင် – ဉာဏ်ရည်နိမ့်တော့ သာမန်ကျောင်းမထားနိုင်ဘူးပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ဉာဏ်ရည်နိမ့်ပါးတဲ့ကလေးတွေထားတဲ့ကျောင်း၊ ဥပမာ- မေရီချက်ပ်မင်း ဆွံ့အနားမကြား ကျောင်း၊ အေဒင်ကလေးလူငယ်ဖွံ့ဖြိုးရေးကျောင်း တွေမှာထားလို့ရပါတယ်။ စင်ကာပူမှာသီးခြားကျောင်းထားရှိ သလိုအသက်မွေးဝမ်းကျောင်းတစ်ခုခု တတ်အောင်သင်ပေးကြတယ်။ အနည်းဆုံးတော့ ဘုရားရှိခိုးတာ၊ သီချင်း ဆိုတာ၊ ကခုန်တာ၊  ကစားတာ၊ လေ့ကျင့်ပေးနိုင်တယ်။

မယ် – ဉာဏ်ရည်နိမ့်ကလေးမဖြစ်ရအောင် ဘယ်လိုကာကွယ်သင့်ပါသလဲဆရာ။
ဒေါက်တာမင်္ဂလာ – ကိုယ်ဝန်ဆောင်မိခင်ကို ပြုစုစောင့်ရှောက်ရမယ်။ သင့်တင့်တဲ့အာဟာရမှီဝဲရမယ်။ ကာ ကွယ်ဆေးပုံမှန်ထိုးနှံရမယ်။ စနစ်တကျမွေးဖွားခြင်း၊ ကျွမ်းကျင်သူနဲ့မွေးဖွားခြင်းရှိရမယ်။ မိခင်နို့တိုက်ကျွေးရ မယ်။ ကလေးငယ်ကိုစနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကလေးငယ်အာဟာရနဲ့ ကြင်နာယုယမှုပေး ရမယ်။ ကလေးငယ်ကိုကူးစက်ရောဂါမဖြစ်အောင် ကာကွယ်ခြင်း၊ ထိခိုက်ဒဏ်ရာမရအောင် သတိထားခြင်းတို့ ဆောင်ရွက်ပေးရပါမယ်။

မောင် – မိခင်နဲ့ကလေး အသင်းအနေနဲ့ပါဝင်ဆောင်ရွက်ပေးသင့်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ဉာဏ်ရည်နိမ့်တာဟာမွေးရာပါတာမဖြစ်သေးဘဲ ရောဂါခဏခဏဖြစ်လို့ဆေး ထိုး ဆေးတိုက်ရဖန်များလို့ဖြစ်တတ်တော့ မိခင်ရောကလေးပါ ကျန်းမာအောင်ဂရုစိုက်ရမယ်။

မယ် – ကလေးနောက်တစ်ယောက် ယူသင့်သလားဆရာ။
ဒေါက်တာမင်္ဂလာ – နောက်တစ်ယောက်မွေးရင် စနစ်တကျမွေးဖွားသင့်တယ်။ နောက်တစ်ယောက်မွေးရင်မဖြစ် ပါဘူး။

Author: ဒေါက်တာမင်္ဂလာ (Vol-8 / No-5) Healthcare Journal

Previous Post

ဆေးလိပ်အန္တရာယ်

Next Post

ပိန်ချင်သူ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
642

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
614
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပိန်ချင်သူ

အန္တရာယ်ကင်းစွာ ဖွားမြင်ခြင်း၊သားဆက်ခြားခြင်း

ဦးနှောက်၏ မှတ်ဉာဏ်တိုးတက် ကောင်းမွန်စေသော အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.