fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နို့သီးခေါင်း ဘာလို့မည်းရတယ် 

8.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/01/2019
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

နို့သီးခေါင်း ဘာလို့မည်းရတယ်

ပျိုဖော်ဝင်တဲ့အချိန် (Puberty) နဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန် (Pregnancy) တို့မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ အပြောင်းအလဲတွေရှိလာပါတယ်။ နို့သီးခေါင်းရဲ့ ပတ်ပတ်လည်က Areola လို့ ခေါ်တဲ့ အရေပြားရဲ့အရောင်ဟာ အညိုရောင် (သို့မဟုတ်) အမည်းရောင်ပြောင်းလာပြီး နို့သီးခေါင်းတွေပါ မည်းသွားတတ်ပါတယ်။

ဒါမျိုး နို့သီးခေါင်း အရောင်ပြောင်းတာဟာ များသောအားဖြင့် ပုံမှန်ပဲဆိုပေမဲ့ တချို့အခြေအနေတွေမှာတော့ ဆေးကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ နို့သီးခေါင်းမည်းရတဲ့ အကြောင်းအရင်းတချို့ကို တင်ပြပေးသွားမှာပါ။

၁) ကိုယ်ဝန်တားဆေးများ သောက်ခြင်း

သောက်သုံးရတဲ့ ကိုယ်ဝန်တားဆေးတွေမှာ Oestrogen နဲ့ Progesterone စတဲ့ ဟော်မုန်းတွေပါပါတယ်။ ဆေးသောက်သူအချို့ရဲ့ မျက်နှာမှာ တင်းတိတ်လို့ခေါ်တဲ့ အမည်းကွက်ကလေးတွေ ထွက်တတ်ပါတယ်။ ဒါ့အပြင် နို့သီးခေါင်းနဲ့ အနားတဝိုက်မှာရှိတဲ့ အရေပြားတွေကိုလည်း မည်းစေပါတယ်။ ဒါပေမဲ့ ဆေးသောက်တာကို ရပ်လိုက်ရင်တော့ ပုံမှန်ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။

၂) ပျိုဖော်ဝင်အရွယ် ရောက်ခြင်း (Puberty)

အမျိုးသမီးတွေ ပျိုဖော်ဝင်အရွယ် ရောက်တဲ့အခါ သားဥအိမ်ကနေ Oestrogen ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းကြောင့် ရင်သားတွေ ကြီးထွားဖွံ့ဖြိုးလာကြပါတယ်။ ကြီးထွားလာတာနဲ့အတူတူ မြုပ်နေတဲ့ နို့သီးခေါင်းလေးတွေအပေါ်ကို ထောင်တက်လာပြီး အညိုရောင် (သို့မဟုတ်) အမည်းရောင် သမ်းလာပါတယ်။

၃) ကိုယ်ဝန်ဆောင်ခြင်း

ရင်သွေးငယ်ကို ဗိုက်ထဲမှာ လွယ်ထားကတည်းက မိခင်ရဲ့ ရင်သားဟာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်စ ပြုပါပြီ။ Oestrogen နဲ့ Progesterone ကို အရင်ကထက်ပိုပြီး ထုတ်လာတဲ့အတွက် နို့သီးခေါင်းအရောင်လေးတွေပါ မည်းလာပါတယ်။ မီးဖွားအပြီး နို့တိုက်တဲ့ ကာလပြီးရင်တော့ နဂိုအရောင် ပြန်ဖြစ်သွားပါတယ်။

၄) နို့တိုက်ခြင်း

အထက်မှာလိုပါပဲ။ ဟော်မုန်းအပြောင်းအလဲကြောင့် နို့သီးခေါင်းလေးတွေ မည်းလာပါတယ်။ နောက်တခုက မွေးကင်းစလေးတွေမှာ အမြင်အာရုံချို့တဲ့တာကြောင့် နို့စို့တဲ့အခါမြင်သာထင်သာရှိအောင် မည်းမည်းလေးတွေ ဖြစ်သွားတာလို့လည်း ဆိုပါတယ်။ သူလည်း နို့မတိုက်တော့တဲ့အခါကျ ပုံမှန်ပြန်ဖြစ်သွားပါတယ်။

၅) နို့သီးခေါင်းနားတွင် အမွှေးပေါက်ခြင်း

နို့သီးခေါင်းနားမှာ အမွေးနုနုလေးတွေ ပေါက်တာ မထူးဆန်းပါဘူး။ ဒါပေမဲ့ နို့သီးခေါင်းနဲ့ ခပ်နီးနီးမှာ အမွေးနက်နက်လေးတွေပေါက်ရင်တော့ နို့သီးခေါင်းပါ မည်းလာတတ်ပါသတဲ့။

၆) ရာသီလာခြင်း

ရာသီလာတဲ့အချိန်တွေမှာ ရင်သားတင်းတာ ကြီးလာတာ ထိရင်နာတာတွေ ဖြစ်တတ်တဲ့အပြင် နို့သီးခေါင်းလေးတွေလည်း အနည်းငယ် ပိုမည်းလာတတ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ပုံမှန်ပါပဲ။

၇) ကင်ဆာ

Paget’s Disease ဆိုတာ ရှားပါးတဲ့ ရင်သားကင်ဆာတမျိုးဖြစ်ပြီး နို့သီးခေါင်းနားကနေ စဖြစ်တတ်ပါတယ်။ ရောဂါရဲ့ ကနဦးလက္ခဏာတွေက

– နို့သီးခေါင်း မည်းလာမယ်။ ပြားလာမယ်။
– အဝါ သို့ သွေးလို အရည်တွေ ထွက်မယ်။
– နို့သီးခေါင်းတဝိုက်အရေပြားဟာ ခြောက်ကြမ်းကြမ်းကြီးဖြစ်ပြီး အဖြူကွက်တွေထလာမယ်။
– နို့သီးခေါင်းဟာ တင်းပြီး ယားနေမယ်။

လူငယ်တွေထက် လူကြီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီလက္ခဏာတွေ ကြုံရင်တော့ ဆေးခန်းပြဖို့ လိုလာပါပြီ။

အခုပြောခဲ့တဲ့ နို့သီးခေါင်းမည်းရတဲ့ အချက်တွေထဲမှာ နောက်ဆုံးတချက်ကလွဲလို့ ကျန်တဲ့အချက်တွေက သဘာဝဖြစ်စဉ်တွေမို့ သိပ်ပြီး စိတ်ပူစရာမရှိပါဘူး။ တကယ်လို့ နောက်ဆုံးပြောခဲ့တဲ့အချက်နဲ့ သံသယဝင်စရာတွေ ဖြစ်လာရင်တော့ ဆေးရုံဆေးခန်းပြဖို့ မနှောင့်နှေးကြဖို့ အကြံပေးလိုက်ပါရစေ။

Dr.KG

Previous Post

လက်စွယ်ငုပ်တာ သက်သာအောင်

Next Post

သင့်သွေးအမျိုးအစားကပြောတဲ့ သင့်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

2 years ago
1.6k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

2 years ago
161
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
847

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
859
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်သွေးအမျိုးအစားကပြောတဲ့ သင့်ကျန်းမာရေး

မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း

ရေနွေးပူပူသောက်တာ ကောင်းသလား ဆိုးသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.