fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရာသီခဏခဏ ထိမ်တတ်တဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်လား

236
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/02/2019
in ရောဂါကြီးများ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

အရွယ်ရောက်ပြီး အမျိုးသမီးတယောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ရာသီထိမ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ရာသီထိမ်တယ်ဆိုတာက လွယ်လွယ်ပြောရရင် လတလအတွက် ရာသီလုံးဝ မလာသွားတာကို ဆိုလိုပါတယ်။ တချို့ အိမ်ထောင်သည်တွေကျ တားဆေးတွေကြောင့် ရာသီမလာတာမျိုးလည်း ရှိတာပေါ့လေ။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ပြောချင်တာက ရာသီထိမ်တာနဲ့ သားဥအိမ်ကင်ဆာကြားကဆက်စပ်မှုပါ။ ဖြစ်ခဲတဲ့အချက်ဆိုပေမဲ့ ဆက်စပ်မှုတော့ ရှိနေပါတယ်။

ဒီနေရာမှာ သားဥအိမ်ကင်ဆာ အကြောင်းက စပြောပါမယ်။ သားဥအိမ်ကင်ဆာဆိုတာ သားအိမ်ရဲ့ဘေးတဖက်တချက်စီမှာရှိတဲ့ သားဥတွေ သားဥပြွန်တွေမှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာပါ။ အမေရိကလိုနိုင်ငံမျိုးမှာကို အမျိုးသမီး ၇၈ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ ကင်ဆာတခုပါ။ သူ့ရဲ့ရောဂါလက္ခဏာတွေကို သိထားရင်တော့ စောစောသတိထားမိနိုင်ပြီး ကုသရတာပိုအဆင်ပြေပါတယ်။ အခုပြောမဲ့ ရာသီထိမ်တတ်တာဟာ ဒီကင်ဆာရဲ့ အစောပိုင်းလက္ခဏာတစ်ခုဖြစ်တယ်ဆိုပေမဲ့ ဒီ့ထက်ပိုပြီးအဖြစ်များအပြများတဲ့ လက္ခဏာတွေလည်း ရှိသေးတယ်ဆိုတာ သတိချပ်မိစေချင်ပါတယ်။

အမေရိကန်ကင်ဆာလူမှုအဖွဲ့အစည်း (American Cancer Society ) ရဲ့ အဆိုအရ  သားဥအိမ်ကင်ဆာဟာ အမျိုးသမီးတယောက်ရဲ့ ဓမ္မတာဖြစ်စဉ်ပေါ် သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ပုံမှန်ထက် အများကြီးလာတာလည်း ဖြစ်နိုင်သလို  ရာသီလာပုံမမှန်တာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ တလလောက် ပျောက်သွားလိုက် ပြန်လာလိုက် ပြန်ပျောက်လိုက် ပုံစံမျိုးပေါ့။ ဒီလိုဖြစ်တာဟာ သားဥအိမ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဓမ္မတာမမှန်ရခြင်းရဲ့ တခြားအကြောင်းရင်းတွေလဲ ရှိနိုင်ပါသေးတယ်။သူတို့ကတော့

၁) စိတ်ဖိစီးမှုများတာ
၂) ကိုယ်အလေးချိန်နည်းတာ (ပိန်လွန်းတာ)
၃) ကိုယ်ဝန်ရှိတာ
၄) လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ
၅) ဟော်မုန်းမမျှတတာတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုအခါမှာ ရာသီထိမ်တယ်လို့ပြောလို့ရမလဲဆိုတာကို သိဖို့လည်း လိုပါမယ်။ ပုံမှန်အားဖြင့်တော့ ရာသီစက်ဝန်းက ၂၄ ရက် နဲ့ ၃၈ ရက်ကြား ကြာတတ်ပါတယ်။ တယောက်နဲ့တယောက် မတူနိုင်သလို  တယောက်ထဲမှာကို တလနဲ့တလ ရက်အနည်းငယ်ကွာဟမှုရှိတတ်ပါတယ်။ ကိုယ့်ရဲ့အကြမ်းအားဖြင့် လာတတ်တဲ့အချိန်နဲ့ပုံစံကို သိထားရင် ရာသီမမှန်တာ ထိမ်တာတွေကို သတိထားမိနိုင်ပါတယ်။ ရာသီမမှန်ဘူးဆိုတာက ရာသီစက်ဝန်းအပြောင်းအလဲဟာ ၇ ရက်ကနေ ၉ ရက်ထက် ကျော်နေတာကိုခေါ်ပါတယ်။ ဆိုလိုချင်တာက ရှေ့လကထက် ၇ ရက်နောက်ကျတယ် ဒါမှမဟုတ် ၇ ရက်စောတယ်။ ဒါကို ရာသီမမှန်တာလို့ ခေါ်ပါတယ်။ ရာသီထိမ်တယ်ဆိုတာကတော့ တလလုံးလုံး ရာသီလုံးဝ မလာတာကို ဆိုလိုပါတယ်။

ရာသီထိမ်လို့  သားဥအိမ်ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လေ့လာချက်တွေအရတော့ အဲဒီလို ရာသီထိမ်တတ်တဲ့ ရာသီမမှန်တတ်တဲ့အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ  ပိုများကြောင်းတွေ့ရပါတယ်။ အသက်ကြီးလေ ပိုဖြစ်နိုင်လေလို့လဲ ဆိုပါတယ်။ ဒါကြောင့် ဒီလိုခဏခဏဖြစ်လေ့ရှိတဲ့ အမျိုးသမီးတွေအတွက် သတိထားစောင့်ကြည့်ဖို့လိုပါလိမ့်မယ်။ ဘာတွေကို စောင့်ကြည့်ရမလဲဆိုတော့ သားဥအိမ်ကင်ဆာရဲ့ အခြားလက္ခဏာတွေကိုပါ။ အဓိကစောင့်ကြည့်ရမှာတွေကတော့

၁) ဗိုက်နာခြင်း  တင်ပဆုံနာခြင်း
၂) ခဏခဏ ဆီးသွားချင်ခြင်း
၃) အစားနည်းသွားခြင်း
၄) အနည်းငယ်စားယုံဖြင့် ရင်ပြည့်တတ်ခြင်း တို့ပဲဖြစ်ပါတယ်။

အခြားဖြစ်တတ်တဲ့လက္ခဏာတွေကတော့

– အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
– ဗိုက်ခနခနအောင့်ခြင်း
– ဝမ်းချုပ်ခြင်း
– ဗိုက်ဖောသွပ်ခြင်း
– ကိုယ်အလေးချိန်ကျဆင်းခြင်း
– လိင်ဆက်ဆံစဉ် နာကျင်ခြင်း
– ခါးနာခြင်း  တို့ပဲ ဖြစ်တယ်။

ဘယ်လိုအမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်လဲ

၁) အသက်ကြီးသူများ
၂) ၃၅ နှစ်ကျော်မှ ကလေးယူသူများ
၃) ကလေးမကြာခဏပျက်ကျတတ်သူများ
၄) အမြဲလိုလို ကလေးစောမွေးတတ်သူများ
၅) အဝလွန်သူများ
၆) မိသားစုထဲတွင် သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့်အူမကြီးကင်ဆာဖြစ်ဖူးခြင်း

တကယ်လို့ ခုဖော်ပြခဲ့တဲ့ ရာသီထိမ်ခြင်းအပြင် ဒီလက္ခဏာတွေ တလထဲမှာ ၁၂ ကြိမ်အထက် ဖြစ်ခဲ့တယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ အရေးတကြီးလိုအပ်ပါတယ်။ စမ်းသပ်မှုတွေပြုလုပ်ပြီး သားဥအိမ်ကင်ဆာမှန်း သိပြီဆိုရင်တော့ လုံလောက်တဲ့ကုသမှုတွေခံယူဖို့ လိုအပ်ပါလိမ့်မယ်။ ကင်ဆာရဲ့သဘောသဘာဝအတိုင်း စောစောသိလေ ပျောက်ကင်းဖို့ အခွင့်အလမ်းများလေလေပါပဲ။

Dr.KG

Previous Post

ပါရာစီတမောပဲပေးတဲ့ဆရာဝန် နဲ့  ဆေးအစုံစပ်ပေးတဲ့ဆေးဆိုင်

Next Post

ဆေးခန်းသွားရမဲ့ ကိုယ်အပူချိန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးခန်းသွားရမဲ့ ကိုယ်အပူချိန်

HIV ပိုး ဘယ်တော့မှမကူးနိုင်အောင် လုပ်ထားတဲ့ တရုတ်ကအမွှာ

ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.