fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၀) တားဆေး ထိုးဆေးများ

129
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/03/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

 

၁လ ခံဆေး Combined Progestin and Estrogen Injectables

ဒီဆောင်းပါးမှာတော့ လုံမငယ်တို့ အသုံးများတဲ့ တားဆေး ထိုးဆေး
များထဲမှ ဟိုမုန်းဓာတ်နှစ်မျိုးပါတဲ့ တားဆေးထိုးဆေး ဖြစ်တဲ့ Combined Injectable
Contraceptives (CIC) အကြောင်း ပြောပြပါ့မယ် ။
လုံမငယ်တို့ ကိုယ်ထဲမှာ ပင်ကိုယ် သဘာဝအရ ထွက်တဲ့ ဟိုမုန်းဓာတ်
တွေဖြစ်တဲ့ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျပ်စတိုဂျင် (Progestogen) တို့နည်း
တူ ပြင်ပမှ ဖော်စပ်ထားတဲ့ အလားတူ ဟိုမုန်းတွေ ပါဝင်တဲ့ တားဆေးထိုးဆေး
ကို Combined Injectable Contraceptives (CIC) တစ်လခံဆေး ဖြစ်ပါတယ် ။

ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်
တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင်
တားပေးပါတယ် ။ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ် ။

ဘယ်လောက် အာနိသင် ရှိသလဲ ။
အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။အဓိက ကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ် ။တစ်လခံထိုး
ဆေးတွေ ထိုးတဲ့ မိန်းမပျို အယောက် ၁၀၀ထဲမှာ ၃ယောက်သာ ကိုယ်ဝန်ရနိုင်ပါတယ် ။
အချိန်မှန် ၄ပတ်ပြည့်တိုင်း ထိုးရင်တော့ အယောက် ၁၀၀မှာ ၁ယောက်သာ ကိုယ်ဝန်ရ
နိုင်ပါတယ် ။

ဘေးထွက် အာနိသင်များ
-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ
ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
-ခေါင်းကိုက်တာ
-ခေါင်းမူးတာ
-ရင်သားတင်းရင်းတာ ၊နာတတ်တာ

သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
-သားအိမ်ကင်ဆာကို ဖြစ်ပွားနှုန်းနည်းစေတယ်
-သားဥအိမ် အရည်အိတ်တည်တာ လျော့နည်းစေ
-ရာသီလာစဉ် ကိုက်ခဲတာ နာတာ သက်သာစေ
-ရာသီ မမှန်တဲ့ တချို့သော အခြေအနေတွေမှာ ရာသီမှန်စေ

သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ(အလွန်ရှားပါတယ်)
-သွေးပျစ်တာ
-လေဖြတ်တာ
-နှလုံးသွေးကြောပိတ်တာ

သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
-မရှိပါ
ဆေးဘယ်လိုထိုးမလဲ။
-ရာသီ စလာပြီး ၇ရက်အတွင်းထိုးပါ ။
-ရာသီ စလာပြီး ၇ရက်ကျော်မှ ထိုးမည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင်
အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စထိုးပါ ။ဒါပေမယ့် ကွန်ဒုံး ၇
ရက် သုံးပါ ။
-အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှထိုးပါ ။ကွန်ဒုံး သုံးပါ ။

တားဆေးထိုး ဆေးနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
-တားဆေး ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။ဒါကြောင့် ရပ်
လိုက် ထိုးလိုက် လုပ်စရာမလိုပါ ။ရာသီထိန်လို့ ရာသီ ပြန်ပေါ်အောင် အနား
ပေးစရာ မလိုပါ ။
-ရာသီထိန်လို့ ကိုယ်ထဲ သွေးလုံးကြီး ဖြစ်ကျန်နေတာလည်း မရှိပါ ။အပုပ်ဆန်တက်
ခြင်းလည်း မရှိပါ ။
-မိမိတို့ ကြင်ဖော်ကြင်ဖက်နဲ့ အတူနေတဲ့ ရက်မှ ထိုးရတာ မဟုတ်ပါ ။လုံမတို့
အနေနဲ့ ၄ပတ် တစ်ခါ အချိန်မှန် ထိုးရတာပါ ။
-ကလေး အမြွှာကိုလည်း မမွေးစေပါ ။
-အခန့်မသင့်လို့ ကိုယ်ဝန်ဆောင်နေစဉ် ထိုးမိရင်လည်း လုံမတို့ ရင်သွေးကို
မထိခိုက်ပါ ။
-တားဆေးထိုးဆေး ထိုးလို့ မြုံသွားခြင်း မရှိပါ။
ဆက်ပါဦးမည်…………..

Author: Dr. SHM

Previous Post

ဝေးနေဆဲပါ

Next Post

ငုပ်လိုက်တဲ့ ခြေစွယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
591

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
550
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

1 year ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငုပ်လိုက်တဲ့ ခြေစွယ်

တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကျန်းမာရေး

ဣတ္ထိယတို့အကြောင်း တစေ့တစောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.