fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဣတ္ထိယတို့အကြောင်း တစေ့တစောင်း

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/03/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

( Zawgyi )

မိန္းကေလးတို႔အဖို႔ အ႐ြယ္ေရာက္ေပမယ့္ အပ်ိဳျဖစ္မလာတဲ့အျဖစ္ဟာ စိတ္ေသာကအျဖစ္ေစဆုံးဆို တာကိုေလ့လာသိရွိခဲ့ၾကတယ္။ ရင္သားႀကီးထြားမလာတာ၊ အေမႊးအမွ်င္မေပါက္တာတို႔ေၾကာင့္   ႐ြယ္တူမိန္းက ေလးေတြနဲ႔ယွဥ္ကာ အားငယ္စိတ္ဝင္လာတတ္ၾကတယ္။အေနာက္ႏိုင္ငံေတြမွာ ေလ့လာမွတ္တမ္းေတြအရ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀ ခန႔္ကအပ်ိဳေပါက္အ႐ြယ္မွာ ၁၇ ႏွစ္ျဖစ္တယ္။ အခုအခါတြင္ အမ်ားအားျဖင့္အသက္ ၁၃ ႏွစ္တြင္အပ်ိဳျဖစ္ေနၾကတတ္တယ္။ ျမန္မာႏိုင္ငံမွာ ေတာ့ပ်မ္းမွ်အသက္ဟာ (၁၄-၁၅) ႏွစ္ျဖစ္ၾကတယ္။

ဒါေၾကာင့္အသက္ ၁၅၊ ၁၆ ေက်ာ္ၿပီးမွရာသီလာရင္ အေမေရာသမီးပါစိုးရိမ္တတ္ၾကတယ္။ မိန္းကေလး ေတြဟာပိုၿပီးထိုင္းမႈိင္းလာတတ္ၾကတယ္။ စိတ္တိုလြယ္တယ္။ စိတ္က်လြယ္တယ္။ တစ္ခုခုအေပၚ စိတ္အစြဲျပင္း ထန္လာတယ္။ ေယာက်္ားေလးေတြစိတ္ဝင္စားမႈမရွိမွာကို အထူးပဲစိုးရိမ္တတ္ၾကတယ္။

အခ်ိန္ယူကာေစာင့္ေနရင္ ရာသီလာမွာျဖစ္ေပမယ့္ ကာယကံရွင္ရဲ႕စိတ္ထဲမွာ မိမိကိုယ္မိမိယုံၾကည္မႈမ ရွိတဲ့စိတ္ျဖစ္သြားတတ္တယ္။ ဒီလိုအျဖစ္မ်ိဳးမွကာကြယ္ဖို႔လိုအပ္တဲ့ စုံစမ္းမႈေတြ၊ ကုသမႈေတြျပဳလုပ္ဖို႔လိုတယ္။ အပ်ိဳျဖစ္ေနာက္က်တဲ့အေၾကာင္းေတြထဲမွာ မ်ိဳး႐ိုးလိုက္တာနဲ႔ လူမ်ိဳးကိုလိုက္ၿပီးျဖစ္တတ္တယ္။ ကိုယ္ခႏၶာက်န္း မာေရးမျပည့္ဝတာဟာ အေရးႀကီးတဲ့အေၾကာင္းတစ္ခုျဖစ္တယ္။       ဥေရာပႏိုင္ငံေတြမွာ အပ်ိဳျဖစ္ခ်ိန္ ၁၇ ႏွစ္မွ ၁၃ ႏွစ္သို႔ထိုးက်လာတာဟာ ကူးစက္ေရာဂါေတြကင္းစင္တာ၊ အစာအာဟာရပိုေကာင္းလာတာတို႔ေၾကာင့္ျဖစ္ တယ္။ အပ်ိဳျဖစ္ေနာက္က်တဲ့ အမ်ိဳးသမီးေတြအေနနဲ႔ အသား၊ ဟင္းသီးဟင္း႐ြက္၊ ႏို႔၊ ၾကက္ဥတို႔ကိုမ်ားမ်ားစား သင့္တယ္။ ဗီတာမင္ေတြစားဖို႔လိုတယ္။ ကိုယ္လက္လႈပ္ရွားမႈေတြကိုလည္း မွန္မွန္ျပဳလုပ္ေပးဖို႔လိုတယ္။

အပ်ိဳျဖစ္ေနာက္က်တာအတြက္ အထက္ကနည္းေတြကို လိုက္နာဖို႔လိုအပ္သလို ပတ္ဝန္းက်င္ကအႀကံ ဉာဏ္ေပးတဲ့ေဆးပူေဆးခါးေတြကို မဆင္မျခင္စားသုံးျခင္းမွ ေရွာင္ၾကဥ္သင့္တယ္။ မ သဘာဝနဲ႔ပတ္သက္ရင္ အမ်ားလက္ခံထားတဲ့အခ်က္ဟာ လင္ယူသားေမြးမႈပင္ျဖစ္တယ္။ လိင္ကိစၥကိုသားေမြးမႈမွတစ္ပါး အျခားစိတ္ဆ ႏၵေတြရွိရင္အျပစ္ရွိတယ္လို႔ ဘာသာေရးနဲ႔လူမႈေရးတားျမစ္ခ်က္ေတြ ရွိခဲ့တယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၉၀ ေလာက္ကအဂၤလန္ႏိုင္ငံမွ ဆရာဝန္တစ္ဦးဟာအမ်ိဳးသမီးေတြရဲ႕ မိန္းမအဂၤါေစ့ ကိုျဖတ္ေတာက္ပစ္တဲ့ ခြဲစိပ္မႈကိုလုပ္ခဲ့ဖူးတယ္။ ဒီလိုလုပ္ရင္ စိတၱဇေရာဂါနဲ႔ဝက္႐ူးျပန္ေရာဂါေတြကို ကာကြယ္ ႏိုင္မယ္လို႔ ဆရာဝန္ကယုံၾကည္ခဲ့တယ္။

ဒါေၾကာင့္ မလိင္သဘာဝနဲ႔ပတ္သက္ရင္ မလိုလားအပ္တဲ့ခ်ဳပ္ခ်ယ္မႈေတြျပဳုလုပ္ခဲ့သလို မသဘာဝကိုတိ တိက်က်ေလ့လာမႈလည္းမရွိခဲ့တာ ေပၚလြင္ေနတယ္။ လိင္အဂၤါနဲ႔ပတ္သက္ၿပီး မိန္းမေတြမွာေက်နပ္မႈမရွိခဲ့တာ ဟာ လူမ်ိဳးတစ္မ်ိဳးတည္းမွာသာျဖစ္တဲ့ ျပႆနာမဟုတ္ပါ။ လိင္သဘာဝအရၾကည့္ရင္ မိန္းမေတြလိင္ေက်နပ္မႈ မရွိတာဟာ မၿပီးတာဟာလူ႔ေလာကကို ထိခိုက္ဖို႔အေၾကာင္းမရွိပါ။       ဒါေပမယ့္ ေယာက်္ားမၿပီးရင္ (သုက္မထြက္ ရင္) လူ႔ေလာကႀကီးဆက္လက္ မတည္ၿမဲႏိုင္ပါ။
မိန္းမေတြၿပီးတာ၊ ကာမစည္းစိမ္ခံစားရတာနဲ႔ပတ္သက္လို႔ အဆိုတစ္ခုရွိခဲ့တယ္။ သတၱေလာကတြင္ သတၱဝါေတြတိုးတက္ျဖစ္ပြားရာလမ္းေၾကာင္းတြင္ အရည္အခ်င္းအသစ္ေတြေပၚေပါက္တာတတ္တယ္။ မိန္းမ ေတြကာမစည္းစိမ္ခံစားႏိုင္ဖို႔ကလည္း တိုးတက္မႈျဖစ္စဥ္မွာ အဆင့္တစ္ဆင့္သာေရာက္ေသးတာေၾကာင့္ မိန္းမ တိုင္းထိုအဆင့္ကို အၿမဲတမ္းေရာက္ႏိုင္မယ္မဟုတ္ဟု ဆိုထားတယ္။

အိမ္ေထာင္ရွင္အမ်ိဳးသမီး ၇၉၂ ကိုေလ့လာခဲ့ရာမွာ ၃ ေယာက္မွာ ၁ ေယာက္ဟာလိင္ဆက္ဆံရာမွာမ ၿပီးေၾကာင္းကိုေတြ႕ရတယ္။          ဒီလိုျဖစ္ရတာကိုလည္း လုံေလာက္တဲ့အေထာက္အထားရွာမေတြ႕တာကိုလည္း သိရ တယ္။ ဒါေၾကာင့္ လိင္ဆက္ဆံရာမွာမိန္းမေတြၿပီးတယ္၊ မၿပီးဘူးဆိုတဲ့ျပႆနာဟာ အလြန္ရႈပ္ေထြးတဲ့စိတ္ပ ညာနဲ႔ လိင္ဇီဝကမၼျဖစ္စဥ္တစ္ရပ္လို႔ဆိုခဲ့တယ္။ ဒီျပႆနာဟာ မူလဗီဇမ်ိဳး႐ိုးနဲ႔ဆိုင္တယ္လို႔ မွတ္ခ်က္ခ်ခဲ့တယ္။ ဘယ္လိုခံစားမႈမ်ိဳးကိုၿပီးဆုံးခံစားနည္းဆိုတဲ့အခ်က္ဟာလည္း ျပႆနာတစ္ခုျဖစ္တယ္။ ေလ့လာခ်က္အရသိရ တာကေတာ့ “ခႏၶာကိုယ္တစ္ခုလုံ ထႂကြတုန္လႈပ္သြားတယ္။ ေခြၽးျပန္ကာအသက္ရႈရပ္သလိုခံစားရကာ မိန္းမ အဂၤါေစ့နဲ႔ေယာနိတစ္ဝိုက္တြင္ ထူးျခားတဲ့အာ႐ုံတစ္မ်ိဳး ခံစားလာရတယ္။ ေယာနိႂကြက္သားေတြဟာ အျပင္းအ ထန္လႈပ္လိုက္၊ ေလ်ာ့လိုက္ျဖစ္ေနတယ္။

ျဗဳန္းခနဲတင္းက်ပ္သလို ခံစားရကာတစ္ဖန္ျပန္လည္ေလ်ာ့သြားျပန္ တယ္။ တင္ပါးဆုံအတြင္းအျပင္ ႂကြက္သားေတြလႈပ္ရွားတာကိုလည္း ခံစားရတယ္…” စတဲ့အခ်က္ေတြေပၚမူ တည္ကာလိင္ဆက္ဆံရာမွာ ၿပီး၊ မၿပီးသိႏိုင္တာကိုေလ့လာေတြ႕ရွိရတယ္။ ၿပီးတဲ့ခံစားရမႈမ်ိဳး ခံစားရတဲ့အခ်ိန္မွာ ၁၂ မွ ၁၅စကၠန႔္သိၾကတယ္လို႔ ဆိုတယ္။

မလိင္စိတ္ကုန္ခမ္းတာဟာ အေျခအေနအမ်ိဳးမ်ိဳးရွိတယ္ဆိုတာကိုေထာက္ျပဖို႔လိုတယ္။ မၿပီးတာ၊ ကာ မစည္းစိမ္လုံးဝမခံစားရတာ၊ လိင္ဆက္ဆံေနတုန္းမေက်မနပ္ျဖစ္ေနတာ၊ လိင္ကြဲဆက္ဆံလိုစိတ္နည္းပါးတာ (သို႔) လိင္ကြဲဆက္ဆံလိုစိတ္လုံးဝမရွိတာ စတဲ့အေျခအေနအမ်ိဳးမ်ိဳးမွာ မလိင္စိတ္ကုန္ခမ္းတယ္လို႔ဆိုရမယ္။
ဥပမာ-အမ်ိဳးသမီးတစ္ေယာက္ဟာ လိင္စိတ္အနည္းငယ္သိရွိကာ လိင္ဆက္ဆံရာတြင္လည္းသာယာ မႈမရဘဲ ဘယ္ေတာ့မွၿပီးတယ္လို႔မရွိျဖစ္ေနမယ္။ ဒါမွမဟုတ္လိင္ဆႏၵျပင္းျပကာ လိင္ဆက္ဆံမႈကို ႏွစ္ၿခိဳက္ေပ မယ့္မၿပီးဘဲျဖစ္တာလည္း ရွိႏိုင္တယ္။

အခ်ိဳ႕အမ်ိဳးသမီးေတြမွာ မိမိဘာသာေက်နပ္မႈရွာရင္ပဲျဖစ္ျဖစ္၊ လိင္တူေက်နပ္မႈရွာရင္ပဲျဖစ္ျဖစ္၊ ၿပီးႏိုင္ ၾကေပမယ့္ေယာက္်ားေတြနဲ႔ဆက္ဆံတဲ့အခါ ဘယ္ေတာ့မွမၿပီးတာလည္း ရွိတတ္တယ္။မ လိင္စိတ္ကုန္ခမ္းတာ နဲ႔ပတ္သက္ၿပီး သုေတသီအေတာ္မ်ားမ်ားတို႔က (Hysteria) စိတ္ေရာဂါဆန္တယ္လို႔ဆိုၾကတယ္။ အခ်ိဳ႕ (Hysteria) ေရာဂါေတြမွာ အဂၤါတစ္ခုခုမွာခႏၶာကိုယ္ခ်ိဳ႕ယြင္းမႈမရွိေပမယ့္         ထုံက်င္ေနတတ္တာကိုေတြ႕ရတယ္။

မလိင္စိတ္ကုန္ခမ္းတာနဲ႔မၿပီးႏိုင္တာတို႔ဟာ စိတ္ေပၚတြင္မူတည္တယ္လို႔ အမ်ားက လက္ခံထားၾက တယ္။ မိန္းမတို႔ရဲ႕အေတြ႕အႀကဳံသင္ယူမႈနဲ႔ တုံ႔ျပန္မႈျဖစ္စဥ္မ်ားေပၚတြင္   မူတည္တယ္လို႔ေျပာၾကတယ္။

Author: ေမာင္ခ်မ္းသာ (Vol-7 / No-45) healthcare Journal

Unicode 

မိန်းကလေးတို့အဖို့ အရွယ်ရောက်ပေမယ့် အပျိုဖြစ်မလာတဲ့အဖြစ်ဟာ စိတ်သောကအဖြစ်စေဆုံးဆို တာကိုလေ့လာသိရှိခဲ့ကြတယ်။ ရင်သားကြီးထွားမလာတာ၊ အမွှေးအမျှင်မပေါက်တာတို့ကြောင့်   ရွယ်တူမိန်းက လေးတွေနဲ့ယှဉ်ကာ အားငယ်စိတ်ဝင်လာတတ်ကြတယ်။အနောက်နိုင်ငံတွေမှာ လေ့လာမှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ခန့်ကအပျိုပေါက်အရွယ်မှာ ၁၇ နှစ်ဖြစ်တယ်။ အခုအခါတွင် အများအားဖြင့်အသက် ၁၃ နှစ်တွင်အပျိုဖြစ်နေကြတတ်တယ်။ မြန်မာနိုင်ငံမှာ တော့ပျမ်းမျှအသက်ဟာ (၁၄-၁၅) နှစ်ဖြစ်ကြတယ်။

ဒါကြောင့်အသက် ၁၅၊ ၁၆ ကျော်ပြီးမှရာသီလာရင် အမေရောသမီးပါစိုးရိမ်တတ်ကြတယ်။ မိန်းကလေး တွေဟာပိုပြီးထိုင်းမှိုင်းလာတတ်ကြတယ်။ စိတ်တိုလွယ်တယ်။ စိတ်ကျလွယ်တယ်။ တစ်ခုခုအပေါ် စိတ်အစွဲပြင်း ထန်လာတယ်။ ယောကျ်ားလေးတွေစိတ်ဝင်စားမှုမရှိမှာကို အထူးပဲစိုးရိမ်တတ်ကြတယ်။

အချိန်ယူကာစောင့်နေရင် ရာသီလာမှာဖြစ်ပေမယ့် ကာယကံရှင်ရဲ့စိတ်ထဲမှာ မိမိကိုယ်မိမိယုံကြည်မှုမ ရှိတဲ့စိတ်ဖြစ်သွားတတ်တယ်။ ဒီလိုအဖြစ်မျိုးမှကာကွယ်ဖို့လိုအပ်တဲ့ စုံစမ်းမှုတွေ၊ ကုသမှုတွေပြုလုပ်ဖို့လိုတယ်။ အပျိုဖြစ်နောက်ကျတဲ့အကြောင်းတွေထဲမှာ မျိုးရိုးလိုက်တာနဲ့ လူမျိုးကိုလိုက်ပြီးဖြစ်တတ်တယ်။ ကိုယ်ခန္ဓာကျန်း မာရေးမပြည့်ဝတာဟာ အရေးကြီးတဲ့အကြောင်းတစ်ခုဖြစ်တယ်။       ဥရောပနိုင်ငံတွေမှာ အပျိုဖြစ်ချိန် ၁၇ နှစ်မှ ၁၃ နှစ်သို့ထိုးကျလာတာဟာ ကူးစက်ရောဂါတွေကင်းစင်တာ၊ အစာအာဟာရပိုကောင်းလာတာတို့ကြောင့်ဖြစ် တယ်။ အပျိုဖြစ်နောက်ကျတဲ့ အမျိုးသမီးတွေအနေနဲ့ အသား၊ ဟင်းသီးဟင်းရွက်၊ နို့၊ ကြက်ဥတို့ကိုများများစား သင့်တယ်။ ဗီတာမင်တွေစားဖို့လိုတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း မှန်မှန်ပြုလုပ်ပေးဖို့လိုတယ်။

အပျိုဖြစ်နောက်ကျတာအတွက် အထက်ကနည်းတွေကို လိုက်နာဖို့လိုအပ်သလို ပတ်ဝန်းကျင်ကအကြံ ဉာဏ်ပေးတဲ့ဆေးပူဆေးခါးတွေကို မဆင်မခြင်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်တယ်။ မ သဘာဝနဲ့ပတ်သက်ရင် အများလက်ခံထားတဲ့အချက်ဟာ လင်ယူသားမွေးမှုပင်ဖြစ်တယ်။ လိင်ကိစ္စကိုသားမွေးမှုမှတစ်ပါး အခြားစိတ်ဆ န္ဒတွေရှိရင်အပြစ်ရှိတယ်လို့ ဘာသာရေးနဲ့လူမှုရေးတားမြစ်ချက်တွေ ရှိခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀ လောက်ကအင်္ဂလန်နိုင်ငံမှ ဆရာဝန်တစ်ဦးဟာအမျိုးသမီးတွေရဲ့ မိန်းမအင်္ဂါစေ့ ကိုဖြတ်တောက်ပစ်တဲ့ ခွဲစိပ်မှုကိုလုပ်ခဲ့ဖူးတယ်။ ဒီလိုလုပ်ရင် စိတ္တဇရောဂါနဲ့ဝက်ရူးပြန်ရောဂါတွေကို ကာကွယ် နိုင်မယ်လို့ ဆရာဝန်ကယုံကြည်ခဲ့တယ်။

ဒါကြောင့် မလိင်သဘာဝနဲ့ပတ်သက်ရင် မလိုလားအပ်တဲ့ချုပ်ချယ်မှုတွေပြုုလုပ်ခဲ့သလို မသဘာဝကိုတိ တိကျကျလေ့လာမှုလည်းမရှိခဲ့တာ ပေါ်လွင်နေတယ်။ လိင်အင်္ဂါနဲ့ပတ်သက်ပြီး မိန်းမတွေမှာကျေနပ်မှုမရှိခဲ့တာ ဟာ လူမျိုးတစ်မျိုးတည်းမှာသာဖြစ်တဲ့ ပြဿနာမဟုတ်ပါ။ လိင်သဘာဝအရကြည့်ရင် မိန်းမတွေလိင်ကျေနပ်မှု မရှိတာဟာ မပြီးတာဟာလူ့လောကကို ထိခိုက်ဖို့အကြောင်းမရှိပါ။       ဒါပေမယ့် ယောကျ်ားမပြီးရင် (သုက်မထွက် ရင်) လူ့လောကကြီးဆက်လက် မတည်မြဲနိုင်ပါ။
မိန်းမတွေပြီးတာ၊ ကာမစည်းစိမ်ခံစားရတာနဲ့ပတ်သက်လို့ အဆိုတစ်ခုရှိခဲ့တယ်။ သတ္တလောကတွင် သတ္တဝါတွေတိုးတက်ဖြစ်ပွားရာလမ်းကြောင်းတွင် အရည်အချင်းအသစ်တွေပေါ်ပေါက်တာတတ်တယ်။ မိန်းမ တွေကာမစည်းစိမ်ခံစားနိုင်ဖို့ကလည်း တိုးတက်မှုဖြစ်စဉ်မှာ အဆင့်တစ်ဆင့်သာရောက်သေးတာကြောင့် မိန်းမ တိုင်းထိုအဆင့်ကို အမြဲတမ်းရောက်နိုင်မယ်မဟုတ်ဟု ဆိုထားတယ်။

အိမ်ထောင်ရှင်အမျိုးသမီး ၇၉၂ ကိုလေ့လာခဲ့ရာမှာ ၃ ယောက်မှာ ၁ ယောက်ဟာလိင်ဆက်ဆံရာမှာမ ပြီးကြောင်းကိုတွေ့ရတယ်။          ဒီလိုဖြစ်ရတာကိုလည်း လုံလောက်တဲ့အထောက်အထားရှာမတွေ့တာကိုလည်း သိရ တယ်။ ဒါကြောင့် လိင်ဆက်ဆံရာမှာမိန်းမတွေပြီးတယ်၊ မပြီးဘူးဆိုတဲ့ပြဿနာဟာ အလွန်ရှုပ်ထွေးတဲ့စိတ်ပ ညာနဲ့ လိင်ဇီဝကမ္မဖြစ်စဉ်တစ်ရပ်လို့ဆိုခဲ့တယ်။ ဒီပြဿနာဟာ မူလဗီဇမျိုးရိုးနဲ့ဆိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ဘယ်လိုခံစားမှုမျိုးကိုပြီးဆုံးခံစားနည်းဆိုတဲ့အချက်ဟာလည်း ပြဿနာတစ်ခုဖြစ်တယ်။ လေ့လာချက်အရသိရ တာကတော့ “ခန္ဓာကိုယ်တစ်ခုလုံ ထကြွတုန်လှုပ်သွားတယ်။ ချွေးပြန်ကာအသက်ရှုရပ်သလိုခံစားရကာ မိန်းမ အင်္ဂါစေ့နဲ့ယောနိတစ်ဝိုက်တွင် ထူးခြားတဲ့အာရုံတစ်မျိုး ခံစားလာရတယ်။ ယောနိကြွက်သားတွေဟာ အပြင်းအ ထန်လှုပ်လိုက်၊ လျော့လိုက်ဖြစ်နေတယ်။

ဗြုန်းခနဲတင်းကျပ်သလို ခံစားရကာတစ်ဖန်ပြန်လည်လျော့သွားပြန် တယ်။ တင်ပါးဆုံအတွင်းအပြင် ကြွက်သားတွေလှုပ်ရှားတာကိုလည်း ခံစားရတယ်…” စတဲ့အချက်တွေပေါ်မူ တည်ကာလိင်ဆက်ဆံရာမှာ ပြီး၊ မပြီးသိနိုင်တာကိုလေ့လာတွေ့ရှိရတယ်။ ပြီးတဲ့ခံစားရမှုမျိုး ခံစားရတဲ့အချိန်မှာ ၁၂ မှ ၁၅စက္ကန့်သိကြတယ်လို့ ဆိုတယ်။

မလိင်စိတ်ကုန်ခမ်းတာဟာ အခြေအနေအမျိုးမျိုးရှိတယ်ဆိုတာကိုထောက်ပြဖို့လိုတယ်။ မပြီးတာ၊ ကာ မစည်းစိမ်လုံးဝမခံစားရတာ၊ လိင်ဆက်ဆံနေတုန်းမကျေမနပ်ဖြစ်နေတာ၊ လိင်ကွဲဆက်ဆံလိုစိတ်နည်းပါးတာ (သို့) လိင်ကွဲဆက်ဆံလိုစိတ်လုံးဝမရှိတာ စတဲ့အခြေအနေအမျိုးမျိုးမှာ မလိင်စိတ်ကုန်ခမ်းတယ်လို့ဆိုရမယ်။
ဥပမာ-အမျိုးသမီးတစ်ယောက်ဟာ လိင်စိတ်အနည်းငယ်သိရှိကာ လိင်ဆက်ဆံရာတွင်လည်းသာယာ မှုမရဘဲ ဘယ်တော့မှပြီးတယ်လို့မရှိဖြစ်နေမယ်။ ဒါမှမဟုတ်လိင်ဆန္ဒပြင်းပြကာ လိင်ဆက်ဆံမှုကို နှစ်ခြိုက်ပေ မယ့်မပြီးဘဲဖြစ်တာလည်း ရှိနိုင်တယ်။

အချို့အမျိုးသမီးတွေမှာ မိမိဘာသာကျေနပ်မှုရှာရင်ပဲဖြစ်ဖြစ်၊ လိင်တူကျေနပ်မှုရှာရင်ပဲဖြစ်ဖြစ်၊ ပြီးနိုင် ကြပေမယ့်ယောက်ျားတွေနဲ့ဆက်ဆံတဲ့အခါ ဘယ်တော့မှမပြီးတာလည်း ရှိတတ်တယ်။မ လိင်စိတ်ကုန်ခမ်းတာ နဲ့ပတ်သက်ပြီး သုတေသီအတော်များများတို့က (Hysteria) စိတ်ရောဂါဆန်တယ်လို့ဆိုကြတယ်။ အချို့ (Hysteria) ရောဂါတွေမှာ အင်္ဂါတစ်ခုခုမှာခန္ဓာကိုယ်ချို့ယွင်းမှုမရှိပေမယ့်         ထုံကျင်နေတတ်တာကိုတွေ့ရတယ်။

မလိင်စိတ်ကုန်ခမ်းတာနဲ့မပြီးနိုင်တာတို့ဟာ စိတ်ပေါ်တွင်မူတည်တယ်လို့ အများက လက်ခံထားကြ တယ်။ မိန်းမတို့ရဲ့အတွေ့အကြုံသင်ယူမှုနဲ့ တုံ့ပြန်မှုဖြစ်စဉ်များပေါ်တွင်   မူတည်တယ်လို့ပြောကြတယ်။

Author: မောင်ချမ်းသာ (Vol-7 / No-45) healthcare Journal

Previous Post

တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကျန်းမာရေး

Next Post

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းအသစ်အပေါ် သူနာပြုကျောင်းသူ ကျောင်းသားများ ကန့်ကွက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
591

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
550
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

1 year ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းအသစ်အပေါ် သူနာပြုကျောင်းသူ ကျောင်းသားများ ကန့်ကွက်

ဆံပင်ကျွတ်ခြင်းပြဿနာ

သင့်မျက်စိကို ဂရုစိုက်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.