fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဘရာစီယာကို နေ့စဉ်လျှော်ဖွတ်ကာ မဝတ်လျှင် ဖြစ်နိုင်သောအရာများ

96
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/03/2019
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဘရာစီယာကို နေ့စဉ်လျှော်ဖွတ်ကာ မဝတ်လျှင် ဖြစ်နိုင်သောအရာများ

အလုပ်များသော အမျိုးသမီးများနှင့် သန့်ရှင်းမှုအားနည်းသူများတွင် နေ့စဉ် ဘရာစီယာမလျှော်ဘဲ ဝတ်လျှင် ဘာဖြစ်မလဲဆိုသော အကြောင်းအရာများက သိထားသင့်ပါတယ်။

ချွေးထွက်များသောသူများနှင့် အရေပြားမတည့်မှု ရှိနိုင်သောသူများတွင် ဘရာစီယာကို မလျှော်ဘဲဝတ်မိပါက ဖြစ်နိုင်သောအချက်ခြောက်ချက်ရှိပါတယ်။

(၁) ပိုးမွှားများ၊ အညစ်အကြေးများစုပြုံနေခြင်း

ဘက်တီးရီးယားများ၊ အဆီ၊ ချေးများ၊ လိုရှင်းများ၊ မမြင်နိုင်သောပိုးမွှားများ စသည့် အားလုံးသောအရာများသည် ဘရာစီယာတွင် ကပ်ငြိနေပါတယ်။ အချိန်ကြာမြင့်စွာ မလျှော်ဖွတ်လျှင် အဆိုပါအရာများသည် သင်သတိမထားမိချိန်အတွင်း စုပြုံလာပါလိမ့်မယ်။ အဆိုပါအရာများသည် သာမန်အားဖြင့် စိုးရိမ်စရာမရှိဟု ထင်မှတ်နိုင်သော်လည်း စုပြုံများပြားလာသောအခါ အလွန်ဒုက္ခပေးနိုင်ပါတယ်။ ရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ်။ (ဥပမာ – ယားနာ)

(၂) အနံ့ဆိုးထွက်ခြင်း

အဝတ်များကို ပုံမှန်လျှော်သော်လည်း နေ့စဉ် ဘရာစီယာမလျှော်သောအခါ ဘယ်လောက်ပဲ အနံ့ပျောက်ရန် ရေမွှေးဆွတ်သော်ငြားလည်း သင့်အနံ့သည် ထူးခြားစွာပြောင်းလဲကာ ချွေးများနှင့် ရောထွေးကာ အနံ့ထွက်နိုင်ပါတယ်။ အနံ့သည် အခြားအဝတ်များပါ ကူးစက်နံ့စေပါတယ်။ မိမိလုပ်ဖော်ကိုင်ဘက် သူငယ်ချင်းများက သတိထားမိလောက်အောင် အနံ့ပြင်းတတ်ပါတယ်။

(၃) ဘရာစီယာအရောင်ပြောင်းခြင်း

ဆပ်ပြာမူန့်သည် အဝတ်များဖြူစင်ရန် အကောင်းဆုံးအရာပါ။ သို့သော် ဘရာစီယာကို ဆပ်ပြာဖြင့်သေချာမလျှော်လျှင် ချွေးများ ချေးများဖြင့် မပြောင်းဘဲအရောင်သာ ပြောင်းနိုင်ပါတယ်။

(၄) အရေပြား ဝက်ခြံထွက်ခြင်း

အတွင်းခံအပြည့်ဝတ်သူများတွင် အဖြစ်များလေ့ရှိပါတယ်။ ချွေးထွက်ပြီး ဘရာစီယာလည်း နေ့စဉ်မလျှော်ပါက အရေပြားတွင် ဝက်ခြံများပေါက်လာနိုင်ပါတယ်။ တင်းကျပ်ပြီး ချွေးထွက်များသော အတွင်းခံသည် ဝက်ခြံအဖြစ်များဆုံးဖြစ်စေပါတယ်။ အတွင်းခံကြပ်ထုတ်ပြီး ပွန်းရာပဲ့ရာများကြောင့် ဘက်တီးရီးယားပိုးများ ကပ်ငြိကာ ဝက်ခြံဖြစ်စေပါတယ်။ နံရိုးအပေါ်အရေပြားများတွင် တစ်ခါတစ်ရံ အဖုအပိန့်တွေဖြစ်နေတတ်ပါတယ်။ အားကစားလုပ်သူများ ပိုမိုဂရုတစ်စိုက်လျှော်သင့်ပါတယ်။

(၅) အနီကွက်ပေါ်ခြင်းနှင့် အရေပြားပိုး ကူးစက်ခြင်း

အဝတ်အစားများသည် အရေပြားယားယံစေနိုင်သော အဓိကအရာများဖြစ်ပါတယ်။ ချွေးများနှင့် အမြဲတစေရှိနေသော ဘရာစီယာသည် မှိုရောဂါပိုးစိတ်ကြိုက်နေနိုင်သော နေရာဖြစ်လာနိုင်ပါတယ်။ အမြဲမလျှော်ပါက မှိုပိုးများသည် အရေပြားယားနာမျိုးစုံဖြစ်လာပြီး သာမန်ယားနာမှတစ်ဆင့် အရေပြားရောဂါထိ ဖြစ်နိုင်ချေရှိပါတယ်။ အလွန်အမင်းယာယံသောကြောင့် အမြဲတစေကုတ်နေရပြီး ရောဂါများလည်း ပိုမိုပွားစေပါတယ်။

(၆) ရင်သားပွန်းပဲ့ခြင်း

ဘရာစီယာ နေ့စဉ်မလျှော်ဘဲ တင်းကျပ်စွာ ဝတ်ဆင်ပါက ရင်သားများသည်လည်း ပွန်းရာများ ကျန်နိုင်ပါတယ်။ အထူးသဖြင့် နို့သီးခေါင်းသည် ပိုမိုယားယံစေနိုင်ပါတယ်။ ချွေးများမှတဆင့် ဘက်တီရီယားကို ပိုမိုဝင်လွယ်စေပြီး အမြဲတစေယားယံခြင်း ဖြစ်စေပါသည်။ ယားယံမှုကြောင့် စိတ်ကသိကအောက်ဖြစ်ခြင်း၊ ကုတ်ဖဲ့သောကြောင့် ဒဏ်ရာဒဏ်ချက်များ များလာစေပါတယ်။

ထို့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုသည် လူတိုင်းအတွက် အရေးကြီးပါတယ်။ အမျိုးသမီးများအဖို့ ဘရာစီယာ နေ့စဉ်လျှော်ဖွတ်ရန်သည် အထူးအရေးကြီးပါတယ်။ အောက်ခံမမြင်နိုင်သော အခြေအနေဟုဆိုသော်ငြားလဲ အရေပြားရောဂါကို အဓိကသယ်ဆောင်ပေးသောအရာဟု ဆိုနိုင်ပါတယ်။ ထို့ကြောင့် ဘရာစီယာကို အမြဲသေချာလျှော်ဖွတ်ကာ ဝတ်ဆင်သင့်ပါတယ်။

Dr. Kyaw

Previous Post

နေ့ခင်းဘက်အိပ်တာ ကောင်းသလား

Next Post

သဘာဝနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်ပါ

ချောင်းဆိုးရင်း သွေးပါလာပြီဆိုရင်

နှလုံးရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.