fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အမျိုးသမီးများ လျစ်လျူရှုမသင့်တဲ့ ကင်ဆာလက္ခဏာများ

570
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/07/2021
in ရောဂါကြီးများ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာဟာာ အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခု ခံစားရလျှင် အဆိုပါ လက္ခဏာဟာ ကင်ဆာလားဆိုတာ နောက်ဆက်တွဲစဉ်းစားစရာပါ။

ဒါကြောင့် အမျိုးသမီးများအတွက် လစ်လျှူမရှုသင့်တဲ့ ကင်ဆာလက္ခဏာအကြောင်း ရေးသားပေးလိုက်ပါတယ်။

(1) ရင်သားပြောင်းလဲမှုများ

ရင်သားအကျိတ်တိုင်းကတော့ကင်ဆာမဟုတ်ပါ။ သို့သော် ရင်သားပြောင်းလဲမှုကိုတော့ သေချာစစ်ဆေးသင့်ပါတယ်။ အရေပြားပြောင်းလဲလာခြင်း၊ နို့သီးခေါင်းနဲ့ အရည်ထွက်ခြင်း စတာတွေဖြစ်ပါက သေချာစစ်ဆေးကြည့်ဖို့လိုပါတယ်။

(2) လေပွခြင်း

လေပွခြင်းဟာ သာမန်ဖြစ်လေ့ရှိသော လက္ခဏာတစ်ခုပါ။ တစ်ပတ်နှစ်ပတ်ထိ ဖြစ်နိုင်ခြေရှိပါတယ်။ သို့သော် အချိန်ကြာလာတဲ့အခါ လေပွခြင်းအပြင် သွေးထွက်ခြင်းနဲ့ အလေးချိန်ကျဆင်းခြင်းဟာ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ လေပွခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အခြားဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာများပေါ်မူတည်၍ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ အသားစစစ်ခြင်းနှင့် မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ရောဂါရှာဖွေသင့်ပါတယ်။

(3) ပုံမှန်မဟုတ်ဘဲ ရာသီလာခြင်း

ရာသီတစ်လနှစ်ခါလာခြင်း၊ ပုံမှန်မဟုတ်ဘဲလာခြင်းသည် အကြောင်းရင်းကအများကြီးပါ။ အဆိုပါအကြောင်းရင်းထဲမှာ သားအိမ်ကင်ဆာကိုလည်း လစ်လျူမရှုသင့်ပါ။ ဒါကြောင့် အမျိုးသမီးများ ရာသီသွေးပုံမမှန်ခြင်းကိုလည်း ဂရုစိုက်ပါ။

(4) အရေပြားပြောင်းလဲခြင်း

အရေပြားပေါ်တွင် မူမမှန်အစက်အပြောက်တွေ့ခဲ့လျှင် သတိထားပါ။ အရေပြားကင်ဆာဟုတ်မဟုတ် အသားစ ယူစစ်ကြည့်ပါ။

(5) ဆီးထဲသွေးပါခြင်း သို့မဟုတ် ဝမ်းထဲပါခြင်း

ဆီးထဲသွေးပါခြင်းသည် ဆီးအိမ်ကင်ဆာဖြစ်နိုင်သလို ဝမ်းထဲပါခြင်းသည် လိပ်ခေါင်း သို့မဟုတ် အူမကြီးကင်ဆာအထိ ဆိုးရွားပါတယ်။ မပေါ့ဆသင့်ပါ။

(6) အကျိတ်ကြီးခြင်း

ကိုယ်ခန္ဓာတွင် အကျိတ်များရေရှည်ကြီးပါက သွေးကင်ဆာ ပြန်ရေကြောအကျိတ်ကင်ဆာထိ ဖြစ်နိုင်ပါတယ်။

(7) အစာမျိုရခက်ခြင်း

အစာမျိုရခက်ခြင်းသည် အခြားသောအကြောင်းရင်းများရှိသော်လည်း အန်ခြင်း ကိုယ်အလေးချိန်ကျခြင်းများဖြစ်ပါက လည်ချောင်းကင်ဆာ အစာအိမ်ကင်ဆာများကို သတိထားသင့်ပါတယ်။

(8) ကိုယ်အလေးချိန်ကျခြင်း

အကြောင်းရင်းမရှိ ကိုယ်အလေးချိန်ကျခြင်းဟာ ကင်ဆာအချို့ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

(9) ရင်ပူခြင်း

အစာအစားများကြောင့် ရင်ပူခြင်းဟာ ခဏတာဖြစ်ပေမဲ့ ရေရှည်ဖြစ်ပါက အစာအိမ်နှင့် အူလမ်းကြောင်းကို စစ်ဆေးသင့်ပါတယ်။

(10) ပါးစောင်အနာ

ကွမ်းစားသူဆေးလိပ်သောက်သူများတွင် ပါးစပ်အနာဖြစ်ခြင်းနှင့် ထူးခြားမူရှိခြင်းသည် အထူးအရေးကြီးပါတယ်။ ပါးစောင်ကင်ဆာ ဖြစ်နိုင်ပါတယ်။

(11) ဖျားခြင်းနာခြင်း

ပုံမှန်ဖျားခြင်း ကိုက်ခဲခြင်းသည် ကုသမူခံယူလျှင် ပျောက်ကင်းနိုင်ပေမဲ့ နာတာရှည်ဖြစ်လာခဲ့မူ ကင်ဆာရဲ့ ဇစ်မြစ်ကို ရှာဖွေသင့်ပါတယ်။

(12) ချောင်းဆိုးခြင်း

ချောင်းဆိုးခြင်းသည် ရက်ရှည်ဖြစ်လာပါက အဆုတ်လမ်းကြောင်းအတွက် အထူးအရေးကြီးပါတယ်။ အဆုတ်ကင်ဆာကို သေချာရှာဖွေကုသသင့်ပါတယ်။

Author: Dr. Pyae Shin

Previous Post

အအေးမိ ချောင်းဆိုးနဲ့ ပန်းနာရင်ကျပ်အတွက် ပူစီနံကောင်းကျိုးများ

Next Post

အဆုတ်မှာ သွေးခဲပိတ်ခြင်းနဲ့ နောက်ဆက်တွဲအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်မှာ သွေးခဲပိတ်ခြင်းနဲ့ နောက်ဆက်တွဲအန္တရာယ်

ဆီးချို မကျရတဲ့အကြောင်းရင်းများ

ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကူးစက်ခံရလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.