fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မီးတွင်းကာလ မွေးလမ်းကြောင်းပိုးဝင်ဖျားခြင်း

272
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/04/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မီးတွင်းကာလ မွေးလမ်းကြောင်းပိုးဝင်ဖျားခြင်း

ကလေးမွေးပြီးတဲ့ နောက်ရက်ကနေ ခြောက်ပတ်ပြည့်တဲ့ရက်အထိကို မီးတွင်းကာလလို့ အကြမ်းအားဖြင့်သတ်မှတ်ပါတယ်။

မီးတွင်းကာလကို ဆေးပညာအခေါ်အရ Puerperium လို့ခေါ်ပါတယ်။

အရပ်ထဲမှာ ပြောပြောနေတဲ့ မီးယပ်ချမ်းထတယ်ဆိုတာဟာ အကြမ်းအားဖြင့်ပြောရရင် ဒီမီးတွင်းကာလအတွင်းမှာ မိခင်ဟာအကြောင်းကြောင်းကြောင့် ချမ်းတုန်ဖျားပြီး ကိုယ်အပူချိန်ဟာ ၁၀၀ ဒီဂရီဖာရင်ဟိုက်နဲ့အထက် ရှိနေတာဖြစ်ပါတယ်။

ဆေးပညာအနေနဲ့တော့ Puperperal pyrexia လို့ပြောပါတယ်။

မီးတွင်းကာလမှာ မိခင်ကိုယ်အပူကြီးပြီးဖျားခြင်း (Puperperal pyrexia) ကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့

– မွေးလမ်းကြောင်းပိုးဝင်တာ (Genital tract infection)

– ဆီးလမ်းကြောင်းပိုးဝင်တာ (Urinary tract infection)

– အသက်ရှုလမ်းကြောင်းပိုးဝင်တာ (Respiratory tract infection)

– Deep veins thrombosis ခေါ် ကြွက်သားများအကြားရှိအတွင်းပိုင်းသွေးပြန်ကြောတွေထဲမှာသွေးခဲ ဖြစ်တာ

– ငှက်ဖျားပိုးဝင်တာ၊

– တိုက်ဖွိုက်ပိုးဝင်တာ စတဲ့အကြောင်းတွေကြောင့်ဖြစ်ပါတယ်။

ဒီအကြောင်းတွေထဲကမှ ကလေးမွေးပြီး မီးတွင်းကာလမှာ မွေးလမ်းကြောင်းပိုးဝင်လို့ ဖျားခြင်းဟာ အဖြစ်များပါတယ်။

မီးတွင်းကာလ မွေးလမ်းကြောင်းပိုးဝင်ဖျားခြင်းဟာ ရေမွှာပေါက်ပြီး ကလေးချက်ချင်းမမွေးနိုင်တာ၊ မီးဖွားချိန်ပုံမှန်ထက်ကြာတာ၊ ညှပ်ဆွဲပြီးမွေးကူရတာ၊ လေစုပ်ပြီးမွေးကူရတာ၊ ကလေးမွေးပြီးအချင်းမကျဘဲ အချင်းကပ်နေတာစတဲ့ အကြောင်းတွေရှိတဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ပိုအဖြစ်များပါတယ်။

ခံစားရမယ့်လက္ခဏာတွေအနေနဲ့ကတော့

– ချမ်းတုန်ဖျားတာ

– ခေါင်းကိုက်တာ

– ကိုယ်လက်မအီမသာဖြစ်တာ

– ဝမ်းဗိုက်အောင့်တာ၊ရင်ဘတ်အောင့်တာ

– ရင်တုန်တာ၊အသက်ရှုမြန်တာ

– တအားနုံးပြီးမှိန်းချင်နေတာ

– ဆီးခုံနားတဝိုက်နဲ့ခါးနားတဝိုက်နာတာ၊အန်တာ၊ဝမ်းလျှောတာ

– မိန်းမကိုယ်ကနေ အနံနံ့တဲ့အရည်တွေဆင်းတာ၊သွေးဆင်းတာ စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြသပြီးကုသမှု ခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မီးတွင်းကာလ မွေးလမ်းကြောင်းပိုးဝင်ပြီးဖျားတာဟာ အချိန်မှီမကုသပါက နောက်ဆက်တွဲအနေနဲ့ သားအိမ်ရောင်ရမ်းတာ၊ သားဥအိမ်နဲ့ သားဥပြွန်တွေရောင်ရမ်းတာ၊ ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းတာ၊ တင်ပဆုံကွင်းအတွင်း ပြည်တည်နာဖြစ်တာတွေဖြစ်ပြီး ရေရှည်မှာ ကလေးရဖို့ခက်တာ၊ မြုံတာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ပိုးဝင်တာက ပြန်ရည်ကြောနဲ့ သွေးကြောတွေကတဆင့် တကိုယ်လုံးကိုပြန့်ပြီး သွေးဆိပ်သင့်တာ ဖြစ်ကာ အသက်အန္တရာယ် ထိခိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။

အချိန်မှီ ကုသမှုခံယူရင်တော့ ဒီလိုဆိုးကျိုးတွေ ဖြစ်နိုင်ခြေနည်းပြီး အသက်အန္တရာယ်ထိခိုက်တာ ဖြစ်နိုင်ခြေနည်းပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပြင်းထန်မှုနဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဆေးရုံတက်ရတာ၊ ပိုးသတ်ဆေးထိုးရတာ၊ သောက်ရတာ၊ သွေးသွင်းရတာ၊ ခွဲစိတ်ရတာ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ကလေးမွေးပြီးနောက် မွေးလမ်းကြောင်းမှပိုးဝင်ပြီး မီးတွင်းကာလဖျားတာဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်တွေကိုဂရုစိုက်လိုက်နာကြပါလို့အကြံပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာဆိုရင် မိခင်က တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်တာ၊ ဖျားတာ၊ ဒဏ်ရာရတာရှိရင်လည်းဆရာဝန်နဲ့သေချာပြသပြီးကုသတာတွေလုပ်ရပါမယ်။

မွေးတဲ့အခါမှာလည်း အိမ်မှာအရပ်လက်သည်နဲ့ မွေးတာမဟုတ်ဘဲ မွေးခန်းရှိတဲ့ ဆေးရုံ၊ ဆေးခန်းမှာ မွေးရပါမယ်။

မွေးပြီးတဲ့နောက်မှာလည်း ချုပ်ရိုးအနာတွေရှိရင် အဲ့ချုပ်ရိုးအနာတွေကို ပိုးမဝင်အောင် သေချာဂရုစိုက်ရပါမယ်။

မီးတွင်းကာလမှ ာတတ်နိုင်သလောက် ဧည်သည့်တွေ့တာ လူအများကြီးနဲ့ တွေ့ဆုံတာမျိုးတွေကို ရှောင်ရပါမယ်။

Dr 528

Previous Post

နှလုံးသွေးလွှတ်ခန်းနှစ်ခုကြားနံရံတွင်အပေါက်ဖြစ်ခြင်း

Next Post

မျက်စိကင်ဆာအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်စိကင်ဆာအကြောင်း

ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်အကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.