fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

Cerebral Palsy(Cat-Child Health)

6
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/04/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကလေးတွေဖြစ်တတ်တဲ့ Cerebral Palsy ခေါ် CP ရောဂါအကြောင်း

ကျွန်တော်တို့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဟာကိုယ်ဝန်ဆောင်အစောပိုင်းကာလတည်းကစကာ မွေးပြီး အသက်သုံးနှစ် လေးနှစ်လောက်ရောက်မှ ဖွံ့ဖြိုးမှုပြီးဆုံးပါတယ်။

Cerebral Palsy ဆိုတာဟာ ဦးနှောက်ဖွံ့ဖြိုးနေစဉ်ကာလမှာ အကြောင်းတခုခုကြောင့် ဦးနှောက်အစိတ်အပိုင်းတချို့ထိခိုက်ကာ ကိုယ်ဟန်အနေအထားနဲ့လှုပ်ရှားမှုတွေမှာ ပုံမှန်မဖြစ်တဲ့ အခြေအနေပါ။

ခန္ဓာကိုယ်ရှိကြွက်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဦးနှောက်ကနေ ထိန်းချုပ်ပါတယ်။

အကြောင်းတခုခုကြောင့် ဦးနှောက်အစိတ်အပိုင်းတချို့ထိခိုက်တဲ့အခါကျ ခန္ဓာကိုယ်ရှိကြွက်သားတွေ လိုအပ်တာထက်ပိုပျော့တာ သို့မဟုတ် လိုအပ်တာထက်ပိုတောင့်တင်းနေတာ တွေဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ရာမှာ ပုံမှန်မဟုတ်ဘဲဖြစ်တတ်ပါတယ်။

ဒီလိုမျိုးဖြစ်တာကို ဆေးပညာအရ Cerebral Palsy လို့ခေါ်ပါတယ်။

Cerebral Palsy ဖြစ်ရတဲ့အကြောင်းတွေကတော့

မွေးရာပါဦးနှောက်တည်ဆောက်ပုံ ပုံမှန်မဟုတ်တာ

ကိုယ်ဝန်ဆောင်စဉ် ထိခိုက်ဒဏ်ရာရတာ၊ဓါတ်ရောင်ခြည်သင့်တာ

မိခင်ကအရက်၊မူးယစ်ဆေးသုံးတာ

ကိုယ်ဝန်ဆောင်စဉ်သွေးပေါင်ချိန်တအားတက်တာ

ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းများတာ

မသန့်ရှင်းတဲ့လိင်ဆက်ဆံရာမှတဆင့် ပိုးမွှားတွေ ကလေးဆီဝင်ရောက်ကူးစက်တာ

လမစေ့၊ပေါင်မပြည့်ဘဲမွေးတာ

မွေးဖွားစဉ်ခက်ခဲပြီးမွေးချိန်ကြာတာ၊ကလေးမွန်းနေတာ

မွေးပြီးအသားဝါဝင်ကာ ဦးနှောက်ထိခိုက်တာ

ခဲဆိပ်သင့်တာ

ဦးနှောက်အမြှေးရောင်တာ၊ခေါင်းခိုက်မိတာ စတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

Cerebral Palsy ရဲ့ရောဂါလက္ခဏာတွေကတော့ အကြမ်းဖြင်းပြောရရင်

ကလေးငယ်ရဲ့ ကြွက်သားတင်းအားဟာ သာမန်ထက်ပိုများပြီးတောင့်နေတာ သို့မဟုတ် သာမန်ထက်နည်းပြီး ပျော့နေတာ

ကလေးငယ်ဟာ သူ့အရွယ်နဲ့သူ ရှိသင့်တဲ့ လှုပ်ရှားမှုတွေနဲ့ ကိုယ်အနေထားဖွံ့ဖြိုးမှုတွေနောက်ကျတာ(ဥပမာ-ခေါင်းထောင်ရမယ့်အချိန်မထောင်နိုင်တာ၊လေးဖက်တွားရမယ့်အချိန်မှာမတွားနိုင်တာ)

ကလေးငယ်လမ်းစလျှောက်တဲ့အခါမှာလည်း လျှောက်တဲ့ပုံစံအနေအထားကပုံမှန်မဟုတ်တာ

စသဖြင့်ပါ။

ဒါ့အပြင် ထိခိုက်တဲ့ဦးနှောက်အစိတ်အပိုင်းနဲ့ပြင်းထန်မှုအပေါ်မူတည်ပြီး တချို့ကလေးတွေမှာ ဉာဏ်ရည်ထိခိုက်တာ၊တက်တာ၊စကားပြောရာမှာအခက်အခဲရှိတာ၊အမြင်အာရုံနဲ့အကြားအာရုံချို့ယွင်းတာ၊အစာစားတဲ့အခါ အစာမျိုရခက်တာ တွေပါ ဖြစ်နိုင်ပါတယ်။

Cerebral palsy ရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စိတ်ဓါတ်ကျတာ၊အရိုးအဆစ်တွေပုံပျက်တာ၊အစာစားတဲ့အခါအစာမျိုရခက်ပြီးသီးတာကြောင့်အဆုတ်ထဲခဏခဏပိုးဝင်တာ၊ဝမ်းချုပ်တာ စသဖြင့်ဖြစ်နိုင်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးဆဲကာလမှာ အကြောင်းကြောင်းကြောင့် ဦးနှောက်အစိတ်အပိုင်းအချို့ထိခိုက်ဒဏ်ရာရပါက ထိုဒဏ်ရာရတဲ့ဦးနှောက်အစိတ်အပိုင်းကိုပြန်ကောင်းအောင်ကုဖို့နည်းလမ်းမမရှိတဲ့ အတွက် Cerebral palsy ကိုပျောက်အောင် ကုဖို့နည်းလမ်းမရှိပါ။

ဒါပေမယ့် Cerebral palsy ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ခံစားရသက်သာအောင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ခြေနည်းအောင် ကလေးငယ်ဟာ တတ်နိုင်သလောက် အမှီအခို ကင်းကင်းရပ်တည်နိုင်အောင် မိဘတွေအနေနဲ့ CP ကလေးကို အောက်ပါအချက်များအတိုင်း ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။

ဒီရောဂါရဲ့အခြေအနေတွေကိုအလုံးစုံသိဖို့အတွက် CPရောဂါနဲ့ ဆိုင်တဲ့ ဟောပြောပွဲတွေ၊တွေ့ဆုံပွဲတွေကို တက်ရောက်ပါ။

အဲ့အခါမှာ CPရောဂါကလေးတွေဟာ သင်ကလေးတယောက်တည်းမဟုတ်ဘဲ ဖြစ်နေတဲ့တခြားကလေးများစွာလည်းရှိကြောင်း တွေ့ရှိရမှာပါ။

CPကလေးကို ပြုစုစောင့်ရှောက်ရတာက သာမန်ကလေးပြုစုစောင့်ရှောက်ရတာထက် ပိုပင်ပန်းပေမယ့် တအားခက်ခက်ခဲခဲမရှိပါဘူး။

မိဘတွေအနေနဲ့ CPကလေးကို အပြင်ခေါ်ရင် ကရိကထများမှာမို့၊ပတ်ဝန်းကျင်ကလူတွေ၊သူငယ်ချင်းတွေကိုရှက်တာမို့၊ကလေးနေရခက်မှာမို့စတဲ့ အကြောင်းပြချက်တွေနဲ့ CPကလေးကို အိမ်မှာပဲထားတာမျိုးလုံးဝမလုပ်ပါနဲ့။

CPကလေးဟာ အပြင်ပတ်ဝန်းကျင်နဲ့မကြာမကြာ ထိတွေ့ဖို့လိုပါတယ်။

မိမိမှာCPကလေးအပြင်တခြားသားသမီးတွေရှိပါက ထိုသားသမီးများနဲ့အတူ CPကလေးကို တန်းတူဆက်ဆံပါ။

CPကလေးကို တအားပစ်ပယ်ထားတာမျိုးတွေ သို့မဟုတ် တအားဂရုစိုက်အလေးပေးတာမျိုးတွေမလုပ်ပါနဲ့။

တအားပစ်ပယ်ထားပါက ကလေးစိတ်ထိခိုက်ပြီး ရောဂါပိုဆိုးနိုင်သလို တအားဂရုစိုက်လွန်းပါကလည်း ကလေးကမိဘများအပေါ်မှီခိုလွန်းအားကြီးကာ မည်သည့်အရာကိုမှ မသင်ယူမလေ့လာနိုင်တော့ဘဲ မိဘများမျက်ကွယ်ပြုချိန်မှာ ကလေးအတွက် တအားဒုက္ခရောက်နိုင်ပါတယ်။

CPကလေးတွေမှာ ခန္ဓာကိုယ်ရှိကြွက်သားတွေဟာ လိုအပ်တာထက်ပိုပျော့တာ သို့မဟုတ် လိုအပ်တာထက်ပိုတောင့်တင်းနေတာ တွေဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ရာမှာ ပုံမှန်မဟုတ်ဘဲဖြစ်နေတာကြောင့် အဲ့ဒါတွေကိုအတိုင်းအတာတခုထိပုံမှန်ဖြစ်အောင်

CPကလေးငယ်များကိုငယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကုထုံး(Physiotherapy) တွေပေးထားဖို့လိုပါတယ်။

ဒီလိုလေ့ကျင့်ခန်းကုထုံးပေးထားခြင်းဖြင့် CPကလေးတွေမှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေပိုမိုကောင်းမွန်လာပြီး အရိုးတွေပုံပျက်တာ၊ကောက်ကွေးတာမျိုးစတဲ့နောက်ဆက်တွဲတွေဖြစ်နိုင်ခြေနဲသွားပါတယ်။

ဒီကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကုထုံး(Physical therapy)နဲ့အတူ စကားပြောလေ့ကျင့်ခန်းကုထုံး(Speech therapy)ကိုလည်း ငယ်စဉ်ကပင်တခါတည်းပေးထားဖို့လိုပါတယ်။

အရွယ်ရောက်ပါကလည်း တခြားအရွယ်ရောက်သူတွေလို ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့အတွက် လုပ်တတ်ကိုင်တတ်အောင်လေ့ကျင့်ပေးခြင်းဆိုတဲ့ Occupational thrapy ကိုလည်းပြုလုပ်ပေးရပါမယ်။

ဒီလိုတွေလုပ်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း သင်တန်းကျောင်းတွေနဲ့မကြာမကြာဆက်သွယ်ဖို့လိုသလို သွားရောက်သင်ကြားဖို့လည်းလိုပါတယ်။

CP ကလေးအချို့မှာ ခန္ဓာကိုယ်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးနောက်ကျတယ်၊တခြားရောဂါတွေတွဲပါလာနိုင်တယ်ဆိုပေမယ့်

သင်ကြားလေ့ကျင့်ပေးတာကောင်းရင် စောင့်ရှောက်မှုကောင်းရင် အသက်ရှည်ကျန်းမာပြီး ဘွဲ့ရပညာတတ်တွေအထိဖြစ်နိုင်ပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ ခြုံပြောရရင် CPကလေးမွေးတိုင်း တအားစိတ်ဓါတ်ကျတာ၊ဝမ်းနည်းအပြစ်တင်တာတွေ ရေရှည်ဖြစ်မနေဘဲ မွေးလာတဲ့ကလေးအတွက် မိဘတွေအနေနဲ့ အောက်ပါအချက်တွေကိုလုပ်သင့်ပါတယ်။

၁။ CPရောဂါအကြောင်း သေချာသိရှိအောင် မိဘတွေအနေနဲ့သေချာလေ့လာပါ။

ဟောပြောပွဲတွေ၊တွေ့ဆုံပွဲတွေတက်ရောက်နားထောင်ပါ။ပိုသေချာသိတဲ့အခါမှာ ပိုကောင်းတဲ့စောင့်ရှောက်မှု ကလေးကိုပေးနိုင်ပါလိမ့်မယ်။

၂။ဟောပြောပွဲတွေ၊တွေ့ဆုံပွဲတွေတက်ရောက်ရာကနေ ရင်းနှီးသိကျွမ်းလာတဲ့ တခြား Cerebral Palsyကလေးမိသားစုတွေ၊Cerebral Palsy အကြောင်းကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ဆရာမတွေနဲ့ မိမိအခက်အခဲတွေကို မကြာမကြာတိုင်ပင်ဆွေးနွေးပြီး လိုတဲ့အကြံဉာဏ်ရယူပါ။

၃။ဉာဏ်ရည်အားနည်းသော ကလေးတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ သင်တန်းတွေ၊ကျောင်းတွေကို လေ့လာစုံစမ်းပါ။

၄။CPကလေးကို ပတ်ဝန်းကျင် အပြင်လောကနဲ့မကြာမကြာထိတွေ့ပေးပါ။

၅။CPကလေးကို တအားပစ်ပယ်ထားတာ သို့မဟုတ် တအားဂရုစိုက်လွန်းအလိုလိုက်လွန်းတာတွေ မလုပ်ပါနဲ့။

၆။CPကလေးမှာတခြားရောဂါတွေတွဲပါလာမလာ စစ်ဆေးပြီး ပါခဲ့ပါက သေချာကုသပေးပါ။

Dr 528

Previous Post

လိပ်ခေါင်းရောဂါ သက်သာချင်သလား

Next Post

မည်းနေတဲ့ တံတောင်နဲ့ ဒူးတွေကို ပြန်လည်ဝင်းပစေမည့် သဘာဝနည်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မည်းနေတဲ့ တံတောင်နဲ့ ဒူးတွေကို ပြန်လည်ဝင်းပစေမည့် သဘာဝနည်းများ

ကလေးတွေမှာအဖြစ်များသော တီဘီပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ

လက်သည်းခြေသည်းလေးတွေ ကျန်းမာလှပအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.