fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်အကြောင်း သိကောင်းစရာ

4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2019
in ရောဂါကြီးများ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်အကြောင်း သိကောင်းစရာ

သားအိမ်ခေါင်းကင်ဆာကို ဆေးပညာအရ Ca Cervix လို့ခေါ်ပါတယ်။ အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျတဲ့ အမျိုးသမီးတွေ၊ လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ လိင်ဆက်ဆံဖော်များတဲ့ အမျိုးသားနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေ၊ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ တကမ္ဘာလုံး အနေနဲ့ကြည့်ရင် တနှစ် တနှစ်ရောဂါသစ်ဖြစ်သူအနေနဲ့ အမျိုးသမီး ၅ သိန်း နီးပါးရှိပြီး သေဆုံးမှုမှာ တနှစ်လျှင် ၃သိန်းနီးပါးရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ပိုးဝင်လို့ဖြစ်တာပါ။ ဒါပေမယ့် ရောဂါပိုးဝင်တာနဲ့တခါတည်းတန်းပြီး ကင်ဆာဖြစ်တာမဟုတ်ပါဘူး။

သားအိမ်ကင်ဆာသည် HPV ပိုးဝင်ပြီး ကင်ဆာဖြစ်ပွားသည်အချိန်အထိ ကြားမှာ ၁၀ နှစ်မှ အနှစ် ၂၀ ထိကြာနိုင်ပါတယ်။ ယင်းကြားကာလကို ကင်ဆာအကြိုအဆင့်ဟု သတ်မှတ်ပါတယ်။

ဆေးပညာအရတော့ ကင်ဆာအကြိုအဆင့်ကို Cervical Intraepithelial Neoplasia (CIN) လို့ခေါ်ပါတယ်။ ကင်ဆာအကြိုအဆင့် (CIN) မှာ ကင်ဆာအကြိုအဆင့် ၁ (CIN I) ကင်ဆာအကြိုအဆင့် ၂ (CIN II) ကင်ဆာအကြို အဆင့်၃ (CIN III) ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။

ကင်ဆာမဖြစ်ခင် ကင်ဆာအကြိုအဆင့်တွေမှာ စောစီးစွာသိပြီး ကုသမှုခံယူပါက ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒီလိုသိဖို့ဆိုတာကတော့ သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း (Pap smear) ကို ၁ နှစ် ၁ ခါ သို့မဟုတ် ၃ နှစ် ၁ ခါ အချိန်မှန်ပုံမှန်စစ်နေဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်တွေမှာ သိသာတဲ့လက္ခဏာတွေပြလေ့မရှိလို့ပါ။ သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်းလုပ်လို့ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်၁ (CIN I) ဖြစ်နေပါက နောက် ၄ လသို့မဟုတ် ၆ လကြာတဲ့အခါမှာ သားအိမ်ခေါင်းချွဲမြှေးပြန်စစ်ဖို့လိုပါတယ်။ ၄ လ သို့မဟုတ် ၆ လကြာပြီး ပြန်စစ်တဲ့အခါမှာလည်း CIN I လို့အဖြေထွက်ပါက သားအိမ်ခေါင်းမှန်ပြောင်း (Cervical colposcopy) ကြည့်ဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ၁ ဟာ အများအားဖြင့် သူ့ဘာသာသူပျောက်ပြီး ပုံမှန်ဖြစ်သွားနိုင်လေ့ရှိတာကြောင့် ကုသမှုမလုပ်ဘဲ စောင့်ကြည့်ပြီး အချိန်မှန်စစ်ဆေးတာပဲ လုပ်လေ့ရှိပါတယ်။

ဒီလိုလုပ်နေရင်းနဲ့ အချိန်ကြာသော်လည်း မပျောက်ဘူး သို့မဟုတ် ပိုဆိုးလာတယ်ဆိုမှသာ ကုသမှုတွေပေးလေ့ရှိပါတယ်။ သုတေသနတွေအရတော့ သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးလို့
သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ၁ (CIN I) အဖြေထွက်တဲ့ အမျိုးသမီးတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကုသမှုမလိုဘဲ သူ့ဘာသာသူပုံမှန်ပြန်ဖြစ်သွားတတ်ကြောင်းသိရပါတယ်။

သားအိမ်ခေါင်းချွဲမြှေး (Pap Smear) စစ်ဆေးလို့ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ၂ (CIN II) သို့မဟုတ် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ၃ (CIN III) လို့အဖြေထွက်တယ်ဆိုရင်တော့ အချိန်မဆွဲဘဲ အိုဂျီနဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ဘာလို့လဲဆိုတော့ သုတေသနတွေအရ CIN II, CIN III (သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ၂ သို့မဟုတ် အဆင့် ၃) ရှိပြီး ကုသမှုမခံယူတဲ့အမျိုသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ ဆယ်နှစ်ကျော် သို့မဟုတ် အနှစ်နှစ်ဆယ်လောက် ကြာတဲ့အခါမှာ သားအိမ်ခေါင်းကင်ဆာရောဂါခံစားကြရလို့ပါ။

ကုသမှုအနေနဲ့ကတော့ မူမမှန်ဆဲလ်ဖြစ်နေတဲ့ သားအိမ်ခေါင်းအစိတ်အပိုင်းကို အေးခဲစေတဲ့နည်းနဲ့ ဖျက်စီးတာ (Cryotherapy)၊ လေဆာနဲ့ပစ်ပြီး ဖျက်စီးတာ (Laser Vapourization)၊ လျှပ်စစ်သုံးပြီးဖျက်စီးတာ (Radical electrocoagulation diathermy)၊ ဝိုက်လှီးထုတ်တာ (Large Loop Excision of Transformation Zone) စသဖြင့်အမျိုးမျိုးရှိသလို ရောဂါအခြေအနေ လူနာအသက်အရွယ် လူနာရဲ့ဆန္ဒ ကလေးအများကြီးမွေးဖူးတာ စတဲ့အချက်တွေပေါ်မူတည်ပြီးသားအိမ်ထုတ်ရတာမျိုးလည်းရှိနိုင်ပါတယ်။

Dr 528

Previous Post

ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

Next Post

ကပ္ပာယ်အိတ်ထဲ ဝှေးစေ့မရှိခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကပ္ပာယ်အိတ်ထဲ ဝှေးစေ့မရှိခြင်း

ဦးနှောက်အကျိတ် နှင့် ဦးနှောက်ကင်ဆာ

အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဟော်မုန်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.