(Zawgyi)
မီးယပ္ေသြးမေပၚမီ အမ်ိဳးသမီးတခ်ိဳ႕၌ေဝဒနာလကၡဏာမ်ား ခံစားၾကရတတ္သည္။ မမ်ိဳးဥေပါက္ေႂကြၿပီးခ်ိန္မွ မီးယပ္ေသြးမေပၚေသးမီၾကားအခ်ိန္တြင္ ဝမ္းဗိုက္မအီမသာျဖစ္ျခင္း၊ ေလပြျခင္း၊ ေခါင္းကိုက္ျခင္း၊ စိတ္တည္ၿငိမ္ မႈမရွိျခင္း၊ စိတ္ဓာတ္က်ဆင္းျခင္းစသည့္ လကၡဏာမ်ားျဖစ္ေပၚတတ္သည္။
အမ်ိဳးသမီးမ်ား၏ ၇၅ ရာခိုင္ႏႈန္းမွာမမ်ိဳးဥေႂကြစဥ္ကာလ၌ ေဖာ္ျပပါလကၡဏာမ်ားအနည္းႏွင့္အမ်ား ခံစားရေလ့ ရွိသည္။ ၅ ရာခိုင္ႏႈန္းခန႔္တြင္ ေဝဒနာဆိုးဝါးစြာ ခံစားရသျဖင့္ပုံမွန္သြားလာေနထိုင္မႈကိုပင္ ထိခိုက္ေစပါသည္။ တခ်ိဳ႕အမ်ိဳးသမီးမ်ားတြင္ ေမာပန္းႏြမ္းနယ္ေနတတ္ျခင္း၊ အခ်ိဳ (သို႔) အငန္စားလိုေသာဆႏၵျပင္းျပေနတတ္ျခင္း၊ ဝမ္းဗိုက္ျပည့္တတ္ျခင္း၊ ေျခလက္မ်ားေရာင္ရမ္းျခင္း၊ ေခါင္းကိုက္ျခင္း၊ ရင္သားနာျခင္းတင္းက်ပ္ျခင္း၊ ပ်ိဳ႕ခ်င္ အန္ခ်င္ျဖစ္ျခင္းႏွင့္ အစာလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ားျဖစ္တတ္ပါသည္။ စိတ္ဓာတ္က်ဆင္းျခင္း၊ စိတ္ တည္ၿငိမ္မႈမရွိႏိုင္ျခင္း၊ အာ႐ုံစူးစိုက္၍မရႏိုင္ျခင္း၊ သတိေမ့ေလ်ာ့တတ္ျခင္းစသည့္ စိတ္ပိုင္းဆိုင္ရာလကၡဏာမ်ား လည္းေတြ႕ရတတ္သည္။ သြားႏွင့္ခံတြင္းပိုင္းဆိုင္ရာ ျပႆနာမ်ားလည္းျဖစ္တတ္ေၾကာင္း ေတြ႕ရသည္။
မီးယပ္ေသြးမေပၚမီျဖစ္တတ္ေသာ ေဝဒနာမ်ားသက္သာေစရန္အတြက္ –
ခ်ိဳေသာအစားအစာမ်ား၊ ငန္ေသာအစားအစာမ်ား အလြန္အကြၽံမစားသုံးပါႏွင့္။
ကဖင္းပါေသာ အစားအေသာက္မ်ားလည္း ေလွ်ာ့ခ်ရပါသည္။
အရက္ေသာက္ျခင္းမွ ေရွာင္ၾကဥ္ပါ။
ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစရန္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း လုပ္ေဆာင္ေပးရမည္ျဖစ္ပါ သည္။
Author: ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
မီးယပ်သွေးမပေါ်မီ အမျိုးသမီးတချို့၌ဝေဒနာလက္ခဏာများ ခံစားကြရတတ်သည်။ မမျိုးဥပေါက်ကြွေပြီးချိန်မှ မီးယပ်သွေးမပေါ်သေးမီကြားအချိန်တွင် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တည်ငြိမ် မှုမရှိခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းစသည့် လက္ခဏာများဖြစ်ပေါ်တတ်သည်။
အမျိုးသမီးများ၏ ၇၅ ရာခိုင်နှုန်းမှာမမျိုးဥကြွေစဉ်ကာလ၌ ဖော်ပြပါလက္ခဏာများအနည်းနှင့်အများ ခံစားရလေ့ ရှိသည်။ ၅ ရာခိုင်နှုန်းခန့်တွင် ဝေဒနာဆိုးဝါးစွာ ခံစားရသဖြင့်ပုံမှန်သွားလာနေထိုင်မှုကိုပင် ထိခိုက်စေပါသည်။ တချို့အမျိုးသမီးများတွင် မောပန်းနွမ်းနယ်နေတတ်ခြင်း၊ အချို (သို့) အငန်စားလိုသောဆန္ဒပြင်းပြနေတတ်ခြင်း၊ ဝမ်းဗိုက်ပြည့်တတ်ခြင်း၊ ခြေလက်များရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာခြင်းတင်းကျပ်ခြင်း၊ ပျို့ချင် အန်ချင်ဖြစ်ခြင်းနှင့် အစာလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်တတ်ပါသည်။ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ် တည်ငြိမ်မှုမရှိနိုင်ခြင်း၊ အာရုံစူးစိုက်၍မရနိုင်ခြင်း၊ သတိမေ့လျော့တတ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ လည်းတွေ့ရတတ်သည်။ သွားနှင့်ခံတွင်းပိုင်းဆိုင်ရာ ပြဿနာများလည်းဖြစ်တတ်ကြောင်း တွေ့ရသည်။
မီးယပ်သွေးမပေါ်မီဖြစ်တတ်သော ဝေဒနာများသက်သာစေရန်အတွက် –
ချိုသောအစားအစာများ၊ ငန်သောအစားအစာများ အလွန်အကျွံမစားသုံးပါနှင့်။
ကဖင်းပါသော အစားအသောက်များလည်း လျှော့ချရပါသည်။
အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
သွေးလည်ပတ်မှုကို ကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်ပေးရမည်ဖြစ်ပါ သည်။
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)