fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ

23
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဗီတာမင်ဘီ
ဗီတာမင်ဘီတွင် သိုင်ရာမင်း၊ ရိုင်ဘိုဖလာဗင်၊ နိုင်ရာစင်၊ ဖော့လိတ်၊ ပင်တိုသီနစ်အက်ဆစ်၊ ဘီစစ်၊ ဘီ တွဲနှင့်ဘိုင်အိုတင်အစရှိသည်တို့ပါဝင်သည်။ ၎င်းသည်ခန္ဓာကိုယ်ခွန်အားအသုံးချခြင်းနှင့် ရရှိစေခြင်းကိုပြုလုပ် ပေးသည်။ ကလေးငယ်များ၌ဗီတာမင်ဘီမရရှိပါက သွေးအားနည်းရောဂါရရှိစေနိုင်သည်။ ဗီတာမင်ဘီကိုအစား အစာအများစုတွင်ရရှိနိုင်ပြီး အထူးသဖြင့်ကြက်သားနှင့်အသားအမျိုးမျိုး၊ ငါး၊ အစိမ်းရောင်ရှိသောဟင်းသီးဟင်း ရွက်များ၊ အစေ့အဆန်များနှင့်နို့ထွက်ပစ္စည်းများမှ ရရှိနိုင်သည်။

ဗီတာမင်ဒီ
ဗီတာမင်ဒီသည် ကလေးငယ်များသွားနှင့် အရိုးကျန်းမာသန်စွမ်းစေရန် နေ့စဉ်မရှိမဖြစ်လိုအပ်သော အ ရာဖြစ်သည်။ ၎င်းသည်ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူနိုင်ရန်အတွက် ကူညီပေးသည်။ ခန္ဓာကိုယ်မှဗီတာမင်ဒီ ကိုနေရောင်ခြည်ထိတွေ့ခြင်းဖြင့် ရရှိနိုင်သည်။ သို့ရာတွင် နေရောင်ခြည်၌ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည် ကင်ဆာရောဂါများကိုဖြစ်စေနိုင်သောကြောင့် ကလေးငယ်များအနေဖြင့်နေရောင်ခြည် အချိန်ကြာမြင့်စွာထိတွေ့ ခြင်းကိုရှောင်ကြဉ်သင့်သည်။ နွားနို့၊ ဂျုံ၊ အုတ်၊ တူနာငါးနှင့်ဥအမျိုးမျိုးကို စားသုံးခြင်းဖြင့်ဗီတာမင်ဒီကိုရ ရှိစေနိုင်သည်။

ဗီတာမင်အေ
ဗီတာမင်အေသည် မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်စေပြီး အထူးသဖြင့် အရောင်နှင့်ညဘက်အ မြင်ကိုပိုမိုကောင်းမွန်စေသည်။ ကလေးငယ်များ၏ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီးရောဂါပိုးမွှားများခန္ဓာ ကိုယ်အတွင်းမဝင်ရောက်နိုင်စေရန်ကူညီပေးသည်။ ကလေးငယ်များ၏ ပန်းကန်ထဲတွင်မုန်လာဥနီ၊ သခွားမွှေး၊ ကန်စွန်းဥနှင့်အခြားလိမ္မော်ရောင် ဟင်းသီးဟင်းရွက်များ၊ အခြားအသီးများကိုထည့်သွင်းစားသုံးစေသင့်သည်။ နွားနို့တစ်ဖန်ခွက်ကိုလည်း သောက်သုံးပေးသင့်ပါသည်။

ဗီတာမင်စီ
ဗီတာမင်စီသည် ခန္ဓာကိုယ်ရောဂါပိုးမွှားများမဝင်ရောက်စေနိုင်ရန် ကူညီပေးနိုင်သည်ဟု အချို့သုတေ သနများအရသိရသည်။ ကလေးငယ်များတွင်နှာစေး၊ နှာမွှန်ခြင်းနှင့် ထိခိုက်ရှနာများကိုအကျက်မြန်စေနိုင်သည်။ ဗီတာမင်စီကို စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ သခွားမွှေး၊ လိမ္မော်သီးနှင့်ရှောက်သီးစသည်တို့မှ ပေါကြွယ်ဝစွာရရှိ စေနိုင်သည်။

ကယ်လ်စီယမ်
ကယ်လ်စီယမ်သည် အရိုးနှင့်သွားကျန်းမာရေးကောင်းမွန်စေရန် လုပ်ဆောင်ပေးသည်။ ခန္ဓာကိုယ်တွင် ကယ်လ်စီယမ်ဓာတ်အလွန်နည်းပါးပါက ကလေးငယ်များကြီးထွားလာသည့်အချိန်တွင် အရိုးရောဂါများဖြစ်လာ နိုင်ခြေပိုများကြောင်းသိရသည်။ ကယ်လ်စီယမ်ဓာတ်သည် နို့နှင့်နို့ထွက်ပစ္စည်းများမှ အများဆုံးရရှိနိုင်သည်။ က လေးငယ်များသည် အဆီထုတ်ထားသည့်နွားနို့နှင့် ဒိန်ချဉ်ကိုနေ့စဉ်သောက်သုံးပေးပါက အရိုးများသန်မာလာ စေနိုင်ပါသည်။

မဂ္ဂနီစီယမ်
မဂ္ဂနီစီယမ်သည် ခန္ဓာကိုယ်ဆဲလ်များတည်ဆောက်ရေးနှင့် ခွန်အားရရှိစေရန်အကူအညီပေးသည်။ က လေးငယ်များအစားအစာထဲတွင်မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါက ကလေးငယ်များနှလုံးကျန်းမာရေး ကောင်းမွန်စေနိုင်သည်။ ကောက်ပဲသီးနှံ၊ အုတ်၊ ဂျုံ၊ ဆန်လုံးညို၊ တိုဖူး၊ ပဲအမျိုးမျိုး၊ အယ်လ်မွန်နှင့်အခြားအခွံမာ သီးများ၌မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါသည်။

ဇင့်ဓာတ်
ဇင့်ဓာတ်သည် ကလေးငယ်များ၏ကိုယ်ခံအားစနစ်ကို ကူညီပေးပြီးရောဂါပိုးများမဝင်ရောက်စေရန် လုပ် ဆောင်ပေးသည်။ ထို့အပြင်ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားစေရန်အတွက်လည်း အထောက်အပံ့ပေးသည်။ ဇင့်ဓာတ်ကို ကြက်သား၊ ပဲအမျိုးမျိုးနှင့်ကောက်ပဲသီးနှံအစေ့အဆန်များမှ ရရှိစေနိုင်သည်။

သံဓာတ်
သံဓာတ်သည် သွေးနီဥများနှင့် ခန္ဓာကိုယ်အနှံ့အပြားသို့ အောက်စီဂျင်ရရှိစေရန်ကူညီပေးနိုင်သည်။ သံ ဓာတ်ကိုအမဲသားနှင့်အနီရောင်ရှိသော အသားများ၊ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံများမှရရှိနိုင်သည်။ ကလေးငယ် များသံဓာတ်ချို့တဲ့ရောဂါများ မဖြစ်စေရန်သံဓာတ်ပါဝင်သော အစားအစာများကိုမိဘများအနေဖြင့် ကျွေးပေး သင့်သည်။

ပိုတက်စီယမ်
ခန္ဓာကိုယ်အစိတ်အပိုင်းအင်္ဂါများနှင့် ဆဲလ်များပုံမှန်အလုပ်လုပ်စေရန် ပိုတက်စီယမ်ဓာတ်သည်အ ထောက်အပံ့ပေးသည်။ ထို့အပြင် သွေးဖိအားပေါ်အကျိုးသက်ရောက်စေပြီး ကလေးငယ်များဆော့ကစားရာ တွင်နှလုံးညှစ်အားနှင့်ကြွက်သားများ အလုပ်လုပ်စေရန်ကူညီပေးသည်။ ငှက်ပျောသီးသည်ပိုတက်စီယမ်ကြွယ် ဝသောအစားအစာဖြစ်ပြီး ကန်စွန်းဥ၊ အဖြူရောင်ရှိသောနွားနို့နှင့် ဒိန်ချဉ်များမှလည်းရရှိနိုင်သည်။

ကိုလင်းဓာတ် (Choline)
ကိုလင်းဓာတ်သည် ကလေးငယ်များ၌လိုအပ်သောအရာဖြစ်ပြီး ဦးနှောက်နှင့်အာရုံကြေစနစ်၊ ဆဲလ်များ တည်ဆောက်ရာတွင်အထူးအရေးပါသည်။ ခန္ဓာကိုယ်မှကိုလင်းဓာတ်ကို မထုတ်လုပ်နိုင်ဘဲအစားအစာများမှ သာရရှိစေနိုင်သည်။ ကလေးငယ်များအနေဖြင့် အမဲသား၊ ကြက်သား၊ ပန်းမုန်လာစိမ်း၊ ငါးနှင့်ဥအမျိုးမျိုးစားသုံး ပေးခြင်းဖြင့်ကိုလင်းဓာတ်ကို ရရှိစေနိုင်သည်။

Author: ဟိန်းဇာနည်(ဆေး-၂) Vol-8 / No-6 Healthcare Journal

Previous Post

အရပ်ရှည်ချင်သူ

Next Post

အဆုတ်တီဘီရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
592

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
551
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်တီဘီရောဂါ

ကျန်းမာရေးနဲ့လှပမှုအတွက် သဘာဝတရားကိုအသုံးချမယ်

အကျနာခဲ့လို့ဘဝသာအောင်လုပ်ကြစို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.