fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အပျိုဖော်ဝင်တဲ့ အပြောင်းအလဲများတဲ့ဒီအရွယ်

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2021
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကျန်းမာနေသည့်အမျိုးသမီးငယ်တဦးအဖို့ အပျိုဖော်ဝင်ခြင်းသည် အချိန်တန်လျှင် ဖြစ်လာမည့် သာမန်ဖြစ်ရိုးဖြစ်စဉ် အခြေအနေတရပ်သာဖြစ်သည်။ အပျိုဖော်ဝင်လာချိန်တွင် ဟော်မုန်းများပြောင်းလဲလာခြင်းနှင့်အတူ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ပြောင်းလဲလာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများ ပြောင်းလဲလာခြင်းများ ဖြစ်ပွားလာကြပြီး အဆိုပါ ပြောင်းလဲမှုများတွင်လည်း ပုံမှန်ဖြစ်တတ်သည့် အခြေအနေများရှိသကဲ့သို့ ပုံမှန်မဟုတ် ဂရုပြုသင့်သော ကုသမှုခံယူရန်လိုအပ်သည့် ကျန်းမာရေးအခြေအနေ များလည်းရှိသည်။

အပျိုဖော်ဝင်စအမျိုးသမီးငယ်များနှင့် သမီးမိန်းကလေးမွေးထားသော မိဘများ အနေနှင့် အဆိုပါပြောင်းလဲလာမှုများကို သိရှိပြီး နားလည်လက်ခံ သဘောပေါက်ထား ခြင်းဖြင့် အကယ်၍ နာမကျန်းမှုများဖြစ်ပွားလာခဲ့လျှင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် နာမကျန်းမှုများ နှင့် ကုသရန်လိုသည့် အခြေအနေများကို ခွဲခြားသိရှိနိုင်မည်ဖြစ်ပြီး ဖြစ်ပွားလာချိန်တွင် မည်ကဲ့သို့ စီမံသင့်သည်ကို ဆုံးဖြတ်နိုင်ကြမည်ဖြစ်သည်။

သို့ဖြစ်၍ အပျိုဖော်ဝင်စ အမျိုးသမီးငယ်ကလေးများနှင့် သမီးမိန်းကလေး မွေးထားသူတိုင်း သိထားသင့်သည့် အပျိုဖော်ဝင်စဖြစ်တတ်သောအပြောင်းအလဲများနှင့် ကျန်းမာရေးနှင့် ဆိုင်သည့်အခြေအနေများကို ဖော်ပြပေးလိုက်သည်။

အပျိုဖော်ဝင်စ အပြောင်းအလဲများ

အပျိုဖော်ဝင်လာသည်နှင့် ဟော်မုန်းများပြောင်းလဲလာခြင်းနှင့်အတူ ဖြစ်လာသော အပြောင်းအလဲများတွင်
– သိသာထင်ရှားသော ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲများနှင့်
– သိသာထင်ရှားခြင်းမရှိသော စိတ်ပိုင်းဆိုင်ရာ ခံစားမှု အပြောင်းအလဲများရှိသည်။

အချို့သော အပြောင်းအလဲများသည် သိသာထင်ရှားပြီး အလွယ်တကူသိရှိနိုင်သောကြောင့် လိုအပ်သလို ကြိုတင်ပြင်ဆင်ပေးထားနိုင်သည်။ အချို့သော အခြေအနေ များသည် ဖြစ်တတ်ကြောင်း ကြိုတင်မသိရှိထားလျှင် အမြဲ အတူရှိနေသည့်မိဘများ သာမက ကာယကံရှင်ကိုယ်တိုင်ပင် ခံစားနေရကြောင်းကို မသိရှိတတ်ကြဘဲ မလိုလား အပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်သဖြင့် မိဘများအနေနှင့် ဖြစ်လာ နိုင်သည့် အခြေအနေများကို သိရှိထားကြရန်လိုအပ်လှသလို မိမိတို့၏ သမီးမိန်းကလေး မျာကိုလည်း နားလည်လက်ခံလာအောင် ကြိုတင်ရှင်းပြထားသင့်သည်။

 

ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

အများအားဖြင့် အသက် ၁၂ နှစ် ၁၃ နှစ်အရွယ် မိန်းကလေးများတွင် အပျိုဖော် စဝင်သည်ဟု ဆိုနိုင်သော်လည်း မိခင်၏မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုများအရ မိန်းကလေး တစ်ဦးနှင့်တစ်ဦး အပျိုဖော်စဝင်သည့် အသက်အရွယ်မတူနိုင်ပဲ အချို့ မိန်းကလေးများတွင် အသက် ၈ နှစ်/၉ နှစ် အရွယ်ကစ၍ အပျိုဖော်စဝင်လာနိုင်သည်။

သို့ဖြစ်၍ သမီးမိန်းကလေးမွေးထားသည့် မိဘများအနေနှင့် မိမိတို့၏ ကလေးကို ငယ်သေးသည်ဟု သဘောမထားသင့်ဘဲ အောက်ဖော်ပြပါ သိသာထင်ရှားသည့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အခြေအနေများ မြင်မိလျှင် မိမိတို့၏ သမီးမိန်းကလေး အပျိုဖော်စဝင်လာပြီဖြစ်ကြောင်း သိရှိထားရမည်ဖြစ်သည်။

သိသာထင်ရှားသော အပြောင်းအလဲများအနေနှင့်
– ရင်သားများစတင် ဖွံ့ဖြိုးလာခြင်း
– ဆီးခုံမွေးများ အရောင်ရင့်လာခြင်း
– ရုတ်တရက် ခန္ဓာကိုယ် ဖွံ့ဖြိုးလာခြင်း
– အရပ်ရှည်လာခြင်း
– ရာသီပန်း ပထမဆုံးအကြိမ် စ၍ ပွင့်လာခြင်း
– ချိုင်းမွှေးများအရောင်ရင့်လာခြင်း
– ဝက်ခြံများထွက်လာခြင်းနှင့်
– မိန်းမပျိုတဦးကဲ့သို့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲလာခြင်း စသည်တို့ ဖြစ်ပွားလာ ကြသည်။

အမြဲအတူရှိနေကြသူများအဖို့ တဖြည်းဖြည်းပြောင်းလဲလာခြင်းကို အလွယ်တကူ သိရှိနိုင်မည်မဟုတ်သော်လည်း ပုံမှန်အရပ်တိုင်းပေးထားခြင်းဖြင့် ရုတ်တရက် အရပ်ရှည်လာခြင်းကို သိရှိနိုင်မည်ဖြစ်သလို၊ ခန္ဓာကိုယ်နှင့် လိုက်ဖက်အောင် ဆင်ပေးထား သော အဝတ်အစားများ မတော်တော့ခြင်းနှင့် ရာသီပန်းစပွင့်ချိန်များတွင် အဓိကထား သိရှိနိုင်ကြမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာခံစားမှုများ ပြောင်းလဲလာခြင်း

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြောင့်ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ ခံစားချက်များရှိသလို ဟော်မုန်းများရုတ်တရက်ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည့် ခံစားချက်များ ပြောင်းလဲလာခြင်းများလည်းရှိသည်။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ များကို အပျိုဖော်ဝင်စ အမျိုးသမီးတိုင်း ကြုံတွေ့ရမည်ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ခံစားမှုများပြောင်းလဲလာခြင်းကိုမူ အုပ်ထိန်းသူများ၏ သင်ကြားပြသပေးမှု၊ ဘာသာရေး အဆုံးအမများနှင့် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ရေကူးခြင်း၊ ပြေးခြင်းစသည့် လေ့ကျင့်ခန်းများနှင့် လက်ရှိလုပ်ကိုင်နေရသည့်အလုပ်အကိုင် စသည့် အချက်များ အပေါ် မူတည်ပြီး အားလုံးနီးပါး ခံစားရသူများရှိသလို လုံးဝခံစားရခြင်း မရှိလိုက် သူများလည်း ရှိနိုင်သည်။

မည်သို့သောပြောင်းလဲခြင်းမျိုး ဖြစ်စေကာမူ ဖြစ်တတ်သောသဘောတရားများကို ကြိုတင်သိရှိထားကြခြင်းဖြင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ လျော့နည်းနိုင်မည် ဖြစ်သလို အချို့သော အမြန်ဆုံး ကုသရန်လိုသည့် အခြေအနေများ ဖြစ်ပွားခံစားလာ ရပါကလည်း လိုအပ်သလို ဂရုပြု စီမံပေးနိုင်မည်သည်။

သာမန်အားဖြင့် ဖြစ်ပွားလာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များအနေနှင့်
– မောပန်းလွယ်တတ်ခြင်း
– ခေါင်းမူး၊ ခေါင်းကိုက်သည်ဟု ခံစားလာရခြင်း
– နာမကျန်းမှု ခံစားရခြင်းမရှိပဲ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
– အကြောင်းအရာ မည်မည်ရရ မရှိဘဲ ဗိုက်အောင့်ခြင်း
– မိမိကိုယ်မိမိ အားကိုးလိုစိတ်ဖြစ်လာခြင်းနှင့် လွတ်လွတ်လပ်လပ် သွားလာလိုခြင်း
– မိဘများ၏ ဂရုစိုက်မှုကို ချုပ်ခြယ်သည်ဟု ထင်လာတတ်ခြင်းနှင့် တစ်ဦးတည်းသီးသန့် နေလိုစိတ်များ ဖြစ်လာခြင်း
– သစ်ရွက်ကြွေတိုင်းရင်ခုန်တတ်သည့်အရွယ်ဟု ဆိုသည့်အတိုင်း စိတ်ခံစားလွယ်ခြင်း
– ဆန့်ကျင်ဘက်လိင်အပေါ် စိတ်တိမ်းညွှတ်ခြင်း၊ အားကိုးလိုခြင်း
စသည့်အခြေအနေများ ဖြစ်ပွားလာနိုင်သည်။

စိတ်ခံစားလွယ်ခြင်းနှင့် အားကိုးရှာလိုခြင်းတို့ကြောင့် အချို့သော အမျိုးသမီးငယ် ကလေးများအနေနှင့် စိတ်မထိန်းနိုင်လျှင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားခြင်း၊ ကိုယ်ဝန်ရသွားနိုင်ခြင်း စသည့်အခြေအနေများ ရှိသည့်အတွက် အပျိုဖော်ဝင်စ မိန်းကလေးများအနေနှင့် အနေအထိုင် အသွားအလာဆင်ခြင်ကြစေရေး အုပ်ထိန်းသူတိုင်း လမ်းညွှန်ပေးကြရမည်ဖြစ်သည်။

အချို့သော အပျိုဖော်ဝင်စအမျိုးသမီးများတွင်မူ

– ကိုယ်အလေးချိန်များလာခြင်း၊ အရပ်ရှည်လာခြင်းတို့ကြောင့် မိမိ၏ ခန္ဓာကိုယ် ပြောင်းလဲမှုအပေါ်တွင် စိတ်တိုင်းမကျခြင်းများနှင့် အစားလျှော့စားခြင်းကြောင့် အဟာရ ချို့တဲ့လာခြင်း၊
– တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သတ်၍ ရှက်ရွံ့ခြင်းများဖြစ်လာနိုင်ကာ စိတ်ဓာတ်ကျခြင်းနှင့်
– သီးခြားနေလိုစိတ်ကြောင့် လူကြား၊သူကြား သွားရမည်ကိုမနှစ်မြို့ခြင်းနှင့် စာသင်ကျောင်း သွားရမည်ကို မသွားလိုခြင်းများလည်း ဖြစ်လာနိုင်သည်။

အပျိုဖော်ဝင်စ ရာသီစက်ဝန်းနှင့်ပတ်သတ်၍

အပျိုဖော်ဝင်စတွင် ရာသီစက်ဝန်းသည် ပုံမှန်မဟုတ်ပဲ ပမာဏနည်းနည်းနှင့် လာချင်သည့်အချိန် လာတတ်ပြီး စလာသည့်အချိန်မှ စ၍ နှစ်နှစ်ခန့်ကြာမှ ပုံမှန်စက်ဝန်း အတိုင်းဖြစ်သွားနိုင်မည်ဖြစ်ပြီး အုပ်ထိန်းသူများအနေနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ပတ်သတ်သည့် ဆောင်ရန်ရှောင်ရန်များနှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ အကြောင်းကိုလည်း သိရှိအောင် ပြုလုပ်ပေးထားရန်လိုသည်။

ထို့ပြင် အပျိုဖော်ဝင်စအမျိုးသမီးများတွင်လည်း ရာသီစက်ဝန်းစ၍ ပေါ်သော အချိန်တွင် ရာသီမလာခင်ဖြစ်တတ်သည့် လက္ခဏာများဖြစ်သည့်
– ခေါင်းကိုက်ခြင်း
– ဗိုက်အောင့်ခြင်း/ဗိုက်ကိုက်ခြင်း
– ဂဏာမငြိမ်ဖြစ်ခြင်း
– စိတ်ဆိုး၊ စိတ်တိုလွယ်ခြင်းနှင့်
– ရင်သားနာကျင်ခြင်းများကိုခံစားရလာနိုင်ကြောင်းနှင့် ကဖင်းဓာတ်ပါသော အစား အစာများ ရှောင်ကျဉ်စေခြင်းနှင့် ငန်လွန်းသောအစားစာများနှင့် အရသာပြင်းလွန်းသော အစားအစာများ ရှောင်ကြဉ်ခြင်းဖြင့် သက်သာစေနိုင်ကြောင်းကိုလည်း ကြိုတင်သိရှိ စေရန် ပြောပြထားပေးသင့်သည်။

ကုသရန်လိုသည့် အခြေအနေများ

အပျိုဖော်ဝင်စ မိန်းကလေးများတွင် ဖြစ်ပွားလာနိုင်သည့် စိတ်ခံစားမှု ပြောင်းလဲ ခြင်းများအနက် အုပ်ထိန်းသူများအနေနှင့် မိမိတို့ ကလေး၏ အသက်အရွယ်နှင့် ရောဂါခံစားရမှု အခြေအနေကို ဂရုပြု၍ လိုအပ်လျှင် နီးစပ်ရာ ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူရန်လည်း လိုအပ်နိုင်သည့် အခြေအနေများ လည်းရှိသည်။ ၎င်းတို့မှာ

– စိတ်ဓာတ်ကျခြင်း
– စိတ်ဖိစီးမှုများသည့် လက္ခဏာများ ခံစားလာရနိုင်ခြင်း
– ပတ်ဝန်းကျင်အပေါ် အာရုံမစိုက်တတ်ခြင်း၊ ပတ်ဝန်းကျင်နှင့်ကင်းကွာသော အပြုအမူ များပြုမူလာခြင်း
– စိတ်ကစဉ့်ကလျားဖြစ်ခြင်းနှင့်
– ခံစားမှုပြင်းထန်သူများတွင် မိမိကိုယ်မိ သေကြောင်းကြံနိုင်သည်အထိ ဖြစ်စေနိုင်ခြင်း စသည်တို့ဖြစ်ပြီး ဖြစ်ပွားနေသော အခြေအနေကိုလိုက်၍ နီးစပ်ရာဆရာဝန် (သို့မဟုတ်) စိတ်ကျန်းမာရေး ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သော ကုသမှုများ ခံယူကြရန် လိုသည်။

အုပ်ထိန်းသူများအနေနှင့် အထက်ဖော်ပြပါ သမီးမိန်းကလေး အပျိုဖော်ဝင်ချိန် ဖြစ်တတ်သည့် အခြေအနေများကို သိရှိအောင် ကြိုတင်ပြုလုပ်ထားကြရန်လိုပြီး အကယ်၍ အထက်ဖော်ပြပါ အခြေအနေများထဲမှ ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ပွားလာခဲ့လျှင် “မဖြစ်သင့်တာ မဖြစ်ရလေအောင်ဟုဆိုကာ အတင်းအကျပ် တားဆီးချုပ်ချယ်ခြင်း” မျိုးကို အထူးဂရုပြု ရှောင်ကျဉ်ရန်နှင့် ဖြစ်သင့်သည့် အခြေအနေ၊ အတိုင်းအတာကို နားလည်လက်ခံလာအောင် လမ်းညွှန်ပေးခြင်းမျိုးကိုသာ ဂရုပြု လုပ်ဆောင်သွားကြရန်လိုသည်။

ပွင့်သောပန်းတိုင်း လန်းနိုင်ကြပါစေ။

Author: Dr. Tint Tal

Previous Post

ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာရပ်များနှင့် ကုသရေးနည်းလမ်းများ

Next Post

ဆီးချိုသွေးချိုနှင့် လေ့ကျင့်ခန်းလုပ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုသွေးချိုနှင့် လေ့ကျင့်ခန်းလုပ်ခြင်း

သတိပြုရမယ့် နှလုံးသွေးကြောကျဉ်းရောဂါ

ကိုဗစ်ကိုတွန်းလှန်နိုင်ဖို့ စိတ်ဓာတ်ခွန်အားအရေးကြီးတယ်လို့ဆိုတဲ့ မော်ဒယ်ဟန်လေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.